07/09/2026
yoonskinလေးရ တကယ်မိုက်သော🥰
🌦️ မိုးတွင်းဆို အများစု Sunscreen လိမ်းဖို့ ပျင်းတတ်ကြပေမယ့် နေမထွက်ရင် Sunscreen ပိုလိမ်းချင်တဲ့ ကျွန်မအကြောင်းလေး တစ်ဖြတ်ပြောပါဦးမယ်.. 🤭
Air က Body temperature များတဲ့သူမို့ နွေရာသီထက် ခုလိုခပ်အေးအေး ရာသီမျိုးမှာ skincare ပိုလုပ်ဖြစ်တယ် နေလို့ကောင်းပြီး ချွေးသိပ်မထွက်လို့ Sunscreen ဆို 4 fingers လောက်အထိ လိမ်းဖြစ်တယ် သတိရရင် ရသလို reapply လည်း လုပ်တယ်
အဲ့လောက်ထိ ခွလိမ်းတာတောင် တစ်ချက်ကလေးမှ နေရမခက်တဲ့ sun care လေးတွေ ပြပါမယ်ရှင် 🤓
🌟 Purito ရဲ့ Daily Soft Touch Sunscreen ကတော့ မထင်မှတ်ထားဘဲ တော်တော်ကြိုက်သွားလို့ ဆက်တိုက် လိမ်းဖြစ်နေတာလေးပါ။ Cream type ဆိုပေမယ့် မလေးဘူး၊ မစေးဘူး၊ ဖြန့်ရလွယ်/ စိမ့်ဝင်လွယ်တယ်။ ပြီးရင် အသားနဲ့ တစ်ထပ်တည်းဖြစ်ပြီး so shiny/ greasy feeling ဖြစ်တာမျိုးလည်း မရှိဘူး။ လက်နဲ့သွားကိုင်ရင်တော့ လိမ်းထားမှန်း သိတယ်၊ ရှိနေတယ်။ လုံးဝ matte ဖြစ်ပြီး ပျောက်သွားတာလည်း မဟုတ်ဘူး။ သဘာဝကျတယ်။ အရင်ကတော့ Sunscreen ဆို ပေါ့ပြီး ကျဲတာမျိုးကို ပိုသဘောကျခဲ့ပေမယ့် နောက်ပိုင်းနားလည်လာတော့ Sunscreen ပီပီသသ Protection ပိုင်းကို ပိုဂရုစိုက်မိလာတာလည်း ပါတယ်။ သူက protection တော့နိုင်တယ်။ သေချာလုံလောက်အောင်သာလိမ်း၊ နေလောင်မှာ လုံးဝစိတ်ပူစရာမလိုဘူး။ ရေစို၊ ချွေးစိုလည်း အတိုင်းအတာတစ်ခုအထိတော့ အိုခေတယ်။
ပြီးရင် reapply အနေနဲ့ Purito ကနေပဲ sun stick လေး သုံးဖြစ်တယ်။ အရမ်းမရွှဲလို့ over makeup ဆိုလည်း အဆင်ပြေတယ်။ Pilling မဖြစ်ဘူး။ အဆီပြန်နေတဲ့ look မထွက်ဘူး။ သူတစ်ခုတည်းနဲ့ protection လုံလောက်ဖို့ကတော့ indoor နဲ့ cloudy days တွေဆိုရင်တော့ ရနိုင်တယ်။
🌟 Body Sunscreen ကိုတော့ Yoon Skin က SPF 30 လေး သုံးဖြစ်နေတယ်။ Air က အတိုအပြတ် မဝတ်တာရော၊ အပြင်အမြဲမထွက်ဖြစ်တာရောမို့ SPF 30 ကတော့ လုံလောက်တာထက် ပိုပါတယ်။ တကယ်တော့ အဲ့ဒီ SPF 30 ကြောင့်ပဲ သူ့ကို ရွေးသုံးဖြစ်တာ။
ဒီမှာတော့ တော်တော်များများက SPF 50+ မှပဲ ကာကွယ်ပေးမယ်လို့ စိတ်ထဲစွဲနေကြတော့ ထုတ်သမျှ Brand တိုင်းကလည်း (တကယ်ပါပါ မပါပါ) SPF 50+ ကိုပဲ ပြူးနေအောင် ရေးထားကြတာပဲ။ EU/US ဖက်က sunscreen တွေမှာဆို SPF ကို 30, 40, 50 စသဖြင့် ရွေးချယ်စရာတွေ ပေးထားတတ်တယ်။ ဒါကတော့ Air personally ခံစားရတာဆိုပေမယ့် SPF level နိမ့်လေ လိမ်းရတာလည်း ပိုပေါ့သွားသလိုပဲ။ Body Sunscreen တွေမှာဆို ဒီအချက်က ပိုသိသာတယ်။
SPF 30 ပါတဲ့ ဒီ body sunscreen လေးက လိမ်းရတာ ညက်တယ်။ ဖြန့်ရ သွက်တယ်။ အသားမှာ ခဲလိပ်ပြီး ဖြူစုတ်စုတ် မကျန်ခဲ့ဘူး။ လိမ်းထားမှန်းတော့ ခံစားရပေမယ့် အသားမှာ ပူအိုက်ရွှဲစိုပြီး မကျန်ခဲ့ဘူး။ လေသလပ်ရင်း ခြောက်သွားတာ မြန်တယ်။ နောက်ထပ် သိသာတာက နေလောင်လွယ်တဲ့ ခြေဖမိုးတွေ၊ လက်ဖမိုးတွေ၊ ဂုတ်တွေဆို ဘာ brightening care မှမသုံးဘဲနဲ့ phyu လာတာပဲ။ ပင်ကိုယ် skin tone ထက် တက်သွားတာမျိုး မဟုတ်ဘဲ မည်းနေရာကနေ ကိုယ့်ရဲ့နဂို အသားအရောင်ကို ပြန်ရောက်လာတာမို့ အသားညီလာတယ်။
လက်ရှိ အကြိုက်ဆုံး Sun Care လေးတွေမို့ Air လို sunscreen ချေးများတတ်သူများ စမ်းကြည့်ပါလို့ .. မမှားစေရဘူး 🤍
🛒 TSO K-Beauty Yoon Skin
Your Skin Sis,
Air~