La Yaung - Book Store

La Yaung - Book Store စာအုပ်အမျိုးစားစုံလင်စွာ နေ့စဉ် Update ပေးပြီး ရောင်းချပေးနေပါသည်ခင်ဗျာ။

အခု သင်ဟာ လူတိုင်းအတွက် အမြဲရှိပေးနေပြီး ကိုယ့်အတွက်တော့ မရှိပေးနိုင်တော့တဲ့အခြေအနေ ရောက်နေပြီလား ? သူများအတွက် အမြဲရှိပ...
07/09/2026

အခု သင်ဟာ လူတိုင်းအတွက် အမြဲရှိပေးနေပြီး ကိုယ့်အတွက်တော့ မရှိပေးနိုင်တော့တဲ့အခြေအနေ ရောက်နေပြီလား ?

သူများအတွက် အမြဲရှိပေးရင်း.. တစ်နေ့မှာ
ကိုယ့်အတွက်ကိုယ် ဘာမှမကျန်တော့တဲ့အခါ

"ငါ ဘာလိုချင်တာလဲ” “ငါ တကယ်ပျော်ရဲ့လား” “ငါ့ဘဝကို ငါ့အတွက်ရော အသက်ရှင်နေသေးရဲ့လား” ဆိုတဲ့ မေးခွန်းတွေက တိတ်တိတ်လေး ဝင်လာတတ်ပါ တယ်။

ချစ်ရသူတွေကို ဦးစားပေးရင်း ကိုယ့်လိုအပ်ချက်တွေ ကို နောက်ဆုံးထားခဲ့တယ်။ အဆင်ပြေပါတယ်လို့ ပြောရင်း ကိုယ့်အတွင်းထဲမှာတော့ တဖြည်းဖြည်း ပင်ပန်းလာတယ်။ လူတိုင်းကို နားလည်ပေးရင်း ကိုယ့်ကိုယ်ကိုယ် နားလည် ဖို့ မေ့လာတယ်။

တကယ်တော့ စိတ်ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း ကိုယ့်ခံစားချက်တွေကို ဖိနှိပ်ခဲ့တာ၊ မငြင်း နိုင်ခဲ့တာ၊ အားလုံးကို ကိုယ်တစ်ယောက်တည်း ထမ်း ထားခဲ့တာတွေကနေ တဖြည်းဖြည်း ဖြစ်လာတာပါ။

ဒီစာအုပ်က “သူများအတွက် ဘယ်လောက်ကောင်းတဲ့မိန်းမတစ် ယောက် ဖြစ်နေလဲ” ဆိုတာထက် “ကိုယ့်အတွက် ကိုယ် ဘယ်လောက်ကောင်းနေသေးလဲ” ဆိုတာကို ပြန်မေးဖို့ ဖိတ်ခေါ်တဲ့စာအုပ်ပါ။

သူများကို ချစ်လို့ရပါတယ်။ သူများကို ကူညီလို့ရပါတယ်။
တာဝန်ယူလို့ရပါတယ်။ ဒါပေမယ့်
သူများအတွက်အသက်ရှင်ရင်း ကိုယ့်ကိုယ်ကိုယ်
မပျောက်ဆုံးစေဖို့တော့ လိုပါတယ်။

ဒါဆိုရင် ဒီစာအုပ်ဟာ သင်မေ့ထားခဲ့တဲ့ “သင်ကိုယ်တိုင်” ဆီ ပြန်သွားဖို့ အစ တစ်ခု ဖြစ်နိုင်ပါတယ်။

🌟 စာအုပ်တန်ဖိုး - ၁၃၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀


#ကိုယ့်ကိုယ်ကိုမေ့နေသောမိန်းမများ
#နိုရာ

“ မျက်နှာဖုံးအသစ်လေးနှင့် ပြန်လည်ထွက်ရှိထားသောဦးနု ရဲ့"  ကာမတဏှာ ” စာအုပ်လေး 📚 ✨“ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊  အိုမ...
07/09/2026

“ မျက်နှာဖုံးအသစ်လေးနှင့် ပြန်လည်ထွက်ရှိထားသော
ဦးနု ရဲ့" ကာမတဏှာ ” စာအုပ်လေး 📚 ✨

“ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းနောက်ဆုံး ရှိချေ၏။
ခုံမင်ယုယ၊ ချစ်လွန်းကလည်း၊
သောကနောက်ဆုံး ရှိချေ၏။
ဝိညာဥ်ထင်လင်း၊ သက်ရှင်ခြင်းကား၊
သေခြင်းနောက်ဆုံး ရှိချေ၏။ ”

အမျိုးသမီးတိုင်း အားကျ၊ စံထားနိုင်လောက်တဲ့ “ ခင်မေ ” ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ စိတ်ထား၊စရိုက်နဲ့ သူမရဲ့အပြုအမူ ဆောင်ရွက်ပုံလေးများ ...

လောကုတ္တရာရေးရာကို လောကီနဲ့တွဲကာ ဖတ်ရလုံးဝ မပျင်းရလေအောင် အရေးအသားကောင်းမွန်စွာနဲ့ ဖွဲ့သီထားပါသော

ကိုယ့်ရဲ့ဘဝမှာ နေရကျိုးနပ်အောင် ဘယ်လိုနေရမလဲ....
ဘဝမှာ မည်သည့်အရာကအရေးပါပြီး ဘယ်အရာကအရေးမပါဘူးဆိုတာလေးတွေ အစရှိသဖြင့်
အကြောင်းအရာစုံလင်စွာ ဖတ်ရှုရမှာမို့

အမျိုးသားလေးတိုင်း အမျိုးသမီးလေးတိုင်း
ဖတ်ရှုကြည့်သင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်ရှင့် ။

🌟 စာအုပ်တန်ဖိုး - ၁၇၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ
page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ
လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀

#ဦးနု
#ကာမတဏှာ

“ ရထားပေါ်ကမိန်းကလေး " 📚✨နေ့ရက်တိုင်း မပျက်မကွက် ရထားစီးကာ လန်ဒန်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် အသွားအပြန် လုပ်နေတဲ့ အမျို...
06/09/2026

“ ရထားပေါ်ကမိန်းကလေး " 📚✨

နေ့ရက်တိုင်း မပျက်မကွက် ရထားစီးကာ လန်ဒန်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် အသွားအပြန် လုပ်နေတဲ့ အမျိုးသမီးတစ်ဦး

အမျိုးသားနဲ့လဲ ကွဲနေကာ အရက်စွဲနေတဲ့သူ ...
သူငယ်ချင်းရဲ့အိမ်မှာ ကပ်နေရပြီး အလုပ်ရှိချင်ယောင်ဆောင်ကာ အမြဲသွားလာ နေတတ်တဲ့သူ .. ရေချယ်

သူရထားစီးတိုင်း အမြဲ မြင်တွေ့ရတတ်တဲ့
စုံတွဲလေး တစ်တွဲ ၊
တစ်နေ့မှာ အဲ့အတွဲက မိန်းကလေးဖြစ်သူ
အခြားသူတစ်ဦးနဲ့ ‌ဖောက်ပြန်နေတာလဲ
သူမြင်တွေ့ခဲ့ရတယ် မီဂန်ဟစ်ဝဲလ် အမည်ရ ထိုမိန်းကလေး ပျောက်ဆုံး သွားမှုမှာ ရဲတွေကရေချယ့်ထံကိုရောက်လာခဲ့ကြတဲ့အခါ ဝှတ်စာတွေကို တစ်ခုချင်းဖော်ကာစိတ်ဝင်စားဖွယ်
ဖတ်ရှုရမဲ့စာအုပ်လေး။

🌟 စာအုပ်တန်ဖိုး - ၁၈၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀


#ရထားပေါ်ကမိန်းကလေး
#ချမ်းမြေ့ဝင်း

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လ...
06/09/2026

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လိုက်ရှာကြပါတယ် ။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ရဲ့လားလို့ ပြန်မေးကြည့်ရင်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာမတွေ့ကြပါဘူး ။

လိုချင်တာရရင်ပျော်မယ် ၊ ပိုက်ဆံအဆင်ပြေရင်ပျော်မယ် ၊ ရာထူးတိုးရင်ပျော်မယ်လို့ တွေးထင်တတ်ကြပေမဲ့ တကယ့်တကယ် လိုချင်တာတွေရလာတဲ့အခါမှာလည်း မပျော်နိုင်ကြပါဘူး ။ ပျော်ရွှင်မှုဟာ အတောမသတ်နိုင်ကြပါဘူး ။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပြီးပြည့်စုံခြင်းတွေ၊ ပစ္စည်းဥစ္စာတွေအပေါ်မှာပဲ အပြည့်အဝ မမှီခိုပါဘူး ။ တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဟာ မိမိကိုယ်မိမိနဲ့ ဆက်ဆံရေး ၊ အခြားသူတွေရဲ့ ဆက်ဆံရေး ၊ ဘဝမှာ လုပ်နိုင်ကိုင်နိုင်တဲ့ စိတ်အားထက်သန်မှု ၊ မိမိကိုယ်မိမိ ချစ်ခင်ခြင်း ၊ မိမိပုံစံနဲ့မိမိ ပျော်ရွှင်တတ်ခြင်းတွေအပေါ်မှာပဲ မူတည်ပါတယ် ။

ကျွန်မတို့ ဝေးဝေးလိုက်ရှာနေတဲ့ ပျော်ရွှင်မှုတွေဟာ တကယ်တော့ အဝေးကြီးမှာ ရှိနေတာမဟုတ်ဘဲ ကျွန်မတို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတာ ဖြစ်ပါတယ် ။ ဒါကို တန်ဖိုးထား သတိထားကြည့်မယ်ဆိုရင် သေချာပေါက် ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ။

"ပျော်ရွှင်ခြင်းသို့ လက်တစ်ကမ်း" ဆိုတဲ့ စာအုပ်လေးမှာတော့ ဘဝမှာ အခက်အခဲတွေကြား ပျော်ရွှင်အောင် ဘယ်လိုနေမလဲ ၊ ဘယ်လို အေးချမ်းအောင်နေမလဲ ၊ ပျော်ရွှင်တဲ့ဘဝကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အကြောင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ် ။

"ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ပျော်ရွှင်ဖို့ မမေ့ကြစေချင်ဘူး ။ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုဟာ အသုံးအဆောင်တစ်ခုလို စွဲမြဲနေစေချင်တယ် ။ မနက်ခင်းတိုင်းမှာ မျှော်လင့်ချက်လေးရှိစေချင်တယ် ။ ညနေခင်းတိုင်းမှာ ကျေးဇူးတင်စရာလေးတစ်ခု ရှိစေချင်တယ် ။ ဘဝရဲ့ နေ့ရက်တိုင်းမှာ ကြီးကြီးမားမား မဟုတ်ရင်တောင် မဆိုသလောက်လေးဖြစ်ဖြစ် ပျော်ရွှင်နိုင်စေချင်ပါတယ် ။ "

🌟 စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀

#ပျော်ရွှင်ခြင်းသို့လက်တစ်ကမ်း
#စူးရှမေ

"ကိုယ်လိုချင်တာကို မရနိုင်အောင်တားဆီးထားတဲ့ တစ်ခုတည်းသောအရာက ကိုယ့်ကိုယ့်ကိုယ် အဖျက်သဘောပြောဆိုနေတဲ့ အတွေးတွေပဲဖြစ်ပါတယ်...
05/09/2026

"ကိုယ်လိုချင်တာကို မရနိုင်အောင်တားဆီးထားတဲ့ တစ်ခုတည်းသောအရာက ကိုယ့်ကိုယ့်ကိုယ် အဖျက်သဘောပြောဆိုနေတဲ့ အတွေးတွေပဲဖြစ်ပါတယ်။"

ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ ရည်မှန်းချက်တွေကို အမြဲတမ်း နှောင့်ယှက်ဖျက်ဆီးပြီး နောက်ဆုံးမှာ ကြိုးစားချင်စိတ်ကိုပါ ဖျက်ဆီးပစ်တတ်တဲ့ အဖျက်သဘောဆောင်အတွေးတွေကြောင့် ရုန်းကန်နေရပါသလား။

ကျရှုံးမှာကို ကြောက်ခြင်း၊ ရှက်ရွံ့ခြင်း၊ ဒါမှမဟုတ် လူတိုင်းရဲ့ မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးချင်တဲ့စိတ်ကြောင့် သင့်အမြင်ကို မပြောရဲဘဲ၊ အသစ်အဆန်းတွေကို မစမ်းရဲဘဲ ဘဝကို အပြည့်အဝ မပျော်ရွှင်ဖြစ်နေပါသလား။

သင်တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး နှောင့်ယှက်ဖျက်ဆီးတတ်တဲ့ အဖျက်စိတ်၊ တစ်နည်း အဖျက်သမားတစ်ယောက်စီ ရှိနေကြတာပါ။ ပြီးတော့ သူတို့ကို စိတ်ထဲကနေ မောင်းထုတ်ပစ်လို့လည်း မလွယ်တာမျိုးလည်းဖြစ်တတ်ပါတယ်။

ဒီအခြေအနေဟာ သင်ပြောင်းလဲလို့မရတဲ့အခြေအနေတော့ မဟုတ်ပါဘူး။
အခြေအနေကို ကိုယ်တိုင် ပြန်ထိန်းချုပ်ပြီး ပြောင်းလဲပစ်လို့ ရပါတယ်။ တကယ်ပြောင်းလဲချင်စိတ်၊ နည်းလမ်းမှန်မှန်နဲ့ စိတ်ရှည်ရှည်လုပ်ဖို့ပဲ လိုတာပါ။

အဲဒီလို ပြောင်းလဲလိုက်တဲ့အခါ အံ့ဩစရာကောင်းတာတွေကို ခံစားရပါလိမ့်မယ်။ စိတ်ထဲမှာ အမြဲရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်စိတ်တွေ စတင်လျော့ပါးလာမယ်။ ကိုယ့်ကိုယ်ကိုယ် မပြည့်စုံဘူးလို့ ခံစားရတာတွေနဲ့ ကျရှုံးမှာကို ကြောက်တဲ့စိတ်တွေဟာလည်း တဖြည်းဖြည်း အငွေ့ပျံ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘဝတစ်လျှောက်လုံး သည်းခံလာခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဝေဖန်တတ်တဲ့ စိတ်တွေနေရာမှာ ကိုယ့်ကိုယ်ကိုယ် လက်ခံနားလည်ပေးတဲ့စိတ်က အစားထိုးနေရာယူလာပါလိမ့်မယ်။ စွမ်းအားတွေရှိလာသလို ခံစားရမှာဖြစ်ပြီး စိတ်ခွန်အားတွေလည်း ရရှိလာပါလိမ့်မယ်။

ဒီစာအုပ်မှာ အဖျက်သဘာဆောင်အတွေးတွေကို ဘယ်လိုအပြောင်းအလဲလုပ်မလဲ၊ ကိုယ့်စိတ်ထဲက သံသယစိတ်တွေနဲ့ စိုးရွံ့မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ ကိုယ့်ကိုယ်ကိုယ်လက်ခံတတ်အောင် ဘယ်လိုတည်ဆောက်မလဲ စတဲ့အကြောင်းအရာတွေကို လက်တွေ့သင်ခန်းစာတွေနဲ့အတူ ဖတ်ရှုရရမှာဖြစ်ပါတယ်။

🌟 စာအုပ်တန်ဖိုး - ၁၇၅၀၀ ကျပ်


📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀

#သံသယစိတ်ကိုအနိုင်ယူလိုက်ပါ
#ထက်ထက်တင်ဇာ

“အချစ်မသိတဲ့လူက မနက်ဖြန်လက်ထပ်ဦးမလို့တဲ့”အမျိုးသမီးငါးယောက်လုံး သဘောကျစွာရယ်မောလိုက်သည့် အသံက နည်းနည်းကျယ်လောင်သွားသည့်အ...
04/09/2026

“အချစ်မသိတဲ့လူက
မနက်ဖြန်လက်ထပ်ဦးမလို့တဲ့”
အမျိုးသမီးငါးယောက်လုံး
သဘောကျစွာရယ်မောလိုက်သည့် အသံက
နည်းနည်းကျယ်လောင်သွားသည့်အခါ
အောက်မှာဂစ်တာသံဖြင့် နစ်မျောနေသော
ယောင်္ကျားလေးယောက်က မော့ကြည့်၏။
ကြယ်ရောင်မှိန်ပျပျအောက်မှာ
သူတို့မျက်နှာများသည်
သိပ်မသဲကွဲပါ။

🌟 စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်

📌စာအုပ်လေးကိုမှာယူချင်ပါက Page Messenger
သို့မဟုတ် Page Phone 09740837874 သို့
ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 💛

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀

#ဂျူး
#ကံကြမ္မာကိုမယုံကြည်ကြသူများ

တန်ဖိုးကိုသာ မြင့်အောင်လုပ်၊ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုသစ္စာဖောက်သွားမလား၊တခြားသူတွေနဲ့ စကားပြောနေမလားဆိုတဲ့အတွေးတွေက ကိ...
04/09/2026

တန်ဖိုးကိုသာ မြင့်အောင်လုပ်၊ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုသစ္စာဖောက်သွားမလား၊တခြားသူတွေနဲ့ စကားပြောနေမလားဆိုတဲ့အတွေးတွေက ကိုယ့်ရဲ့တန်ဖိုး ကို မြင့်လာအောင်မလုပ်သေးလို့ပဲမြင်မိတယ်။

လိုချင်တဲ့အရာကို ရအောင်ယူလိုက်နိုင်ခြင်းက အောင်မြင်မှုပဲ၊
အဲ့ရထားတဲ့အရာကိုပဲ ပိုပြီးတိုးတက် အောင်၊ပိုပြီးများများရလာအောင် လုပ်နိုင်တဲ့အခါ ပျော် ရွှင်မှုဆိုတာကို ဖြစ်လာတယ်။

🌟 စာအုပ်တန်ဖိုး - ၇၅၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀




" မြောက်ဖျားက အလွမ်းရာသီ " စာအုပ်လေးရှိသေးလား ခနခနလာမေးတဲ့ စာချစ်သူလေးတွေအတွက် စာအုပ်လေး ပြန်လည်၀ယ်ယူလို့ရပါပြီ  📚   မို...
03/09/2026

" မြောက်ဖျားက အလွမ်းရာသီ " စာအုပ်လေး
ရှိသေးလား ခနခနလာမေးတဲ့ စာချစ်သူလေးတွေ
အတွက် စာအုပ်လေး ပြန်လည်၀ယ်ယူလို့ရပါပြီ 📚

မိုးရာသီသည် ကချင်မြေအဖို့
ကံမကောင်းခြင်းကိုသာ
လက်ဆောင်လိုယူလာခဲ့သည်ဆိုပါလျှင်
ဆောင်းရာသီကတော့ သူ့အတွက်
အိပ်မက်ဆိုးများသာ ပေးခဲ့ပါသည်ဟု
အဆိုင်း ဆိုချင်ပါသည်။
ဘ၀တွင် ယောင်၍မျှမစဉ်းစားဖူးသော
အိပ်မက်ဆိုးပင်တည်း။

ထိုနှစ်က ဆောင်းရာသီသည်
ပုံမှန်လိုပင် ဆိုက်ရောက်လာခဲ့သည်။
နှင်းမြူဝေဆိုင်းခြင်းသည်လည်း ပုံမှန်လိူ။

ကြမ်းရှအေးစိမ့်သောလေများ
အိမ်ငယ်လေးများထဲသို့
တိုးဝှေ့တိုက်ခတ်သည်မှာလည်းပုံမှန်လို။

အရာရာပုံမှန်လို။
သို့သော် ပုံမှန်မဟုတ်ဟု ဆိုစရာရှိသည်
များကိုလည်း ကြုံလာရပေသည်။

စစ်သည် ခြောက်သယောင်ထသည့်တော့၌
လောင်အပ်သောမီးနှယ် တစစကျယ်ပြန့်လာပြီ။

◽️၂၀၁၄ ခုနှစ် အမျိုးသားစာပေ ၀တ္ထုရှည်ဆုရ
စာအုပ်လေးဖြစ်တဲ့ ဆရာမစံပယ်ဖြူနုရဲ့
ကလောင်သားထက်စွာ ရေးသားထားသော
" မြောက်ဖျားကအလွမ်းရာသီ " စာအုပ်လေးကို
မင်မင်တို့လရောင်Pageမှာ မှာယူနိုင်ပါပြီရှင့် 💛

📍အရေအတွက်အကန့်အသတ်နဲ့မို့
စောစော၀ယ်ယူထားဖို့ အကြံပြုချင်ပါတယ်ရှင်

🌟 စာအုပ်တန်ဖိုး - ၂၇၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid ✨

#မြောက်ဖျားကအလွမ်းရာသီ
#စံပယ်ဖြူနု

🌿 ကံ နဲ့ ဉာဏ် ဆိုတာ အလွှာပါးပါးလေးပဲ ခြားနားပေမယ့် သံသရာတစ်ခုလုံးစာ ရှာဖွေခဲ့ရတာပါ ။🌿 ဉာဏ်ပညာ နှင့် ပြည့်စုံသော ဘ၀တစ်ခုအ...
03/09/2026

🌿 ကံ နဲ့ ဉာဏ် ဆိုတာ အလွှာပါးပါးလေးပဲ ခြားနားပေမယ့် သံသရာတစ်ခုလုံးစာ ရှာဖွေခဲ့ရတာပါ ။

🌿 ဉာဏ်ပညာ နှင့် ပြည့်စုံသော ဘ၀တစ်ခုအဖြစ် လက်တွေ့အသုံးချနိုင်ပြီဆိုလျှင် လောကကြီးမှာ ကံ‌ရောဉာဏ်ပါ ပြည့်စုံသူတစ်ယောက်၊အဆင်းရောအချင်းပါ ပြည့်စုံသူတစ်ယောက် ၊အသိရောသတိပါ ပြည့်စုံသူတစ်ယောက်အဖြစ်နဲ့ ဘ၀နေ့ရက်တွေကို ဖြတ်သန်းသွားနိုင်မှာ ဖြစ်ပါတယ် ။

🌿 လက်တွေ့အသုံးချ ဉာဏ်ပညာနှင့် ပြည့်စုံသော ဘ၀ပိုင်ရှင်များ ဖြစ်ဖို့အတွက် ဒီစာအုပ်လေးက သင့်ရဲ့ ဉာဏ်လမ်းခရီးမှာ အကောင်းဆုံး အဖော်မွန်အဖြစ် အတူရှိနေမှာပါ ။

🌟 စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀

#ဥာဏ်ပညာနှင့်ပြည့်စုံသောဘ၀
#ရသ

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များအိမ်ထောင်မပြုခင်ဖတ်ရှု့သင့်သော စာအုပ် 📚" လောကမှာ ကိုယ့်ရည်မှန်းချက်ကိုအပျက်အစီးအတိမ်းအ...
02/09/2026

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များ
အိမ်ထောင်မပြုခင်ဖတ်ရှု့သင့်သော စာအုပ် 📚

" လောကမှာ ကိုယ့်ရည်မှန်းချက်ကို
အပျက်အစီးအတိမ်းအစောင်းမခံဘဲ
ရအောင် ကြိုးစားနိုင်တဲ့ မိန်းကလေးဟာ
သတ္တိအရှိဆုံးပဲ "

" ကိုကိုရယ် ချစ်သူချင်းပေါင်းစည်းကြတော့မယ်ဆိုရင်
အချစ်ရယ် အကြင်နာရယ် စေတနာရယ်
ဒါတွေကိုဆောင်ကြဉ်းခဲ့ရုံနဲ့ ပြည့်စုံမယ်လို့ထင်ခဲ့မိတယ် " ။

🌟 စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်

📌စာအုပ်လေးကို အိမ်ခေါ်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ page messenger မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွ လာရောက်မှာယူနိုင်ပါတယ်ရှင့်။ 🍀

📌မြန်မာတစ်နိုင်ငံလုံးအနှံ့ အိမ်အရောက်
ပို့ဆောင်ပေးပါတယ်ရှင့်။
ရန်ကုန်မြို့တွင်း - ၁,၅၀၀ ကျပ်
ကျန်မြို့နယ်များ - ၃,၀၀၀ ကျပ်

📍Ygn, Mdy COD available 🍀
Other cities Prepaid 🍀

#ပျောက်သောလမ်းမှာစမ်းတဝါး
#မိုးမိုးအင်းလျား

Address

Yangon

Telephone

+959795343784

Website

Alerts

Be the first to know and let us send you an email when La Yaung - Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category