Yadanar May Book Store

Yadanar May Book Store စာပေအတွက် ဆက်သွယ်ကြည့်
ရတနာမေက အသင့်ရှိ။

ယုံကြည်စိတ်ချဆက်သွယ်ပါ
ရတနာမေက သင့်တွက်တာ။

ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိ...
08/08/2026

ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တည့်မတ်ပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။

အဲလိုမျိုးဖြစ်စေဖို့ ကျွန်တော်က တစ်ဖက်တစ်လမ်းကနေ ဒီစာအုပ်လေးကို ရေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတိုတိုလေးမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အလွန်အမင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိတ်တွေက ခက်ထန်ကြမ်းတမ်းလာတတ်ကြပါတယ်။ ဒါကို သတိ၊ သတိနဲ့ မထိန်းချုပ်ရင် ကျွန်တော်တို့မှာ ပျက်စီးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။

တကယ်တော့ ကျွန်တော်တို့ရဲ့ အသိတရားကို တခြားသူတစ်ယောက်ယောက်က ပြုပြင်ထိန်းကျောင်းတာထက် ကိုယ့်ကိုယ်တိုင် ပြုပြင်ထိန်းကျောင်းမှ ပိုခရီးရောက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစာအုပ်ထဲမှာ အဲဒီလိုမျိုးဖြစ်မယ့် အကြောင်းအရာတွေကို အသေးစိတ် ရေးသားပေးထားတာကြောင့် ဖတ်လိုက်ရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရရှိသွားစေနိုင်ပါတယ်။

#ချစ်တဲ့မျက်စိနဲ့ကြည့်ရင်အကုန်လှတယ်
#ချယ်ရီစံ



“ပိုက်ဆံရှိရင် ဆွေမျိုးရှိ၊ ပိုက်ဆံမရှိရင် ဆွေမျိုးမရှိ”ဒီစာအုပ်လေးထဲမှာ လူငယ်တွေအနေနဲ့ ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ဖ...
08/08/2026

“ပိုက်ဆံရှိရင် ဆွေမျိုးရှိ၊
ပိုက်ဆံမရှိရင် ဆွေမျိုးမရှိ”

ဒီစာအုပ်လေးထဲမှာ လူငယ်တွေအနေနဲ့ ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်ဖို့ လမ်းညွှန်ပေးထားပါတယ်။ ဒါ့အပြင်...
▪ လူငယ်တွေအတွက် ပိုက်ဆံရှာနည်း
▪စနစ်တကျ ကြိုးစားအားထုတ်မှု နည်းလမ်းတွေ
▪စိန်ခေါ်မှု (Challenges) တွေကို စနစ်တကျ
ရင်ဆိုင်ကျော်လွှားနည်းတွေ
▪ရင့်ကျက်တဲ့ ဘဝနေထိုင်နည်းနှင့် လူမှုဆက်ဆံရေး နည်းဗျူဟာတွေ
▪AI နဲ့ပတ်သက်တဲ့ ဗဟုသုတများကို အပြည့်အဝ ပေါင်းစပ် ရေးသားထားပါတယ်။

#ဒီနေ့ ကြိုးစားနေသည်
#ဂုဏ်ရှိန်ဝါ



သင့်ရဲ့ အတိတ်ဒဏ်ရာတွေ၊ အသည်းကွဲမှုတွေကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေချင်ပါသလား....?💓"လွှတ်ချတတ်ရင် ငြိမ်းချ...
08/08/2026

သင့်ရဲ့ အတိတ်ဒဏ်ရာတွေ၊ အသည်းကွဲမှုတွေကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေချင်ပါသလား....?💓

"လွှတ်ချတတ်ရင် ငြိမ်းချမ်းပြီး
စွန့်လွှတ်တတ်ရင် လွတ်မြောက်ပါတယ်"

“မျက်ရည်တွေမှာလည်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ မျက်ရည်တွေကို တန်ဖိုးမဲ့အောင် မလုပ်ပါနဲ့”

ဒီစာအုပ်ထဲမှာ . . .
အငိုတိတ်စေမယ့် နည်းလမ်းတွေ၊ ခံစားချက်ကို
ချရေးနိုင်ဖို့အတွက် မေးခွန်းတွေ၊ အတွင်းစိတ် ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေ

အသည်းကွဲခြင်းကို ကုစားနည်းတွေ၊ စိတ်ခွန်အားဖြစ်စေမယ့် ပုံပြင်တွေ၊ စိတ်ခွန်အားပေး စာသားတွေ၊ မနာလိုစိတ်ကို ပယ်ဖျက်နည်းတွေ

စိတ်ဒဏ်ရာကို ကုစားနည်းတွေ၊ ဘဝ ရှင်သန်နည်းတွေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေနည်းတွေ များစွာပါဝင်ပါတယ်။

#မျက်ရည်လွယ်သောသူများဖတ်ဖို့
#သော်တာမင်း



"မိမိကိုယ်ကို ဂရုစိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မျက်နှာသာပေး လိုက်လျောတာမျိုးကို မဆိုလိုပါဘူး... ကိုယ့်ကိုယ်ကိုယ် ယိမ်းယ...
07/08/2026

"မိမိကိုယ်ကို ဂရုစိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မျက်နှာသာပေး လိုက်လျောတာမျိုးကို မဆိုလိုပါဘူး... ကိုယ့်ကိုယ်ကိုယ် ယိမ်းယိုင်တိမ်းစောင်း ပြိုလဲခြင်း မရှိရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း သဘော ဆောင်ပါတယ်။" 🌻✨

🌻စာပေါ့ပေါ့ပါးပါးနဲ့ ဘဝနေနည်းစာအုပ် ဖတ်မယ်ဆိုရင် အကောင်းဆုံးသော ရွေးချယ်မှုပါ။ စာအုပ်မှာနေ့စဉ်ဘဝတွေထဲ လူတွေ အလွယ်တကူ လိုက်နာနိုင်တဲ့ ဓလေ့ကလေးတွေကို ကျင့်သုံးရုံနဲ့ သင်ဟာ သာယာ စိုပြည်တဲ့ ဘဝတစ်ခု တည်ဆောက်နိုင်တဲ့အကြောင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်ထားပါတယ်။ နို့ပေမဲ့ ဒီလို ပေါ့ပါးတဲ့အတွက် လျှော့တော့ မတွက်သင့်ပါဘူး။ ဘဝရဲ့ ရိုးရှင်းတဲ့ အဲဒီ အလေ့အကျင့်ကလေးတွေဆိုတာ ကလည်း စာရေးသူက စီစီစစ်စစ်နဲ့ အပတ်တကုတ် ရှာဖွေ ဖော်ထုတ်ပေးထားတာပါ။

🌻နေပူဆာလှုံပါ၊ စွပ်ပြုတ်လုပ်ပါ၊ ကခုန်ပေးပါ၊ ခဏနားပါ၊ ရေသောက်ပါ၊ ခရီးသွားပေးပါ၊ တစ်မှေးအိပ်ပါ၊ ယုံကြည်ပေးပါ၊ စက်ဘီးစီးပါ၊ မသေချာ မရေရာခြင်းတွေကို ပွေ့ဖက်ကြိုဆိုပေးပါ၊ အမှားတွေလုပ်ပါ၊ ခွင့်လွှတ်ပေးပါ၊ လမ်းလျှောက်ထွက်ပေးပါ၊ လက်ရှိအချိန်မှာပဲ ရှိနေပါစေ၊ နေဝင်တာကို စောင့်ကြည့်ပေးပါ၊ တိမ်တွေကို စောင့်ကြည့်ပါ၊ ပေးကမ်းပါ အစရှိတဲ့ ခေါင်းစဉ်ငယ်လေးတွေနဲ့ လူတွေရဲ့နိစ္စဓူဝထဲကနေ အလွယ်တကူပြုလုပ်နိုင်တဲ့ အလေ့အကျင့်လေးတွေ မွေးမြူပေးရုံနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခု တည်ဆောက်ပေးနိုင်ကြောင်း အကောင်းဆုံး မိတ်ဆက်ထားပါတယ်။

🌻မူရင်း စာအုပ်ရေးသူ လူမည်းအမျိုးသမီး စာရေးဆရာမ Audre Lorde က" မိမိကိုယ်ကို ဂရုစိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မျက်နှာသာပေး လိုက်လျောတာမျိုးကို မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် ယိမ်းယိုင်တိမ်းစောင်း ပြိုလဲခြင်း မရှိရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း သဘော ဆောင်ပါ တယ် " လို့ အဖွင့်မှာ ပြောကြား ထားပါတယ်။ စာမျက်နှာ ၅၀ ကျော်သာ ပါရှိပေမဲ့ အနှစ်သာရရှိရှိ အကြောင်းအရာတွေသာ ပါဝင်တာမို့ ဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးပါ။ ဂျူတီစာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါတယ်။

#သင်သာလျှင်သင့်ဘဝ၏အဖော်မွန်
#ဂျွန် -မြန်မာပြန်



မင်းသိင်္ခ  တားရော့ဟောနည်း(2026 ခုနှစ်ထုပ် ဗူးကြီး)တားရော့ဟောနည်းစာအုပ် (၇၈ ကတ်အဟော)တားရော့မေဂျာ+မိုင်နာကတ်အစုံတားရော့စာ...
07/08/2026

မင်းသိင်္ခ တားရော့ဟောနည်း
(2026 ခုနှစ်ထုပ် ဗူးကြီး)

တားရော့ဟောနည်းစာအုပ် (၇၈ ကတ်အဟော)
တားရော့မေဂျာ+မိုင်နာကတ်အစုံ
တားရော့စားပွဲခင်း တို့ ပါဝင်ပါသည်။

ဆရာမင်းသိင်္ခရှင်းပြခဲ့တဲ့ တားရော့ရဲ့ သမိုင်းကြောင်းနှင့် နက်ရှိုင်းတဲ့ ဓမ္မ

ဆရာမင်းသိင်္ခ၏တားရော့ဂန္ဓာရီကျင့်စဉ်နှင့်တဲရော့မန္တာန်
တားရော့ရဲ့ အဓိက ၂၂ကတ် နှိုးနည်း ဟောနည်း
တားရော့ရဲ့ မိုင်နာ ၅၆ကတ် အယူအဆ အဓိပ္ပါယ်ကောက်နည်း ဟောနည်းများ

ဆရာမင်းသိင်္ခထံ တားရော့တစ်ထုတ် စတင်ရောက်ရှိလာပုံနှင့်
တားရော့ဆိုတာ ဘာလဲ ၊ ဘယ်လိုအသုံးပြုရသလဲ
တားရော့ခင်းဖို့ စားပွဲခင်း၊ တားရော့ကို ဘယ်လက်နဲ့စတင်ဆွဲယူရမလဲ
တားရော့ ကုလားဖန်ထိုး ရောသမမွှေပုံ ၊ မိမိကိုယ်ပိုင်သုံးနေသော တားရော့ထုပ်ကို
တစ်ပါးသူမငှားသင့်ဘူးဆိုတဲ့ အကြောင်းအရာ ဗဟုသုတများစွာကို ရှင်းပြထားပြီး
လက်တွေ့ တားရော့အဟောနှင့် နမိတ်ပုံဖတ်နည်း အယူအဆများကို အသေးစိတ်
အတိအကျ ရှင်းပြထားပါသည်။
ဆရာဦးဝင်းဇော်(သစ်တော)နှင့် တားရော့စတင်ပတ်သက်ခဲ့ပုံနှင့်
တားရော့ဟောဆရာဖြစ်လာခဲ့ရပုံ
တို့ကို ရေးဖွဲ့ ရှင်းပြထားပါသည်။

တားရော့ကတ်များ ခင်းကျင်းနည်း
၁။ လက်ရှိပစ္စုပ္ပန် လက်တွေ့အဟောအတွက် ၁ကတ်ခြင်းအသုံးပြုနည်း
၂။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်အဟောအတွက် ၃ကတ် အသုံးပြုနည်း
၃။ လက်ဝါးကပ်တိုင် The cross sp read ၅ကတ် အသုံးပြုနည်း
၄။ လမ်းခွဲ (သို့) ဆုံးဖြတ်ချက်ချ ခြင်း ၆ကတ် အသုံးပြုနည်း
၅။ ဒေးဗစ်စတား David Star ၇ကတ် အသုံးပြုနည်း
၆။ မြင်းခွာပုံ The Horesehore Spread ၇ကတ် အသုံးပြုနည်း
၇။ လမ်းဆုံလမ်းခွ The Crossroads ၈ကတ် အသုံးပြုနည်း
၈။ ပိရမစ် Pyramid Spread ၁ဝကတ် အသုံးပြုနည်း
၉။ ဆဲလ်တစ်ခရော့ Celtric cross ၁ဝကတ် အသုံးပြုနည်း

#မင်းသိင်္ခ

#တားရော့ဟောနည်း



ဒီဝတ္ထုလေးဟာ ‘အချစ်’ဆိုတဲ့ သဘောတရားကို ကျော်လွန်ပြီး လူသားတစ်ယောက်ရဲ့  စိတ်အလွှာနုနုလေးကို အခြေခံ ရေးထားခြင်း ဖြစ်ပါတယ်။...
07/08/2026

ဒီဝတ္ထုလေးဟာ ‘အချစ်’ဆိုတဲ့ သဘောတရားကို ကျော်လွန်ပြီး လူသားတစ်ယောက်ရဲ့ စိတ်အလွှာနုနုလေးကို အခြေခံ ရေးထားခြင်း ဖြစ်ပါတယ်။

တိုတောင်းလွန်းလှတဲ့ လူ့ဘဝလေးထဲမှာ ဖြစ်ပျက် ကြုံတွေ့ရလေ့ရှိကြတဲ့ သဘောတရားတွေ၊ ကံကြမ္မာတွေကို သင့်တင့်မျှတအောင် ရောနှောခြယ်မှုန်းထားခြင်း ဖြစ်ပါတယ်။

ပုဂံဆိုတာ မြန်မာတွေရဲ့ အသည်းနှလုံး။ မြန်မာတွေရဲ့ ရှေးအမွေအနှစ်။ ပုဂံကို အလည်လာတဲ့ နိုင်ငံခြားသူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ သစ္စာတရား၊ ပြီးတော့ နောက်ထပ် ဂျပန် မိန်းကလေးငယ်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအားလုံးကို ဒီဝတ္ထုလေးထဲမှာ တွေ့မြင်ရမှာပါ။

#ပြန်လာခဲ့ပါဟိုရှီနာ
#မောင်သက်နောင်(ATBC)



အောက်တန်းကျတဲ့ စိတ်ထားရင် အောက်တန်းကျတဲ့ ဘဝကို ရပါလိမ့်မယ် ။မြင့်မြတ်တဲ့ စိတ်ထားရင် မြင့်မြတ်တဲ့ ဘဝကို ရရှိပါလိမ့်မယ် ။က...
07/08/2026

အောက်တန်းကျတဲ့ စိတ်ထားရင်
အောက်တန်းကျတဲ့ ဘဝကို ရပါလိမ့်မယ် ။

မြင့်မြတ်တဲ့ စိတ်ထားရင်
မြင့်မြတ်တဲ့ ဘဝကို ရရှိပါလိမ့်မယ် ။

ကိုယ့်ဘဝရဲ့ ကောင်းခြင်း ၊ မကောင်းခြင်းတွေဟာ
ကိုယ့်ရဲ့စိတ်ပေါ် အများကြီး မူတည်ပါတယ် ။

#သော်တာမင်း
#ဘုရားတပည့်တော်ဘဝအမြန်ဆုံးအေးချမ်းပါရစေ



အမြတ်တနိုး စုဆောင်းရမယ့် စိုင်းခမ်းလိတ် သီချင်းများ စာအုပ်မြန်မာသီချင်းတွေကို အဓိကထားပြီး English သီချင်း (၃) ပုဒ်အပြင် ...
07/08/2026

အမြတ်တနိုး စုဆောင်းရမယ့် စိုင်းခမ်းလိတ် သီချင်းများ စာအုပ်
မြန်မာသီချင်းတွေကို အဓိကထားပြီး English သီချင်း (၃) ပုဒ်အပြင် မိသားစုဓာတ်ပုံအနည်းငယ်နဲ့ Guitar Chords များကိုပါ အတတ်နိုင်ဆုံး ဖြည့်စွက်ပေးထားတဲ့ "စိုင်းခမ်းလိတ်သီချင်းများ" စာအုပ်

စာမျက်နှာ (၆၅၇) မျက်နှာပါရှိပြီး ပထမအကြိမ် (ဇူလိုင်လ ၂၀၂၆) ထွက် အုပ်ရေ (၅၀၀) သာ ကန့်သတ်ထုတ်ဝေထားတာ ဖြစ်ပါတယ်။

✅ စိတ်ဝင်စားသူများ cb မှတဆင့် လာရောက်မှာယူနိုင်ပါပြီရှင် 📚✨

#စိုင်းခမ်းလိတ်သီချင်းများ #စိုင်းခမ်းလိတ်

"အလာဒင်ရဲ့ မှော်မီးခွက်၊ အလီဘားဘားနဲ့ ခိုးသားလေးဆယ်... ကလေးဘဝရဲ့ ရင်ခုန်သံတွေကို ပြန်လည်ဖော်ဆောင်ပေးမယ့် ကမ္ဘာကျော် ဂန္ထ...
06/08/2026

"အလာဒင်ရဲ့ မှော်မီးခွက်၊ အလီဘားဘားနဲ့ ခိုးသားလေးဆယ်... ကလေးဘဝရဲ့ ရင်ခုန်သံတွေကို ပြန်လည်ဖော်ဆောင်ပေးမယ့် ကမ္ဘာကျော် ဂန္ထဝင်ပုံပြင်များ..."

ကမ္ဘာ့စာပေသမိုင်းမှာ အထင်ရှားဆုံးနဲ့ လူအကြိုက်အများဆုံးဖြစ်တဲ့ ဂန္ထဝင်ပုံပြင်ပေါင်းချုပ်ကြီးဖြစ်တဲ့ “တစ်ထောင့်တစ်ည (ပုံပြင်များပေါင်းချုပ်) - The Arabian Nights” ရဲ့ မြန်မာပြန် စာအုပ်‌ထွက်ရှိလို့လာပါပြီ။

လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်ဝင်ကမ္ဘာတွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေပြီး ဖတ်ရှုသူတွေကို ကလေးဘဝရဲ့ အိပ်မက်ကမ္ဘာဆီ ပြန်လည်ခေါ်ဆောင်သွားမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ကြီးကို ပထမတွဲ နဲ့ ဒုတိယတွဲ ဆိုပြီး အပိုင်း (၂) ပိုင်းနဲ့ လှပသေသပ်ပြီး လက်ရာမြောက်စွာ ထုတ်ဝေထားပါတယ်။ စာပေချစ်သူတွေနှင့် စုဆောင်းရတာ နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ လက်ရာတစ်ခုပါပဲ...

📔ပထမတွဲ (၇၇၇ မျက်နှာ) - ၄၅,၀၀၀ ကျပ်
📔ဒုတိယတွဲ (၇၉၅ မျက်နှာ) - ၄၅,၀၀၀ ကျပ်

#တစ်ထောင့်တစ်ညပုံပြင်များပေါင်းချုပ်
#ကျော်လှိုင်ဦး


"ပြည်သူနဲ့တစ်သားတည်း ဖြစ်ချင်ပေမဲ့ ပြည်သူခံစားရမယ့် ဝေဒနာကို ကြောက်တဲ့အခါ... အလကားလူတစ်ယောက်ရဲ့ ဘဝဇာတ်သိမ်းက ဘယ်လိုဖြစ်သ...
06/08/2026

"ပြည်သူနဲ့တစ်သားတည်း ဖြစ်ချင်ပေမဲ့ ပြည်သူခံစားရမယ့် ဝေဒနာကို ကြောက်တဲ့အခါ... အလကားလူတစ်ယောက်ရဲ့ ဘဝဇာတ်သိမ်းက ဘယ်လိုဖြစ်သွားမလဲ....?" 🛤️🥀

ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး ဘဝအလှည့်အပြောင်းတွေကြားမှာ တွေဝေကြောက်ရွံ့မှုတွေနဲ့ တော်လှန်ရေးသမားတွေကို ဒုက္ခပေးမိခဲ့တဲ့ ယက်ဆီကလင်းကော့ရဲ့ ဘဝခရီးလမ်းကို ရင်ခုန်စိတ်လှုပ်ရှားစွာ ဖတ်ရှုရပါလိမ့်မည်....

#အလကားလူ
#မြသန်းတင့်



Address

Kyauktatar Tsp
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959794344088

Website

Alerts

Be the first to know and let us send you an email when Yadanar May Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadanar May Book Store:

Shortcuts

Share

Category