24/03/2025
🌿 AM Genius Kids မိသားစုမှ– အေးမြသောအရိပ်တစ်ခု လှူဒါန်းမှု 🌿
ပူပြင်းလှတဲ့ နွေရာသီရောက်လာတာနဲ့အမျှ နေပူကြီးရဲ့အောက်မှာ မိသားစုစားဝတ်နေရေးအတွက် ဝန်ထုပ်ဝန်ပိုးတွေတင်ဆောင်ရတဲ့ အနှေးယာဉ် ဆိုက်ကားဆရာများအတွက်တော့ စိန်ခေါ်မှုတစ်ခုပါပဲ။ ☀️🌂
အနေနဲ့ အခုလိုပူပြင်းတဲ့ရာသီဥတုကြား မိသားစုစားဝတ်နေရေးအတွက် မပျက်မကွက် ကြိုးစားပေးနေကြတဲ့ ဆိုက်ကားဆရာများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသောအားဖြင့် ယနေ့မှာ အမိုးအကာထီးအကြီးများ အလက် (100) 4,070,000 ကျပ်တိတိကို လှူဒါန်းခဲ့ပါတယ်။ ⛱
ဒီအမိုးအကာထီးလေးတစ်ချောင်းက နေပူမရှောင် မိုးရွာမရှောင် ဆိုတဲ့အခြေအနေတွေကြားက သူတို့တွေအတွက် အနည်းငယ်သက်သာစရာ အရိပ်လေးတစ်ခု ဖြစ်နိုင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်...🌿
ကလေးဝတ်အထည်များ လက်ကားဖြန့်ဖြူးရောင်းချနေတဲ့
AM Genius Kids သည်
🌿အကောင်းဆုံးသော အရည်အသွေး
🌿အချိုသာဆုံးသော ဈေးနူန်း
🌿အနွေးထွေးဆုံးသော ၀န်ဆောင်မူများနှင့်အတူ ရှေ့ဆက်ရင်း လူမှုရေးကူညီမှုတွေကိုပါ အားစိုက်ဆောင်ရွက်လျက်ရှိပါတယ်။ ခုလို လိုအပ်တဲ့နေရာမှာကာလဒါန လှူဒါန်းခွင့်ရတဲ့အတွက် အတိုင်းမသိ၀မ်းသာကြည်နူးမိပါတယ်ရှင်🙏 ရှေ့ဆက်ပြီးလဲ Genius Kids Teams နှင့်အတူအလှူဒါနတွေပြုလုပ်နိုင်ဖို့ ကြိုးစားသွားပါဦးမယ်နော် ❤️
🌸ဈေးနူန်းသင့်တင့် အရည်အသွေးမှာ နံပါတ်တစ် ကလေးပစ္စည်းဆို AM Genius Kids 🌸
ဆိုင်လိပ်စာ 🏠
No.23(မြေညီ+ပထပ်) ဒဂုံသီရိလမ်း၊ ကျောက်မြောင်း၊ တာမွေ
(ယုဇနပလာဇာအနီး)၊ ရန်ကုန်
မှာယူလိုပါက ဆက်သွယ်ရန် ☎️
Ph No. 018604827
Viber 09955310492, 09775310492, 095312547, 09792793388