07/02/2025
ကောင်းရနံ့ - Kaung Yanant နံ့သာပေါင်းလေးကို နှစ်သက်သဘောကျတယ်ဆိုလို့
အထူးပဲဝမ်းသာရပါတယ်ညီမလေးရေ ။
Honest review လေးအတွက်လဲ ကျေးဇူးတင်ပါတယ်နော် 🙏🏻🥰
ဒီနေ့မှာတောာ့ စာဖတ်သူတွေကို
ပြောပြချင်တာလေးရှိပါတယ်
ဒီရက်တွေမှာ ဆု အထပ်ထပ်အခါခါ သုံးကြည့်ပြီး
အဆင်ပြေလို့ စာဖတ်သူတွေကိုပါ သုံးစေချင်တဲ့
စေတနာနဲ့ Sharing လုပ်ပေးတာပါ
Product လေးရဲ့ နာမည်က
" ကောင်းရနံ့ 𝐀𝐫𝐨𝐦𝐚𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐀𝐲𝐮𝐫𝐯𝐞𝐝𝐢𝐜 𝐒𝐜𝐫𝐮𝐛 " ပါ
ပထမဆုံးအနေနဲ့ ဘုရားကျောင်းဆောင်သန့်ရှင်းရေး
လုပ်ရာမှာ သုံးဖြစ်ပါတယ်
ဘူးကို စစဖွင့်ချင်းရလိုက်တဲ့ အနံ့မှာတင်
သဘောကျမိတဲ့ ပစ္စည်းလေးပါ
အနံ့နဲ့ ပတ်သက်ရင် ဆုကSensitiveဖြစ်တဲ့သူပါ
ဒီScrubလေးက နံ့သာငါးမျိုးနဲ့ လုပ်ထားတော့
ငယ်ငယ်က အဖွားဆီကနေရနေကျ အနံ့လေးလိုမျိုးမလို့
ဆုအတွက် အရမ်းအဆင်ပြေပါတယ်
စိတ်ကို လန်းဆန်းစေတာ အမှန်ပါ
Scrub ရဲ့ texture က စေးစေးပျစ်ပျစ်လေး
ဒါပေမဲ့ ရေဆေးချလို့ လွယ်တယ်
Scrub အသားကြမ်းကြမ်းကြီးမဟုတ်လို့
မျက်နှာအရေပြားပေါ်တင်သုံးရတာ အဆင်ပြေတယ်
ဆုကတော့ ၂မိနစ် ၃မိနစ်လောက်ထားပြီး
မျက်နှာသစ်ပါတယ်
Chakra cleansing လုပ်တဲ့အခါ Chakra points နေရာတွေမှာ သေချာလေး ပွတ်တိုက်ပေးပြီး
သန့်ရှင်းရေးလုပ်ပေးလို့ရသလို
စိတ်မကြည်တဲ့အခါ Scrubကို ရေဖျော်ပြီး ရေချိုး
ခေါင်းလျှော်လုပ်ပေးတာ
ဒါမှမဟုတ် နေထိုင်ရာ ပတ်ဝန်းကျင်ကို နံ့သာရည်အဖြစ်နဲ့ ပက်ဖျန်းပေးတာမျိုးတွေ ပြုလုပ်ပေးလို့လည်း ရပါတယ်
ကိုယ်ရောစိတ်ပါ စင်ကြယ်လန်းဆန်းစေပြီး
Positive Energy တိုးစေလို့
သုံးသင့်တဲ့ ပစ္စည်းအမျိုးအစားတခုဖြစ်တာကြောင့်
ဒီPost ကို ရေးလိုက်တာပါ
လက်ဆောင်ပေးတဲ့ မမKhine Khant Thwin ကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်
ကောင်းရနံ့လည်း ဒီ့ထက်ပိုအောင်မြင်ပြီး
ရောင်းကောင်းပါစေလို့လည်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
စာဖတ်သူတို့မှာယူချင်တယ်ဆိုရင် အဆင်ပြေအောင်
Page link ပါ ထည့်ပေးထားပါတယ်
https://www.facebook.com/beautyloverspa?mibextid=ZbWKwL
7 / 2 / 2025