Angel Snow

Angel Snow Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Angel Snow, Shopping & retail, Yangon.

ရီတောင်မရီနိုင်တော့ဘူး 🥲7012 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬
07/03/2024

ရီတောင်မရီနိုင်တော့ဘူး 🥲

7012 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬

ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားရည်ထိန်းသိမ်းနည်းအဘက်ဘက်ကေ ခတ်မှီလာတော့ ခုခေတ် ဆယ်ကျော်သက် ညီမလေးတွေ ကြည့်လိုက်ရင် အ...
09/06/2023

ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားရည်ထိန်းသိမ်းနည်း

အဘက်ဘက်ကေ ခတ်မှီလာတော့ ခုခေတ် ဆယ်ကျော်သက် ညီမလေးတွေ ကြည့်လိုက်ရင် အမြဲ full makeup နဲ့တွေ့မြင်နေရတတ်ပါတယ်။

နောက်အင်တာနက်ခေတ်ဆိုတော့ skincare products အသစ်တွေ မိတ်ကပ်ပစ္စည်းအသစ်ဆန်းတွေ brand မျိုးစုံကို လွယ်လွယ်ကူကူ ရှာဖွေဝယ်ယူလို့ ရနေတော့ သူတို့လေးတွေ အကြိုက်ပေါ့..

နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ကတော့ အသားရည်ပျက်စီးတာ၊ ကြော်ငြာအားကောင်းလို့ သုံးမိတာ ဝက်ခြံတွေ မတရားပေါက်လာတာ ချွေးပေါက်ကြီးတွေ ကျယ်လာတာမျိုးတွေ အရမ်းဖြစ်လာကြပါတယ်။

ဆယ်ကျော်သက်အရွယ်ဆိုတာ အသားရည် rejuvenation လို့ခေါ်တဲ့ သဘာဝအလျောက် အသားရည်က သူ့ဘာသူပြုပြင်တာ အကောင်းဆုံးအချိန်ပါ။ ဝက်ခြံတစ်လုံးပေါက်ရင် ပျောက်ဖို့ ၁ ပတ်တောင် မစောင့်ရတဲ့ အရွယ်ပေါ့၊ အရည်ပြား ကျုံ့နိုင်ဆန့်နိုင်အားလည်း အကောင်းဆုံးအချိန်ပေါ့။

အဲ့လိုအရွယ်မှာ ဟော်မုန်းမငြိမ်သက်လို့ ဝက်ခြံပေါက်တာကလွဲရင် တခြားအရည်ပြား ပြဿနာ သိပ်ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။

ခုခေတ်မှာတော့ အဲ့လိုမဟုတ်တော့ဘူး။ ဆယ်ကျော်သက် မိန်းကလေးတွေက အရည်ပြားပြဿနာကို အများဆုံး ရင်ဆိုင်နေရပါတယ် ..

ဆယ်ကျော်သက်အရွယ်အတွက် သင့်တော်တဲ့ အရည်ပြားထိန်းသိမ်းနည်းတွေကတော့ …..

– ရေဓာတ်ပြည့်ဝဖို့ အဓိကပါ။

– brand ထက် ကိုယ့်နဲ့သင့်တော်တဲ့ ပစ္စည်းဖြစ်ဖို့လိုပါတယ်။

– အသက် ၂၀ မကျော်သေးရင် anti aging product တွေ လုံးဝလုံးဝ မသုံးပါနဲ့ဦး။

– ရေဓာတ်နဲ့ အဆီဓာတ် balance လုပ်ပေးနိုင်တဲ့ moisturizer တစ်မျိုးလောက်ပဲ သုံးပေးရင်လုံလောက်ပါပြီ။

– skincare steps တွေ အဆင့်ဆင့် မလိုအပ်ပါဘူး။

– suncream ကိုတော့ မမေ့မလျော့လိမ်းပါနော်။

– မိတ်ကပ်လိမ်းမယ်ဆိုရင်လည်း အိမ်ပြန်ရောက်တာနဲ့ မိတ်ကပ်တန်းပြီး ဖျက်ပါ။

– တစ်ပတ်ကို တစ်ရက် skin ကို ဘာဆိုဘာမှမလိမ်းပဲ အသက်ဝဝပေးရှူပါ။ product free period လေးထားရှိပေးပါ။

– အိပ်ရေး ဝဝအိပ်ပါ

– ဝမ်းမချုပ်ပါစေနဲ့။

ဒီလောက်ဆိုရင်ပဲ ဆယ်ကျော်သက်လေးတွေအတွက် အရည်ပြားထိန်းသိမ်းမှုက လုံလောက်တာထက်ကို ပိုနေပါပြီ။

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ skincare တွေ အလွန်အကျွံသုံးတာလဲ မကောင်းပါဘူး ..

ချစ်တဲ့ ညီမလေးတွေ ဘဝရဲ့ အလှပဆုံးအချိန်မှာ သဘာဝအတိုင်းပဲ လှနေနိုင်အောင် မှန်ကန်တဲ့ အရည်ပြားထိန်းသိမ်းနည်းလေး ဝေမျှပေးလိုက်ပါတယ်နော် ……

Credit

အာလူး ရဲ့ အလှအပ ရေးရာ အတွက် အသုံးဝင်ပုံလေးတွေကို ပြောပြပေးမယ်နော်...🤗🥔 အရေးအကြောင်း တွေ ကို ကုသမယ်✅     အာလူး မှာ အရေးအက...
28/04/2021

အာလူး ရဲ့ အလှအပ ရေးရာ အတွက် အသုံးဝင်ပုံလေးတွေကို ပြောပြပေးမယ်နော်...🤗

🥔 အရေးအကြောင်း တွေ ကို ကုသမယ်✅

အာလူး မှာ အရေးအကြောင်းတွေကို လျော့နည်းစေတဲ့ Anti Aging အစွမ်းသတ္တိ ရှိပါတယ်... အာလူး ကို အခွံ ခွာပြီး ကြိတ်ခြေကာ မျက်နှာပေါ် မိနစ် နှစ်ဆယ် ခန့် ထားပြီး ရေးဆေးချပေးပါ... ဒီလိုမျိုး တစ်ပတ်တစ်ခါ လောက် လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာပေါ်က အရေးအကြောင်း တွေ တစ်ဖြေးဖြေး လျော့နည်းလာမှာပါ...💜

🥔 အမဲစက် တွေ လျော့နည်းစေတယ်✅

အမဲစက်တွေ လျော့ပါးစေဖို့အတွက် အခွံခွာပြီးသား အာလူး ကို blender ထဲ ထည့်ချေပါ... ရလာတဲ့ အနှစ် ကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း နဲ့ ရောပြီး မျက်နှာပေါ် အသာအယာတင်ပြီး ၅ မိနစ်ခန့် နှိပ်နယ်ပေးပါ... ၁၅ မိနစ် ခန့် ထားပြီး ရေဆေးချပေးပါ... ဒီလိုမျိုး မကြာခဏ လုပ်ပေးသွားမယ်ဆိုရင် တင်းတိပ် နဲ့ အသားအရေ မညီညာမှုတွေ ပါ သက်သာစေပါတယ်..💜

🥔 နေလောင်ဒဏ် ကို ကုသမယ်✅

နေပူထဲ သွားတာ များ လို့ နေလောင်ဒဏ် ဖြစ်နေရင်တော့ နေလောင်ထားတဲ့ နေရာ ကို အာလူး အချပ်လိုက် တင်ပြီး မိနစ် ၂၀ ခန့် ထားပေးပါ... ✅

🥔 လှပတဲ့ အသားအရေ ကို ပိုင်ဆိုင်စေတယ်✅

ပျိုမေ တို့ ဟာ သဘာဝ အတိုင်း တောက်ပတဲ့ အသားအရေ ကို ပိုင်ဆိုင်ချင်တယ် ဆိုရင် အာလူး ကို ကြိတ်ချေပြီး ကပ်ကာပေါင်းတင်နိုင်ပါတယ်... သံပုရာရည် နှစ်စက်ခန့် (သို့) နွားနို့ နဲ့ လည်း ရောပြီး အသုံးပြုလို့ ရပါတယ်..😍

🥔 ခြောက်သွေ့အသားအရေပိုင်ရှင်တွေအတွက်✅

ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်လေးတွေကတော့ အဆီမပါတဲ့ ဒိန်ချဉ် ကို အာလူး နဲ့ ရောပြီး ပေါင်းတင်ပေးလို့ ရပါတယ်.. တစ်ခါပေါင်းတင် မိနစ် ၂၀ ခန့် နဲ့ တစ်ပတ်တစ်ခါ လောက် ပေါင်းတင်ပေးမယ်ဆိုရင် တော့ အသားအရေ ဟာ တစ်ဖြေးဖြေး စိုပြေလာမှာပါနော်..💜

ဒါဆိုရင်တော့ အလှအပ အတွက် အာလူး ရဲ့ အသုံးဝင်ပုံ တွေ ကို သိရှိသွားကြမယ် လို့ ထင်ပါတယ်ရှင်..🤗🤗

အားလုံး ကျန်းမာလှပကြပါစေရှင်...🧡


Shopping & retail

22/04/2021

ငယ်ပါသေးတယ်ဆိုပြီး
ဘဝကို ဖြစ်သလို့ မနေပါနဲ့
ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်။

မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်။

အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။

ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။

ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်။

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ။

" #ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်။

" #ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။

" #ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ။

" #ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်။

" #စိတ်ချမ်းသာဖို့အရေးကြီးတယ် "
ဟုတ်ကဲ့
ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
နည်းနည်း ပိုသက်သာတာပေါ့။

" #အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်။

ထို့ကြောင့် ပိုက်ဆံရှာပါ။

:original writer🌨

11/10/2020

Glow Skin ပိုင်ဆိုင်ဖို့အတွက်
အိမ်မှာပဲလုပ်နိုင်တဲ့အဆင့်(၁၀)မျိုး

၁ အဆီနဲ့သန့်ရှင်းပါ

-အများစုကတော့မျက်နှာသန့်စင်တယ်ဆိုရင် Facial Foamကို သုံးရမယ်လို့ထင်နေကြတယ်တကယ်တော့အညစ်အကြေးတွေကိုအသားရေအတွင်းပိုင်းအထိဖယ်ရှားပေးဖို့ဆိုရင် Cleansing oilကိုသုံးပေးသင့်ပါတယ် တကယ်လို့Cleansing oilမရှိဘူးဆိုရင် သံလွင်ဆီကိုအစားထိုသုံးနိုင်ပါတယ် ပြီးရင်တော့ Make up Removerနဲ့ပြန်ဖျက်ပေးရပါမယ်။

၂ Facial Foamကိုသုံးပါ

လုပ်နေကြအတိုင်းပါပဲ မျက်နှာသစ်ဆေးသုံးပြီးမျက်နှာငစ်ပေးရပါမယ်

၃ ဂျီးချွတ်ပါ

မျက်နှာအတွက် ဦးတည်ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့
Facial Scrubတွေကချွေးပေါက်ကျယ်စေတာမို့သတိထားပြီးရွေချယ်ပါ။

၎ Toner အသုံးပြုပါ

ဂျီးချွတ်ပြီးနောက်ပိုင်းမှာtonerသုံးပေးရပါတယ်TonerကSkin careအာနီသင်စိမ့်ဝင်တာပိုလွယ်စေသိလုpHကိုလည်းထိန်းညှိပေးပါတယ်။

၅ Essence လိမ်းပါ

ဝက်ခြံဖြစ်တတ်တဲ့နေရာ အမဲစက်ရှိတဲ့နေရာတွေကို
Essenceလိမ်းပေးနိုင်ပါတယ်။

၆ Eye creamလိမ်းပေးပါ

မျက်လုံးအောက်ကနူးညံ့တဲ့အသားရေတွေစိုပြေဖို့
အရေးအကြောင်းတွေလျော့ပါးစေဖို့အတွက် Eye creamကိုလိမ်းပေးပါ။

၇ Serumကိုအသုံးပြုပါ

မျက်နှာအပေါ်ကိုပင့်တင်တဲ့ပုံမျိုးနဲ့serumကိုအသုံးပြုပေးပါ။

၈ Face Maskအသုံးပြုပါ

ဒါကတော့လွယ်လွယ်ကူကူပါပေါင်းတင်နည်းပါ
ကိုယ့်အသားအရေနဲ့တည့်တဲ့Face maskကပ်ပေးပါ။

၉ moisturizerအသုံးပြုပါ

အစိုဓာတ်ထိန်းcreamကိုမျက်နှာထဲစိမ့်ဝင်တဲ့အထိလိမ်းပေးပါ။

၁၀ sunscreenအသုံးပြုပါ

အပြင်မသွားခင်နေလောက်ကာcreamကိုဂရုတစိုက်လိမ်းပေးပါ။

လှချင်တယ်ဆိုတဲ့လူတွေအတွက် ပျင်းနေရင်တော့
Glow skinရဖို့ဝေးနေဦးမှာပဲနော်
အပျင်းမကြီးပဲအချိန်ပေးပြီးစိတ်အေးအေးနဲ့လိုက်လုပ်ကြည့်ပါ။
Crd ...မာကျုရီ

💁🏻‍♀️ တင်းတိပ်နဲ့ မှဲ့ခြောက်နဲ့ အမဲစက်တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ 💁🏻‍♀️    တော်တော်များများ မေးလေ့ရှိတဲ့မေးခွန်းပါ .. ...
23/09/2020

💁🏻‍♀️ တင်းတိပ်နဲ့ မှဲ့ခြောက်နဲ့ အမဲစက်တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ 💁🏻‍♀️

တော်တော်များများ မေးလေ့ရှိတဲ့မေးခွန်းပါ ..
မျက်နှာမှာ အမဲစက်လေးတွေ ထွက်လာတာ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးကြတယ်.. အထူးသဖြင့် မျက်လုံးထောင့်လိုနေရာမှာပေါ့နော် .. တချို့ကျ အစက်လေးတွေပဲ တချို့ကျ အကွက်လိုဖြစ်နေတာတွေပေါ့ ..

အမဲစက်လို့ပြောတဲ့အခါမှာ တင်းတိပ်လား မှဲ့ခြောက်လား? နေလောင်အမဲစက်တွေလား ? ဆိုပြီး အမျိုးမျိုး ရှိပါတယ် .. တင်းတိပ်က အညိုရောင် သို့ ခပ်ရင့်ရင့် အကွက်လေး ဖြစ်ပြီး မှဲ့ခြောက်ကတော့ အညိရောင်သို့ အမဲရောင်အစက်လေးတွေပါ.. ဒါပေမဲ့ ခြုံပြောရရင် အကုန်လုံးက အရေပြားရောင်ခြယ်ဆဲလ်တွေများလို့ ဒါမှမဟုတ် ရောင်ခြယ်ဆဲလ်တွေက Melanin လို့ခေါ်တဲ့ ဓါတ်တမျိုးကို ပိုထုတ်လို့ ဖြစ်ရတာပါ..

❓ အမဲစက်တွေ ဘာကြောင့် ဖြစ်တာလဲ

▪️ အဓိက ဖြစ်ရတဲ့အကြောင်းရင်းက နေရောင်ခြည်နဲ့ ကြာရှည် ခဏခဏ ထိတွေ့တာကြောင့်ပါ ..

▪️တချို့ကျ မျိုးရိုးလိုက်တာ နောက်ပြီး လူမျိုးနဲ့လည်း ဆိုင်ပါတယ် .. ဥပမာ လက်တင်နိုင်ငံက သူတွေနဲ့ အရှေ့အလယ်ပိုင်းက သူတွေဆို ပိုပြီး ထွက်လွယ်ပါတယ် .. မြန်မာပြည်မှာဆို တိုင်းရင်သားတွေထဲမှာ ရှမ်း နဲ့ ကချင် ကရင် စတဲ့ လူမျိုးတွေက ပိုထွက်တာတွေ့ရမှာပါ..

▪️ ဒါပေမဲ့ အဓိကကတော့ နေရောင်ခြည်ကြောင့် ထွက်တာမို့ ကိုယ့်မှာ မျိုးရိုးရှိတယ်ဆိုရင် အမဲစက် ပိုထွက်နိုင်တဲ့ risk ရှိပါတယ်..

▪️ နောက်တခုက ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်တာပါ.. အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ဆို ဟော်မုန်းအပြောင်းအလဲတွေကြောင့် တင်းတိပ်တွေ ထွက်တတ်ပါတယ်..

⛔️ ဒါဆို ဘယ်လို ကာကွယ်ရမလဲ ?

🌞 Sunscreen လိမ်းခြင်းဖြင့် ကာကွယ်ပါ 🌞

နေရောင်နဲ့ထိလေ အမဲစက်တွေက ပိုထွက်လေ ပိုပွားလေမို့ မဖြစ်မနေ Sunscreen သုံးရပါမယ်.. မြန်မာနိုင်ငံလို နွေမိုးဆောင်း ပူနေတဲ့ နိုင်ငံမှာ sunscreen က လိမ်းကိုလိမ်းရမှာပါ.. Genetic (မျိုးရိုး) အရရော လူမျိုးအရရော တင်းတိပ်မှဲ့ခြောက်ထွက်လွယ်တဲ့သူတွေဆို sunscreen မလိမ်းပဲနဲ့ အပြင်တောင် မထွက်တာ အကောင်းဆုံးပါပဲ..

Sunscreen က အမဲစက်ကို ပျောက်စေတာမဟုတ်ပေမဲ့ ထပ်မထွက်လာအောင် ကာကွယ်ပေးတာပါ.. ထွက်နေတဲ့အမဲစက်ကို ပါးအောင် လုပ်ရတာ ပိုခက်ပါတယ်.. Prevention is better than cure ဆိုတဲ့အတိုင်း ကြိုတင်ကာကွယ်ပါ.. တင်းတိပ်မှဲ့ခြောက် ထွက်နေပြီဆိုရင်လည်း ပိုမပွားအောင် ခုချိန်ကစပြီး ကာကွယ်ပါ...

😊 အမဲစက်တွေပါးအောင် ဘာတွေလိမ်းရမလဲ 😊

💁🏻‍♀️ Topical Cream

- Fading cream (or) Bleaching cream လို့ခေါ်တဲ့ Hydroquinone 2 % ပါတဲ့ cream တွေ လိမ်းလို့ရပါတယ် .. Side effects - အသားခြောက်တာ , လောင်တာ နဲ့ အသားရောင် မညီတာတွေ ဖြစ်တတ်ပါတယ်.. ( Dermatologist နဲ့ တိုင်ပင်ပြီးမှသာ ညွှန်းတဲ့အတိုင်း လိမ်းသင့်ပါတယ်.. )

- နောက်ပြီး အသားအရည်ကို Brightening & lightening ဖြစ်စေတဲ့ Vitamin C serum ဖြစ်ဖြစ် လိမ်းနိုင်ပါတယ်.. Vit C ရဲ့ effect ကို boost လုပ်ပေးဖို့ နေရောင်ခြည်က Infrared heat ကိုကာကွယ်ပေးနိုင်တဲ့ Niaciamide နဲ့လည်း တွဲလိမ်းနိုင်ပါတယ်..

💁🏻‍♀️ Aesthectic Procedures

အမဲစက်တွေက skincare နဲ့က ပါးတယ်ဆိုရုံပဲ ရပါတယ်.. အရှင်းလုံးဝပျောက်သွားတာ ရှားပါတယ်.. ဒါကြောင့် တချို့ အရမ်းများနေတဲ့သူတွေဆိုအလှအပနဲ့ အရေပြားဆေးခန်းတွေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး Aesthetic procedure တွေ လုပ်နိုင်ပါတယ်.. Procedure တခုချင်းကိုတော့ အသေးစိတ်မရှင်းပြတော့ဘူးနော်.. အရမ်းရှည်နေမှာစိုးတာရယ် .. ပုံမှန် လုပ်လို့ရတဲ့ skincare လေးတွေကိုပဲ အဓိက ရေးချင်တာမို့ ဗဟုသုတ ကြားဖူးတယ်ဆိုရုံပဲ ရေးလိုက်ပါတယ်..

1. Chemical Peeling
Chemical Peeling ကတော့ ခုနောက်ပိုင်း တော်တော်များများကြားဖူးပြီးသားနေမှာပါ.. Glycolic acid စတဲ့ acid အပျော့စားနဲ့ အပေါ်ယံအရေပြားကို exfoliate လုပ်လိုက်တဲ့သဘောပါ.. chemical peeling လုပ်ပြီးရင်တော့ ၃ ရက် နေပူထဲမထွက်ရဘူး .. မဖြစ်မနေထွက်မယ်ဆိုရင် နေရောင်ကာဖို့ Sunscreen ကို ထူထူလိမ်း, ဦးထုပ်ဆောင်း ထီးဆောင်း မျက်နှာကို mask တပ်ထားတာ အကောင်းဆုံးပါ... အပေါ်ယံအရေပြားလွှာမရှိတဲ့အတွက် နေရောင်ထိရင် sunburn ဆိုးပါတယ်.. side effect ကတော့ နည်းပါတယ်.. နီတာ ရောင်တာ ယားတာ စပ်တာတွေ ရှိတတ်ပါတယ်..

2. Laser treatment
Intensed pulse light therapy လို့ ခေါ်တဲ့ IPL ပစ်တာတွေ လုပ်လို့ရပါတယ်..

3. Cryosurgery
Cryosurgery ကတော့ ပုံမှန်မဟုတ်တဲ့ skin cells တွေကို liquid nitrogen နဲ့ ခဲပြီး ဖျက်လိုက်တာပါ.. ထုံဆေးမလိုသလို recovery time လည်း မြန်ပါတယ်..

💁🏻‍♀️ Natural Home Remedies

ဒါကတော့ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလေးတွေပါ..

1. Acid ခပ်ပျော့ပျော့တွေပါတဲ့ Apple cider vinegar , ဒိန်ချဉ် , Buttermilk စတာတွေနဲ့ ပေါင်းတင်လို့ရပါတယ် ..
2. Baking soda နဲ့ ကြက်ဆူဆီနဲ့ ပေါင်းတင်တာ
3. Vitamin C ပါတဲ့ သံပုရာသီး , ကီဝီသီးစတာတွေကလည်း အမဲစက်သက်သာစေပါတယ်..
4. Vit A , C , E စတဲ့ antioxidants တွေပါတဲ့ rosehip oil ကလည်း အမဲစက်တွေကို သက်သာစေတဲ့အပြင်
5. ရှားစောင်းလက်ပက်ကလဲ နေလောက်တာကို သက်သာစေလို့ အမဲစက်အတွက် သုံးနိုင်ပါတယ်..

ကဲ ခုလောက်ဆို တင်းတိပ် မှဲ့ခြောက်စတဲ့ အမဲစက်တွေထွက်တာအတွက် ဘာတွေလုပ်လို့ရလဲ သိပြီဆိုရင် ဘယ် skincare brand တွေထဲကရော Spot corrector လေးတွေရှိလဲဆိုတာ Product နမူနာလေးတွေကို ပုံနဲ့ ပြောပြပေးမယ်နော် ..

နောက်လည်း ဘယ်လို skincare အကြောင်းအရာလေးတွေ ရေးဦးမလဲဆိုတာ စောင့်ပြီး ဖတ်ပေးပါဦးနော်... ☺️☺️☺️

ချစ်တို့အတွက် အိမ်မှာနေရင်း အသားအရေလှလာဖို့ ရှားစောင်းနဲ့ မျက်နှာပေါင်းတင်နည်း (၅) ခု👍👍👍 (၁)အသားအရေ Glow ဖြစ်ဖို့ .ရှားေ...
10/09/2020

ချစ်တို့အတွက် အိမ်မှာနေရင်း အသားအရေလှလာဖို့ ရှားစောင်းနဲ့ မျက်နှာပေါင်းတင်နည်း (၅) ခု👍👍👍

(၁)အသားအရေ Glow ဖြစ်ဖို့
.ရှားစောင်းလတ်ပတ်ဂျယ် .အုန်းဆီ.ပျားရည်

ပါဝင်ပစ္စည်းတွေကို ရောပြီးမျက်နှာမှာလိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားပြီး ရေဆေးချပါ။

(၂) အမည်းစက်သက်သာဖို့

ရှားစောင်းလတ်ပတ်ဂျယ်
နနွင်းမှုန့်
ဒိန်ချဉ်
သံပယိုရည်

ပါဝင်ပစ္စည်းတွေကို ရောပြီး မျက်နှာပေါ်တင်ပါ။ ၁၀ မိနစ်ထားပြီး ရေဆေးချပါ။

(၃) ခြောက်သွေ့တဲ့အသားအရေအတွက်

ရှားစောင်းလတ်ပတ်ဂျယ်
ပျားရည်
သံလွင်ဆီ

ပစ္စည်းတွေကို ရောစပ်ပြီး မျက်နှာမှာ လိမ်းပြီးနောက် ၁၅ မိနစ်ထားပါ။

၎။ ထိခိုက်လွယ်တဲ့အသားအရေအတွက်
ရှားစောင်းလတ်ပတ်ဂျယ်
ပျားရည်
ဌက်ပျောသီး တလုံး

ငှက်ပျောသီးကို ပျော်သွားတဲ့အထိ ဖိချေပေးပါ။ ပြီးနောက် ရှားစောင်းလတ်ပတ်ဂျယ်နဲ့ ပျားရည်ထပ်ထည့်ပြီး မျက်နှာမှာ လိမ်းပါ။

(၅)အဆီပြန်တတ်တဲ့ အသားအရေအတွက်
ရှားစောင်းလတ်ပတ်ဂျယ်
သံပယိုရည်
ဒိန်ချဉ်

ပါဝင်ပစ္စည်းတွေကို ရောပြီးနောက် မျက်နှာမှာ လိမ်းပေးပါ။ ပြီးနောက် ၁၀ မိနစ်ထားပေးပါ။
ဘယ်လိုအသားအရေ အမျိုးအစားမဆို သုံးလို့
ရပါတယ်

Address

Yangon

Telephone

+959966357398

Website

Alerts

Be the first to know and let us send you an email when Angel Snow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share