Khine Gallery

Khine Gallery Shopping and Retail

၀တ်လို့ကောင်းတဲ့ အင်ဒိုပိုးယုံအသားDigital ဆေးရိုက် ချိတ်အဆင်ဆန်းလေးကို ပိုးယုံပြောင်အပေါ်၀တ်စနဲ့ တွဲပေးထားပါတယ်။ထမီ ၂ ကိ...
06/11/2022

၀တ်လို့ကောင်းတဲ့ အင်ဒိုပိုးယုံအသား
Digital ဆေးရိုက် ချိတ်အဆင်ဆန်းလေးကို
ပိုးယုံပြောင်အပေါ်၀တ်စနဲ့ တွဲပေးထားပါတယ်။
ထမီ ၂ ကိုက်၊ အင်္ကျီ ၁ကိုက်၁ထွာ ✨
အရောင် ၅ရောင်ရပါမယ်။

၀မ်းဆက်တစ်စုံ 15,000 ကျပ်
သုံးစုံ 14,000 ကျပ်

🪷မြကြာဖြူ🪷✨အထူးစပါယ်ရှယ်  အနံကြီး ကွင်းကျယ်✨✅အသင့်ချုပ်ပြီး ချည်ချောလုံချည်လူကြီး၊ လူငယ်မရွေးလိုက်ဖက်တဲ့ ကြောင်ခြစ်အကွက်...
19/10/2022

🪷မြကြာဖြူ🪷
✨အထူးစပါယ်ရှယ် အနံကြီး ကွင်းကျယ်✨
✅အသင့်ချုပ်ပြီး ချည်ချောလုံချည်

လူကြီး၊ လူငယ်မရွေးလိုက်ဖက်တဲ့ ကြောင်ခြစ်အကွက်ကိုမှ အရောင်ငြိမ်ငြိမ်လေးတွေဖြစ်ပါတယ်။

နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ၀တ်လို့ကောင်းတဲ့ ချည်ချောလုံခြည်လေးတွေဖြစ်လို့ ကန်တော့၊ လက်ဆောင်ပေး၊ ကိုယ်တိုင်၀တ်ဖို့ ၀ယ်ယူမယ်ဆိုရင် ဈေးတန်တန်လေးနဲ့ရမယ်နော်။

တစ်ထည်ဈေး 7,800 ကျပ်
သုံးထည်ဈေး 7,500 ကျပ်

အရောင်စုံ နှင်းဆီ ဘေးထိုးညှပ်ကလစ်လေးတွေလည်း မှာယူနိုင်ပါတယ်‌။
04/11/2021

အရောင်စုံ နှင်းဆီ ဘေးထိုးညှပ်ကလစ်လေးတွေလည်း မှာယူနိုင်ပါတယ်‌။

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ❤️
02/11/2021

အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ❤️

အင်းလေးချည်သား mask အသစ်လေးတွေရပါပြီ။3D mask ပုံစံဖြစ်ပြီး ရွေးချယ်စရာ အရောင် ၂ မျိုးရှိပါတယ်နော်  🌟
27/10/2021

အင်းလေးချည်သား mask အသစ်လေးတွေရပါပြီ။
3D mask ပုံစံဖြစ်ပြီး ရွေးချယ်စရာ အရောင် ၂ မျိုးရှိပါတယ်နော် 🌟


Fleece crossbody အိတ်လေးတွေ အရောင်စုံ Instock ရပါပြီနော်။
15/10/2021

Fleece crossbody အိတ်လေးတွေ
အရောင်စုံ Instock ရပါပြီနော်။



အလှကျက်သရေနဲ့ ကြွား၀င့်တင့်တယ်စေမယ့်ပန်းကံ့ကော် 🌼ကံ့ကော်လေးတွေပန်ပြီး နန်းဆန်လိုက်ကြပါစို့ 🌼
11/10/2021

အလှကျက်သရေနဲ့ ကြွား၀င့်တင့်တယ်စေမယ့်
ပန်းကံ့ကော် 🌼

ကံ့ကော်လေးတွေပန်ပြီး နန်းဆန်လိုက်ကြပါစို့ 🌼






ကျောင်းသူလေးတွေကိုလက်ဆောင်ပေးဖို့တဲ့ ❤️Tr က အော်ဒါလာမှာသွားတာ 👇🎁Strawberry 🍓 Hair clip လေးတွေTr အတွက်ကတော့ Strawberry 🍓 ...
05/10/2021

ကျောင်းသူလေးတွေကိုလက်ဆောင်ပေးဖို့တဲ့ ❤️
Tr က အော်ဒါလာမှာသွားတာ 👇🎁
Strawberry 🍓 Hair clip လေးတွေ
Tr အတွက်ကတော့ Strawberry 🍓 Scrunchies လေးပါနော့်
So cute 🥰





မိုးအေးအေးနဲ့ ပျင်းလွန်းလို့ ဦးနှောက်တွေ အေးခဲကုန်မယ်နော် 🥶🥶အပျင်းပြေ ဉာဏ်ထက်ဖို့သင်္ချာဉာဏ်စမ်းလေးဖြေကြည့်ကြဦး ✨💥💢
23/09/2021

မိုးအေးအေးနဲ့ ပျင်းလွန်းလို့ ဦးနှောက်တွေ အေးခဲကုန်မယ်နော် 🥶🥶
အပျင်းပြေ ဉာဏ်ထက်ဖို့
သင်္ချာဉာဏ်စမ်းလေးဖြေကြည့်ကြဦး ✨💥💢

Costomer မမအတွက် စိတ်ကြိုက် order လေး ❤️နှင်းဆီအသေးလေးတွေနဲ့ ကံ့ကော်ပန်းခေါင်းစီးလေးပါ
21/09/2021

Costomer မမအတွက် စိတ်ကြိုက် order လေး ❤️
နှင်းဆီအသေးလေးတွေနဲ့ ကံ့ကော်ပန်း
ခေါင်းစီးလေးပါ



ချစ်စရာကောင်းလိုက်တာ 😍တစ်နေ့တစ်နေ့ ဒါလေးတွေပဲကြည့်နေရတာအကြည်ဓာတ်လေးတွေ ❤️Photo Credit from Google
13/09/2021

ချစ်စရာကောင်းလိုက်တာ 😍
တစ်နေ့တစ်နေ့ ဒါလေးတွေပဲကြည့်နေရတာ
အကြည်ဓာတ်လေးတွေ ❤️

Photo Credit from Google

လှပတဲ့အဆင်း၊ သင်းပျံ့တဲ့ရနံ့ရှိတဲ့အပြင် ဆေးဖက်လည်း၀င်တဲ့ ကံ့ကော်ပန်းအကြောင်း ဗဟုသုတအနေနဲ့ ဖတ်ကြည့်ရအောင်နော်။🌿🌿🌿🌿🌿ကံ့ကော...
06/09/2021

လှပတဲ့အဆင်း၊ သင်းပျံ့တဲ့ရနံ့ရှိတဲ့အပြင် ဆေးဖက်လည်း၀င်တဲ့ ကံ့ကော်ပန်းအကြောင်း ဗဟုသုတအနေနဲ့ ဖတ်ကြည့်ရအောင်နော်။
🌿🌿🌿🌿🌿
ကံ့ကော်ပန်းသည် ထင်ရှားသောပန်းဖြစ်သည်။ ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသ ကောင်းသည့် သစ်ပင်မျိုးဖြစ်သည်။ ကံ့ကော်ပန်းသည် အလွန်မွှေး၍ ဆေးဖက်လည်းဝင်သည်။ ကံ့ကော်သည် အမြဲစိမ်းလန်း စိုပြည်နေသည့်သစ်မာပင်လတ်မျိုးဖြစ်သည်။ ကံ့ကော်ပင်သည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်အပင်ဖြစ်သည်။ ကံ့ကော်(Gangaw) ၏ ရုက္ခဗေဒ အမည်မှာ Mesua ferrea ဖြစ်သည်။

🟨ပုံသဏ္ဌာန် : အပင် အမြဲစိမ်းပင်ကြီးမျိုး ဖြစ်သည်။ ပင်စည်ဖြောင့်မတ်၍ အခေါက် ကြမ်းသည်။ အကိုင်းအခက်များစွာ ဖြာသည်။ အရွက် ရွက်လွှဲထွက်သည်။ ရှည်မျောမျောပုံ ဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းဝိုင်း သို့မဟုတ် ချွန်သည်။ နုသောအခါ နီ၍ ရင့်သောအခါ စိမ်းလျက် ကျောဘက်၌ အဖြူရောင်အမှုန်ကလေးများ ရှိ၏။ အပေါ်မျက်နှာပြင် ပြောင်လက်၍ ချောမွတ်၏။ ရွက်ကြောများနီးကပ်၍ ထင်ရှားသည်။ ရွက်နားညီသည်။ ရွက်ညှာတို၍ ရွက်ပြားမာကြွပ်သည်။ အပွင့် တစ်ပွင့်တည်း သို့မဟုတ် စုပွင့် ၏။ အချင်း ၁ လက်မမှ ၃ လက်မအထိရှိပြီး ပွင့်ဖတ်အဖြူရောင်ရှိသည်။ အလယ်တွင်ဝါ၍ မွှေးသောဝတ်ဆံတို့သည် တစ်စုတဝေးတည်း လုံးထွေးနေ၏။ တပို့တွဲမှ တန်ခူးလအတွင်း ပွင့်သည်။ အသီး အနည်းငယ် ထိပ်ချွန်၍ လုံးဝိုင်းသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ အခြေကို တည်မြဲနေသော ပွင့်ဖတ်ဖြင့် ဝန်းရံထားသည်။ ကဆုန်နှင့် နယုန်လတွင် သီးသည်။ အစေ့ ၁ မှ ၄ စေ့ထိ ပါရှိသည်။ အညိုရောင်ရှိ၍ ချောမွတ်သည်။ အစေ့ခွံ မာကျောသည်။

🟥မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင်တွေ့ရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းတွင် တွေ့နိုင်သည်။

🟦ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အမြဲစိမ်းလန်းသော သစ်တောများတွင် အမြင့်ပေ ၃၅၀၀ အထိ ပေါက်ရောက်၏။ ဥယျာဉ်ခြံများတွင်လည်း အလှအပ စိုက်ပျိုးကြသည်။

🟪အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်း များအလိုအရ အစာကို ကြေစေသည်။ အရောင်အဆင်း ကို ဖြစ်စေသည်။ သွေး ဖောက်ပြန်ခြင်း ၊ နှလုံးနာကျင်ခြင်း ၊ အဆိပ်သင့်ခြင်း ၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း ၊ ရောင်ရမ်းခြင်းတို့ကို ပျောက်စေ၍ အားကြွစေသည်။

🟩အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ ဝတ်ဆံ ၊ အစေ့ ၊ အမြစ် ၊ အခေါက် နှင့် အဆီ။

wikipedia မှ ကူးယူဖော်ပြပါသည်။

Address

Yangon

Telephone

+959450268717

Website

Alerts

Be the first to know and let us send you an email when Khine Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khine Gallery:

Share