yati online shop

yati online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from yati online shop, Shopping & retail, tarmwe, Yangon.

အသိတရားရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို...ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....သားသမီးသံယောဇဉ်နဲ့လည်း ချုပ်ထားစရာမလ...
20/05/2024

အသိတရားရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ကို...
ဇနီးသည်ရဲ့ရုပ်ရည်နဲ့ ချုပ်စရာမလိုသလို ....
သားသမီးသံယောဇဉ်နဲ့လည်း ချုပ်ထားစရာမလိုပါဘူး....

တစ်ကယ်ဆို ....
မိသားစုတစ်ခုကို ဖန်တီးခဲ့ပြီးမှ...
ကိုယ်ဖန်တီးထားတဲ့ဘဝကို...
အကောင်းဆုံး ပုံဖော်ချင်တဲ့စိတ်လည်း ရှိနေသင့်ပါတယ်....

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့.... မိသားစုထက်..
တစ်ခြားအရာတွေကို ဦးစားပေး အလေးထားပြီး....

မိသားစုဆိုတာ အရေးမပါဘူးလို့ ခံယူလိုက်တဲ့အခါ....
သူကိုယ်တိုင်လည်း မိသားစုရဲ့ အရေးမပါသူဖြစ်သွားမှာပါ....

မိသားစုတစ်စုရဲ့ စိတ်ချမ်းသာမှု့ဟာ....
အိမ်ထောင်ဦးစီးကောင်း တစ်ဦးရဲ့ ဖန်တီးနိုင်မှု့အနုပညာပါ .....💖💖 #

cd

တကယ်လို့ သင့်အဖေ မိန်းမ,အရွေးမှားခဲ့ရင် - သင့်ရဲ့ငယ်ဘဝက နာကျည်းမှုတွေနဲ့ စတင်ရလိမ့်မယ်၊         တကယ်လို့ သင်မိန်းမ,အရွေး...
20/04/2024

တကယ်လို့ သင့်အဖေ မိန်းမ,အရွေးမှားခဲ့ရင် - သင့်ရဲ့ငယ်ဘဝက နာကျည်းမှုတွေနဲ့ စတင်ရလိမ့်မယ်၊

တကယ်လို့ သင်မိန်းမ,အရွေးမှားခဲ့ရင် - သင့်ရဲ့ အလယ်ဘဝက နာကျင်မှုတွေနဲ့ ပြည့်နှက်နေလိမ့်မယ်၊

တကယ်လို့ သင့်သား မိန်းမ,အရွေးမှားခဲ့ရင်တော့ - သင့်ကျန်ရှိတဲ့ နေဝင်မီးငြိမ်းဘဝမှာ အထီးကျန်မှုတွေနဲ့ အဆုံးသတ်ရလိမ့်မယ်၊

တကယ်လို့ သင့်အဖိုးမိန်းမ,အရွေးမှားခဲ့ရင်တော့ - သင်တို့ ဆွေမျိုးသုံးဆက်စလုံးက ပိုင်ဆိုင်သင့်တာတွေ မပိုင်ဆိုင်ရဘဲ လက်လွတ်ဆုံးရှုံးရလိမ့်မယ်။

" Microsoft ကိုတည်ထောင်တာ အရေးကြီးလား၊ ပရဟိတလုပ်တာ အရေးကြီးလား" လို့ .. Bill Gate ကို အင်တာဗျူးတစ်ခုမှာ မေးထားတာတွေ့တယ်၊

Bill gate ကပြန်ဖြေတယ်၊

" ဘာမှအရေးမကြီးဘူး၊ ကိုယ်နဲ့ တပ်အပ်တဲ့ အိမ်ထောင်ဖက်တစ်ခုရဖို့ပဲ အရေးကြီးတယ် " တဲ့။

စီးပွားရေးသမား Warren Buffett ကလည်းပြောတယ်၊

" စီးပွားရေးလုပ်ဖို့ ဘာအရင်းအနှီးမှ မလိုဘူး၊ ထက်မြက်တဲ့ မိန်းမတစ်ယောက်ပဲလိုတယ် " တဲ့။

တကယ်တော့ မိန်းမရွေးတာ လူတစ်ယောက်ကို ရွေးတာ မဟုတ်ဘူး၊ တစ်ဘဝလုံးရဲ နေထိုင်မှုကို ရွေးခြယ်တာ၊

မိန်းမတစ်ယောက်က " ရှေ့မျိုးဆက် ရဲ့ ချမ်းသာမှု" ၊ "အခုမျိုးဆက်ရဲ့ ပျော်ရွှင်မှု" ၊ "နောက်မျိုးဆက်ရဲ့ အနာဂတ်"ကို ကိုယ်စားပြုတာ..

မိန်းမကောင်းတစ်ယောက်ကို အရွေးခြယ်နိုင်ခဲ့တဲ့ ယောက်ျားလေးမှာ ဆွေစဉ်မျိုးဆက် ၃ဆက်စလုံး ချမ်းသာရတယ်၊

ရွေးခြယ်လိုက်တဲ့ မိန်းကလေးရဲ့ နောက်ဆက်တွဲ ဆိုးခြင်း၊ ကောင်းခြင်းက အဲဒီရွေးခြယ်လိုက်တဲ့ ယောက်ျားလေးနဲ့လည်း အများကြီးသက်ဆိုင်တယ်၊

ပညာရှိယောက်ျားကပဲ ကိုယ့်မိန်းမကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နားလည်တယ်၊

ပညာရှိမိန်းမကပဲ အိမ်ထောင်တစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲ နားလည်တယ်၊

ပုခက်လွဲတဲ့လက်ကပဲ တစ်အိမ်သားလုံးရဲ့ နေထိုင်မှုပုံစံကို မြှင့်တင်သွားနိုင်တာ၊

မိန်းမတစ်ယောက်ရဲ့ စရိုက်က အသိပညာကိုစုဆောင်းရင်း တည့်မတ်လာတာ..

မိန်းမတစ်ယောက်ရဲ့ ဝိညဉ်က ဂီတတေးသွားကို ခံစားရင်း ဖြစ်ပေါ်လာတာ...

မိန်းမတစ်ယောက်ရဲ့ အလှက ကိုယ့်ကိုယ်ကို တန်ဖိုးထားရင်းပိုလှလာတာ...

မိန်းမတစ်ယောက်ရဲ့ ကျန်းမာရေးက အသေးစိတ်ဂရုစိုက်မှ တော်ကာကျတာ...

မိန်းကလေးအယောက်တိုင်းဟာ မိမိကိုယ်ကိုထိန်းသိမ်းပြုပြင်ပြီး ရင့်ကျက်လာသင့်တယ်.. ဘာဖြစ်လို့လဲဆိုတော့ -

သင်က သင့်ယောက်ျားရဲ့ အမြင့်ဆုံးအမှတ်နဲ့ သင့်ခလေးရဲ့ အစဦးအမှတ်ကို ဆုံးဖြတ်နိုင်စွမ်းရှိလို့...

အဲဒီလို ပုခက်လွှဲတဲ့လက်က ကမ္ဘာကို ကိုင်လှုပ်နိုင်မယ့် မိန်းမသားတွေအတွက် ပါ

Credit: စာပေ

Eid Mubarak par all my Fri 💕💕💕💕💕💕
10/04/2024

Eid Mubarak par all my Fri 💕💕💕💕💕💕

သိဖို့😜
02/02/2024

သိဖို့😜

လူ့ပတ်ဝန်းကျင်မှာ တော်တော်များများ ဒီလိုစကားတွေကိုကြားဖူးကြမှာပါမိန်းမကို အလိုမလိုက်နဲ့မိန်းမဆိုတာ သူ့နေရာနဲ့သူထားရတယ်မိ...
12/01/2024

လူ့ပတ်ဝန်းကျင်မှာ တော်တော်များများ ဒီလိုစကားတွေကိုကြားဖူးကြမှာပါ

မိန်းမကို အလိုမလိုက်နဲ့
မိန်းမဆိုတာ သူ့နေရာနဲ့သူထားရတယ်
မိန်းမကို ခေါင်းပေါ်မတင်နဲ့
မိန်းမပြန်ပြောတာကိုမခံနဲ့
မိန်းမအရှေ့မှာခက်တည်တည်နေ
မိန်းမနဲ့သိပ်အရောမဝင်နဲ့
မိန်းမဆိုတာချိုးထားရတယ်

အဲ့လိုစကားတွေ ပြောလေ့ရှိကြတယ်

ဒီစကားတွေက တရားတော်နဲ့လုံးဝဆန့်ကျင်ဘက်
စကားလုံးတွေဖြစ်ပြီးတော့

တမန်တော်ဟဒီးစ်နဲ့ ဆန့်ကျင်ဘက်စကားတွေဖြစ်တယ်

ကိုယ်တော် (ဆွ) ကပြောထားတယ်

အမျိုးသမီးတွေကို အီဇသ်ပေးပါ ဂုဏ်ပေးလေးစားပါ အမျိုးသမီးဆိုတာ အရိုးထဲကအရိုးဖြစ်လို့ သနားညှာတာပါ

မိမိရဲ့ ဇနီးသည်ကိုဘယ်တော့မှ မျက်ရည်ကျအောင်မလုပ်ပါနဲ့ ဇနီးသည်ရဲ့ဒိုအာကိုယူပါ ဇနီးသည်အားအလိုလိုက်ပါ သင့်ဇနီးအားချီးမွှန်းပါ

သင့်ဇနီးကို သင့်ရဲ့နံရိုးနဲ့ဖန်ဆင်းထားပြီး နှလုံးသားနဲ့အနီးဆုံးနေရာဖြစ်လို့ နှလုံးသားထဲကနေချစ်ပါ

ဇနီးသည်က စိတ်ဆိုးလို့ သင့်အပေါ်စိတ်ကောက်ရင်ပြန်ချော့ခြင်းဟာစွန္နသ်ဖြစ်တယ်

ဇနီးသည်ဒေါသထွက်နေလို့ ပြန်ပြောခဲ့ရင် သင်စွဗရ်လုပ်ပါ အလ်လာဟ်သင့်ရဲ့အဆင့်တန်းကိုမြင့်မားစေတော်မူမယ်

ကိုယ်တော်ကအဲ့လိုတွေပြောကြားထားပါတယ်

ကိုယ်တော့်ရဲ့အဝတ်စားကို မည်သူ့ကိုမှလျှော်ခိုင်းလေ့မရှိပဲ ကိုယ်တော်ကိုယ်တိုင်လျှော်လေ့ရှိတယ်

ကိုယ်တော်က ဇနီးသည်တွေရဲ့အိမ်မှု့ကိစ္စတွေကို ဝိုင်းကူလေ့ရှိတယ် ကိုယ်တော်ကဇနီးသည်ပေါ်မှာ နူးညံ့ဆိုသာစွာ ပြောဆိုဆက်ဆံလေ့ရှိတယ်

တမန်တော်နော် အမွန်မြတ်ဆုံးနဗီနော် အလ်လာဟ်ရဲ့အချစ်တော်နော် သာမန်လူတွေမဟုတ်ဘူး

သာမန်လူတွေ ဇနီးအပေါ် ကြမ်းတမ်းစွာဆက်ဆံမှာစိုးလို့ ကိုယ်တော်ကနမူနာပြပေးထားတာ ဇနီးကိုဘယ်လိုဆက်ဆံရမလဲ ဇနီးရဲ့တာဝန်ကဘယ်လိုရှိလဲဆိုတာ

အခုခေတ်မှာ ယောကျ်ားက မိန်းမကိုကူရင် မယားကြောက်ဖြစ်သွားရော မိန်းမကြောက်နေတယ်ဖြစ်ရော

အဲ့လိုပြောခြင်းဟာ ကိုယ်တော့်အပေါ် ကိုယ်တော့်ဟဒီးစ်အပေါ် အပြစ်တင်တာနဲ့တူတူပဲ

ကိုယ်တော်က ဒီလိုဆက်ဆံခိုင်းထားတာဖြစ်တယ်

လင်မယား ၂ဦးကြားထဲရန်တိုက်ပေးသူဟာလည်းအကြီးမားဆုံးရှိုင်သွာန်ပဲဖြစ်တယ်

သေဆုံးပြီးသွားရင် ပထမဆုံးစစ်ဆေးမေးမြန်းခြင်းခံရမှာက

ငါအလ်လာဟ်ချီးမြှင့်ပေးထားတဲ့နေ့အ်မသ်ကိုဘယ်လိုအသုံးပြုခဲ့သလဲ?အဲ့အရာအရင်မေးမှာ

အဲ့နေ့အ်မသ်မှာ ပထမဆုံးက မိမိဇနီးမယားအပေါ် ဘယ်လိုဆက်ဆံခဲ့လည်းဆိုတာပဲ ဇနီးမယားဆိုတာ အလ်လာဟ်ပေးဆဲ့ နေ့အ်မသ်ပဲ အဲ့အပေါ် လုပ်ချင်သလိုလုပ်လို့မရဘူး ဆက်ဆံချင်သလိုဆက်ဆံလို့မရဘူး

ဇနီးဆိုတာအရာအားလုံးထက်တန်ဖိုးကြီးမားတဲ့နေ့အ်မသ်တစ်ခုပဲ အဲ့အရာကိုကာကွယ်စောင့်ရှောက်ရမယ့်တာဝန်အားလုံးခင်ပွန်းကိုပေးထားတာဖြစ်တယ်

အဲ့တာဝန်နဲ့ပက်သက်ပြီးစစ်ဆေးခြင်းခံရမယ်

မိမိရဲ့ဇနီးသည်အပေါ် ကြမ်းတမ်းစွာမဆက်ဆံပါနဲ့ မူလပင်ကိုယ်အဲ့လိုစိတ်ရှိရင်လည်းအမြန်ဆုံးပြုပြင်လိုက်ပါ

တမန်တော်ရဲ့ စွန္နသ်လမ်းစဥ်မှာပဲအောင်မြင်မှု့ရှိပါတယ်

Goldgirl. crd

😁😁
02/01/2024

😁😁

သူမနာမည်က မူနီဘာ မာဇာရီပါကစ္စတန်သူလေးပါကစ္စတန်နဲ့အီရန်နယ်စပ်နားမှာ မွေးတာရုပ်ခပ်ချောချော ကိုယ်လုံးကိုယ်ပေါက် တောင့်တောင်...
18/12/2023

သူမနာမည်က မူနီဘာ မာဇာရီ
ပါကစ္စတန်သူလေး
ပါကစ္စတန်နဲ့အီရန်နယ်စပ်နားမှာ မွေးတာ
ရုပ်ခပ်ချောချော ကိုယ်လုံးကိုယ်ပေါက်
တောင့်တောင့်ဖြောင့်ဖြောင့်နဲ့
မြင်သူတကာငေးရတဲ့မိန်းမချောလေး
တစ်ယောက်ပါ။ ခါးသေးရင်ချီ
ပဒုမ္ပဏီ အလှပဂေးမလေးပေါ့။

သူမ အသက် (၂၁) နှစ်အရွယ်မှာ
ကားအက်ဆီးဒင့်ဖြစ်ပြီး
အောက်ပိုင်းသေသွားခဲ့ရတယ်။

ကားအက်ဆီးဒင့် မဖြစ်ခင်အထိ မာဇာရီရဲ့
ဘဝက ပုံမှန်ပဲ။တခြား အစ္စလာမ်မိန်းကလေးတွေလိုပဲ
စာကြိုးစားတယ်။ ကိုယ့်ဝါသနာကိုစွန့်ပြီး
မိဘတွေစိတ်တိုင်းကျ အသက် (၁၈) နှစ်မှာ အိမ်ထောင်ပြုလိုက်ရတယ်။

အက်ဆီးဒင့်ဖြစ်တာကလည်း သူ့ယောက်ျားက
ကားမောင်းရင်း အိပ်ငိုက်ပြီး မြောင်းထဲ
ထိုးကျသွားလို့။ မြောင်းထဲ ထိုးကျချိန်မှာ
သူ့ယောက်ျားက ခုန်ထွက်လို့ လွတ်သွားတယ်။
မာဇာရီပဲ ကားထဲမှာ ခုန်မထွက်နိုင်ဘဲ ကျန်ခဲ့ပြီး
ခါးကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတယ်။

သူ့ကို လူတွေ လာကယ်ကြတော့
သူက လူတွေကို‌မေးမိတယ်။
''ကျမ ခြေထောက် ဘယ်မှာလဲ''တဲ့ ။

အမှန်‌တော့ အဲဒီအချိန်ကတည်းက
သူမရဲ့အောက်ပိုင်းက သေသွားခဲ့ပါပြီ။

ဆေးရုံကို လူနာမေးတဲ့သူတွေလာတဲ့အခါမှာ
အိပ်ချင်‌ယောင်ဆောင်ပြီးပဲ နေလိုက်တယ်။
ဘာလို့လဲဆိုတော့ လာမေးကြတဲ့သူတွေက
သူ့ကို စိတ်ဓာတ်ကျအောင်
လုပ်နေကြသလိုပဲ ဖြစ်နေကြလို့။
သူ့ခြေထောက် ဘယ်‌တော့မှ ပြန်ကောင်းတော့မှာ
မဟုတ်ဘူး၊ သွားပြီ၊ ဒီလို‌အောက်ပိုင်းသေတဲ့မိန်းကလေးက အိမ်ထောင်ရှင်မ‌ကောင်း
ဘယ်ဖြစ်နိုင်တော့မှာလဲဆိုပြီး
ဝိုင်းပြောကြတယ်။

အသက်အရွယ်ငယ်ပြီး ပညာတတ်
အလှသွေးကြွယ်‌နေဆဲ
မိန်းကလေးတစ်ယောက်အတွက်
ဒီစကားတွေက ရေနစ်ရာ ဝါးကူ
ထိုးနေကြသလိုပဲ၊ သူမအတွက်
ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကလွဲလို့
ဘာမှလုပ်စရာ မရှိ‌တော့ဘူး။

အဲဒီလိုအချိန် သူမကို စိတ်ဓာတ်အောက်ဆုံးထိကျအောင် ပြောနေတဲ့သူတွေရှေ့မှာ လုံးဝမငိုဘူး တင်းထားတယ်။
သူမအမေရောက်လာတော့မှပဲ
သူ့အမေကိုဖက်ပြီးငိုတယ်။
သူမအမေက အားပေးတယ်။
ဆရာဝန်ကလည်း အားပေးတယ်။
ဒီလို အက်ဆီးဒင့်မဖြစ်ခင်က
ဘာဝါသနာပါလဲဆိုပြီး မေးတယ်။
ပန်းချီဆွဲဝါသနာပါတယ်ဆိုတော့
ဆရာဝန်က သူမကို ပန်းချီဆွဲဖို့တိုက်တွန်းတယ်။

ဒါနဲ့ သူမ ပန်းချီ စဆွဲဖြစ်သွားတယ်။
အမှန်တော့ အဲဒီအချိန်မှာ သူ့ရဲ့လက်က
သိပ်ကောင်းသေးတာ မဟုတ်ဘူး။
အက်ဆီးဒင့်ဖြစ်တဲ့အချိန်မှာ လက်ပါထိသွားပြီး
ပုံစံပျက်သွားတာ။ ဒါပေမယ့် သူက
လုံးဝဇွဲမလျှော့ဘူး။ မကောင်းတဲ့လက်နဲ့ပဲ
ဝါသနာပါတဲ့ပန်းချီကို ရအောင်ဆွဲတယ်။

အဲဒီအချိန်မှာ သူမ‌တွေးတာက
ငယ်ငယ်ရွယ်နဲ့ အောက်ပိုင်းသေသွားပြီ၊
ယောက်ျားကလည်း စွန့်ခွာသွားပြီ၊
ဒီထက်ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူးဆိုပြီး
ရသလောက် ကြိုးစားတယ်။

အခုဆိုရင် သူမဟာ ပါကစ္စတန်မှာ ပထမဆုံး
ဝှီးချဲ‌မေ်ာဒယ်လ်၊ စာရေးဆရာမ၊ ပန်းချီဆရာမအပြင်
UN က ခန့်အပ်ထားတဲ့
ပါကစ္စတန် အမျိုးသမီးများဆိုင်ရာ
သံတမန်တောင် ဖြစ်နေပါပြီ။

မာဇာရီ ပြောလေ့ရှိတာ တစ်ခုရှိတယ်။

"ကျွန်မတို့ကို မသနားပါနဲ့၊
ကိုယ်ချင်းပဲစာပေးပါ''တဲ့။

ကဲ...မိတ်ဆွေတို့ရေ...အောက်ပိုင်းမသန်တဲ့
ဒုက္ခိတမိန်းခလေးတစ်ယောက်ကတောင်
သူ့ဘဝကို အောင်မြင်အောင်
ကြိုးစားနိုင်သေးရင် မိတ်ဆွေတို့ရော...
ကြိုးစားရင် ဘာလို့မဖြစ်နိုင်ရမှာလဲ...?

ဒီနေ့ကစပြီး မဖြစ်နိုင်ပါဘူး၊
မလုပ်နိုင်ပါဘူး ဆိုတဲ့ အတွေးတွေကို
သင့်စိတ်ထဲကနေ မောင်းထုတ်ပစ်လိုက်ပါ...

ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်လိုက်ပါ...

ဒီ‌ကနေ့ပဲ စပြီး
ကြိုးစားကြရအောင်လား မိတ်ဆွေတို့ရေ....

Copy from Moe Saing
Credit...မူရင်းသို့

Address

Tarmwe
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959983234419

Website

Alerts

Be the first to know and let us send you an email when yati online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share