Two Sisters _ Flowers Garden

Two Sisters _ Flowers Garden အလှပန်းပင်မျိုးစုံရောင်းဝယ်ရေး

အရွက်ပေါ်ကအပင်လေးတွေချစ်စရာ🍀💚🍀💚🍀💚🍀💚🍀
13/11/2024

အရွက်ပေါ်က
အပင်လေးတွေ
ချစ်စရာ
🍀💚🍀💚🍀💚🍀💚🍀

13/11/2024

မဂ်လာရှိသော
နေ့သစ်လေး
ဖြစ်ပါစေ။။။

🥰🌸🥰🌺🥰🌹🥰🌷🥰

Good morning.💜💜💜
26/09/2024

Good morning.💜💜💜

ကန့်ချုပ်ပြာ💙💙💙ပြစ်ထားမိလို့Sorry ပါ two sisters🥰💙🥰💙🥰💙🥰
05/09/2024

ကန့်ချုပ်ပြာ💙💙💙

ပြစ်ထားမိလို့
Sorry ပါ two sisters

🥰💙🥰💙🥰💙🥰

Singapore cherry...🌸🌸🌸
26/12/2021

Singapore cherry...
🌸🌸🌸

ြမလေးပန်း။။။❤️❤️❤️
31/10/2021

ြမလေးပန်း။။။
❤️❤️❤️

ဆူးကံကော်......😍😍😍
25/04/2021

ဆူးကံကော်......
😍😍😍

အသုံးဝင်မလားလို့ copy လေး မ လာပေးတာပါနော်...Original post ပိုင်ရှင်ကို   ပေးပါတယ်ရှင်...စပယ်ပန်းတစ်ကိုင်းကနေတစ်အုံကြီးဖြ...
20/04/2021

အသုံးဝင်မလားလို့ copy လေး မ လာပေးတာပါနော်...
Original post ပိုင်ရှင်ကို ပေးပါတယ်ရှင်...

စပယ်ပန်းတစ်ကိုင်းကနေတစ်အုံကြီးဖြစ်အောင်စိုက်ပျိုးနည်း ပထမဦးစွာ အဆစ်(၃) ဆစ်ပါတဲ့ စံပါယ်အကိုင်းလေးတစ်ကိုင်းကို ယူပါ။ အဆစ်နေရာကနေ အမြစ်တွေထွက်မှာဖြစ်တဲ့အတွက် အောက်ဘက်က အဆစ်ပိုင်းလေးကို တစောင်းလေးဖြတ်လိုက်ပါ။ ကတ်ကြေးကို အသုံးမပြုခင် သန့်စင်အောင်လုပ်ပါ(ရောဂါပိုးဝင်ရောက်တာကို ကာကွယ်ဖို့ပါဗျ)

ကိုင်းဖြတ်စလေးကို ရေထဲခဏစိမ်ပေးထားပါ။

ကိုင်းဖြတ်စအား ပျိုးထောင်ခြင်း

ပျိုးထောင်ဖို့မြေကိုတော့ မြေမွမွလေးကို သုံးပါဗျ။ ကိုင်းဖြတ်စိုက်တဲ့အကိုင်းတွေက မြေမွမွမှာဆို အမြစ်ထွက် ပိုမြန်လို့ပါ။ ထို့နောက် ရေစိမ်ထားတဲ့ ကိုင်းဖြတ်စကို မြေမွမွရှိတဲ့ ခွက်လေးတစ်ခုထဲကို ထည့်ပျိုးပါ။(တစ်ခါသုံး ကော်ဖီခွက်တွေကို ဒီနေရာမှာ ပြန်သုံးလို့ရပါတယ်) မြေကိုဖိပေးပြီး ရေမှန်မှန်လေး လောင်းထားလိုက်ပါ။

၄၅ရက်လောက်ကြာတဲ့အခါ အညွှန့်သစ်တွေ ထွက်လာတာကို တွေ့ရမှာပါဗျ။ ဒီအချိန်မှာဆိုရင်တော့ အမြစ်တွေထွက်နေပြီလို့ သိနိုင်မှာဖြစ်ပါတယ်။

ပိုပြီးကျယ်တဲ့ ထည့်စရာတစ်ခုထဲ ပြောင်းစိုက်ခြင်း

ဇကာခြင်းလိုမျိုး ထည့်စရာ ပစ္စည်းကို သုံးစေချင်ပါတယ်ဗျ။ဒ ါမှ စံပါယ်အမြစ်လေးတွေက အသက်ရှုနိုင် အစာစားနိုင်ပြီ ပန်းများများပွင့်နိုင်မှာလဲ ဖြစ်ပါတယ်။ အဲ့ဒီ ဇကာခြင်းထဲကို မြေမွမွလေးထပ်ထည့်ပါ။ထို့နောက် စံပါယ်ပင်လေးကို ပြောင်းထည့်ပြီး ဖိပေးပါ။ သုံးလကြာတဲ့အခါ အမြစ်တွေဖွေးနေတာကိုတွေ့ရမှာပါ။

အဲ့ဒီလို အမြစ်တွေဖွေးနေပြီ ဆိုရင်တော့ ကျွန်တော်တို့ အသုံးပြုချင်တဲ့ အိုးထဲကို ပြောင်းလို့ရပါပြီဗျ။ ဇကာလေးကို သုံးထားတာမို့ အလွယ်တကူပဲ ရွေ့ပြောင်းနိုင်မှာလဲဖြစ်ပါတယ်။

အိုးထဲကို ပြောင်းမစိုက်ခင် အိုးထဲမှာထည့်ရမယ့် မြေသြဇာ စပ်နည်းလေးကို ပြောပြပေးချင်ပါတယ်ဗျ။

မြေစပ်နည်း

-တီကျစ်မြေသြဇာ တစ်ခွက်

-သဲ တစ်ဆ

-နှမ်းဖက် တစ်ဆ

( တကယ်လို့ နှမ်းဖက်မရရင်လည်း သဲများများထည့်ပါ) ဒီလိုရောစပ်အသုံးပြုပေးမယ်ဆိုရင် အပင်ပုပုလေးနဲ့ ပန်းတွေ အများကြီး ပွင့်လာစေပါတယ်ဗျ။

အိုးထဲသို့ ပြောင်းရွှေ့စိုက်ခြင်း

အောက်ခြေမှာ အပေါက်ပါတဲ့ အိုးတစ်လုံးကိုယူပြီး ပိုက်စသေးသေးလေးခံလိုက်ပါ။ အပင်အမြစ်တွေလေရှူလို့ရအောင်နဲ့ ရေပိုတွေ ထွက်နိုင်အောင် ဒီလိုလေးလုပ်သင့်ပါတယ်ဗျ။

အိုးရွေးချယ်ပြီးရင်တော့ ရောစပ်ထားတဲ့မြေကို တစ်ဝက်လောက်အရင်ထည့်ပါ။

အမြစ်တွေပွားနေပြီ ဖြစ်တဲ့ စံပါယ်ပင်ပေါက်လေးကို ထည့်ပါ။ ကျန်တဲ့မြေဆွေး တစ်ဝက် ပြန်အုပ်ပါ။လက်လေးနဲ့ မြဲအောင်ဖိပေးပါ။(ရေလောင်းလိုက်တဲ့အခါ အမြစ်ပွလာမှာစိုးလို့ပါဗျ)

ရေလေးပုံမှန်လောင်းပြီး နေရောင်ရတဲ့နေရာမှာ ထားပေးပါ။ ၄ လလောက်ကြာတဲ့အခါ စပါယ်ရုံကြီးဖြစ်နေတာကိုတွေ့ရမှာပါ။

ဒီလိုမျိုး အပင်တော့ဖြစ်ပြီး ပန်းမပွင့်တဲ့ ဖြစ်ရပ်မျိုးတွေ ပန်းစိုက်သူတိုင်း ကြုံဖူးမှာပါ။

ဒီလိုဖြစ်နေမယ်ဆိုရင်တော့ ကိုင်းသင်ပေးဖို့ လိုပါတယ်ဗျ။ ခြောက်နေတဲ့အကိုင်းတွေ သေးနေတဲ့အကိုင်းတွေကို ဖယ်ပစ်ခြင်းက အညွှန့်သစ်တွေဖြစ်စေပြီး ပန်းပွင့်လာစေဖို့ အားပေးလို့ပါ။

ဒီလိုကိုင်းသင်ပြီးရင်တော့ မြေသြဇာရည်လောင်းရပါမယ်။

အားဆေးရည်ပြုလုပ်နည်း

ငှက်ပျောသီးခွံ နဲ့ ရေနဲ့ကို ၃ ရက်စိမ်ထားလိုက်ပါ။ ပန်းပွင့်ဖို့အတွက် အကောင်းဆုံးအားဆေးဖြစ်ပါတယ်။ တတိယနေ့မှာ အားဆေးရည်က အညိုရောင်ဖြစ်နေပြီး သုံးဖို့အသင့်ဖြစ်ပါပြီ။ ရေနဲ့ဆတူရောပြီး အသုံးပြုနိုင်ပါပြီ။

ဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ပြီး စံပါယ်ပန်း လှလှ မွှေးမွှေးလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

ွန်းရာဇာ

Morning flower ပြုစုနည်းမောနင်းဖလားဝါးက ဘယ်လိုစိုက်စိုက်ရှင်တဲ့အမျိုးပါ။ အပင်သန်ပြီး အပွင့်လိုက်ဖို့ တစ်ယောက်နဲ့တစ်ယောက်...
20/04/2021

Morning flower ပြုစုနည်း

မောနင်းဖလားဝါးက ဘယ်လိုစိုက်စိုက်ရှင်တဲ့အမျိုးပါ။ အပင်သန်ပြီး အပွင့်လိုက်ဖို့ တစ်ယောက်နဲ့တစ်ယောက်ပြုစုပုံတော့ မတူကြပါဘူးနော်။
အရေးကြီးဆုံးက မြေပွပွလေးနဲ့ ရေဆင်းကောင်းတဲ့ အိုးဖြစ်ရပါမယ်။ တစ်လတစ်ခါလောက် မြေပြင်​ပေးရပါတယ်။
နေရောင်ကြိုက်လို့ နေ တစ်နေ့အနည်းဆုံး ၅ နာရီကနေ ၈ အထိ ရဖို့လိုပါတယ်။ ပျိုးဆိုင်က စပ်မြေ၊သဲ၊မြေဆွေး၊ဖွဲပြာ ဆတူရောမွှေစိုက်နိုင်ပါတယ်။

(၁) ဆန်ဆေးရည်တစ်ညသိပ်ထားပြီး လောင်းပေးပါ။ ချက်ချင်းလောင်းရင် mlo ခေါ်တဲ့ micro local organism လေးတွေ မပေါက်ဖွားသေးလို့ ထိရောက်မှာမဟုတ်ဘူး။
(၂) ကြက်သွန်ခွံတစ်ညသိပ် အခွံရေစစ်လောင်းပေးပါ။
(၃)လက်ဖက်ခြောက်ညသိပ် အဖတ် ရေစစ်လောင်းပေးပါ။* အဖတ်ပါထည့်ရင် မှိုလိုက်တတ်လို့ အဖတ်မထည့်ပါနဲ့။
(၃) ကြက်ဥခွံရေဆေး၊အမှုန့်ကြိတ်ပြီ အပင်ခြေရင်းထည့်ပေးပါ။* ရေမဆေးရင် ပုရွက်ဆိတ်တက်တတ်ပါတယ်။တစ်လနှစ်ခါလောက် ထည့်ပေးရင်ရပါတယ်နော်။
(၅) ရေတစ်လီတာမှာ ဆားခါး လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ဖျော်ပြီး တစ်ပတ် တစ်ကြိမ်လောက်ဖျန်းပေးပါ။
(၆) ရေတစ်ဂါလံမှာ B1 တစ်ဖုံးစာရောပေးပြီး ၁၅ ရက် တစ်ခါဖျန်းပေးပါ။
(၇)နွားချေးလည်းထည့်လို့ရပါတယ်။

အထက်ပါအချက်တွေထဲက အဆင်ပြေတာလိုက်လုပ်နိုင်ပါတယ်နော်။
တစ်ချို့က ကြက်သွန်ခွံရည်လေးလောင်းရုံနဲ့ ok တယ်။
မင်မင်လည်း သူများဆီကရသမျှ မှတ်သားထားတာပါ။ အားလုံးပဲ လှပတဲ့ပန်းခင်းကြီး ပိုင်ဆိုင်နိုင်ကြပါစေ။ 😊





#မောနင်းဖလားဝါး
#မောနီးဖလားဝါး
#ကိုးနာရီပန်း
#ဆယ်နာရီပန်း

Address

Sat San Tun Street, East Dagon Township
Yangon
11451

Telephone

+959797665779

Website

Alerts

Be the first to know and let us send you an email when Two Sisters _ Flowers Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share