Su Latt Htoo

Su Latt Htoo online shop

ထောပတ်ဆီမီးကို လူတိုင်ပူဇော်လို့ မရဖူး ဟုတ်လား အမဆိုလို့ ဖြေပေးပါမယ်နော်ပူဇော်ခြင်း မပူဇော်ခြင်းက ကာယကံရှင်ရဲ့သဘောပါထောပ...
30/01/2022

ထောပတ်ဆီမီးကို လူတိုင်ပူဇော်လို့ မရဖူး
ဟုတ်လား အမဆိုလို့
ဖြေပေးပါမယ်နော်
ပူဇော်ခြင်း မပူဇော်ခြင်းက ကာယကံရှင်ရဲ့သဘောပါ
ထောပတ် ဆိုတဲ့အရာထဲမှာ ဘာမကောင်းတာမှ မပါပါ
အဲ့တော့ ဘုရားရှင်ကို ထောပတ် ဆီမီးလှုတဲ့ထဲမှာ
ထောပတ်ဆီမီး လှုလို့ ခိုက်တယ်ဆိုတာမျိုးကို
ကျွန်မကတော့ လက်မခံပါ
ဘုရားကို ဆီမီးကပ်တယ် ဒါသဘာဝပါ
အဲ့ထက်ထူးခြားတာက ထောပတ် ဖြစ်သွားရုံလေးပါ
ကောင်းတာလုပ်တဲ့သူက ကောင်းတာဖြစ်မှာပါပဲ
ထောပတ်ဆီမီး လှုတာနဲ့
မကောင်းတာလုပ်တဲ့သူက ကောင်းမလာသလို
ကောင်းတာလုပ်သူက မကောင်းသွားပါဖူး
ဆေးရုံ လမ်းကြားတန်လျားမှာ နေတုန်းက
၁ပိသာ ၆၀၀၀တောင် နပ်မှန်အောင် မကပ်နိုင်တဲ့သူက
ခု ၈၀၀၀တန် ထောပတ် ကပ်သူကို ရိသလို
ဟားသလို လုပ်နေရင် သိပ် ရီချင်ပါတယ်လို့
သိပ်အားယားနေရင် ဒီ့ထက်စွမ်းတဲ့ယတြာတွေတင်ပေးပါ
မြန်မာနိုင်ငံမှာနေပီး မြန်မာပြည်ကထွက်တဲ့ထောပတ်နဲ့
ဘုရားကို ဆီမီးကပ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို
မ blameပါနဲ့
အဓိကက ကိုယ့်ဆရာကို မစော်ကားဖို့ပါပဲ
ထောပတ်ဆီမီး ကြိုက်သလို ကပ်ကြပါ😂😂😂

crd
ထောပတ်ဆီ နဲ့ (၂၄)နာရီပတ်လုံး
ဘုရားကို ဆီမီးပူဇော်ကြပါတယ်။
သိပ်ကောင်းတဲ့အရာပါ။

မြတ်စွာဘုရား ညဉ့်ဦးယံ
ဇေတဝန်ကျောင်းတော်ကို ကြွလာချိန်မှာ
မြတ်စွာဘုရားကို ခရီးဦးကြိုပြုဖို့
ကညင်ဆီမီးတိုင် (၅၀၀)စီ ကိုင်ထားတဲ့ လူ (၂)ဖွဲ့ လမ်းတစ်ဖက်တစ်ချက်ကနေ ကြိုခဲ့ကြရာကနေ
ဘုရားကို မီးပူဇော်တဲ့အလေ့အထ စ ခဲ့ကြတယ်လို့
သိရပါတယ်။
(မှားရင်လည်း ပြင်ပေးကြပါခင်ဗျာ။)

“အကျင့် စရဏ သီလ သန့်ရှင်းသောသူကို
လှူသော အလှူသည် မြတ်၏”
လို့ သိထားကြတော့
လူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ
အဲလိုပုဂ္ဂိုလ်ကို ရှာကြရာမှာ အားလုံးထက်
သာလွန်တာဟာ မြတ်စွာဘုရား ရှိတယ် ဆိုပြီး
အမျိုးမျိုးအထွေထွေ ကပ်လှူပူဇော် လှူဒါန်းကြပါတယ်။

အဲလို လှူဒါန်းကြရာမှာ လောကီအကျိုးကို လိုလားကြလို့ ဗေဒင်ပညာရပ်က ပါလာပါတယ်။
အမျိုးမျိုးတွက်ကြ ချက်ကြ ပြီးရင် လှူကြတန်းကြပါတယ်။

အတွက်အချက်ပါပြီဆိုမှ အကျိုးကျေးဇူးတွေ ပါလာပါပြီ။
အဲတော့ လူတွေက သိချင်ကြပါတယ်။
ဘာတွေ ရလဲ ?

ထောပတ်ဆီမီး (၂၄) နာရီ မပြတ်တမ်းပူဇော်ရင်
*****လုံးဝ လုံးဝ လုံးဝ ဆုမတောင်းရပါဘူး*****
ပူဇော်သူရဲ့လိုအပ်နေတဲ့နေရာအားလုံးကို
ထောပတ်ဆီမီးပူဇော်ထားတဲ့ကုသိုလ်က ဝင်ပြီး
ဖြည့်ပေးပါတယ်။

ဒီအချက်တစ်ချက်ထဲနဲ့တင်တန်ဖိုးဖြတ်မရပါဘူး။
လိုအပ်နေတာလေးတွေ ပြည့် ပြည့် လာမှာ
မြင်ယောင်ကြည့်ကြပါလားခင်ဗျာ။

***ကိုယ်ရောင်ကိုယ်ဝါတောက်ပလာပါတယ်။***
ဘာမှ လိမ်းစရာ ချယ်စရာ မလိုပဲ
ဝင်းဝါကြည်လင်စိုပြေတဲ့အသားအရေလည်း ရမှာပါ။

crd

🌺"လိုရာသုံး ပုတီးစိပ်နည်း"၁။ ဘုန်းကျက်သရေ တိုးတက်လိုလျှင်     "သောဘဂဝါ ဣတိပိ အရဟံ"ကို      ပုတီးစိပ်၍ပွားများပါ။ ၂။ အကြံ...
28/01/2022

🌺"လိုရာသုံး ပုတီးစိပ်နည်း"

၁။ ဘုန်းကျက်သရေ တိုးတက်လိုလျှင်
"သောဘဂဝါ ဣတိပိ အရဟံ"ကို
ပုတီးစိပ်၍ပွားများပါ။

၂။ အကြံကောင်း ဥာဏ်ကောင်း
ပေါ်စေလိုလျှင် "သောဘဂဝါ
ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ"ကို
ပုတီးစိပ်၍ပွားများပါ။

၃။ အကြံဟူသမျှ အောင်စေလိုလျှင်
"သောဘဂဝါ ဣတိပိ ဝိဇ္ဇာ
စရဏသမ္ပန္နော"ကို
ပုတီးစိပ်၍ပွားများပါ။

၎။ ပြောသမျှ စကားအောင်မြင်စေလိုလျှင်
"သောဘဂဝါ ဣတိပိ သုဂတော"ကို
ပုတီးစိပ်၍ပွားများပါ။

၅။ ထင်ပေါ်ကျော်ဇောလိုလျှင်
"သောဘဂဝါ ဣတိပိ လောကဝိဒူ"ကို
ပုတီးစိပ်၍ပွားများပါ။

၆။ လူ ၊ နတ် ၊ တိရစ္ဆာန် ချစ်လိုလျှင်
"သောဘဂဝါ ဣတိပိ အနုတ္တရော
ပုရိသ ဓမ္မသာရထိ"ကို
ပုတီးစိပ်၍ပွားများပါ။

၇။ သူတစ်ပါးတို့၏အလိုဆန္ဒကို
ဖြည့်စွမ်း ကယ်ဆယ်လိုလျှင်
"သောဘဂဝါ ဣတိပိ သတ္တာဒေဝ
မနုဿနံ"ကို ပုတီးစိပ်၍ပွားများပါ။

၈။ လောကုတ္တရာ သမာဓိမှော်ကဲ့သို့
အရာရာမှာ ကြံဆ၍ သိလိုလျှင်
"သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ"ကို
ပုတီးစိပ်၍ပွားများပါ။

၉။ သူတစ်ပါးတို့ မတုဝံ့ မပြိုင်ဝံ့
ကြောက်ရွံ့စေလိုလျှင်
"သောဘဂဝါ ဣတိပိ ဘဂဝါ"ကို
ပုတီးစိပ်၍ ပွားများပါ။

ဤဂုဏ်တော်များကို ထုံနေအောင်
ပုတီးစိပ်ထားခြင်းဖြင့် ဂုဏ်တော်
တစ်ပါးချင်းစီရဲ့ အကျိုးကျေးဇူးများ
ခံစားနိုင်ကြပါစေ။

မိမိတို့ကိုယ်တိုင် ပုတီးစိပ်ပွားများနိုင်သော
ပုံစံများဖြင့် (၇)ရက် ၊ (၁၈)ရက်၊ ရက် (၃၀)၊
(၄၉)ရက် ။ (၉)ပတ် ၊ (၁၈)ပတ်၊ သက်စေ့
စသည်ဖြင့် မိမိတို့ကိုယ်တိုင် ရွေးချယ်၍
ပွားများနိုင်သည်။

[ ဓမ္မဒါနပြုပါသည် ]

#မူရင်းပိုင်ရှင်းအားခရက်ဒစ်ပေးပါသည်။

27/01/2022
တစ်ခုအသိပေးချင်ပါတယ်အကယ်၍ မိမိနဲ့ဆက်စပ်သူမှာပိုးတွေ့လို့ Q ဝင်ရပီဆို စိတ်ဓာတ်မကျပါနဲ့အရေးကြီးပါတယ်ခုပြောမှာက ပိုးတွေ့လူန...
12/09/2020

တစ်ခုအသိပေးချင်ပါတယ်
အကယ်၍ မိမိနဲ့ဆက်စပ်သူမှာ
ပိုးတွေ့လို့ Q ဝင်ရပီဆို စိတ်ဓာတ်မကျပါနဲ့
အရေးကြီးပါတယ်
ခုပြောမှာက ပိုးတွေ့လူနာတွေတွက် စီစဉ်ပေးမှုပါ
မိမိသောက်နေကျဆေး ဥပမာ သွေးတိုး ဆီးချို စသဖြင့်
အဲ့လိုဆေးတေ ၂ပတ်စာ အနည်းဆုံး ယူသွားပါ
သုံးနေကျအိမ်သုံးဆေးတေလဲယူလာပါ
လက်ဝတ်လက်စားတေ ယူမလာပါနဲ့ ငွေလဲမလိုအပ်ပါဘူးနော်
ချမ်းတတ်ရင် စောင် ယူလာနိုင်ပါတယ်
ကျန်တာကိုယ်နေ့စဉ်းသုံးတဲ့ပစ္စည်းလေးတေယူလာပါ
မီးခြစ် ဓား စတဲ့ချွန်ထက်တဲ့အရာတေယူဆောင်လာခွင့်မရှိပါဘူး
နေရာတိုင်းမှာအောက်ဆီဂျင်လိုင်းတေထားထားလို့ မီးခြစ်သုံးခွင့်မရှိပါဘူး
ဖောင်ကြီးဆေးရုံကနေ တယောက်တခန်း ကုတင်မွေ့ယာ စောင် ခြင်ထောင်ခေါင်းအုံး စားပွဲကုလားထိုင် အဝတ်လှန်းစင်နဲ့ ထားပေးပါတယ် အဲယားကွန်းကတော့ တဆောင်လုံးတွက် အကြီးတလုံးအမြင့်ကနေတပ်ဆင်ပေးထားပါတယ် အားလုံးတွက်မို့ ပုံသေအေးနေမှာပါ အလျော့တင်းမရပါဘူး
ပန်းကန်တချပ် ဇွန်းတချောင်း သဘက်သေးတခု ဆပ်ပြာ ဆပ်ပြာခွက် ဖလား ခေါင်းလျော်ရည် သွားတိုက်တံ သွားတိုက်ဆေး တစ်ရှူးလိပ်
ဆပ်ပြာမှုန့် mask ၃ထုပ်နဲ့ရေမွှေးပါပေးထားပါတယ်
လူနာတယောက်တခန်းနေရလို့ ကလေးတေပါလာရင် မိဘနဲ့နေခွင့်ပေးပါတယ်
အခန်းကူးပြောင်းခြင်း လည်ပတ်ခြင်းမရပါဘူး
မနက် နေ့လည် ညစာ ကျွေးပါတယ်
၂ပတ်နေရင် နှာခေါင်း အာခေါင် တို့ပတ်ယူပါတယ်
Negative ထွက်ရင် ၂၄နာရီတကြိမ်ထပ်စစ်ပပေးပါတယ်
ဒုတိယအကြိမ် ပါ negative ထပ်ထွက်ရင် HQ အဖြစ်ပေးပြန်ပါတယ်နော်
အဓိကပြောချင်တာက ကိုယ်ခံအားကောင်းအောင်နေဖို့နဲ့ကျန်းမာရေးဂရုစိုက်ဖို့ပါ
လူသားအားလုံးကျော်လွှာနိုးင်ပါစေ💪

✍️တိုင်းပြည်ကျိုးတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရလို့ 🙏ကုသိုလ်လဲရ ပီတိလဲရပါတယ်ဆိုင်လဲခေတ္တ ပိတ်ထားမှာဖြစ်လို့ 👌ဘေးဘယာေ...
16/04/2020

✍️တိုင်းပြည်ကျိုးတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရလို့
🙏ကုသိုလ်လဲရ ပီတိလဲရပါတယ်
ဆိုင်လဲခေတ္တ ပိတ်ထားမှာဖြစ်လို့
👌ဘေးဘယာဝေးကွာ အေးချမ်းချိန်မှ
ပြန်လည်ဖွင့်လှစ်ပါမယ်
👉အဲ့ချိန်ကျ covid ကြီးပီးတဲ့အထိမ်းအမှတ်နဲ့ မဲတေဖောက်ပေးဦးမယ်👈
🤜ခုချိန်တော့ တိုက်ပွဲဝင်လိုက်ပါဦးမယ်🤛
💪Fighting💪
💪မြန်မာပြည်💪

26/01/2020

ကလေးနှင့်သန်ကောင်
******************
(၁) သန်ကောင်ပေးတဲ့ ပြဿနာ

အစာလမ်းကြောင်းမှ သန်ကောင်က ကပ်ပါးကောင်ဖြစ်သည်။ ကပ်ပါးကောင်များက ကလေးရသင့်သည့် အသားဓာတ်, သန်ဓာတ်နှင့် အချို့ဗိုက်တာမင်ကို စုပ်ယူသောကြောင့်
-ကလေးကြီးထွားမှုနှေးခြင်း
-သံဓာတ်အားနည်း၍ ဉာဏ်ရည်နိမ့်ခြင်း
-ကလေး အစားအသောက်ပျက်ခြင်း
-ပင်ပန်းနွမ်းနယ်ခြင်းများ
-မကြာခဏ ဗိုက်နာခြင်း
-နာတာရှည်ဝမ်းသွားခြင်း ဖြစ်နိုင်သည်။

တုတ်ကောင်ကြောင့် ကလေးစအိုဝ ညဘက်တွင် အလွန်ယားခြင်း၊ အိပ်ရေးပျက်ခြင်းတို့လည်း ဖြစ်နိုင်သည်။

(၂) သန်ကောင်ဆိုတာ ဘာလဲ။

သန်လုံးကောင်၊ တုတ်ကောင်၊ သန်ချိတ်ကောင်စသည်ဖြင့် အမျိုးမျိုးရှိသည်။ တိရိစ္ဆာန်၏ မစင်မှ သန်ဥများက မြေမှုန့်များတွင် ရှိနိုင်သည်။ မြေကြီးတွင်စိုက်သော ဟင်းသီးဟင်းရွက်များတွင် သန်ဥများ စွန်းပေတတ်သည်။

(၃) သန်ကောင် ဘယ်လိုရသလဲ။

မစင်ထဲမှ သန်ကောင်နှင့် သန်ဥများက လူုကြီးကလေးလက်မှတဆင့် ပါးစပ်ထဲသို့ တိုက်ရိုက် ရောက်နိုင်သည်။ သန်ရနိုင်သော အခြားနည်းလမ်းများမှာ
-သန်ဥပါလာပြီး သေချာမဆေးဘဲ စားမိသော အစိမ်းစားသည့် ဟင်းသီးဟင်းရွက် တို့စရာများ
-ကျက်အောင်မချက်ပြုတ်မိသော အသားများ
-မြေကြီးနှင့်ဆော့သော ကလေး၏ လက်မှ သန်ဥများက ကလေး အူလမ်းကြောင်းထဲရောက်ရှိသည်။

(၄) အူထဲမှသန်ကောင်ကို ဘယ်လိုရှင်းမလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက မြန်မာနိုင်ငံကဲ့သို့သော ဖွံဖြိုးဆဲ နိုင်ငံများမှ ကလေးများကို ၆ လတစ်ကြိမ် ပုံမှန်သန်ချရန် တိုက်တွန်းသည်။ တစ်ကြိမ်သန်ချပြီးလျှင် အူထဲတွင် သန်ဥများကျန်ပြီး သန်ကောင်များပြန်လည်ပေါက်ပွားနိုင်သောကြောင့်ဖြစ်သည်။

Albendazole ဆေးက အဖြစ်များသည့် သန် အမျိုးအစားများကို နိုင်သည်။ကိုယ်လေးချိန် ၁၀ ကီလို အောက်ကလေးကို ၂၀၀ mg တိုက်၍ ၁၀ ကီလိုထက်များလျှင် ၄၀၀ mg တိုက်ပါ။ ဆေးကို ဝါးစားခိုင်းလို့ရသည့် အရွယ်ဆို ဝါးခိုင်းပါ။ အူလမ်းကြောင်းမှ သန်ကိုတိုက်ဖျက်ရန် အစာနှင့် ဝေးဝေးတိုက်လျှင် ကောင်းသည်။

(၅) သန်ချဖို့ လိုသလား။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဖွံ့ဖြိုးဆဲနိုင်ငံများမှ ၄ နှစ်အထက် ကလေးများကို ပုံမှန်သန်ချခိုင်းပါသည်။

၎ နှစ်အောက်ကလေးများမှာ သန်ရှိရင်၊ သန်ရှိတယ်လို့ ဆရာဝန်က သံသယရှိလျှင် သန်ချသင့်ပါသည်။ ဝမ်းထဲသန်ကောင်တွေ့လျှင်တော့ နေပူပူ မိုးရွာရွာ သန်ချပါ။

(၆) သန်ကောင်ကို ဘယ်လို ကာကွယ်မလဲ။

၁။ ကလေးအပါအဝင် တစ်အိမ်သားလုံး ရေနှင့်ဆပ်ပြာသုံး၍ လက်မှန်မှန် ဆေးပါ။ ကလေးအနှီး (သို့)diaper လဲချိန်, အိမ်သာတက်ပြီးချိန်, စားသောက်ဖွယ်ရာ ပြင်ဆင်ချိန်များ လက်သေချာဆေးပါ။

၂။ မြေကြီးပေါ်ဆော့ကစားပြီးတိုင်း ကလေးလက်ကို သေချာဆေးပေးပါ။လက်သည်းမှန်မှန်ညှပ်ပေးပါ။ လက်သည်း ကိုက်ခြင်းကို တားမြစ်ပါ။ တစ်နေ့ ၁ကြိမ်၂ ကြိမ် ရေပုံမှန်ချိုးပေးပါ။

၃။ အိမ်သာသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

၎။ အစိမ်းစားသော ဟင်းသီးဟင်းရွက်တို့စရာများကို သေချာဆေးကြောပါ။ အသားအမျိုးမျိုးကို ကျက်အောင်ချက်ပါ။

၅။ အိမ်သားတစ်ဦးတွင် သန် မကြာခဏရှိလျှင် တစ်အိမ်လုံး သန်ချဆေးသောက်ပါ။

👩🏻‍⚕️မိမိကလေးကို သန်ချသင့်မချသင့် ဒွိဟဖြစ်နေလျှင် မိသားစုဆရာဝန် (သို့) ပြနေကျ ကလေးဆရာဝန်နှင့် ဆွေးနွေးပါ။

Credit
#နေနေမိုးဆွေ ( Child Health Myanmar Page)
Reference- WHO

23/01/2020

#လူတစ်ယောက်ကျန်းမာချင်ရင် -

- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။

ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် -
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။

#လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။

#သွေးသန့်အောင်ပြုပြင်မယ်

သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။

အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။

ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ -
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။

- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။

- အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။

ဆီးသန့်အောင် ဆောင်ရွက်မယ်

- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။

- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။

- ဆေးကုလားမ ဖျော်ရည်သောက်ပါ။

- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။

#ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။

- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။

- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။

- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။

(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ

အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

#ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
crd
ဆရာဦးရန်အောင်

Send a message to learn more

Address

Yangon

Telephone

+95943049811

Website

Alerts

Be the first to know and let us send you an email when Su Latt Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Latt Htoo:

Shortcuts

Share