ဝိုင်းဝိုင်း online shop

Directions Contact the business

ဝိုင်းဝိုင်း online shop ကွန်တိန်နာကြ အထည်ရောင်းဝယ်

အမျိုးသမီးတွေ စိတ်ရောလူပါလွတ်လပ်သွားတဲ့အရွယ်😁😁Crd
25/11/2025

အမျိုးသမီးတွေ စိတ်ရောလူပါ
လွတ်လပ်သွားတဲ့အရွယ်😁😁
Crd

With Nine Nine Sanay  – I just earned their 99Sanay badge! 🎉
22/11/2025

With Nine Nine Sanay – I just earned their 99Sanay badge! 🎉

ငါလှတယ်လို့သာ တွေးတော်ရုံပြဿနာတွေကို အသာလေးကျော်လွှားနိုင်လိမ့်မယ်...လူမှုရေးအဆင်မပြေရင်ငါလှတော့သူတို့ကငါ့ကိုမနာလိုလို့ ...
21/11/2025

ငါလှတယ်လို့သာ တွေး
တော်ရုံပြဿနာတွေကို အသာလေး
ကျော်လွှားနိုင်လိမ့်မယ်...

လူမှုရေးအဆင်မပြေရင်
ငါလှတော့သူတို့ကငါ့ကိုမနာလိုလို့ ငါနဲ့မတည့်ကြတာ
မလှတဲ့လူတွေနဲ့ အဆင်မပြေလည်း
ဂရုစိုက်နေစရာမလိုဘူးလို့တွေးပြီး
နေရထိုင်ရတာ အဆင်ပြေသွားလိမ့်မယ်

အချစ်ရေးအဆင်မပြေလည်း
ငါကလှတော့ ငါ့အလှကြောင့် ငါနဲ့တွဲတဲ့လူတွေက
အရောင်မှိန်ကုန်ကြတယ်

ကြာလာတော့ ငါရဲ့အလှဒဏ်ကိုမခံနိုင်ကြလို့
ငါ့နားမှာမနေနိုင်ကြတော့လို့ အချစ်ရေးအဆင်မပြေဘူးလို့တွေးပြီး ဖြေသာနိုင်သွားလိမ့်မယ်

စီးပွားရေးအဆင်မပြေလည်း
ငါကလှတော့ တခါတလေ အလုပ်လုပ်ရတာ
အဆင်မပြေဘူး
ငါ့ရုပ်ငါ့ရည်နဲ့ မပြေလည်ဘူးဆိုတာ ဘယ်သူမှ
ယုံကြမှာမဟုတ်ဘူး
အခုအဆင်မပြေလည်း အလှလျော့လို့မဖြစ်ဘူးဆိုပြီး
လိမ်းစရာရှိတာဆက်လိမ်း ပြင်စရာရှိတာဆက်ပြင်ပြီး
ခပ်တည်တည်နဲ့ ကွန်ဖီးဒန့်တွေတင်ပြီးနေကြည့်

ကိုယ့်အလှကြောင့် ကိုယ့်သောကတွေတောင်
ပျောက်သွားနိုင်တယ်( မယုံမရှိနဲ့ )

ငါ့ပုံတွေကို like မပေးတာ ငါ့အလှကိုမနာလိုလို့
ငါ့အတင်းတွေ ကွယ်ရာမှာ ပြောကြတာ
ငါလှတာကိုမနာလိုလို့
ငါ့ကို unfriend လုပ်သွားတာ ငါအရမ်းလှနေလို့
ငါ့ကို block သွားတာ ငါ့အလှကို မယှဉ်နိုင်လို့
အဲလိုမျိုးသာ တွေးပစ်....
ကြေကွဲနေတဲ့စိတ်တွေကနေ
feeling proud တွေဘာတွေ ချက်ချင်းဖြစ်သွားမှာ....

တကယ်လှတာ မလှတာက
ဘေးလူတွေဆုံးဖြတ်ကြမှာ

အဓိကက ကိုယ့်ကိုယ်ကို လှတယ်ထင်နေဖို့ပဲ
မလှလည်း လှတယ်လို့တွေး
လှလည်း ပိုလှတယ်လို့တွေး

တချို့လောကဓံတွေကို စိတ်ဓာတ်တွေကျပြီး
ရင်ဆိုင်မနေနဲ့
ငါလှတယ်လို့တွေးရင်းနဲ့သာ ကျော်ဖြတ်........😁

ဘယ်လိုလဲ....ပြုံးမိသွားတယ် ဟုတ်..😁😍😘
Crd

🌿 အကောင်းဆုံး ဖုန်းရွှေကဘဝ "သန့်ရှင်း" လာတာဖြစ်တယ်။လှလာတာ၊ တည်ငြိမ်လာတာ၊ပျော်လာတာဟာ ကံကောင်းလို့ မဟုတ်ဘူး... ဘဝ သန့်ရှင်...
21/11/2025

🌿 အကောင်းဆုံး ဖုန်းရွှေက
ဘဝ "သန့်ရှင်း" လာတာဖြစ်တယ်။

လှလာတာ၊ တည်ငြိမ်လာတာ၊
ပျော်လာတာဟာ ကံကောင်းလို့ မဟုတ်ဘူး...
ဘဝ သန့်ရှင်းလာလို့ပါ။

သန့်ရှင်းတယ်ဆိုတာ
စိတ်မမောတာ၊
ဘဝမရှုပ်တာ၊
စွမ်းအင်ကို မဖြုန်းတီးတာဖြစ်တယ်။

🚩 စကားလုံး သန့်ရှင်းတယ်

သိပ်မညည်းဘူး.. ကောင်းတဲ့စကား ပိုပြောတယ်။

လူတစ်ယောက်ရဲ့ စကားအပြောက သူ့ရဲ့ အရှိန်အဝါဖြစ်တယ်။

မင်္ဂလာစကားတွေ၊
အသိအမှတ်ပြုစကားတွေ၊
ကိုယ်စိတ်ချမ်းသာတဲ့ စကားတွေ ပိုပြောပေးပါ။

စကား သန့်ရှင်းလေ
အာရုံပျံ့လွင့်စရာတွေထဲ ပိတ်မိမနေလေ..

ကိုယ်တို့ရဲ့ လောကကြီးလည်း
တဖြည်းဖြည်း လင်းလာလေဖြစ်တယ်။

🚩 စိတ်နှလုံး သန့်ရှင်းတယ်

ကိုယ့်စိတ်ကို ကိုယ့်ဆီ ပြန်ကပ်တာဖြစ်တယ်။

စိတ်နှလုံး သန့်ရှင်းရင် မရှုပ်ထွေးဘူး၊
အတွင်းစိတ် မလှိုက်စားဘူး၊
အခြားသူနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ဘူး။

🚩 အသွင်အပြင် သန့်ရှင်းတယ်

အသွင်အပြင် လန်းဆန်းတာက
အလှဆုံး ကြော့ရှင်းမှုဖြစ်တယ်။

လှရမယ် မဆိုဘူး..
သန့်ရှင်းပြီး လန်းဆန်းရင် ဆွဲဆောင်မှုရှိတယ်။

သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်က
တခြားသူ ကြိုက်နှစ်သက်ဖို့ မဟုတ်ဘူး..

ဘယ်အခြေအနေမှာမဆို ကိုယ့်ကိုယ်ကိုယ်
သက်သောင့်သက်သာနဲ့
စိတ်ကြည်နေဖို့ဖြစ်တယ်။

🚩 နေအိမ် သန့်ရှင်းတယ်

အိမ်ရဲ့ အခြေအနေက ကိုယ့်စွမ်းအင်ဖြစ်တယ်။

ရှုပ်ပွတဲ့အိမ်က ရှုပ်ထွေးတဲ့ စိတ်ကို ထင်ဟပ်တယ်။ သန့်ရှင်းတဲ့အိမ်က စိတ်ကို ပေါ့ပါးစေတယ်။

ပုံမှန် သန့်ရှင်းရေးလုပ်ပြီး
မလိုအပ်တာတွေကို ဖယ်ရှားမယ်။

ပြီးပြည့်စုံဖို့ မလိုပါဘူး။
မျက်စိပသာဒဖြစ်ရင်၊
သက်သောင့်သက်သာရှိရင်၊
ကြည့်ရ စိတ်ချမ်းသာရင် ရပါပြီ။

နေရာ သန့်ရှင်းသပ်ရပ်သွားရင်
လူလည်း ကြည်လာပါတယ်။

🚩 လူမှုအသိုင်းအဝိုင်း သန့်ရှင်းတယ်

အတူတကွ ရှိနေတာဟာ
သက်သောင့်သက်သာ ရှိလို့ပါ။

ပေါင်းသင်းဆက်ဆံရေးက
လူသိများတာ နည်းတာနဲ့ မဆိုင်ဘူး..
လိုက်ဖက်ညီမှုပေါ် မူတည်ပါတယ်။

စိတ်ခံစားချက် သက်သောင့်သက်သာရှိတဲ့လူနဲ့မှ မိတ်ဖွဲ့ဖို့ ထိုက်ပါတယ်။

တိုးတက်ကောင်းမွန်ဖို့ အချင်းချင်း အားပေးတတ်ဖို့ လိုပါတယ်။

မြှောက်ပင့်စရာမလို၊
ဖြေရှင်းစရာမလို၊
ဟန်ဆောင်စရာလည်း မလို။

အကောင်းဆုံးဖုန်းရွှေဆိုတာ
နေ့ရက်တိုင်း ကိုယ်ရွေးချယ်တဲ့ "သန့်ရှင်းမှု" ဖြစ်တယ်။

ဖတ်မိတဲ့စာတစ်ပုဒ် ဘာသာပြန် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

လူတစ်ယောက်ရဲ့အရည်အချင်းကိုသိချင်ရင် သူ့ဘဝ ဇောက်ထိုးဖြစ်တဲ့အချိန်ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ ကြည့်။ဘဝက ဇောက်ထိုးပုံစံသွ...
20/11/2025

လူတစ်ယောက်ရဲ့အရည်အချင်းကိုသိချင်ရင် သူ့ဘဝ ဇောက်ထိုးဖြစ်တဲ့အချိန်ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ ကြည့်။

ဘဝက ဇောက်ထိုးပုံစံသွားနေတဲ့အခါ အရင်ဆုံး
ကိုယ့်ကိုယ်ကို အတည့်ပြန်တင်ဖို့ စိတ်ရှည်ဖို့ self-compassion (ကိုယ့်ကိုယ်ကိုယ် သနားကူညီတတ်)ဖို့ သတိရပေးပါ။

ယုံကြည်စိတ်စွမ်းအားနဲ့ ဘဝကို စိတ်ရှည်လက်ရှည်ပြန်တည်ဆောက်နိုင်တဲ့ စွမ်းရည်ကမှ တကယ့်အရည်အချင်းမည်တယ်။

တစ်ခုခုဆိုရင် အပြစ်တင်နေမယ့်အစား၊ “ဒါက ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ ငါ့မှာ ပြန်စတင်နိုင်တဲ့ အစွမ်းရှိတယ်” လို့ ကိုယ့်ကိုယ်ကို တယုတယ အားပေးပြီး သေးသေးလေးကနေ စတင်ရမယ်။

နှုတ်စောင့်စည်းမှုမရှိတဲ့ ပတ်ဝန်းကျင်၊ စည်းဘောင်မရှိတဲ့နေရာ၊ သင့်ကို ရှိနေတယ်လို့တောင် မထင်တဲ့ပတ်ဝန်းကျင်မှာ ရှိနေရင်တောင် self-efficacy (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု) နဲ့ ပိုပြတ်သားရမယ်။

အနောက်မှာ ပြေးကြည့်ရင် ကျောပဲရှိတဲ့သူက ပိုတည်ငြိမ် ပိုရဲရင့်ရမယ်။ ကြောက်ရင် လာဘ်လွှဲ ရဲရင် လာဘ်ရ winner takes it all ပဲ။

သက်ပြင်းတွေ အကြိမ်ကြိမ် အခါခါ ချမိပြီး၊ တစ်ယောက်တည်း ကြိတ်ငိုပြီး ဖြတ်သန်းနေရတဲ့
အသက်ရှုဖို့တောင် ပင်ပန်းနေတဲ့ကာလမှာ သင် ကျော်လွှားနိုင်ခဲ့တဲ့ survival guide တွေက ဘဝရဲ့ learn & grow process ပါ။

သင် မကျော်ဖြတ်နိုင်ဘူးထင်ခဲ့တဲ့ အရာတွေကိုတောင် အခုအချိန်ထိ ကျော်ဖြတ်နိုင်တယ်ဆိုတာကလည်း အောင်မြင်မှုဆိုတာကို ရင်ဘတ်ထဲထိ ကြားအောင် တိတ်တိတ်လေး မကြာမကြာ တီးတိုးပြောပေးပါ။

Aindra from MON
Photo.crd

ပေးနိုင်ပါရဲ့ နဲ့ မပေးခဲ့တာ မရှိဘူး ။ ကျွေးနိုင်ပါရဲ့ နဲ့ မကျွေးခဲ့တာ မရှိဘူး ။ လုပ်ပေးနိုင်ပါရဲ့ နဲ့ မလုပ်ပေးခဲ့တာ မရှိ...
20/11/2025

ပေးနိုင်ပါရဲ့ နဲ့ မပေးခဲ့တာ မရှိဘူး ။
ကျွေးနိုင်ပါရဲ့ နဲ့ မကျွေးခဲ့တာ မရှိဘူး ။
လုပ်ပေးနိုင်ပါရဲ့ နဲ့ မလုပ်ပေးခဲ့တာ မရှိဘူး ။

တကယ်တော့ တစ်ခု ရရင်တောင်
နှစ်ခု ပြန်ပေးတတ်သူဟာ ကိုယ်ပါပဲ ။

ဘယ်သူ့ ဘယ်သူဆီကမှ
ဘာတစ်ခုမှ အလကားမယူခဲ့ဘူး ။
အလကား မစားခဲ့ဘူး ။
အလကား မရခဲ့ဘူး ။

ဒါဟာ ကိုယ့်အတွက် နဲ့ တစ်ဖက်မှာ ဘာတစ်ခုမှ
လျော့ကျ မသွားစေချင်တဲ့ စေတနာပဲ …

ဘဝမှာ
ပေးသောလက်ပဲ ဖြစ်ချင်တာဟာ ဆန္ဒ ဖြစ်ပြီး
မရှိတဲ့ကြားက ပေးနေတာကတော့ ရစေချင်
ပျော်စေချင်တဲ့ ကိုယ့် မေတ္တာ တွေပါပဲ ။
Crd🥰

ကျမစျေးပြန်ရောင်းမယ်နော်ချစ်တို့ရေ🥰
20/11/2025

ကျမစျေးပြန်ရောင်းမယ်နော်ချစ်တို့ရေ🥰

 #အမြဲတမ်းငွေရှိနေသူတွေရဲ့လျှို့ဝှက်ချက်များ************************ဖတ်ကြည့်နော်…တချို့တွေမှာ လခရတာချင်း အတူတူပေမဲ့လလယ်လ...
20/11/2025

#အမြဲတမ်းငွေရှိနေသူတွေရဲ့လျှို့ဝှက်ချက်များ
************************
ဖတ်ကြည့်နော်…

တချို့တွေမှာ လခရတာချင်း အတူတူပေမဲ့
လလယ်လောက်ဆို
လက်ထဲမှာ ခြူးတစ်ပြားမှ မကျန်တော့ပါ။

ချေးပါဦး ငှားပါဦးနဲ့။

တချို့တွေများကျတော့ ခပ်အေးအေးပဲ။
အမြဲတမ်းလိုလို
ငွေကြေး လောက်လောက်ငှငှ ရှိနေတာ
မြင်ရတယ်နော်…

ဒီလိုလူတွေက
မနာလိုချင်စရာ ကောင်းလောက်အောင်
ငွေကို ဘယ်လို သုံးတတ်နေလဲ ဆိုတော့…

၁။လက်မလွယ်ဘူး။

တချို့တွေက မလိုအပ်တဲ့အရာအတွက်
ပိုက်ဆံ အကုန်မခံကြဘူး။

တကယ်မလိုအပ်ပဲနဲ့
စိတ်အလိုလိုက်ပြီး
ဟိုဟာစပ်စပ် ဒီဟာစပ်စပ်
ဝယ်တတ်တဲ့သူတွေဟာ
လက်ထဲ ငွေမကျန်တာက များပါတယ်။

ဆိုင်ထိုင်ရင်လည်း…
ကိုယ်ကပဲ သူဌေးလိုလို ဘာလိုလို။

နေ…နေ ငါရှင်းလိုက်မယ်။
ဒီလောက်က အေးဆေး ဆိုပြီး
နောက်နေ့
ထမင်းကြမ်းခဲ လွေးနေကြရသူတွေပေါ့။

ငွေကြေးစီမံခန့်ခွဲမှု ကောင်းသူတွေဟာ
လက်မဖွာကြသူတွေဆိုတာ တွေ့ရပါတယ်။

၂။လူတွေ ဘာထင်ထင် ဂရုမစိုက်ဘူး။

တခြားသူတွေရဲ့အမြင်ကို
ဂရုစိုက်လွန်းသူတွေက
ငွေပိုကုန်ကြပါတယ်။

ကိုယ့်အတွက်မလိုအပ်ပဲနဲ့
ခေတ်နောက်ကျမှာစိုးလို့
Trendနောက်လိုက်ပြီး
ငွေကုန်နေကြသူတွေ များပါတယ်။

ငွေစုတတ်သူတွေက အဲဒီလိုမဟုတ်ပါဘူး။

မလိုအပ်ရင် ဘာမှမဝယ်ပဲ
ဖိနပ်စုတ်တောင်
ဆက်စီးနေတတ်ကြသူတွေပါ။

အဓိကကတော့…
သူတို့ဟာ
စိတ်အလို မလိုက်တတ်သူတွေ ဖြစ်ပါတယ်။

၃။အဓိကနဲ့ သာမည သိကြတယ်။

သူတို့တွေဟာ…ကိုယ်ဘယ်နေရာမှာတော့
ငွေသုံးသင့်တယ်။
ဘယ်နေရာမှာတော့ မသုံးလည်း ရတယ်
ဆိုတာကို
သေသေချာချာ သိသူတွေပါ။

ကပ်စေးနဲတယ်လို့မဆိုနိုင်ပဲ
ငွေသုံးရမယ့်နေရာဆို
မတွန့်မဆုတ် ပေးတတ်ကြပါတယ်။

အပိုလို့ထင်ရင်တော့ ငိုပြရင်တောင်
တစ်ဆယ်တန် ကျလာမှာ မဟုတ်ပါဘူးနော်။

၄။သည်းခံနိုင်တယ်။

လက်ထဲငွေရှိသူတွေနဲ့
ငွေမရှိသူတွေရဲ့ အဓိကမတူတဲ့
အချက်က
စိတ်ဓာတ်လို့ ဆိုရမှာပါ။

ငွေစုတတ်သူတွေဟာ
စိတ်ဓာတ်ခိုင်မာကြသူတွေပါ။

သူတို့လိုချင်တဲ့အရာအတွက်
စိတ်ရှည် သည်းခံနိုင်ကြပါတယ်။
လိုချင်တဲ့ပစ္စည်းတစ်ခုကို မရမချင်း
မဝယ်နိုင်မချင်း
ကိုယ်ဆင်းရဲခံပြီး
စုရမှာလည်း ဝန်မလေးကြပါဘူး။

၅။အပေါင်းအသင်း။

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး
ဆိုသလိုပါပဲနော်။

လက်ဖွာတတ်တဲ့သူတွေနဲ့
ပေါင်းနေရင်
ကိုယ်လည်း ငွေကို လွယ်လွယ်သုံးဖြစ်
နေမှာပါ။

ငွေကြေးကို
စနစ်တကျ ကိုင်တွယ်တတ်တဲ့သူတွေနဲ့
ပေါင်းနေရင်
ကိုယ်လည်းလက်ဖွာတဲ့အကျင့်
လက်လွယ်တဲ့အကျင့်တွေ
တဖြည်းဖြည်း ပျောက်သွားမှာပါ။

ဒီနည်းလေးတွေကို
လက်တွေ့ ကျင့်သုံးကြည့်ပါနော်…

လကုန်ပြီးနောက်တစ်ပတ်မှာ
လက်ဗလာဖြစ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ…

‎
‎ #စာပေဥယျာဉ်
‎

🌹 အမျိုးသမီးတစ်ယောက် အသိဝင်လာတဲ့အခါ ဘယ်သူ့ရဲ့ အားပေးမှုကိုမှ မလိုအပ်တော့ဘူး... 🌹တစ်ခါတလေမှာ အမျိုးသမီးတစ်ယောက်ရဲ့ အပျော်...
20/11/2025

🌹 အမျိုးသမီးတစ်ယောက် အသိဝင်လာတဲ့အခါ ဘယ်သူ့ရဲ့ အားပေးမှုကိုမှ မလိုအပ်တော့ဘူး... 🌹

တစ်ခါတလေမှာ အမျိုးသမီးတစ်ယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ သိပ်လှတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားချိန် ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ အချစ်ကို ခံရချိန် မဟုတ်ဘဲ၊

တခြားသူအတွက် ရှင်သန်စရာ မလိုတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်ပဲ ဖြစ်တယ်။

လက်တွေ့ဘဝမှာ ကိုယ်တို့ဟာ
"သိတတ်လိမ္မာတဲ့ သမီး"၊
"ဂရုစိုက်တတ်တဲ့ မိန်းမ"၊
"တာဝန်သိတဲ့ မိခင်" ဖြစ်အောင် ကြိုးစားကြတယ်။ ပြီးတော့ ကိုယ့်ကို စိတ်ခံစားမှု ပြင်းထန်တဲ့သူလို့ မမြင်အောင် အလုပ်မှာ ကိုယ့် စိတ်ခံစားချက်ကို ဖိနှိပ်ထားကြတယ်။

အချစ်ရေးမှာ အကြိမ်ကြိမ် ခြေတစ်လှမ်းဆုတ်ကြတယ်။

ကြိုးစားရင် တခြားသူရဲ့ နားလည်မှုကို ရလိမ့်မယ်လို့ ကိုယ်တို့ ထင်ကြတယ်။ ခြေတစ်လှမ်း ဆုတ်ရင် ကမ္ဘာကြီးက ကိုယ့်အပေါ် ကြင်နာလိမ့်မယ်လို့ ကိုယ်တို့ ထင်ကြတယ်။

ဒါပေမဲ့ ဘယ်သူဆီကမှ နားလည်မှုကို ယူလို့ မရပါဘူး... ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရယူမှ ရတယ် ဆိုတာကို ဘဝက ကိုယ်တို့ကို အကြိမ်ကြိမ် သင်ကြားပေးနေပါတယ်။

🌹

စိတ်နိုးကြားလာတာ၊ အသိဝင်လာတာဟာ နူးညံ့သိမ်မွေ့မှုကို ဆုံးရှုံးသွားတာ မဟုတ်ဘူး။ ကိုယ်အပါအဝင် ထိုက်တန်သူကိုပဲ နူးညံ့သိမ်မွေ့မှုတွေ ပေးဖို့ နားလည်သွားတာပါ။

တချို့က အချစ်ရေးမှာ
နယ်နိမိတ်ခြားတတ်ဖို့ သင်ယူနိုင်သွားတယ်။

တချို့က အိမ်ထောင်ရေးမှာ
သူတို့ကိုယ်သူတို့ ပြန်လည်ရှာဖွေတွေ့ရှိသွားတယ်။

တချို့က လျစ်လျူရှုခံရတဲ့အခါ
ကြိုးပမ်းမှုကနေတစ်ဆင့် ကိုယ့်တန်ဖိုးကို ကိုယ် ပြန်သတ်မှတ်နိုင်သွားတယ်။

လောကကြီး ကျေနပ်အောင်၊
အခြားသူ ချီးကျူးအောင်ပဲ ကိုယ်တို့ မနေထိုင်တော့တဲ့အခါ၊

"ဟင့်အင်း "လို့ ကိုယ်တို့ ငြင်းပယ်လာတတ်တဲ့အခါ၊

ကိုယ့်ကိုယ်ကိုယ် လွတ်လမ်းပေးပြီး မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုး၊ စိတ်ခံစားချက်တွေကို လွှတ်ချတတ်လာတဲ့အခါ၊

ကိုယ်တို့ တောက်ပလာကြပါတယ်။


✨ ကြီးပြင်းမှုဆိုတာ ပိုသန်မာလာဖို့ မဟုတ်ဘဲ အခက်အခဲနဲ့ ရင်ဆိုင်ရချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် သင်ယူခြင်းပဲ ဖြစ်ပါတယ်။


💌
#နိုင်းနိုင်းစနေ

Address

114
Yangon

Website

Alerts

Be the first to know and let us send you an email when ဝိုင်းဝိုင်း online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဝိုင်းဝိုင်း online shop:

Shortcuts

Share