07/01/2026
အမေကအမြဲပြောတယ်
ငါ့သမီးကတော့ ငါမရှိရင်လဲအဆင်ပြေတယ်
ငါ့သားကိုသာစိတ်ပူတယ်တဲ့
သူငယ်ချင်းတွေဆိုလဲ
နင်ကငါစကားလာမပြောလဲအဆင်ပြေတယ်
သူကအားငယ်တတ်လို့သူ့အနားနေပေးနေတာတဲ့
ပြ၊တ်သွားတဲ့ရည်းစားတိုင်းကလဲ
နင်ကတော့အေးဆေးပဲမလား
ငါမရှိလဲအဆင်ပြေတဲ့လူစားလေတဲ့
“ဘယ်သူမှမရှိလဲ ငါအဆင်ပြေတယ်”
ဒီလိုစကားကိုပြောနိုင်ဖို့ တမင်တကာလုပ်ယူခဲ့တာ
ကိုယ့်ကို လူတယောက်က နောက်ဆံတင်းနေတာမျိုး
ကိုယ်အဆင်ပြေရဲ့လားတွေးပေးနေတာမျိုး
မလိုချင်ဘူး
ကိုယ်ပြိုလဲတာကို ဘယ်သူ့ကိုမှမပြချင်ဘူး
ရောက်တဲ့အရပ်မှာ အဆင်ပြေအောင်
နေသားကြအောင်နေတတ်တဲ့သူမို့ စိတ်မပူပါနဲ့
အဆင်ပြေပါတယ် ။🖤🍀