11/10/2026
ဒီလကစပီးT&Cလေးတွေပြောင်းလိုက်ပါပီရှင့်အရင်ကတည်းကလည်းဒီlinkပါတာလေးတွေမင်အမြဲချပြနေကြပါတချို့လည်းဖတ်မယ်ထင်ပါတယ်
မင်နောက်ပိုင်းဒီအတိုင်းဆက်သွားတော့မှာပါလူအများနဲ့ပတ်သက်ဆက်ဆံနေရတဲ့အတွက်ဒီလိုမျိုးလုပ်မှတာ
မင့်pgလေးရေရှည်ဆက်သွားနိုင်မှာပါအခုချိန်ထိအားပေးလာတဲ့Cusလေးတွေကိုကျေးဇူးတင်ပါတယ်ရှင်
✅️𝗧𝗲𝗿𝗺𝘀 𝗮𝗻𝗱 𝗖𝗼𝗻𝗱𝗶𝘁𝗶𝗼𝗻𝘀
🛒(မှာယူသူများ ဖတ်ရှုပေးရန်)
🛒China Pre-order ပစ္စည်းများ မှာယူရာတွင် အောက်ပါ စည်းကမ်းချက်များကို အပြန်အလှန် နားလည်မှုဖြင့် သဘောတူညီပြီးမှ မှာယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
✅️Order Verification & Claim 📄
* မင်မင်ဘက်မှ Order ID ပါသော Voucher ပေးပို့ပြီးမှTele Cus Group join ခိုင်းပါမည်။
* Fb or Tele Acc ပျက်သွားပါက မူလ Voucher ပုံနှင့် ငွေလွှဲ SS ကို ပြသနိုင်ရပါမည်။
* အကြောင်းပြချက်မရှိဘဲ ပစ္စည်းရောက်ပြီး ၁ လအတွင်းလာရောက်မရွေးယူပါက ပစ္စည်းအားအခြားသူသို့လွှဲပြောင်းရောင်းချသွားမည်ဖြစ်ပါသည်။
✅️Waiting Time & Refund ⏳
* ပြည်ပမှ အဆင့်ဆင့် သယ်ယူရခြင်းဖြစ်၍ လမ်းခရီး ကြန့်ကြာမှုများ ရှိနိုင်ပါသည်။
* လမ်းခရီး ကြန့်ကြာမှုကြောင့် ပစ္စည်း ရောက်ရှိချိန် မစောင့်နိုင်ဘဲ အလောတကြီး Refund တောင်းယူခြင်းများအား သည်းခံပေးပါရန်။
✅️Parcel Quality & Defect 📦
* ကုန်ကားများဖြင့် သယ်ယူရခြင်း၊ နယ်စပ်ဂိတ်များတွင် စစ်ဆေးခံရခြင်းတို့ကြောင့် အပြင်ဘူးခွံ ထိခိုက်ခြင်း၊ ဂိတ်ဖောက်စစ်ခံရခြင်းများ ရှိနိုင်ပါသည်။
* ကွဲလွယ်/ကျိုးလွယ် ပစ္စည်းများ၊ တရုတ် Shop ဘက်မှ Quality/Error ပိုင်းဆိုင်ရာများနှင့် လမ်းခရီး မတော်တဆမှုများ/ရန်သူမျိုး5ပါးအတွက် Refund ပြန်ပေး၍ မရပါရှင့်။
(မင်မင်ဘက်မှ တရုတ်ဆိုင်သို့ Claim တောင်းပေးခြင်း/ဆက်သွယ်ပေးခြင်းများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါမည်။)
✅️ Shipping Fee & Storage Charges 🚛
* Shipping fee ပေးချေရန် ၃ ရက်စောင့်ပေးပါမည်။
* ရက်ကျော်လွန်ပါက သို့မဟုတ် SF မရှင်းဘဲ နောက်မှ ပစ္စည်းပေါင်းယူပါက Storage charges (တစ်လလျှင် ၅,၀၀၀ ကျပ်) ကောက်ခံသွားပါမည်။
* SF / Storage charges မရှင်းရသေးသော ပါဆယ်များကို ပို့ဆောင်ပေးမည် မဟုတ်ပါ။
* ၁ လထက်ကျော်လွန်၍ သိမ်းဆည်းခိုင်းထားသော ပစ္စည်းများ ပျက်စီး/ပျောက်ဆုံးပါက တာဝန်ယူပေးမည် မဟုတ်ပါ။
✅️Unboxing Video & Delivery Complaint 🎥
* ပါဆယ် ရောက်ရှိပါက Delivery သမားရှေ့တွင် အဖုံးမဖောက်မီမှ စတင်၍ Unboxing Video အစအဆုံး ရိုက်ကူးကာ စစ်ဆေးယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
* Delivery လမ်းကြောင်းကြောင့် ပျက်စီးမှုများ ရှိခဲ့ပါက အဆိုပါ Video သက်သေဖြင့် Delivery Company သို့ တိုက်ရိုက် Complaint တက်ရောက်နိုင်စေရန် မင်မင်ဘက်မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါမည်။
✅️မင်မင်၏ 💯% တာဝန်ယူမှု
* မင်မင်ဘက်မှ ပေါ့ဆမှုကြောင့် ပစ္စည်းမှားဝယ်မိခြင်း သို့မဟုတ် ပစ္စည်းဝယ်မရတော့ခြင်းများ ဖြစ်ပေါ်ပါက 💯% Refund တာဝန်ယူ အပြည့်အဝ ပြန်လည် ပေးလျော်ပါမည်။
✅️Pre-order ၏ သဘောသဘာဝနှင့် Risk များကို လက်ခံနိုင်ပါက စိတ်ချယုံကြည်စွာ မှာယူနိုင်ပါပြီရှင့်။ ကျေးဇူးတင်ပါတယ်ရှင်။ ❤️
🛒ပစ္စည်းမှာယူမယ်ဆိုရင်LinkထဲကPreorder factsတွေအရင်ဝင်ဖတ်ပေးပါနော်💕
https://www.facebook.com/share/p/1GLVDH9v29/