15/10/2025
သိန်းထောင်ကျော်တန်တဲ့ Diecast ကားလေး..
Hot Wheels ရဲ့ သမိုင်းတစ်လျှောက်မှာ စျေးအကြီးဆုံးနဲ့ အရှားပါးဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ diecast ကားလေးကတော့ 1969 Pink, Rear-Loading Beach Bomb ပဲ ဖြစ်ပါတယ်။
ဒီကားလေးဟာ Hot Wheels စုဆောင်းသူတွေကြားမှာ "Holy Grail" (အမြတ်တနိုးအထားရဆုံး) လို့ တင်စားခေါ်ဝေါ်ကြတဲ့ အထိ တန်ဖိုးကြီးမားပါတယ်။
ကားမော်ဒယ်: 1969 Volkswagen Beach Bomb (Prototype)
အရောင်: ပန်းရောင် (Hot Pink)
ခန့်မှန်းတန်ဖိုး: အမေရိကန်ဒေါ်လာ $100,000 အနဲဆုံး (မြန်မာငွေ သိန်း ၄၅၀၀ နီးနီးပေါ့ခုငွေစျေး ) တန်ဖိုးရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ဘာကြောင့် ဒီလောက် ရှားပါးပြီး စျေးကြီးရတာလဲ?
သူ့ရဲ့ တန်ဖိုးကြီးရတဲ့ အဓိကအကြောင်းရင်းတွေကတော့:
နမူနာပုံစံ (Prototype) ဖြစ်ခြင်း: ဒီကားဟာ အရောင်းဆိုင်တွေမှာ တရားဝင်ရောင်းချခဲ့တဲ့ ကားမဟုတ်ပါဘူး။ Mattel ကုမ္ပဏီက ၁၉၆၉ ခုနှစ်မှာ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ ရှေ့ပြေးပုံစံ (Prototype) တစ်စီး ဖြစ်ပါတယ်။
ဒီဇိုင်းပြဿနာ: မူလဒီဇိုင်းမှာ Surfboard (လှိုင်းစီးဘုတ်) နှစ်ခုကို ကားရဲ့နောက်ဖက် မှန်ပေါက်ကနေ ထည့်ရတဲ့ပုံစံ (Rear-Loading) ဖန်တီးထားပါတယ်။ ဒါပေမဲ့ ကားရဲ့ ကိုယ်ထည်က ကျဉ်းမြောင်းပြီး အလေးချိန်က အပေါ်မှာ စုနေတဲ့အတွက် (top-heavy) Hot Wheels ပြိုင်ကားလမ်း (Track Set) တွေပေါ်မှာ မောင်းနှင်တဲ့အခါ အလွယ်တကူ မှောက်ကျသွားလေ့ရှိပါတယ်။
ဒီဇိုင်းပြောင်းလဲခဲ့ရခြင်း: အဲ့ဒီပြဿနာကြောင့် Mattel က ဒီ Rear-Loading ဒီဇိုင်းကို အတည်မပြုဘဲ၊ ကိုယ်ထည်ကို ပိုကျယ်အောင် ဖန်တီးပြီး Surfboard တွေကို ကားရဲ့ ဘေးဘက်မှာ ထည့်သွင်းနိုင်တဲ့ ပုံစံအသစ်နဲ့ အစားထိုးကာ အများအပြား ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့် နောက်ကနေ Surfboard ထည့်ရတဲ့ မူလပုံစံ ရှေ့ပြေးကားတွေဟာ အလွန်ရှားပါးသွားခဲ့ပါတယ်။
အရေအတွက်: ဒီလို surfboard တွေကို နောက်ကနေထည့်ရတဲ့ ပန်းရောင် Beach Bomb ရှေ့ပြေးပုံစံဟာ ကမ္ဘာပေါ်မှာ ၂ စီး ပဲရှိတယ်လို့ အတည်ပြုထားပါတယ်။
၁၉၆၀ ပြည့်နှစ်တွေတုန်းက ကစားစရာကားတွေကို ယောက်ျားလေးတွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်တာဖြစ်လို့ "ပန်းရောင်" ဟာ လူကြိုက်နည်းတဲ့အရောင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပန်းရောင်နဲ့ ထုတ်လုပ်တဲ့ Hot Wheels ကားမှန်သမျှဟာ အခြားအရောင်တွေထက် ပိုရှားပါးလေ့ရှိပါတယ်။
ဒီလို ရှားပါးတဲ့သမိုင်းကြောင်း၊ ရှေ့ပြေးပုံစံဖြစ်နေခြင်းနဲ့ အရောင်အသွေးတို့ ပေါင်းစပ်သွားတဲ့အခါမှာတော့ 1969 Pink Beach Bomb ဟာ Hot Wheels စုဆောင်းသူတွေအတွက် အိပ်မက်တစ်ခုဖြစ်လာခဲ့ပြီး တန်ဖိုးအကြီးဆုံး Diecast ကားတစ်စီးအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကားလေးကြောင့် သူနဲ့မော်ဒယ်တူ VW baywindow microbus တကယ့်ကားအစစ်တွေလဲစျေးပိုတက်ခဲ့ပါတယ်..
ာစုများ