25/09/2022
@ to owner writer #
အင်္ကျီတစ်ထည်ကလေ ..ဘယ်လောက်တော်တဲ့ designer ဖြစ်ဖြစ်
ချုပ်ပြီးရင် fitting. ပြန်ချရတာပဲ။
တချို့အထည်တွေသာ ပြင်စရာမလိုပဲ ကွက်တိဖြစ်သွားတာ။ fitting ပြန်ချရတာ ဘာလို့လဲဆိုတော့ fit မဖြစ်လို့ပေါ့ ။
fit ဘာလို့မဖြစ်လဲဆိုတော့ ကျွန်တော်သိထားတာ သုံးချက်ရှိတယ် ။
1~ လူက ပိန်လိုက် ဝလိုက်ဖြစ်နေလို့ ။ အတိုင်းယူတုန်းက ပိန်တယ်။အင်္ကျီရေတာ့ ဝလာတယ် ။ fitting ပြန်လုပ်ရတယ်။
2~အင်္ကျီ အစကြောင့် ။ တချို့အစတွေက မီးကြွေကိုင်ရင် ကျုံ့သွားတာတို့ ဖြစ်တတ်တယ် ။ မီးပူမကြိုက်တဲ့ အစေတြ ရှိတယ် ။ အဲ့လိုအခါမှာလည်း အတိုင်း အတိအက်ျမရဘူး ။
3~ ကိုယ်တိုင်းယူတဲ့သူ မှားရင်လည်း မှားတယ်။pattern ဆွဲတဲ့သူမှားရင်လည်း မှာတယ်။ နောက်ဆုံးတစ်ခု့ကတော့ ချုပ်တဲ့သူ မှားရင်လည်း ( ပေးထားတဲ့နေရာ အတိအကျမချုပ်နိုင်ရင်လည်း )fitting ပြန်လုပ်ရတာပဲ။
Fitting. ပြန်လုပ်ရတာဟာ ချုပ်တဲ့သူ အသုံးမကျလို့မဟုတ်ပါရှင် ။
အာ့ကို တစ်ချို့က အင်္ကျီ ကွတ်တိမရရင်ကို အသုံးမကျတော့ဘူးလို့ ထင်ကြပြီး ကွက်တိရရင် သိပ်တော်တယ်လို့ ထင်တတ်ကြလို့ပါ။
ကမ္ဘာကျော် designer များလည်း ချုပ်ပြီးရင် fitting. ပြန်ချရပါတယ် ရှင် ။ ☺️☺️
အားလုံး နားလည်သဘောပေါက်ကြပါစေ။
ဤစာဖတ်၍ အကျိုးရှိစေသော်
မေတ္တာဖြင့်
TTT
crd;