Maw online shop

Maw online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maw online shop, Shopping & retail, Yangon.

ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင်~မင်း စောင့်နေတဲ့လူကလည်းမင်းကိုစောင့်နေတာဖြစ်ပြီး...မင်း သတိရနေတဲ့လူကလည်းမင်းကိုသတိရန...
28/01/2023

ကမ္ဘာပေါ်မှာ အပျော်ဆုံးက ဘာလဲဆိုရင်~

မင်း စောင့်နေတဲ့လူကလည်း
မင်းကိုစောင့်နေတာဖြစ်ပြီး...

မင်း သတိရနေတဲ့လူကလည်း
မင်းကိုသတိရနေမယ် ။

မင်း ချစ်နေတဲ့လူကလည်း
မင်းကိုအရမ်းချစ်နေတာပဲ ဖြစ်ပါလိမ့်မယ်...🍁

အချစ်ရေ.ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်မင်းရှိရာအရပ်ကို ငါရွေးမယ် ငါ့ရဲ့ရွေးချယ်မှု လွဲ...
13/11/2022

အချစ်ရေ.

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်

ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်
ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်

#တစ်ဘဝတစ်ခါ

#ကဗျာဂီတ
#အကြည်တော်
#ရွှေနားဆင်

🙂 ဒီပုံလေးကို သင် ခဏကြည့်လိုက်ပါ ..။ အရှေ့ဆုံးက လှည်းကိုဆွဲနေသူဟာ သင် ဖြစ်နေခဲ့မယ်ဆိုရင် .. မတော်တဆ သင် ချော်လဲသွားမယ်ဆိ...
10/11/2022

🙂 ဒီပုံလေးကို သင် ခဏကြည့်လိုက်ပါ ..။
အရှေ့ဆုံးက လှည်းကိုဆွဲနေသူဟာ သင် ဖြစ်နေခဲ့မယ်ဆိုရင် .. မတော်တဆ သင် ချော်လဲသွားမယ်ဆိုပါတော့ ..😳
လှည်းတွန်းပေးနေတဲ့ သင့်မိန်းမအပါအ၀င် .. သင့်မိသားစုတွေ အကုန် , အခက်အခဲဖြစ်ပီပဲ 🥺

✅ မင်းဟာ တစ်ခြားလူတွေရဲ့မျက်စိထဲမှာ ..မြက်တစ်ပင် ဖြစ်နေပါစေ ..၊ မင်းမိသားစုရဲ့ရင်ထဲမှာတော့ .. မင်းဟာ ကောင်းကင်ကြီးလိုပါဘဲ။ ဒါကြောင့် ...ကိုယ်တည်ထောင်ထားတဲ့ မိသားစုအပေါ်မှာ ..

👉ယောင်္ကျား တစ်ယောက်အနေနဲ့ အသက်ရှင်တာ တာဝန်ယူစိတ်ရှိရမယ်။

👉မိန်းမ တစ်ယောက်အနေနဲ့ အသက်ရှင်တာ တာဝန်ကျေပွန်မှုရှိရမယ်။

👎ယောင်္ကျား အရမ်းပင်ပန်းနေရတယ် ဆိုရင် .. နောက်မှာ အသုံးမကျတဲ့ မိန်းမရှိလို့ပါ။

👎မိန်းမ အရမ်းပင်ပန်းနေရတယ် ဆိုရင် ..နောက်မှာ တာဝန်ယူစိတ်မရှိတဲ့ ယောင်္ကျားရှိလို့ပါ။

👎အဖေအမေ အရမ်းပင်ပန်းနေရတယ် ဆိုရင် .. နောက်မှာ မိဘကျေးဇူးမသိတတ်တဲ့ သားသမီးရှိလို့ပါ။

👎စာသင်နေရမယ့်ကလေးက အရမ်းပင်ပန်းနေရတယ် ဆိုရင် ..နောက်မှာ အိမ်နဲ့မတူတဲ့ မိသားစုရှိလို့ပါ။

👉 သင့်မိသားစုဟာ .. သင့်ကို နာမည်ခေါ်ဖို့တခုတည်းမဟုတ်ပါဘူး။ သူတို့အားလုံးက သင့်ရဲ့ရှိနေမှုကို .. လိုလားကြတယ်။

👉 လောကမှာ ကိုယ်အသက်ရှင်ရတာကပဲ .. အရမ်းပင်ပန်း/ရုန်းကန်နေရတယ်လို့ မထင်ပါနဲ့၊

လက်တွေ့ဘဝ ဒီလိုကာလကြီးထဲမှာ.. ဘယ်သူမှအသက်ရှင်ရတာ မလွယ်ကူပါဘူး..။
တခြား မိသားစု၀င်တွေရဲ့အခက်ခဲတွေ ဒုက္ခတွေကို .. သင်မမြင်ရတာပဲ ရှိတာပါ။ သူ့ဘာသာသူ ရှိကြပါတယ်။

✅ လူသားအားလုံးဟာ အတိုင်းအတာတစ်ခုအထိ ပင်ပန်းကြိုးစားပြီးမှ .. အောင်မြင်မှုကိုရလာကြတာပါ ✅

💟 ဒါကြောင့် ... မိသားစုရှိတဲ့သူတိုင်း ၊ မိမိတို့ရဲ့အသက်အရွယ်ပေါ်မှုတည်ပြီး .. မိမိ ပုခုံးပေါ်က တာဝန်တွေကို .. ကိုယ်တိုင် ကျေပွန်စွာ ကျေကျေနပ်နပ်နဲ့ ထမ်းဆောင်နိုင်ကြပါစေ💟

.
☝☝☝ မူရင်းရေးသားသူအား

မေးခွန်းတချို့ကို အရမ်းသိချင်နေခဲ့တာ။ဥပမာ-ကြောင်က အထီးကျန်မှာကိုကြောက်လား၊Snowman ☃️ က ဝမှာကိုကြောက်လား၊မီးက ပူမှာကိုကြေ...
05/11/2022

မေးခွန်းတချို့ကို အရမ်းသိချင်နေခဲ့တာ။
ဥပမာ-
ကြောင်က အထီးကျန်မှာကိုကြောက်လား၊
Snowman ☃️ က ဝမှာကိုကြောက်လား၊
မီးက ပူမှာကိုကြောက်လား၊
တိမ်တွေမှာ အမြင့်ကြောက်ရောဂါရှိလား၊
ပြီးတော့ ငါ့ကို နင်သတိရတတ်ပါ့မလား။

🙄
Crd

ကိုယ်ရဲ့ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံပြီးတန်ဖိုးထားပေးမယ့် လက်တွဲဖော်မျိုးနဲ့ပဲတစ်သက်တာလုံးအတွက် ဆုံစည်းချင်မိတာ..❣ကို...
01/11/2022

ကိုယ်ရဲ့ဖြစ်တည်မှုတိုင်းကို နားလည်လက်ခံပြီး
တန်ဖိုးထားပေးမယ့် လက်တွဲဖော်မျိုးနဲ့ပဲ
တစ်သက်တာလုံးအတွက် ဆုံစည်းချင်မိတာ..❣

ကိုယ်ရယ်မောတဲ့အခါတိုင်းလိုက်ရယ်မောပြီး
ကိုယ်ပြိုလဲတဲ့အခါ အားပေးနှစ်သိမ့်ပေးတက်တဲ့
သူမျိုးနဲ့ပဲ တစ်ဘဝလုံးစာအတွက်ပိုင်ဆိုင်ချင်မိတာ.❣

တချို့သူတွေက ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်တချို့သူတွေ...
28/10/2022

တချို့သူတွေက
ရွှေတစ်မတ်သားလက်စွပ်လေး ဝတ်ထားတဲ့အကြောင်းကို ရွှေဆိုင်ကြီးဖွင့်ထားတဲ့သူကိုမှ သွားကြွားမိတတ်ကြတယ်

တချို့သူတွေက
Hijet ကားလေးစီးနိူင်တာကို
အိမ်ကကားနဲ့လေ အိမ်ကကားနဲ့လေဆိုပြီး သွားသွားကြွားပြနေတာ car show room ပိုင်ရှင်ကြီးမှန်း မေ့နေတတ်ကြတယ်

တချို့သူတွေက အင်္ဂလိပ်စကား
ကိုယ်သိကိုယ်တတ် ဆိုပြီး လူတွင်ကျယ် ဝင်ဝင်စွာတတ်တာ သူတို့ကို ဆိတ်ဆိတ်ငြိမ်ပြီး ကြည့်နေတဲ့သူက ဥရောပလို နိူင်င်ငံကြီးတွေမှာ ကျောင်းပြီးခဲ့တဲ့အကြောင်း သူတို့မသိပြန်ဘူး

ဆိုင်ခန်းလေး တစ်ခန်းဖွင့်ပြီး အဝတ်အထည်အပေါလေးတွေတင်ရောင်းနေတာကို ပိုးထည်တိုက်ဖွင့်ထားတဲ့သူမျိုးတွေနဲ့ သွားယှဉ်နေတဲ့သူမျိုးလဲ ရှိပြန်ရော

ဝမ်းဆက်တစ်စုံ ၅၀၀၀ ချုပ်ပြီးချုပ်ထည်တွေပုံနေတယ်လို့ သွားကြွားဝါမိတဲ့သူက တစ်စုံ ချုပ်ခကို ၁၀ သိန်းလောက်ယူပြီး တနေ့ကို တစ်စုံဘဲ ချုပ်နေတဲ့သူဆိုတာ သူမသိဘူး

တကယ်တော့ ဆိတ်ဆိတ်နေတဲ့သူတွေက ပြည့်ပြီးသားအိုးတွေဆိုတော့ ဘောင်ဘင်မခတ်တဲ့သဘောတွေပါဘဲ

လောကမှာ ကိုယ့်ထက်သိ ကိုယ့်ထက်တတ်
ကိုယ့်ထက်လှ ကိုယ့်ထက်ချမ်းသာ
ကိုယ့်ထက်အောင်မြင်
ကိုယ်မမြင်ဖူး မသိဘူး
မကြားဖူးတဲ့ အကြောင်းအရာတွေ
အများကြီးပါ

ဘောင်ဘင်မခတ်ပြကြပါနဲ့
ကျွန်တော်လည်း ဘောင်ဘင်မခတ်အောင် ကိုယ့်ကိုယ့်ကိုယ် ထိန်းကျောင်းပြုပြင်နေဆဲပါ

အဲ့လို လူမျိုးတွေတွေ့ရင်တော့
အခုလို
ပြုံးပဲပြုံးမိလိုက်ပါတယ် ...

"မင်းဘာပဲလုပ်လုပ် လူတွေက မင်းကို ဝေဖန်ကြလိမ့်မယ်...မကောင်းတာလုပ်မှ ဝေဖန်ကြတာမဟုတ်... ကောင်းတာလုပ်လည်း ဝေဖန်ပြစ်တင်ချင်တဲ...
27/10/2022

"မင်းဘာပဲလုပ်လုပ် လူတွေက မင်းကို ဝေဖန်ကြလိမ့်မယ်...
မကောင်းတာလုပ်မှ ဝေဖန်ကြတာမဟုတ်...
ကောင်းတာလုပ်လည်း ဝေဖန်ပြစ်တင်ချင်တဲ့သူတွေက ရှိတာပဲလေ...

ဒီတော့ မင်းပျော်ရွှင်စေတဲ့အရာကို လုပ်ပါ၊
ဘယ်သူတွေဘာပြောပြော ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့...
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို လူတွေရဲ့ အထင်အမြင်၊ အပြောအဆိုတွေရဲ့အောက်မှာ မပျောက်ဆုံးသွားပါစေနဲ့... "

(လျှာရှည်တဲ့ ပတ်ဝန်းကျင်က လျှာတွေကို ဆွဲစိပြီး ဒန်းလုပ်စီးပစ်ပါ)

crd ဖူးကျော်ဇင် (Future Wave)

လူမုန်းများနေလား----------------သေချာတာတော့ ကျွန်တော်အပါအဝင် ခင်ဗျားတို့အကုန်လုံး အမုန်းခံရဖူးတာပေါ့အခုလည်း မုန်းနေကြတုန...
26/10/2022

လူမုန်းများနေလား
----------------
သေချာတာတော့ ကျွန်တော်အပါအဝင်
ခင်ဗျားတို့အကုန်လုံး အမုန်းခံရဖူးတာပေါ့
အခုလည်း မုန်းနေကြတုန်းပဲလေ

တခါတလေ
တစ်ယောက်စ၊ နှစ်ယောက်စတောင်မဟုတ်ဘူး
အုံလိုက်၊ ကျင်းလိုက် ဝိုင်းမုန်းခံကြရတာ

ခင်ဗျား ဘာမသိ၊ ညာမသိ ခါစ
ချာတိတ် ကလေးဘ၀တုန်းက ဘေးကဖေးမခဲ့တဲ့လူတွေက
အောင်မြင်လို့ လူကြီးဖြစ်လာတဲ့တစ်နေ့
ခင်ဗျားကို အမုန်းတရားအချို့နဲ့ ဆွဲချချင်းခံရပါလိမ့်မယ်
ဒါဟာ လူတစ်ချို့ရဲ့ ဖြစ်တတ်တဲ့ ဝန်တိုခြင်းထဲကတစ်ခု

ခင်ဗျား အောင်မြင်လို့ (လုံး၀) မရဘူး
သာမာန်လေး ဟိုမကျ၊ ဒီမကျ
ဒုံရင်း×ဒုံရင်းဖြတ်သန်းနေလေ သူတို့ချစ်လေပါပဲ
ကြိုးစားရုန်းကန်ပြီး သူတို့နဲ့ ရင်ပေါင်းတန်းလာကြည့်
ဝေဖန်မှုတွေက သူ့တို့ပါးစပ်မှာအဆင်သင့်ရှိပြီးသား

ခင်ဗျား ချမ်းသာလို့ (လုံး၀) မရဘူး
မွဲနေလေ လူတွေက ချစ်လေ၊ သနားလေ၊ ကြင်နာလေပါ
ခင်ဗျားဝင်ငွေ (၁) သိန်းရနေချိန်မှာ
သူတို့ (၅) သိန်းရကောင်းရနေလိမ့်မယ်
သူတို့ ခင်ဗျားကို ကြိုးစားဖို့ အားပေးလိမ့်မယ်
ခင်ဗျားကြိုးစားလို့ တစ်လ (၁၀) သိန်းရသွားတဲ့တစ်နေ့
သူတို့ ခင်ဗျားကို အပေါင်းအသင်း မလုပ်ချင်ကြတော့ဘူး

နေရာတစ်ခုမှာ ခင်ဗျား ကျရှုံးနေသ၍
လူတွေက ခင်ဗျားကို နှစ်သိမ့်အားပေးနေလိမ့်မယ်
တစ်နေ့ ခင်ဗျား ထိပ်ဆုံးရောက်သွားတဲ့တစ်နေ့
သူတို့ကို ဆုံးရှုံးကောင်း ဆုံးရှုံးရလိမ့်မယ်

သူတို့ရဲ့ ယေဘုယျဆန်ဆန်
စကားလုံးအကြီးတွေအောက်မှာ မမြောသွားဖို့လိုတယ်
ဥပမာ × ဒီကောင် အရင်က လမ်းဘေးက ချာတိတ်ပါ ×
ဒီကလေးမ အရင်က ဘ၀ကိုမေ့သွားတယ်×
ဘာ-ညာ အကုန်လုံး Playback လုပ်ကြတာမျိူး

တစ်ခုပဲ သတိထားဖို့လိုတယ်
ခင်ဗျား ဆင်းရဲကျရှုံးတဲ့ လောကဓံကို ခံနိုင်သလို
အောင်မြင်ချမ်းသာတဲ့ လောကဓံကို ခံနိုင်ရည်ရှိဖို့လိုတယ်
တကယ်က ခင်ဗျား ပြောင်းလဲသွားတာမဟုတ်ဘူး
ခင်ဗျား သူတို့ကို ရင်ထဲမှာနေရာပေးထားတုန်းပဲ
သူတို့က သိမ်ငယ်သွားတာ
ခင်ဗျားရဲ့ အောင်မြင်မှုကို မုဒိတာမပွားပေးနိုင်တာ
အဲ့တော့ ခင်ဗျားက သူတို့အသိုင်းအဝန်းမှာ
သူတို့ချပေးထားတဲ့
ဇာတ်လမ်းထဲက Character တစ်ခုဖြစ်သွားတယ်
သေချာပေါက် ဇာတ်ကောင်က လူကောင်းတော့မဟုတ်ဖူး
ဗီလိန်ဆိုရင်တောင် ဒဿဂီရိလောက်တော့ မလျော့ဘူး

ဘာလုပ်ရမလဲဆိုတော့
ခင်ဗျား ခြေလှမ်းတွေရပ်မသွားနဲ့ ရှေ့ဆက်လျှောက်
ရှေ့ဆက်လျှောက်တဲ့ လမ်းတိုင်းမှာ
ခင်ဗျားမမျှော်လင့်ထားတဲ့ လူတစ်ချို့ကို
ဆုံးရှုံးရမယ်ဆိုတာ ကြိုတွက်ထား...

ခင်ဗျား ဘာကောင်မှ မဖြစ်ခင်ကတည်းက
ခုချိန်ထိ တစ်နေရာရပြီး အောင်မြင်တဲ့ အချိန်ထိ
ဘယ်သောအခါမှမပြောင်းလဲတဲ့ သူတစ်ချို့ရှိလိမ့်မယ်
အဲ့လူတွေကို သေတောင် မခွဲနဲ့ ---တန်ဖိုးထား
ရှိတော့ ရှိတယ် -- ရှားတယ်။

ကျန်တဲ့သူတွေကိုတော့
ခင်ဗျားတစ်နေရာမှာ ပြန်တွေ့ရင်တောင်
အမုန်းမပါတဲ့ အပြုံးနဲ့ ပြုံးပြပေး....။

ပြီးတော့ သူတို့မုန်းတာတွေ ပျော်ပျော်ကြီးခံလိုက်...

: original uploader

အချစ်ရေ…….ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်မင်းရှိရာအရပ်ကို ငါရွေးမယ် 💛ငါ့ရဲ့ရွေးချယ်မှု ...
26/10/2022

အချစ်ရေ…….

ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ် 💛

ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်
ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ် 💛
.crd
#အကြည်တော်

လောကဟာ ဒရမ်မာတွေ များလွန်းတော့ ဘေဘီရေ...ဟာသရုပ်ရှင်ထဲပဲ ကိုယ် ခုန်ဝင်လိုက်ပါတယ်မျက်ရည်မကျဘဲ ရယ်နိုင်တဲ့သူကအကောင်းဆုံး သရ...
26/10/2022

လောကဟာ ဒရမ်မာတွေ များလွန်းတော့
ဘေဘီရေ...
ဟာသရုပ်ရှင်ထဲပဲ ကိုယ် ခုန်ဝင်လိုက်ပါတယ်
မျက်ရည်မကျဘဲ ရယ်နိုင်တဲ့သူက
အကောင်းဆုံး သရုပ်ဆောင်ပါပဲ။

#ခွန်းညိုသွေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Maw online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share