GFC Training Center

GFC Training Center ဈေးအနဲဆုံးနဲ့ ထိရောက်မှုအရှိဆုံးသင

04/09/2026
04/09/2026
04/09/2026

တစ်ခါတလေ
ကိုယ်မှားလို့ တောင်းပန်တာမဟုတ်ဘူး။
အငြင်းပွားတာ ဆက်မဖြစ်ချင်တော့လို့၊
ဆက်ဆံရေးတစ်ခု မပျက်စေချင်လို့၊
ကိုယ်ချစ်တဲ့လူတစ်ယောက်ကို မဆုံးရှုံးချင်လို့
ကိုယ့်မှာအပြစ်မရှိပေမယ့် “တောင်းပန်ပါတယ်” လို့ ပြောခဲ့ဖူးတယ်။

အဲ့ဒီအချိန်မှာ
တောင်းပန်လိုက်တာက ကိုယ်အရှုံးပေးလိုက်တာလို့ မထင်ခဲ့ဘူး။“ထားလိုက်ပါတော့…”ဆိုပြီး ပြေလည်သွားရင်ပြီးပြီလို့ တွေးခဲ့တာ။

ဒါပေမယ့် အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ
တစ်ခုကို သဘောပေါက်လာတယ်။
ကိုယ်မှားလို့ တောင်းပန်တာနဲ့
တစ်ဖက်လူကို မဆုံးရှုံးချင်လို့ ကိုယ့်အမှားမဟုတ်တာကိုပါ တောင်းပန်နေရတာက မတူဘူး။

တစ်ခါတလေ ဆက်ဆံရေးတစ်ခုကို ထိန်းထားဖို့
ကိုယ့်ဘက်က အမြဲငုံ့ပေးနေရတာဟာ
ပြေလည်မှုမဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကို တဖြည်းဖြည်း ပျောက်ဆုံးလာတာ ဖြစ်နိုင်တယ်။

အရင်ကတော့
“တောင်းပန်လိုက်ရင် ပြီးတာပဲ” လို့ ထင်ခဲ့တယ်။

ဆက်ဆံ​ရေးတစ်ခုမှာ တောင်းပန်လိုက်ရင် ပြေလည်သွားနိုင်တယ်ဆိုပေမယ့် တစ်ခါတလေ ကိုယ်က တောင်းပန်နေတာကအမှားရှိလို့ မဟုတ်ဘဲ အဲ့ဒီလူကို မဆုံးရှုံးချင်သေးလို့ ဖြစ်နေတတ်တယ်။

ဒါပေမယ့် ကိုယ်တစ်ယောက်တည်းကပဲ အမြဲနားလည်ပေးနေရရင် နောက်ဆုံးမှာ မေးခွန်းထုတ်ရတာက“ဘယ်သူမှားလဲ” မဟုတ်တော့ဘူး။“ကိုယ်တစ်ယောက်တည်းပဲ ဒီဆက်ဆံရေးကို ထိန်းထားနေရတယ်” ဆိုတဲ့ဆက်ဆံရေး ဖြစ်လာတယ်။

#ဘဝသင်ခန်းစာ
#လူမှုဆက်ဆံရေး
#လူ့စိတ်

📌📌📌မဟာသင်္ကြန် သင်တန်း ပိတ်ရက် ကြေညာခြင်း📌📌📌=========================================GFC Training Center(YGN-HTY)မှာ ဖွင...
08/04/2026

📌📌📌မဟာသင်္ကြန် သင်တန်း ပိတ်ရက် ကြေညာခြင်း📌📌📌
=========================================
GFC Training Center(YGN-HTY)မှာ ဖွင့်လှစ်ထားရှိသော သင်တန်း ဘာသာရပ် တန်းခွဲ အားလုံး(အားလုံး) 👉(10-4-2026)ရက်နေ့မှ (19-4-2026)ရက်နေ့👈အထိ သင်္ကြန် ပိတ်ရက် ပိတ်ပါမည် ခင်ဗျ။
နယ်ပြန် /ခရီးပြန်များ ကြိုတင်စီစဥ်လို့ ရအောင် ကြေညာပေးတာပါနော်။
Sr.NNK(GFC)

🙏🙏🙏သင်တန်း နည်းပြဆရာ /ဆရာမ များ ခေါ်ယူပါမည်။🙏🙏🙏မင်္ဂလာပါခင်ဗျ . . . GFC Training Center (YGN-HTY)ကပါ ခင်ဗျ . . .Monday t...
29/03/2026

🙏🙏🙏သင်တန်း နည်းပြဆရာ /ဆရာမ များ ခေါ်ယူပါမည်။🙏🙏🙏
မင်္ဂလာပါခင်ဗျ . . . GFC Training Center (YGN-HTY)ကပါ ခင်ဗျ . . .

Monday to Friday ကြားရက်နေ့များမှာ စာသင်ကြားပေးနိုင်ပါသော အောက်ပါ သင်တန်း နည်းပြများ အလိုရှိပါသည်ခင်ဗျ -
1. တရုတ်စကားပြော (ရေး/ဖတ်/ပြော) သင်ကြားပေးနိုင်သော နည်းပြ ဆရာ/မ - ( 2 )ဦး
2. English Speaking(ရေး/ဖတ်/ပြော) သင်ကြား ပေးနိုင်သော နည်းပြ ဆရာ/မ - ( 2 )ဦး
3. ထိုင်း စကားပြော (ရေး/ဖတ်/ပြော) သင်ကြား ပေးနိုင်သော နည်းပြ ဆရာ/မ - ( 1 )ဦး

စိတ်ပါဝင်စားလို့ အတူတူလက်တွဲ အလုပ် လုပ်ကိုင်လိုသော နည်းပြဆရာ/မ အားလုံး အား နွေးထွေးစွာ ကြိုဆိုလျက်ပါ ခင်ဗျ။
📌📌📌လူကြီးမင်းတို့ရဲ့ ပညာနှင့် ကျွမ်းကျင်မှုတန်ဖိုးအား ငွေကြေးဖြင့် တန်ဖိုး မဖြတ်ပါ။ လစာ ခံစားခွင့်များအား ထိုက်ထိုက်တန်တန် ရရှိနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ပေးသွားပါမည်။ အကျိုးမယုတ်စေရပါခင်ဗျ။ ရေရှည်လက်တွဲ အလုပ်လုပ်ချင်သူများ အထူး ပိုလိုအပ်ပါသည်။📌📌📌

လျှောက်ထားလိုသူ လူကြီးမင်းတို့ အနေဖြင့် ယခုအချိန်မှ စပြီး 09-791086220(Viber)သို့ ရုံးချိန်အတွင်း CV Form ပေးပို့ စုံစမ်းနိုင်ပါသည်ခင်ဗျ။

ကျွန်တော်တို့ရဲ့ သင်တန်းကျောင်းမှ မိတ်ဆွေတို့ရဲ့ အတတ်ပညာများနှင့် အတူတကွ လက်တွဲ အလုပ် လုပ်ကိုင်ရဖို့ ကြိုဆိုလျက်ပါခင်ဗျ။

🏢GFC Training Center(YGN-HTY)🏢
🌅ရွှေရောင်အနာဂတ် သင်တန်းကျောင်း🌅
☎️09 791086220 / 09 698261158
☎️09 400382422 / 09 960749767
(ရိုးလေးကားမှတ်တိုင် အနီး| လှိုင်သာယာမြို့နယ် | ရန်ကုန်။)

2026 ရဲ့ ပွဲဦးထွက် တရုတ်စကားပြော (Sunday Only)တန်းခွဲသစ်လေး စတင်ပါတော့မယ်နော်။ ပုံမှန် အလုပ်မပျက် တနင်္ဂနွေ သီးသန့် အတန်...
09/02/2026

2026 ရဲ့ ပွဲဦးထွက် တရုတ်စကားပြော (Sunday Only)တန်းခွဲသစ်လေး စတင်ပါတော့မယ်နော်။
ပုံမှန် အလုပ်မပျက် တနင်္ဂနွေ သီးသန့် အတန်းလည်း ဖြစ်မယ်။
သင်တန်းကြေးအားဖြင့်လည်း သင့်တင့်တဲ့ ပမာဏ ပဲ ကျသင့်မယ်။
အလောတကြီး သင်ဖို့မလိုဘူး . .။
ဖြေးဖြေးနဲ့ မှန်မှန် အလုပ် လုပ်ငွေရှာရင်း အိမ်ကို ထောက်ပံ့နေရင်းနဲ့ လေ့လာချင်သူတွေ / ကြိုးစားချင်သူတွေအတွက် အထူးရည်ရွယ် သင်ကြားပေးတဲ့ အတန်းဖြစ်လို့ အမြန်လိုသူ အမြန်သင်ချင်သူတွေအတွက် မဟုတ်ပါဘူး လို့ ကြိုပြောပါရစေနော်။

ဘယ်လို လူတွေ တက်သင့်သလဲ . . .?????
မြန်မာနိုင်ငံထဲမှာပဲ နေပြီး အလုပ် လုပ်နေရတဲ့ သူတွေ အကုန် တက်ထားသင့်တယ်။
နိုင်ငံခြား သွားမယ့် သူတွေရော သင်ထားသင့်သလား ?????
စီးပွားရေးကို ဦးတည်တဲ့ တရုတ်လူမျိုးတွေရဲ့ ဘာသာစကားဖြစ်တာကြောင့် ဘယ်နိုင်ငံပဲ သွားသွား သင်ယူလေ့လာထားတာ မမှားဘူး လို့ ဆိုပါ​ရစေ။
သင်ကြားမှုပုံစံက ရော ?????
သင်တန်းမှာ စာသင်သက် ၆ နှစ်နီးပါး ရှိတဲ့ ဆရာမ​ကိုယ်တိုင်ကနေ သင်ရိုးဖတ်စာအုပ်ထဲကရော . . လုပ်ငန်းခွင်သုံးတွေရော အကုန် အိတ်သွန်ဖာမှောက် စေတနာ အပြည့်နဲ့ ရေး/ဖတ်/ပြော ကျွမ်းကျင်အောင်သင်ကြားပေးမှာမို့ မတတ်မရှိ ငါ့တပည့် ပါပဲ။ (မိမိကိုယ်တိုင်ကလည်း အားစိုက်ထုတ် ​ဆည်းပူးသင်ကြားဖို့ကတော့ အဓိကနော်။)

ကဲ ဒါဆို သင်တန်း စမယ့်နေ့က . . .
(8-3-2026)ရက်နေ့ (Sunday) မှာ စတင် ဖွင့်လှစ်ပါမယ်။
အတန်းချိန်က - (10:00 AM to 12:00)PM ထိ။
သင်တန်းကြေး- (450,000/-MMK)
(တစ်ခါတည်းပေးဖို့ မလိုဘူးနော်။ စိတ်ဆိုးမှာ 😏။ အရစ်ကျ ပေးသွင်းလို့ ရအောင်လည်း သင်တန်းက စီစဥ်ပေးဦးမှာ။)
ကဲ အဲ့တော့ အခု ​သင်တန်းကြေညာကို စမြင်တဲ့အချိန်ကစပြီး သင်တန်းကြိုတင်အပ်နှံထားလို့ ရပါပြီနော်။
လူဦးရေ (20)ဦးသာ လက်ခံပေးပါမည်။
သင်တန်းစဖွင့်တဲ့နေ့မှ သွားအပ်ရင်း တက်မယ် ဆိုတဲ့ ကိုကိုမမများကိုတော့ အားနာစွာနဲ့ပဲ ငြင်းဆိုရပါလိမ့်မယ်နော်။ ကြိုတင်အပ်နှံပေးရမှာ ဖြစ်ပါတယ်။
ကဲ ဒါကြောင့် အချိန်မနှောင်းခင်လေးမှာ ကြိုတင်ပြီး အပြေးအလွှားလေး သင်တန်း အပ်ထားကြပါစို့လား ကွယ်ရို့ . . .
🏢GFC Training Center(YGN-HTY)🏢
🌅ရွှေရောင်အနာဂတ် သင်တန်းကျောင်း🌅
ရိုးလေးကားမှတ်တိုင် အနီး လှိုင်သာယာ
☎️09 791086220 / 09 698261158
☎️09 400382422 / 09 960749767

27/12/2025

👉မနက်ဖြန် (28-12-2025)ရက်နေ့ (တနင်္ဂနွေနေ့)တွင် GFC Training Center(YGN-HTY)မှ သင်တန်း တန်းခွဲများ အားလုံး (အားလုံး) ပိတ်ပါကြောင်း အသိပေး အကြောင်းကြား ကြေညာအပ်ပါသည်။👈

📌ယနေ့ စနေ နေ့ ညနေပိုင်း Computer တန်းများကတော့ ဖွင့်ပါသေးတယ်ဗျ။📌

03/10/2025

🙏ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ သင်တန်း ပိတ်ရက် ကြေညာခြင်း🙏
==========================================
(4-10-2025)ရက်နေ့ မှ (6-10-2025)ရက်နေ့အထိ အား သီတင်းကျွတ် သင်တန်းပိတ်ရက်အဖြစ် သတ်မှတ် ကြေညာအပ်ပါသည်။
သင်တန်းသား /သူအပေါင်းတို့ ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် ပြည့်စုံကြစေပြီး ကုသိုလ်တရားများ ပွားများနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ခင်ဗျ 🙏🙏🙏
🏢GFC Training Center (YGN-HTY)🏢
🌅ရွှေရောင်အနာဂတ် သင်တန်းကျောင်း🌅

အားလုံး စောင့်နေပေးကြတဲ့ တရုတ်စကားပြော (Sunday Only) တန်းခွဲသစ်လေး (12-10-2025)ရက်နေ့ စတင်ပါမည် ခင်ဗျ။ ❌အမြန် အတတ်သင် လပ...
17/09/2025

အားလုံး စောင့်နေပေးကြတဲ့ တရုတ်စကားပြော (Sunday Only) တန်းခွဲသစ်လေး (12-10-2025)ရက်နေ့ စတင်ပါမည် ခင်ဗျ။

❌အမြန် အတတ်သင် လပြတ်တန်းမဟုတ်ပါ။ ❌

📌အလုပ်မပျက် Sunday Only သင်တန်း တန်းခွဲလေးပါခင်ဗျ။📌
👉ကန့်သတ်လူဦးရေ (20)ဦးသာ လက်ခံသင်ကြားပေးသွားပါမည်။👈

ယခုအချိန်မှ စ၍ သင်တန်းအပ် ကြိုတင်လက်ခံပေးနေပါပြီနော်။ အတန်းတိုင်း လူပြည့်မြန်တာမို့ နောက်မကျရအောင် Hello လေး လုပ်ထားမှ အဆင်ပြေပါမယ်ဗျ။

🙏(Online အမြဲ မရှိနိုင်ပါဖြင့် သင်တန်းကိစ္စများ ဆက်သွယ်လိုလျှင် အောက်ပါ သင်တန်းကျောင်းဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်ပေးနိုင်ပါတယ်ခင်ဗျ။)🙏

🏢GFC Training Center (YGN-HTY)🏢
🌅ရွှေရောင်အနာဂတ် သင်တန်းကျောင်း🌅
☎️09 791086220/ 09 698261158
☎️09 400382422/ 09 960749767

9-7-2025 ရက်နေ့ တွင် ကျရောက်ပါသော ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့တွင် GFC Training Center (YGN-HTY)သင်တန်းကျောင်း (1)ရက်...
08/07/2025

9-7-2025 ရက်နေ့ တွင် ကျရောက်ပါသော ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်)နေ့တွင် GFC Training Center (YGN-HTY)သင်တန်းကျောင်း (1)ရက် ပိတ်မည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
သင်တန်းသား/သူများ အားလုံး (အားလုံး) ကုသိုလ်​ကောင်းမှု တရားများဖြင့် အေးချမ်းပျော်ရွှင်နိုင်ကြပါစေ
🙏🙏🙏🙏🙏

Address

Yangon

Telephone

+959400382422

Website

Alerts

Be the first to know and let us send you an email when GFC Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share