17/12/2025
📕စီးပွားရေးလမ်းညွှန်စာအုပ်ကလေးကို review ပေးချင်ပါတယ်.. ဒီစာအုပ်ကို ကျွန်တော် အဖေ လူပျိုဘ၀က ဖတ်ခဲ့တာဖြစ်ပြီး သူအကြိုက်ဆုံးထဲလည်းပါတယ်ထင်ပါတယ်။
🕰အချိန်ရှိတိုင်း ဖတ်ကြည့်ဖို့တိုက်တွန်းနေတဲ့စာအုပ်လေးမို့ ကျွန်တော်လည် အဖေနဲ့အကြိုက်တူလောက်တဲ့ သူတွေအတွက် review ပေးချင်ဖြစ်ပါတယ်။
✍️ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ မူရင်း စာရေးသူ Sir George S. Clasonရဲ့ The Richest Man in Babylon တစ်နည်းအားဖြင့် "ဘေဘီလုံမှအချမ်းသာဆုံပုဂ္ဂိုလ်"ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။
📺 စာအုပ်ရဲ့ ဇာတ်အိမ်မှာ Arkad ဆိုတဲ့ ဘေဘီလုံမြို့ (ခေတ်ဟောင်း) မှ စာရေးအလုပ်သမားတစ်ယောက်က စ၍ “အလွန်ချမ်းသူ”ဖြစ်သွားပြီး၊ သူ့အတွေ့အကြုံနဲ့ ဗဟုသုတတွေကို သူ့မြို့သူငယ်ချင်းတွေကို ပြန်ပို့ကြားတဲ့ပုံစံဖြစ်ပါတယ်။ စာအုပ်ထဲမှာ
💥“Seven Cures for a Lean Purse” (ပိုက်ဆံရှာသူအတွက် ကုထုံး၇ချက်)၊
💥“Five Laws of Gold” (ဝေငှရေးဥပဒေ၅ချက်) စတဲ့ အကြံပေးချက်တွေ ပါဝင်ပါတယ်။
📖📖 တက်ကျမ်းပုံစံထက် ပုံပြင်လေးလိုရေးထားတာမို့ လေးလေးပင်ပင်ထက် ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရမှတ်ရလွယ်မှာပါ။
စာအုပ်ရဲ့ အဓိကသင်ခန်းစာများ —
👉သင့်ဝင်ငွေမှာ အနည်းငယ်ကို အရင်ဆုံး သင့်ကိုယ်ကိုပေးလို့ သိမ်းဆည်းပါ။
👉သင့်အသုံးစရိတ်ကို ထိန်းသိမ်းပါ၊ မလိုအပ်တာတွေကိုမကုန်ပါ။
👉သိတဲ့အရာမှာသာ ရင်းနှီးငွေထည့်ပါ၊ အလွယ်တကူရတဲ့ရင် မျှော်လင့်မရသလို “အလွတ်လပ်”ရင်းနှီးခြင်းမျိုးကိုရှောင်ပါ။
မူရင်းအင်္ဂလိပ်ဘာသာမှာက သံချို၊ စကားသံကောင်း၊ စာရေးသူရဲ့ ဗဟုသုတနဲ့ ပစ္စည်းပေးသည့် ဥပမာတွေအပြည့်ဖြစ်ပြီး parable (သရုပ်ဖေါ်ပုံပြင်) အနေနဲ့ ရေးထားတာ။
✴️ဥပမာအားဖြင့် – “Seven Cures for a Lean Purse” ဆိုတဲ့အပိုင်းကတော့ ငွေရှာသူတစ်ဦးအနေနဲ့ ငွေတိုးဖို့ လုပ်သင့်တဲ့ စနစ်သုံးချက်တွေကို ရေးထားပေးတယ်။
✴️“Start thy purse to fattening” — သင့်ပိုက်ဆံအိတ်ကို အရင်ဆုံးအလှူမပေးခင် မိမိအတွက် အနည်းဆုံး၁၀ရာခိုင်နှုန်း သိမ်းပါ။
ဒီလိုသဘောတရားတွေက တစ်ခေတ်တစ်လျှောက်အထိ မပြောင်းနိုင်တဲ့ ငွေကြေးအခြေခံသိပ္ပံတစ်ခုအဖြစ် အမြဲတမ်းအသုံးဝင်နေတယ်။
✍️ဆရာဖေမြင့်ရဲ့ ဘာသာပြန်ဗားရှင်းကို ကြည့်မယ်ဆိုရင် — စာလုံးတွေ တည်ငြိမ်ပြီး၊ မြန်မာလူ့ဘဝနဲ့ လိုက်ဖက်အောင် ပြောင်းပြန်ထားတယ်။
ဥပမာ “သင့်ပိုက်ဆံအိတ်ကို အရင်ဆုံး ဖော်စေပါ”
ဆိုတဲ့ စကားကို မြန်မာလို ပြန်တဲ့အခါမှာ“ငွေသိမ်းခြင်းကို မေတ္တာလိုသုံးပါ။
မိမိအတွက် ငွေမရှိသူက ဘယ်သူ့ကိုမှ မကူညီနိုင်ပါ။”လို့ ပြောင်းဖွဲ့ထားတာက ဗဟုသုတနဲ့ စိတ်ပညာအရ အနက်ကျယ်သွားတယ်။ ဒါပေမဲ့ ဘာသာပြန်သည့်အခါ အင်္ဂလိပ်ဘာသာတွင်မှာရှိတဲ့ သီချင်းလို သံအလှ (archaic poetic tone) တစ်မျိုးက ပျက်သွားတယ်။
မူရင်းမှာရှိတဲ့ “thy, thou, doth” စတဲ့ စကားလုံးတွေဟာ ပညာရပ်ဆန်ပြီး သက်တမ်းတန်တဲ့ စကားလုံးတွေဖြစ်တဲ့အတွက် သီချင်းလို ခံစားရနိုင်ပါတယ်။ ဘာသာပြန်မှုကတော့ လက်တွေ့ကျတဲ့နည်းလမ်းနဲ့ ပြောသလိုဖြစ်လာတယ်။ ဒီလိုကွဲလွဲမှုလေးတွေတော့ရှိသွားတာပေါ့။😊😊
အဓိကသဘောတရားက “ငွေဟာ သင့်စည်းကမ်းအပေါ်မှာ တည်တယ်။”
ဒီစာအုပ်က financial discipline ဆိုတဲ့ အခြေခံသဘောကိုလှလှပပသင်ပေးသွားပါတယ်။
🎓ပညာရေးသဘောနဲ့ကတော့ Behavioral Economics (အပြုအမူစီးပွားရေး) ကို စတင်ဖော်ပြသူအနေနဲ့ ပြန်လည်သုံးသပ်လို့ရတယ်။
ထိန်းခြင်း၊ စောင့်ခြင်း၊ သိမ်းခြင်း၊ နားလည်ခြင်း ဆိုတဲ့ လေးခုက ဒီစာအုပ်ရဲ့အကြောင်းအရာအခြေခံပါပဲ။
👑ဒီစာအုပ်ကိုဖတ်သင့်သူတွေကတော့ ငွေကြေးထိန်းချုပ်မှု စတင်သင်ယူနေသူများ၊စီးပွားရေးအထွေထွေနဲ့ သဘောတရားသင်ယူချင်သူများ၊စိတ်ပညာနဲ့ ငွေကြေးအမြင်ပေါင်းစပ်သူများပါပဲ။
❌️ ဖတ်ပြီးစိတ်ပျက်မဲ့သူတွေကတော့ အမြန်အကျိုးမျှော်သူများ၊ နည်းလမ်းရှည်ကြီးမကြိုက်သူများသာဖြစ်ပါတယ်။
ဒီတော့ဒီစာအုပ် သင့်စိတ်ထဲမှာ “ငွေမဟုတ်ဘဲ ငွေသိပ်တန်ဖိုးထားတဲ့ စည်းကမ်း” တစ်ခုကြီးကို မျှော်လင့်ချက်တစ်ခုအနေနဲ့သင်ကြားပေးသွားမှာမို့။ လူကြီး လူငယ် ကျား မ မရွေး ငွေကိုတန်ဖိုးထားပြီး ငွေရဲ့တန်ဖိုးထားချင်ကို ခံလိုတဲ့သူတိုင်ဖတ်ဖို့ review ပေးချင်ပါတယ်ဗျ.👌
💁♂️မင်မင်တို့ Review ပေးထားတဲ့စာအုပ်လေးကို မှာယူလိုပါက Page Messanger နှင့် 09943450811(VB) တို့တွင် ဆက်သွယ်မှာယူနိုင်ပါတယ်.
💥ကျေးဇူးပြုပြီး Book Review အနေဖြင့်ရေးသားထားသောစာများကို အခြားသောမည့်သည့် Channel မှာမဆို ကူးယူရေးသားခြင်း မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါရစေ။ 💥
#စာအုပ်ဆိုင်-BookShop
#ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
#ဖေမြင့်