10/08/2026
Hello
Airpod case လေးတွေနဲ့ beads keychain order လေးတွေက ခုဆိုတော်တော်တောင်ကြာနေပြီပေါ့နော် လမ်းမှာသယ်ပေးတဲ့ ကားသမားရဲ့ နောက်ပြန်လှည့် လမ်းသစ်မရှာပဲ ပေကပ်နေမှုနဲ့ ပေးမဖြတ်တဲ့ဂိတ်နဲ့ကြောင့်ကြန့်ကြာနေတာမှာ 4,5 ရက် 4,5 ရက်နဲ့မျှော်လင့်ချက်တွေပေးပေးပြီး စောင့်ခိုင်းပြီးမှ မရောက်လာနဲ့ ခုချိန်ထိရောက်လာတယ်ပေါ့နော် ဒီနေ့မေးတာလည်း နောက် 4,5 ရက်ထပ်စောင့်ပေးပါဆိုပြီးပဲပြောတာမို့ ခုရက်ထဲလည်းမရောက်လောက်သေးပါဘူးရှင် ကိုယ်လည်းစောင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်တဲ့အခြေအနေမို့ စောင့်မြဲစောင့်ဆဲပါ deposit တောင်မယူပဲ COD အကုန်လုပ်ထားပေးတာမို့ အကုန်စိုက်ဝယ်ထားရလို့ မင်ကပိုပြီးတော့တောင် ပစ္စည်းရောက်စေချင်ပါသေးတယ်
ဒါပေမယ့်ခုထိလည်းပစ္စည်းကမရောက်သေးတာမို့ ပစ္စည်းတွေရောက်လာခဲ့တဲ့နေ့ကျရင်တော့ အကြောင်းကြားပေးပါမယ်နော် အဲ့ချိန်မှ ယူဖို့အဆင်မပြေရင်လည်း cancel လို့ရပါတယ်ရှင် 😔
3 လနီးပါးရှိတော့မယ့် ပစ္စည်းတွေကို ခုထိမငြိုမငြင်စောင့်ပေးကြတဲ့ customer လေးတွေလည်းကျေးဇူးကမ္ဘာပါရှင် 🥺❤️