28/07/2026
🛎️"လမြတ်ဝါဆိုအခါတော်ကိုးပါး"🛎️
💫💫💫💫💫💫💫💫💫💫
မြန်မာ ဆယ်နှစ်လတွင်
ဗုဒ္ဓဘာသာဝင်တို့အလေးအမြတ်ထားသော
လထူး လမြတ်များရှိကြသည်။ထိုလထူးလ
မြတ်များတွင်ဝါဆိုလသည်လည်း တစ်ခုအ
ပါအဝင်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော်ဝါဆိုလ
သည်ဗုဒ္ဓဘာသာအရဟန်းတော်များ ဝါတွင်း
သုံးလပတ်လုံးမိမိတို့သီတင်းသုံးရာကျောင်း
တိုက် အသီး သီး တို့၌ ဝါဆို ဝါကပ်သောလ
ဖြစ်သောကြောင့်ဖြစ်ပါသည်။
နိုင်ငံအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်
သူတော်စင် ဒကာဒကာများကဝါဆိုသင်္ကန်း၊
ဝါဆိုပန်း အစရှိသော လှူဖွယ် ပစ္စည်းတို့ဖြင့်
ကောင်းမှု ဒါနများ ပြုလုပ်ရာ လလည်းဖြစ်
ပါသည်။
ဝါဆိုလကိုရောက်ပြီဆိုလျှင်
ကာလဒါနဟုခေါ်ဆိုထိုက်သောဝါဆိုသင်္ကန်း
ကပ်လှူရန်လဟုအလိုလိုသိရှိနားလည်နေကြ
ပြီးဖြစ်ပါသည်။
ဝါဆိုလပြည့်နေတွင်
ဝါတွင်းဥပုသ်သီလများစတင်စောင့်ထိန်းကြ
သောလလည်းဖြစ်ပါသည်။ထို့ကြောင့် ဝါဆို
လသည် ဒါန ကောင်းမှု သီလ ကောင်းမှုများ
ကြဲချစိုက်ပျိုးရာလဖြစ်ပါသည်။
ထို့ပြင် ဗုဒ္ဓမြတ်စွာ၏
ထူးခြားသော ဖြစ်စဉ် များသည် ဝါဆို လ၌
များစွာရှိခဲ့သည်။အခါတော်(၉)ပါးနှင့် ပြည့်
စုံသော လဖြစ် သည်ဟု ဗုဒ္ဓဘာသာဝင် များ
မှတ်တမ်းတင်ထားကြပါသည်။
#အခါတော်ကိုးပါးဆိုသည်မှာ -
(၁) မြတ်စွာဘုရား မယ်တော်
ဝမ်းတိုက်မှာ ပဋိသန္ဓေ တည်နေတော်မူခြင်း။
(၂) ဥယျာဉ်တော်မှာ
စံပျော်စဉ် နတ်ဝတ်တန်ဆာကိုဆင်မြန်းခြင်း။
(၃) ကိသာဂေါတမီအား
လည်စွဲ တန်ဆာကို စွန့်၍ ကျေးဇူး ဆပ်ခြင်း။
(၄)နိမိတ်ကြီးလေးပါးကိုမြင်၍တောထွက်ခြင်း။
(၅)မာနတ်မင်း၏ရန်ကိုအောင်မြင်တော်မူခြင်း။
(၆) ဘုရားဖြစ်ပြီး၍ ဝေနေယျ
သတ္တဝါတို့အားဧဟိဘိက္ခုခေါ်တော်မူခြင်း။
(၇) တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခြင်း။
(၈) ပဉ္စဝဂ္ဂီငါးဦးကို မိဂဒါဝုန်
တော၌ ဓမ္မစကြာတရားဦးဟောတော်မူခြင်း။
(၉) မယ်တော်ဖြစ်ဖူးသော
သန္တုဿိတနတ်သားကိုအဘိဓမ္မာဒေသနာတော်
ကို ဟော ကြားတော် မူခြင်း- ဟူသော ကောင်း
မြတ်သော အခါတော် (၉) ပါးနှင့်လည်း ပြည့်စုံ
သောလ ဖြစ်ပါသည်။
ထိုကြောင့် ဝါဆိုလကို
ဗုဒ္ဓဘာသာဝင် သူတော်စင်များကကောင်းမြတ်
သောလ၊ကောင်းမှုကုသိုလ်တို့ အများအပြာဖြစ်
ထွန်းရာလ၊လမြတ်ဝါဆိုအဖြစ် အလေးအမြတ်
ထားခဲ့ကြပါသည်။
* first writer * ✍️