Sweet lady fashion

Sweet lady fashion အရည်သွေးမှီ qualityကောင်း ဈေးနှုန်းသင့်?

23/01/2026

ရန်ကုန်ရောက်လို့ မြန်မာထမင်းဟင်း ကောင်းကောင်း စားချင်သူတွေအတွက် အကောင်းဆုံး မြန်မာထမင်းဆိုင် (၃၀)

Myint Lwin အကောင့်ကနေ တင်ထားတဲ့ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး မြန်မာထမင်းဆိုင် (၃၀) ကို ဖော်ပြပေးလိုက်ပါတယ်-

၁။ ခိုင်စိုးစိုး သုဝဏ္ဏလမ်းဆုံ - သူက သုဝဏ္ဏဘက်မှာတော့နာမည်ကြီးပဲ ကားနေရာဘယ်တော့မှမရဘူး။ လိပ်စာက သံသုမာလမ်းမကြီးပေါ် သုဝဏ္ဏလမ်းဆုံနားမှာ မင်မင်က အဲ့ဆိုင်က ဆိတ်ရိုးပဲကြိုက်တယ် ပုဇွန်ထုပ်ကြိုက်တယ်။ လုဝယ်လုစားရတာ၊ ၁၂:၃၀ လောက်လာရင် အိုးဆေး ရမယ်။ ဟင်းမစုံတော့ဘူး။ မြောက်ဒဂုံမှာ ခုဆိုင်ခွဲတခုထပ်ဖွင့်ထားတယ် Customer Service လဲကောင်းတယ်။

၂။ ဇဝန ထမင်းဆိုင် သင်္ဃန်းကျွန်း - ဒီဆိုင်ကတော့ နာမည်လဲကြီးသလိုစျေးလဲကြီးတယ်။ ဒါပေမယ့်အရသာကရှယ် သူ့ဆိုင်က လေးထောင့်ကန်လမ်းမပေါ်မှာ Radio New Frequency မျက်စောင်းထိုးလောက်မှာ အဲ့ဆိုင်ရောက်ရင်အမြဲစားဖြစ်တာက ဆိတ်သားလုံးရယ် ငါးမြင်းဗိုက်သားရယ် ဆိတ်ဦးနှောက်ရယ် ဘဲပေါင်းရယ် ငါးသလောက်ပေါင်းရယ် စျေးနည်းနည်းကြီးတာကလွဲလို့ စားကောင်းချက်ကလက်လန်တယ်။

၃။ မြကန်သာဦးအုန်း မြန်မာထမင်းဆိုင် - ဒီဆိုင်ကတော့ ငါးပိကြော်နာမည်ကြီးတယ်။ အရမ်းကြိုက်တယ် ဦးအုန်းကြီးက ကိုဗစ်ကာလတုန်းကဆုံးသွားတယ်။ သူ့ဆိုင်ကအရသာကောင်းတယ် ဦးအုန်းဆိုင်က ပုဇွန်ထုပ်ချက်နဲ့ ဝက်အချိုချက်ကြိုက်တယ်။ သူက ဆန်းဒေးတရက်ပိတ်တယ် အရသာလေးလေးပင်ပင်နဲ့ စားကောင်းတယ်။ ရန်ကုန် တိရစ္ဆာန်ရုံ ဗိုလ်မင်းရောင်လမ်း ဝင်ပေါက်နားမှာဆိုင်အသစ်ဖွင့်ထားတယ်

၄။ ပွင့် သန်လျင် - သန်လျင်ကညနရုံးနားက ပွင့် ထမင်းဆိုင်က အဲ့ဆိုင်က ငါးဘတ်မွှေကောင်းတယ်။ စျေးတော့နည်းနည်းများတယ်။ သူလဲကားအပြည့် စျေးကြီးတဲ့အထဲပါတယ်။ အရသာကောင်းတယ် သန့်ပြန့်နေတယ် အဲယားကွန်းလဲပါတော့ စားရတာ သက်တောင့်သက်သာရှိတယ်။

၅။ လှမြန်မာ ရွှေဘ ထမင်းဆိုင် - ဒီထမင်းဆိုင်က ကိုယ့်ဖေးဘရိတ် အရသာကရှယ်၊ ငါးဘတ်မွှေရယ် ဘဲဥဟင်းရယ်နောက်ပြီး ပုဇွန်ဘော့ကျိတ်လေးတွေရယ် ကြိုက်တယ်။ သူ့ဆိုင်က ဘာစားစားကောင်းတယ် ဦးဝိစာရလမ်း Denko ဘေးကဝင်ရတယ်။

၆။ နွေမ ထမင်းဆိုင် သာကေတ - သာကေတမြင်တော်သာလမ်းက နွေမထမင်းဆိုင်စားကောင်းတယ် အိမ်ချက်လေးနဲ့တူတယ်။ သူ့ဆိုင်က ငါးခူ မကျဉ်းချက်လေးစားကောင်းတယ်။ တခြားဟင်းတွေလဲကောင်းပါတယ်။

၇။ သံလျှက်စွန်းက မော်လမြိုင်ဒေါ်ရီ - သူ့ဆိုင်မှာအကြိုက်ဆုံးက ငရုတ်သီဆားထောင်းနဲ့ ငါးပိရည်ကြို အရမ်းကြိုက်တယ်။ ကြက်သားအာလူးဟင်းလေးလဲကြိုက်တယ်။ ကြက်ကြော်လေး ကြော်ထားတာ ကြွပ်ရွနေရောပဲ။ သူက အိမ်ဆိုင်လေးနဲ့တူတယ် တော်တော်စားကောင်းတယ်။ အခုက ခြံစည်းရိုးကြီးခတ်ထားတော့ နည်းနည်းတော့ သွားရခက်တယ်။

၈။ အောင်သုခ မြန်မာထမင်းဆိုင် - အခုလိုစျေးတွေတက်တဲ့ကာလမှာ စျေးသက်သက်သာသာနဲ့ ရောင်းပေးတယ်။ အရသာက အရင်ကလောက် ရင်ထဲမရောက်တော့ဘူး။ ဒါပေမယ့်သူတို့ဆိုင်က တည်ပေးတဲ့ ဟင်းချိုရည်လေးကတော့ အခုထိကောင်းတုန်း။

၉။ ရန်ကင်းက ဒေါ်ငွေကြည် - ရန်ကင်းလမ်းမ ရန်ရှင်းလမ်းသွယ် ၇ ထဲက မော်လမြိုင် ဒေါ်ငွေကြည် ။ ၁၉၈၈ အရေးအခင်းကာကတည်းက ဖွင့်တာ အရသာကောင်းတယ်။ စျေးတော့ နည်းနည်းများတယ် ကိုယ်တော့ အရမ်းကြိုက်တဲ့ အထဲမှာ မပါဘူး။

၁၀။ ဇွဲ ဘုရင့်နောင် - သူက ဘုရင့်နောင်လမ်းဆုံအကျော်လေးပဲ ထိုင်စားရတယ်။ စားပွဲဝိုင်းနဲ့ သူချက်တဲ့ပုံစံက အိမ်ချက်လိုမျိုးပဲ စားလို့ကောင်းတယ်။ အဲ့ဆိုင်က ငါးရံ့အူကြိုက်တယ်။ လက်ရည်တပြင်တည်းစားရတာဆိုတော့ မိုက်တယ် စျေးတော့နည်းနည်းပြင်းတယ်။

၁၁။ စက်ဆန်း New Day ဆီဆိုင်ဘေး လမ်းကြားထဲက မွန်မ မြန်မာထမင်းဆိုင် - အဲ့ဆိုင်ကငါးသလောက်ပေါင်း ငါးခေါင်းကောင်းတယ် ဆိုင်အနေအထားနဲ့ ယူတဲ့စျေးများတယ်ထင်လို့ မစားဖြစ်တာတော့ကြာပြီ။

၁၂။ အလုံဆင်မင်းစျေးနားက ဝင်းမေတ္တာ - ဒီဆိုင်ကတော့ စျေးကြီးပါတယ် ဆိုတဲ့ ဆိုင်တွေထက် နည်းနည်းစျေးပိုကြီးတယ်။ ဒါပေမယ့်သူက ဆီအသန့်သုံးတယ်။ စားရတာအဆင်ပြေတယ်။ အရသာကောင်းတယ် ရင်ထဲတော့ထိမနေဘူး လမ်းကြုံရင်တော့ဝင်စားဖြစ်တယ် ကောင်းတဲ့ဆိုင်ထဲမှာပါတယ်။

၁၃။ စေတနာရှင် မြန်မာထမင်းဆိုင် - ဒီဆိုင်က လှိုင်ဓမ္မာရုံလမ်းထဲက အရင်က ပျဉ်ထောင်အိမ်လေး အခုတော့တိုက်ကြီးနဲ့ဖြစ်သွားပြီ။ အရင်ကိုယ်တွေ ဝိုင်အိုင်တီကျောင်းသားဘဝကတည်း ကစားခဲ့တဲ့ ဆိုင်လေး အဲ့ဆိုင်က အရင်စားတုန်းက အရသာတော့မမီတော့ဘူး။ စေတနာရှင်ဆိုတဲ့အတိုင်း ဆိုင်ရှင်အမလင်မယားက အရမ်းသဘောကောင်းတယ် ကျောင်းသားဘဝကဆို ထန်းလျက်ဖြူတွေ ပါဆယ်ပါဆွဲတာလဲ ပြုံးပြုံးပြုံးပြုံးပဲ သူငယ်ချင်းတွေအချင်းချင်းစကြတယ် မင်းတို့လုပ်တာ စေတနာရှင်ကနေ ဦးစိတ်တိုနဲ့ မျောက်ညိုဖြစ်တော့မယ်ဆိုပြီး။

၁၄။ ကုန်းမြင့်သာ စားတော်ဆက် - သူကတော့ ကိုယ်တွေလူပျိုဘဝကတည်းကစားခဲ့တဲ့နေရာပါ အရသာကတော့အခုအထိကောင်းတုန်းပါပဲ အထူးသဖြင့် စီးပွားရေးကိစ္စ နေ့လည်စာ စားရင်း စကားပြောမယ်ဆို ဒီဆိုင်ကိုသဘောကျတယ် အဲ့ဆိုင်က အမဲနှပ်ကြိုက်တယ် အခုရွှေတောင်ကြားထဲမှာ ဆိုင်အသစ်ထပ်ဖွင့်ထားတယ်။

၁၅။ မြင့်မိုရ် မေတ္တာလမ်း တောင်ဥက္ကလာ - One Stop Mart ရှေ့ကဆိုင်လေး စျေးတော်တော်တန်ပြီး အရသာလဲကောင်းတယ် စေတနာပါတယ် ခံစားရတယ်။ စားကို စားကြည့်သင့်ပါတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။

၁၆။ မေတ္တာရိပ် မေတ္တာလမ်း တောင်ဥက္ကလာ - မေတ္တာရိပ်ထမင်းဆိုင်လေးက ဆိုင်နာမည်အတိုင်းအေးအေးချမ်းချမ်းလေး အရသာလဲကောင်းစျေးလဲသင့် သန့်ရှင်းသပ်ရပ်တယ် မြန်မာထမင်းဟင်းသဘောကိုက လုစားအလှုမှာစားရသလိုစားချင်တော့ အကြိုက်တော့ သိပ်မတွေ့လှဘူး အတွဲနဲ့ဆိုရင်တော့ထိုင်ဖြစ်တယ်

၁၇။ တိုင်းရင်းသား - ဒီဆိုင်က ထိုင်လို့ကောင်းတယ် မန်းလေးကမိတ်ဆွေလာရင် အာပုံဝယ်ဝယ်ပြန်သွားတယ် စီးပွားရေးကိစ္စ နေ့လည်စာ စားလို့ကောင်းတဲ့နေရာလေးပါ။

၁၈။ ဇနက မြန်မာထမင်းဆိုင် အောင်ဇေယျလမ်း - လူငယ်တွေဦးစီးတဲ့ The Lord အဖွဲ့ကလုပ်တာဆိုတော့ အစစအရာရာ အဆင်ပြေစားကောင်းတယ်သူ့ရဲ့အားသာချက်က ဟင်းတော်တော်စုံစုံရတယ်။

၁၉။ ဓနုဖြူဒေါ်စောရီ ကန်လမ်း - ကန်လမ်းက ဓနုဖြူဒေါ်စောရီဆိုင်ကြိုက်တယ် အရသာထိထိမိမိရှိတယ် ခံစားရတယ်။

၂၀။ ရွှေညာသူမြန်မာထမင်းဆိုင် - အလုံ ကွင်းကျောင်းလမ်းက ရွှေညာသူ ဆိုင်လည်းကောင်းတယ်။ သူ့ဆိုင်က ဟင်းအရံပေးတဲ့ နှမ်းဖတ်ချဉ်သုတ်က အညာအရသာအတိုင်း။ သူ့ဆိုင်က ဆိတ်ပဲကနာမည်ကြီး။ ငရှဉ့်ချက်လည်းရတယ်။

၂၁။ ၃၇ လမ်း အပေါ်ဘလောက်က ၂၀၃ ထမင်းဆိုင် - ဒီဆိုင်ကတော့စားလိုက်တာနဲ့ အိမ်ကိုလွမ်းသွားစေတယ်။ နှစ်ပေါင်း ၄၀ ကျော်ရှိပြီ ဝက်နံရိုး အချိုချက်က စားနေကြအရမ်းကြိုက်ပေမယ့် ရောက်တာနောက်ကျလို့ ကုန်၊ ငါးသလောက်ပေါင်းကလဲ အရိုးတွေပါစားလို့ရတယ် ကြက်သွန်နီချိုချိုလေးနဲ့ ပဲကြီးနှပ်နဲ့ စားပြီး မင်မင်တော့ ရောက်ရှိချက်က စားပီး အိမ်ပြန်အိပ်တော့တာပဲ။

၂၂။ မြောက်ဥက္ကလာ တံတားအဆင်းက မွန်မလေး - မွန်မလေးက စားကောင်းစျေးတန် လူ အမြဲအပြည့် နောက်ပိုင်းအဲ့ဘက်လမ်းမကြုံတာနဲ့ မရောက်ဖြစ် ဘာစားစားကောင်းတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။

၂၃။ ခါလာကြီး ဇီးရိုးမိုင် - ခါလာကြီးစားဖူးရင် တော်ရုံဆိုင်က အမဲနှပ်မတိုးတော့လောက်အောင်စ ားကောင်းပါတယ် အရံဟင်း ၂၀ လောက်ချပေးတယ်။ ကြယ်ငါးပွင့် ပေးပါတယ်။

၂၄။ ဗဟိုလမ်း အာရှတော်ဝင်မျက်စောင်းထိုးက စွဲ - သူကတော့ နှစ်ပေါင်း ၂၄ နှစိလောက်ရှိပါပြီ မြန်မာထမင်းဟင်းတွေစားကောင်းတယ်။

၂၅။ လှိုင်ကားဝယ်ရောင်းဝင်းထဲက မိသားစု ထမင်းဆိုင်

၂၆။ စက်ဆန်း ရွှေညောင်ပင် - အရသာသင့် စျေးနှုန်းသင့်ပါတယ်

၂၇။ ကန်တော်လေး ပိတောက်ရွှေဝါ - ဆိတ်သားအလွန်မိမိုက် ငါးခေါင်းရှယ် မနုသနီသောက်လို့ကောင်း ထမင်းစားချိန်မှာ မြိန်သွား စေမယ်။ ဟင်းအမယ်အားလုံး အရမ်းကောင်းတယ် ကြက်သားလဲ နူးအိ။ ၂ ဆိုင်ရှိတယ်။ ၉၃ လမ်းထဲကဆိုင်က ပိုစားကောင်းတယ်။

၂၈။ စမ်းချောင်း ဦးပြောင် - ငါးရံ့ခေါင်း ရှယ်၊ ပဒုမ္မာလမ်း ဦးပြောင်။

၂၉။ အလုံဝေဘောဂီလမ်းထဲက ရွှေဖူးခိုင် - စျေးသင့်ပြီး အိမ်ချက်စားကောင်းတယ်။

၃၀။ ရေတာရှည်လမ်း ကို သွားတဲ့ ယုဇန Hotel ဘေးက လမ်းထဲက ဦးမှန်း မြန်မာထမင်းဆိုင်

#ရန်ကုန်
Crd
#မြန်မာထမင်းဆိုင်

"ပိုက်ဆံရှာရတာ ပင်ပန်းနေပေမယ့် လက်ထဲမှာ ငွေမမြဲဘူး ဖြစ်နေလား? လာဘ်လာဘကို ဆွဲဆောင်ပေးနိုင်တဲ့ 'Lucky Color' တွေအကြောင်း သ...
21/01/2026

"ပိုက်ဆံရှာရတာ ပင်ပန်းနေပေမယ့် လက်ထဲမှာ ငွေမမြဲဘူး ဖြစ်နေလား? လာဘ်လာဘကို ဆွဲဆောင်ပေးနိုင်တဲ့ 'Lucky Color' တွေအကြောင်း သိထားဖို့ လိုနေပါပြီ"

ပိုက်ဆံအိတ်ဆိုတာ ကျွန်တော်တို့ရဲ့ ဓနဥစ္စာတွေ ကိန်းဝပ်ရာ "ငွေကြေးရဲ့ အိမ်" လို့ တင်စားလို့ရပါတယ်။ ဒါကြောင့် ပိုက်ဆံအိတ်အရောင် ရွေးချယ်မှုဟာ လာဘ်လာဘ ပွင့်လန်းစေဖို့နဲ့ ငွေမြဲစေဖို့အတွက် အရေးကြီးတယ်လို့ ဗေဒင်နဲ့ ဖုန်းရွှေပညာရပ်တွေမှာ ယုံကြည်ကြပါတယ်။

သင့်အတွက် ပိုက်ဆံအိတ်က ဘယ်လိုအရောင်မျိုးက စီးပွားလာဘ်လာဘ အကောင်းဆုံးဖြစ်မလဲဆိုတာ မျှဝေပေးချင်ပါတယ်

၁။ အနက်ရောင် ပိုက်ဆံအိတ်ဟာ အသုံးအများဆုံးနဲ့ အသင့်တော်ဆုံး အရောင်ဖြစ်ပါတယ်။ ၎င်းဟာ တည်ငြိမ်ခြင်းနဲ့ ကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်။
ငွေအဝင်ထွက်ကို ထိန်းညှိပေးပြီး စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အထူးကောင်းမွန်ပါတယ်။

အသုံးအဖြုန်းကြီးသူတွေအနေနဲ့ အနက်ရောင်ကို သုံးရင် ငွေထွက်မလွယ်ဘဲ ငွေမြဲစေ စုမိဆောင်းမိ ရှိစေပါတယ်။

၂။ အညိုရောင် ပိုက်ဆံအိတ်ဟာ စုဆောင်းနိုင်မှုနှင့် ခိုင်မာမှုကို ကိုယ်စားပြုပါတယ်။
ငွေကြေးကို အလဟဿ မဖြုန်းတီးမိအောင် ကာကွယ်ပေးပြီး ပိုက်ဆံစုချင်သူတွေအတွက် အကောင်းဆုံးအရောင်ပါ။
ဝန်ထမ်းတွေနဲ့ ပုံမှန်ဝင်ငွေရှိသူတွေအတွက် ငွေအဝင်ခိုင်မာတည်တံ့ဖို့ အလွန်သင့်တော်ပါတယ်။

၃။ အစိမ်းရောင် ပိုက်ဆံအိတ်ဟာ ဖွံ့ဖြိုးတိုးတက်မှု၊ အခွင့်အလမ်းသစ် ရှင်သန်ခြင်းနဲ့ တိုးပွားခြင်းကို အဓိပ္ပာယ်ဆောင်ပါတယ်။
ဝင်ငွေလမ်းကြောင်းအသစ်တွေ ပွင့်စေပြီး လုပ်ငန်းချဲ့ထွင်နေသူတွေအတွက် လာဘ်ကောင်းစေပါတယ်။
စီးပွားရေးလုပ်ငန်းသစ် စတင်မယ့်သူတွေအတွက် အထူးရွေးချယ်သင့်တဲ့ အရောင်ဖြစ်ပါတယ်။

၄။ ရွှေရောင် သို့မဟုတ် အဝါရောင် ပိုက်ဆံအိတ်ဟာ
ကြွယ်ဝချမ်းသာမှု၊ အထက်တန်းကျမှုနဲ့ ငွေကြေးအင်အားကို တိုက်ရိုက်ကိုယ်စားပြုပါတယ်။

ကံကောင်းခြင်းတွေကို ဆွဲဆောင်နိုင်ပြီး လာဘ်ကြီးရတတ်ပါတယ်။
အဝါရောင်ဖျော့ဖျော့ထက် ရွှေရောင် သို့မဟုတ် အဝါရင့်ရင့်က ငွေဝင် ပိုကောင်းစေပါတယ်။

၅။ အနီရောင် ပိုက်ဆံအိတ်ကတော့ စွမ်းအင်နှင့် လှုပ်ရှားမှုကို ကိုယ်စားပြုပြီး မီးဓာတ်ဖြစ်တဲ့အတွက် အင်အားအလွန်ကြီးပါတယ်။
လာဘ်လာဘကို မြန်မြန်ဆန်ဆန် ဆွဲဆောင်နိုင်ပါတယ်။
သတိထားရမှာကတော့ ငွေကို မီးလိုလောင်ကျွမ်းစေတတ်လို့ ငွေအဝင်ကြမ်းသလို အထွက်လည်း မြန်တတ်ပါတယ်။

အဖြူရောင်၊ အပြာရောင် ပိုက်ဆံအိတ်တွေကတော့ ရှောင်နိုင်ရင််််််််််််််််ကောင်းပါလိမ့်မယ်။

ပိုက်ဆံအိတ်ထဲမှာ လာဘ်ပွင့်အောင် ထားရှိသင့်တဲ့ နည်းလမ်းကောင်းများ
အရောင်အပြင် အောက်ပါအချက်လေးတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်

အိတ်ကို သန့်ရှင်းအောင်ထားပါ၊ ပိုက်ဆံအိတ်ထဲမှာ စလစ်ဟောင်းတွေ၊ အမှိုက်တွေ မထားပါနဲ့။ ငွေဝင်လမ်း ပိတ်တတ်ပါတယ်။
ငွေစက္ကူကို စနစ်တကျစီပါ၊ ငွေစက္ကူတွေကို အဖျားမခေါက်ဘဲ တန်ဖိုးအလိုက် အစီအရီ ထားရှိခြင်းက ငွေကို တန်ဖိုးထားရာရောက်ပြီး လာဘ်ပွင့်စေပါတယ်။
ပိုက်ဆံအိတ် အပေါက်အပြဲမရှိပါစေနဲ့၊ အိတ်ပေါက်နေရင် လာဘ်ယိုဖိတ်တတ်တယ်လို့ ယူဆကြပါတယ်။





Crd

ဒါဆို ပိုရှင်းသွားပြီ ဒီကိုလာကြတော့😂😂😂ထပ်မေးစရာကိုမလိုတော့ဘူးနော်ဒီညအတွက် မင်မင့်စေတနာ😂😂😂
31/12/2025

ဒါဆို ပိုရှင်းသွားပြီ ဒီကိုလာကြတော့😂😂😂
ထပ်မေးစရာကိုမလိုတော့ဘူးနော်
ဒီညအတွက် မင်မင့်စေတနာ😂😂😂

မြင်သူအေးစေပြီး ရှု့မငြီးနိုင်တဲ့ ကြည်ပြာလေး🩵စီခေouteltbase 24cm73000ks   #အသင့်ရှိ
31/12/2025

မြင်သူအေးစေပြီး ရှု့မငြီးနိုင်တဲ့ ကြည်ပြာလေး🩵

စီခေ
outelt
base 24cm
73000ks

#အသင့်ရှိ

ပစ္စည်းများများထည့် စတိုင်ကျကျလွယ် 😎🩷အယ်လ်ဗွီtotebase 35cm150000ks with box  Disclaimer:S-H Fashion is not associated wi...
31/12/2025

ပစ္စည်းများများထည့် စတိုင်ကျကျလွယ် 😎🩷

အယ်လ်ဗွီ
tote
base 35cm
150000ks with box


Disclaimer:S-H Fashion is not associated with this brand. Products of these photos are for resell purpose only. We do not own the trademark of the product. All rights and credits go to the rightful owner.

ချစ်ဖို့ကောင်းတဲ့ အိတ်လေးအိမ်ခေါ်ထားချင် ဖက်ထုပ်လုံးလုံး လေးယူ🖤😘ချယ်နယ်လ်Base 22cm85000ks with box    #အသင့်ရှိ
31/12/2025

ချစ်ဖို့ကောင်းတဲ့ အိတ်လေးအိမ်ခေါ်ထားချင် ဖက်ထုပ်လုံးလုံး လေးယူ🖤😘

ချယ်နယ်လ်
Base 22cm
85000ks with box

#အသင့်ရှိ

တစ်အိတ်၀ယ်တာ နဲ့နှစ်အိတ်ကိုင်ရမယ့် အကြမ်းလည်းခံ တန်လည်းတန် လှလည်းလှတဲ့ အိတ်လေး🍓🤎ဝိုင်အက်စ်အယ်လ်Base30cmဆိုဒ်ကြီးတာမို့ အ...
31/12/2025

တစ်အိတ်၀ယ်တာ နဲ့နှစ်အိတ်ကိုင်ရမယ့် အကြမ်းလည်းခံ တန်လည်းတန် လှလည်းလှတဲ့ အိတ်လေး🍓🤎

ဝိုင်အက်စ်အယ်လ်
Base30cm
ဆိုဒ်ကြီးတာမို့ အများကြီးထည့်😁😁😁
75000ks
2 in1
#အသင့်ရှိ

စတိုင်ကျလှပပြီး အိတ်အသေး ခရုတီဖြစ်တဲ့ပုံလေးကြိုက်ရင် ဒါလေးယူ🍓🖤Base21cm 88000 #အသင့်ရှိ
31/12/2025

စတိုင်ကျလှပပြီး အိတ်အသေး ခရုတီဖြစ်တဲ့ပုံလေးကြိုက်ရင် ဒါလေးယူ🍓🖤

Base21cm
88000
#အသင့်ရှိ

ပေါ့ပေါ့ပါးပါးနဲ့ Unisex ကိုင်လို့ရတဲ့ snake wallet လေး🐍❤️‍🔥ဂူချီMen wallet18,000ks with box
31/12/2025

ပေါ့ပေါ့ပါးပါးနဲ့ Unisex ကိုင်လို့ရတဲ့ snake wallet လေး🐍❤️‍🔥

ဂူချီ
Men wallet
18,000ks with box

cutie ဖြစ်တဲ့ အိတ်လေးကိုမှ လခြမ်းလေးနော် သဲလေးတို့  အရမ်းချစ်ဖို့ကောင်းပြီ အရောင်လေးကအသားဆောင်လို့ အရမ်းလှတာလေး🫶☘️စီခေBa...
31/12/2025

cutie ဖြစ်တဲ့ အိတ်လေးကိုမှ လခြမ်းလေးနော် သဲလေးတို့ အရမ်းချစ်ဖို့ကောင်းပြီ အရောင်လေးကအသားဆောင်လို့ အရမ်းလှတာလေး🫶☘️
စီခေ
Base 20cm
70000ks with box

#အသင့်ရှိ

စတိုင်ကျကျချင်လား မိမိုက်ချင်လား ဒီZara လေးကိုင် အသားအိအိလေးနဲ့ အတွင်းလည်းရှယ်ကျယ်🖤😎ဇာရာOutlet75000ksBase 30 cm Disclaim...
31/12/2025

စတိုင်ကျကျချင်လား မိမိုက်ချင်လား ဒီZara လေးကိုင် အသားအိအိလေးနဲ့ အတွင်းလည်းရှယ်ကျယ်🖤😎

ဇာရာ
Outlet
75000ks
Base 30 cm


Disclaimer:S-H Fashion is not associated with this brand. Products of these photos are for resell purpose only. We do not own the trademark of the product. All rights and credits go to the rightful owner.

ကိုကို တွေပြီးရင် မမတွေအတွက် အထာကျကျလေးကိုင်ဖို့😎အသားကျစ်ကျစ်လေးနဲ့ ပါးပါးလေးကိုင်ရမှ အားရတာဆိုရင် ယူသာယူ #အသင့်ရှိ အယ်လ...
31/12/2025

ကိုကို တွေပြီးရင် မမတွေအတွက် အထာကျကျလေးကိုင်ဖို့😎
အသားကျစ်ကျစ်လေးနဲ့ ပါးပါးလေးကိုင်ရမှ အားရတာဆိုရင် ယူသာယူ
#အသင့်ရှိ

အယ်လ်ဗွီ
wallet
45000ks with box


Disclaimer:S-H Fashion is not associated with this brand. Products of these photos are for resell purpose only. We do not own the trademark of the product. All rights and credits go to the rightful owner.

Address

Ngwe Thar Gi Main Road A/Block
Yangon
11031

Website

Alerts

Be the first to know and let us send you an email when Sweet lady fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share