Garden of Tulip - Bookstore

Garden of Tulip - Bookstore Life is short.Read for fun!!!

တခါတုန်းကချမ်းပြီးတော့တုန်ရှာလွန်းလို့သြဂုတ်လတွေဆီထွက်ပြေးသွားတဲ့လူတစ်ယောက်ရဲ့ပုံပြင်လိုပေါ့ကွယ်။ #ပိုင်စိုးဝေ  #နှလုံးသ...
19/08/2026

တခါတုန်းက
ချမ်းပြီးတော့တုန်ရှာလွန်းလို့
သြဂုတ်လတွေဆီထွက်ပြေးသွားတဲ့
လူတစ်ယောက်ရဲ့ပုံပြင်လိုပေါ့ကွယ်။

#ပိုင်စိုးဝေ #နှလုံးသားဓာတ်စာ

" လူတွေဟာ ကိုယ့်အတွက် တစ်ခုခုလိုချင်တဲ့အခါကျမှ သူတစ်ပါးကို တောင်းပန်ခယတတ်ကြတာပါ။ ကျွန်တော်ကတော့ ကိုယ်ကပေးရဖို့အတွက် မမကိ...
19/08/2026

" လူတွေဟာ ကိုယ့်အတွက် တစ်ခုခုလိုချင်တဲ့အခါကျမှ သူတစ်ပါးကို တောင်းပန်ခယတတ်ကြတာပါ။ ကျွန်တော်ကတော့ ကိုယ်ကပေးရဖို့အတွက် မမကို တောင်းပန်ခယနေပါတယ်။ မမကို ကြင်နာမှုတွေ၊ ယုယမှုတွေ၊သစ္စာတရားတွေ ပေးဖို့ပါပဲပေါ့ "

#မင်းလူ
#သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်
#၁၂၀၀၀ကျပ်

Positive Vibes အမှတ်တရစကား လေးနဲ့ပါဝင်ပါဆိုပြီး Customer ညီမလေးပေးထားတဲ့Giveawayရဲ့ Winners ပါရှင်။Giveaway ပေးတဲ့ Custo...
19/08/2026

Positive Vibes အမှတ်တရစကား လေးနဲ့ပါဝင်ပါဆိုပြီး Customer ညီမလေးပေးထားတဲ့Giveawayရဲ့ Winners ပါရှင်။

Giveaway ပေးတဲ့ Customer ညီမလေးကိုယ်တိုင် Comment ဖတ်ပြီးသူသဘောကျတာရွေးထားတာပါရှင်။

Congratulations ပါရှင့်။ Page inboxကို (၃)ရက်အတွင်းဆက်သွယ်ပေးပါဦးရှင်။ Account ပိုင်ရှင်ကို သိတဲ့သူများ Mention ပေးပြီး အပျော်တွေမျှဝေလို့ရပါပြီ။

အားလုံးပဲ ကောင်းသောညပါရှင် 🌷🦋

https://www.facebook.com/share/p/1BqTzAE9bN/

(၂)နှစ်ပြည့် Anniversary အတွက်ဆိုပြီး Customer ညီမလေးပေးထားတဲ့Giveawayရဲ့ Winner ပါရှင်။Giveaway ပေးတဲ့ Customer ညီမလေးက...
19/08/2026

(၂)နှစ်ပြည့် Anniversary အတွက်ဆိုပြီး Customer ညီမလေးပေးထားတဲ့Giveawayရဲ့ Winner ပါရှင်။

Giveaway ပေးတဲ့ Customer ညီမလေးကိုယ်တိုင် Comment ဖတ်ပြီးသူသဘောကျတာရွေးထားတာပါရှင်။

Congratulations ပါရှင့်။ Page inboxကို (၃)ရက်အတွင်းဆက်သွယ်ပေးပါဦးရှင်။ Account ပိုင်ရှင်ကို သိတဲ့သူများ Mention ပေးပြီး အပျော်တွေမျှဝေလို့ရပါပြီ။

အားလုံးပဲ ကောင်းသောညပါရှင် 🌷🦋

https://www.facebook.com/share/p/1Lf3oNumkZ/

ဆရာငြိမ်းကျော် Collection ထဲ စာဖတ်သူစိတ်ကြိုက်ရွေးချယ်ကံစမ်းခွင့် Giveawayလေးရဲ့  Winner ပါရှင်။Congratulations ပါရှင့်။...
19/08/2026

ဆရာငြိမ်းကျော် Collection ထဲ စာဖတ်သူစိတ်ကြိုက်ရွေးချယ်ကံစမ်းခွင့် Giveawayလေးရဲ့ Winner ပါရှင်။

Congratulations ပါရှင့်။ Page inboxကို (၃)ရက်အတွင်းဆက်သွယ်ပေးပါဦးရှင်။ Account ပိုင်ရှင်ကို သိတဲ့သူများ Mention ပေးပြီး အပျော်တွေမျှဝေလို့ရပါပြီ။

အားလုံးပဲ ကောင်းသော‌နေ့လေးဖြစ်ပါစေရှင် 🌷🦋

https://www.facebook.com/share/p/1D2z8CTtLn/

နှစ် ၁၀၀ အတွင်းအကောင်းဆုံးမြန်မာဝတ္ထု ၁၀၀ စာရင်းဝင်စာအုပ်တွေထဲက စာဖတ်သူစိတ်ကြိုက်ရွေးချယ်ကံစမ်းခွင့် Giveaway လေးရဲ့ Win...
19/08/2026

နှစ် ၁၀၀ အတွင်းအကောင်းဆုံးမြန်မာဝတ္ထု ၁၀၀ စာရင်းဝင်စာအုပ်တွေထဲက စာဖတ်သူစိတ်ကြိုက်ရွေးချယ်ကံစမ်းခွင့် Giveaway လေးရဲ့ Winner ပါရှင်။

Congratulations ပါရှင့်။ Page inboxကို (၃)ရက်အတွင်းဆက်သွယ်ပေးပါဦးရှင်။ Account ပိုင်ရှင်ကို သိတဲ့သူများ Mention ပေးပြီး အပျော်တွေမျှဝေလို့ရပါပြီ။

အားလုံးပဲ ကောင်းသောနေ့လေးပါရှင် 🌷🦋

https://www.facebook.com/share/p/19RZkccvTE/

လတ်တလောရောင်းအားအကောင်းဆုံးစာအုပ်ကတော့‌ ဂေဟာပါပဲရှင်။ မကြာခင်ရုပ်ရှင်အဖြစ်မြင်တွေ့ရတော့မှာဖြစ်သလို စာအုပ်က တော်တော်ကောင်...
19/08/2026

လတ်တလောရောင်းအားအကောင်းဆုံးစာအုပ်ကတော့‌ ဂေဟာပါပဲရှင်။ မကြာခင်ရုပ်ရှင်အဖြစ်မြင်တွေ့ရတော့မှာဖြစ်သလို စာအုပ်က တော်တော်ကောင်းတာမို့ ဇာတ်ကားမကြည့်ခင်စာအုပ်ဖတ်ချင်သူတွေအတွက် Review နဲ့တကွတင်ပေးလိုက်ပါတယ်။

* ဂေဟာ *

ဂေဟာက အကြောင်းအရာတစ်ခုတည်းကို အသားပေးရေးထားတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားဖွယ်ရှုထောင့်ပေါင်းစုံကို တစ်ပြိုင်နက်တည်း လှလှပပ၊ပိုင်ပိုင်နိုင်နိုင်ကိုင်ပြသွားတဲ့ စာရေးဆရာရဲ့အစွမ်းကို သေချာလေးမြင်ရတဲ့စာအုပ်လို့ခံစားမိပါတယ်။

ရန်ကုန်က ပြည့်တန်ဆာအမျိုးသမီးလေးတစ်ယောက် မတော်တဆ ကိုယ်ဝန်ရပြီး ကိုယ်ဝန်ဆောင်တွေစောင့်ရှောက်ပေးတဲ့ နယ်မြို့ကဂေဟာ‌ဆီသွားရာကနေ ဇာတ်လမ်းကို စထားပါတယ်။ မမြင်ဖူးမကြုံဖူးတဲ့ 6သလွန်ပြီးသူတွေရဲ့ တစ်ဖက်လောကနဲ့ ပတ်သက်ပြီး အများကြီးထည့်ရေးထားတာမို့ တစ်ယောက်တည်းဖတ်ရင်း တော်တော်စိတ်လှုပ်ရှား၊ ကျောချမ်းရတဲ့ ဝတ္ထုပါ။

Horror ဖတ်လေ့ရှိသူမဟုတ်ပါဘဲ ဂေဟာကို ဖတ်ပြီးတဲ့နောက် တော်တော်သဘောကျရသောလို့‌ ပြောရမှာပဲ ။ စိတ်လှုပ်ရှားဖို့တော်တော်ကောင်းပြီး ရင်တလှပ်လှပ်ဖြစ်ရတဲ့အရသာကို ဖတ်နေရင်းနဲ့ စွဲလမ်းသွားအောင် ရေးထားတဲ့ ဝတ္ထုလို့ပြောရမှာပါ ။ ဇာတ်လမ်းအကြောင်းအရာလေးကလည်း သနားဖွယ်၊ ရင်နင့်ဖွယ်ကောင်းလွန်းတော့ တစ်ထိုင်တည်းအပြီးဖတ်ချင်စိတ်ဖြစ်ရတဲ့စာအုပ်ပါပဲ။

ဂေဟာကို ဖတ်ရတာ တန်ပြီး မဧကံရဲ့ ဖန်တီးမှုတွေကို သဘောကျမှတ်မိသွားစေလို့ ညီမလေးကို ဆက်ဖတ်ဖြစ်ပါတယ်။ နောက်စာအုပ်တွေထပ်ရင်လည်း စိတ်ဝင်တစားဝယ်ဖတ်ဖြစ်မယ့် စာအုပ်စာရင်းထဲ ဆရာမမဧကံစာအုပ်တွေ အမြဲပါပါလိမ့်မယ်။

#ကျူးလစ် #ဂေဟာ #၈၀၀၀ကျပ် #မဧကံ

ငါ မချစ်ရင် မျက်လုံးချင်းလည်း မဆုံဘူးအသားချင်းလည်း မထိဘူးငါ ချစ်ရင် ဖြတ်ခနဲဆုံမိသွားတဲ့ မျက်ဝန်းလေးက အစ မှေးစင်းသွားတဲ့ ...
18/08/2026

ငါ မချစ်ရင်
မျက်လုံးချင်းလည်း မဆုံဘူး
အသားချင်းလည်း မထိဘူး
ငါ ချစ်ရင်
ဖြတ်ခနဲဆုံမိသွားတဲ့
မျက်ဝန်းလေးက အစ
မှေးစင်းသွားတဲ့ မျက်တောင်ကလေး အဆုံး။

ငါ မချစ်ရင်
သူ့ ဒဏ်ရာ နဲ့ သူ
သူ့ တရား နဲ့ သူ
သူ့ ကြမ္မာဟာ ဒီတိုင်းပဲ
ငါ ချစ်ရင်
သူ့ မျက်ရည်ဟာ ငါ့ငရဲ
သူ့ တစ်မျက်နှာဟာ ငါ့ကမ္ဘာ။

ငါ မချစ်ရင်
စက္ကန့်တွေ ကြာလွန်းတယ်
နေပူတယ် မိုးရွာတယ်
ငါ ချစ်ရင်
ကမ္ဘာ ဘယ်လိုလည်လည်
အချိန်ဘယ်လောက်ကြာကြာ
ငါစောင့်တယ် ငါစောင့်ခဲ့။
ငါချစ်ရင်
ကံကိုလည်း ယုံတယ်
ဘုရားကိုလည်း ယုံတယ်
ငါ့ကိုယ်ငါထက် မင်းကို ပိုခဲ့တယ်။
ငါ ချစ်ရင်
ငါ ချစ်ရင် ။ ။

- စိုင်းဝင်းမြင့် -

စာအုပ်အရင်ဖတ်ကြည့် တကယ်မိုက် 🥰
18/08/2026

စာအုပ်အရင်ဖတ်ကြည့် တကယ်မိုက် 🥰

ဂျွန်ပါးထောရဲ့ အသစ်ထွက် ပုံပြင်ငါးပုဒ်နဲ့ ၂၀၂၃ လောက်ကထွက်ထားတဲ့ အရင်စာအုပ် အဝါရောင်နေကြာပန်းတွေပွင့်တဲ့ဂါဝန် ပါရှင်။ ပုံ...
18/08/2026

ဂျွန်ပါးထောရဲ့ အသစ်ထွက် ပုံပြင်ငါးပုဒ်နဲ့ ၂၀၂၃ လောက်ကထွက်ထားတဲ့ အရင်စာအုပ် အဝါရောင်နေကြာပန်းတွေပွင့်တဲ့ဂါဝန် ပါရှင်။

ပုံပြင်ငါးပုဒ်က လတ်တလော Review ကောင်းတွေရနေတဲ့စာအုပ်လေးပါ။ အဝါရောင်နေကြာပန်းတွေပွင့်တဲ့ဂါဝန်စာအုပ်လေးကလည်း စထွက်ခါစကတည်းက တော်တော်ရောင်းရတာလေးပါ။ Collection ရတုန်းလေးယူထားလို့ရပြီရှင်။

ပုံပြင်ငါးပုဒ် -၃၂၀၀၀ ကျပ်
အဝါရောင်နေကြာပန်းတွေပွင့်တဲ့ဂါဝန်-၅၀၀၀ ကျပ်

Page inbox မှာ မှာယူပါ 🌷🦋

Address

Yangon

Telephone

+959253929759

Website

Alerts

Be the first to know and let us send you an email when Garden of Tulip - Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Garden of Tulip - Bookstore:

Shortcuts

Share

Category