30/01/2026
မေယုလမ်းထောင့်က ထွန်းနံနက်စာ ဆိုင်လေးကို အပြီးတိုင်ပိတ်သိမ်းမည်ဖြစ်ကြောင်းကြေငြာချင်ပါတယ်။ ဟုတ်ကဲ့ 9ရက်နေ့ထဲက ဆိုင်ပိတ်ထားရာကနေ 25ရက်နေ့ပြန်ဖွင့်မယ်လို့ရည်ရွယ်ထားပေမဲ့ လုံးဝပြန်မဖွင့်တော့ပါဘူး။ ကျွန်မတို့ဆိုင်လေးက လွယ်လွယ်နဲ့ဖြစ်တည်လာတာမဟုတ်ပေမဲ့ လွယ်လွယ်ပိတ်သိမ်းဖို့ဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းကတော့ နောက်ကွယ်မှာသပ်သပ်ရှိပါတယ် လူတွေရဲ့ လောဘ မောဟတွေ စည်းမရှိဘောင်မရှိတာတွေ ခွက်စောင်းခုတ် စမန်ခုတ်တာတွေကိုအလွန်တရာကိုမှ စက်ဆုတ်ရွံရှာမိလို့ပါပဲ ဒါတွေကြောင့်ပူလောင်ရတဲ့ စိတ်ခံစားချက်တွေကို ခံစားနေရတာလည်း စိတ်သောကတွေခံစားနေရတာကိုလည်း စိတ်ပျက်မိပါတယ် မိမိစိတ်ကိုဘယ်လိုထိန်းထိန်း ဒီတစ်ကြိမ်ဟာ ဘဝမှာ တော်တော်ကို စိတ်သောကရောက်ခဲ့ရတာမို့ပါ လူတွေဟာ စည်းကမ်းကျင့်ဝတ်တွေ လူ့စည်း လူ့ဘောင် လူ့ကျင့်ဝတ်တွေပြိုလဲ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဆုတ်ကပ်ကြီးထဲမှာ တော်တော်ကို လောဘ ဒေါသ မောဟတွေကြီးမားလာပါပဲ ဒီထဲမှာ မိမိလည်းအပါအဝင်ဖြစ်လို့ရှက်မိပါတယ် ကြောက်မိပါတယ် ရုန်းထွက်ဆဲပါ စိတ်ကိုပြုပြင်နေဆဲပါပဲ ဆိုင်ပိတ်လိုက်တော့မယ်လို့ တွေးလိုက်ရတာလဲ စိတ်ကိုအအေးချမ်းဆုံးဖြစ်စေချင်တာရယ် အမြတ်မရှိပဲ တောင့်ခံလာတဲ့အချိန်ကာလတွေဟာ အဓိပ္ပါယ်လုံးဝမရှိတော့တာရယ်ကြောင့်ပါ။ ရပ်နီးရပ်ဝေးက ကျွန်မတို့မနက်စာဆိုင်လေးကို အားပေးကူညီပံ့ပိုးပေးခဲ့သူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်မြဲ ကျေးဇူးတင်လျက်ပါလို့ နှုတ်ဆက်ခဲ့ပါတယ်။