07/04/2026
မြန်မာ့အတာသင်္ကြန်ပိတ်ရက် ကြေညာချက်
မင်္ဂလာပါရှင် ... "မင်မင်တို့ CASER WANG 王 Phone covers and accessories ဆိုင်" မှ ချစ်ပရိသတ်များအားလုံးရှင့် 🥰
မြန်မာ့နှစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့နဲ့ မင်မင်တို့အားလုံးလည်း အေးချမ်းစွာ အနားယူနိုင်ဖို့အတွက် အောက်ပါအတိုင်း ဆိုင်ပိတ်ရက်ကို သတ်မှတ်ထားပါတယ်။
🚫 ဆိုင်ပိတ်ရက်
🗓️ ဧပြီလ (၇) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ
(ဧပြီလ ၂၁ ရက်နေ့မှာ ဆိုင်ပြန်ဖွင့်ပါမည်။)🙏🏻
✨ အရေးကြီး အချက်အလက်များ:
💬 စာပို့မေးမြန်းနိုင်ခြင်း: ဆိုင်ပိတ်ထားပေမယ့် သိချင်တာလေးတွေကို Messenger ကနေ စာပို့ပြီး မေးထားလို့ ရပါတယ်။ Admin လိုင်းတက်လာတာနဲ့ စာပြန်ပေးပါမယ်ရှင်။ (ပိတ်ရက်ဖြစ်တဲ့အတွက် စာပြန်ချိန် အရင်ကထက် နည်းနည်း ကြန့်ကြာနိုင်တာလေးကိုတော့ နားလည်ပေးစေလိုပါတယ်နော်။)
📞 Hotline Phone: ဆိုင်ပိတ်ရက်အတွင်း Hotline ဖုန်းနံပါတ်ကို ဆက်သွယ်လို့ ရမှာ မဟုတ်ပါဘူးရှင် (Admin တို့ နိုင်ငံခြားခရီးစဥ် ထွက်နေမှာမို့လို့ပါရှင်။)
📦 ပစ္စည်းအပ်ပေးခြင်း: Delivery နဲ့ ပစ္စည်းအပ်ပေးဖို့ အကြောင်းကြားထားတဲ့ ကာကာတွေကို ဧပြီလ (၈) ရက်နေ့အကုန်အထိ အပြီးအပ်ပေးထားမှာ ဖြစ်ပါတယ်။
🚚 လမ်းကြောင်းပေါ်မှ ပစ္စည်းများ: အကယ်၍ ပစ္စည်းလေးတွေက ပို့ဆောင်ရာ လမ်းကြောင်းပေါ် ရောက်နေပြီးမှ Delivery ရုံးပိတ်ရက် ဖြစ်သွားခဲ့ရင်တော့ သင်္ကြန်ပိတ်ရက် ပြီးမှ Delivery ရုံးကနေ ပုံမှန်အတိုင်း ပြန်ပို့ပေးမှာမို့ စောင့်ဆိုင်းပေးစေလိုပါတယ်ရှင်။
March လရဲ့ နောက်ဆုံးအပတ်မှ Order တင်ထားကြသူလေးများ
April Preorder Customer များ
အတွက်ကတော့ မြန်မာ့အတာသင်္ကြန်ပိတ်ရက်ပြီးတာနဲ့ ပစ္စည်းလေးတွေ Bangkok မှ Yangon ကို ထုံးစံအတိုင်း ပစ္စည်းဝင်တာနဲ့ Delivery ရုံးပြန်ဖွင့်တာနဲ့ ပစ္စည်း Delivery တန်းအပ်ပေးမှာမို့ စိတ်ပူစရာမလိုပါဘူးရှင် 🙏🏻
ချစ်ရတဲ့ Customer များအားလုံး အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း "မင်မင်တို့ CASER WANG 王 Phone covers and accessories ဆိုင်" မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။ ✨🙏