Znext PR & Digital Marketing Agency

Znext PR & Digital Marketing Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Znext PR & Digital Marketing Agency, Yangon.

မင်မင်တို့ ဒီလ ၁၅ ရက်နေ့လောက်ကစပြီး Collection အသစ်လေးတွေပြန်ေရာင်းဖို့ ရည်ရွယ်ထားပေမယ့် မင်မင် Flu ဖြစ်ပြီး နေမကောင်းတာ...
22/10/2021

မင်မင်တို့ ဒီလ ၁၅ ရက်နေ့လောက်ကစပြီး Collection အသစ်လေးတွေပြန်ေရာင်းဖို့ ရည်ရွယ်ထားပေမယ့် မင်မင် Flu ဖြစ်ပြီး နေမကောင်းတာကြောင့် အခ​ျိန်ထပ်ရွေ့လိုက်ရပါတယ် ဒီအချိန်္ဖျားရင် တော်တော်ကြီးကို အလူးအလဲခံရလို့ စာဂျပိုးလေးတို့လည်း ကျန်းမာရေးဂရုစိုက်ကြပါနော်

မင်မင်တို့မကြာခင်မှာ စာအုပ်ကောင်းလေးတွေ အမိုက်စား Collection လေးတွေနဲ့ ပြန်လာခဲ့ပါမယ် ❤❤❤

#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

07/10/2021

မင်မင်တို့ရဲ့ စာအုပ် Collection လေးတွေကို စောင့်နေကြမယ်ထင်ပါတယ်။ Collection အသစ်တွေ မတင်သေးဘူးလားလို့ လာမေးကြတဲ့သူတွေလည်းရှိတယ်ဆိုတော့​ေလ။ ဒါပေမယ့် မင်မင်တို့ ဒီ​ကြားထဲ မအားတာရော ပိုကောင်းတဲ့အစီစဉ်လေးတွေ လုပ်ပေးဖို့ တိုင်ပင်နေတာရောကြောင့် ဒီအောက်တိုဘာ လဝက်လောက်ထိ စာအုပ် Collection အရောင်းလေးခဏ နားထားပါမယ်လို့ စာဂျပိုးလေးတွေကို အသိပေးချင်ပါတယ်။ မကြာခင်မှာ ပိုကောင်းတဲ့အစီစဉ်လေးတွေနဲ့ စာအုပ် Collection ကောင်းလေးတွေတင်ပေးသွားမှာမို့ စောင့်ကြည့်ပေးကြပါအုန်းနော် 🥰🥰

Book o'Clock Admin Team
#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

အသက်ကိုနောက်မှရှူမယ်ကော်ဖီကို အရင်သောက်မယ်ငါ့ကိုငါအရင်ချစ်လဲမင်းကိုချစ်တာအရင်ဖြစ်ခဲ့တယ်                                 ...
30/09/2021

အသက်ကိုနောက်မှရှူမယ်
ကော်ဖီကို အရင်သောက်မယ်
ငါ့ကိုငါအရင်ချစ်လဲ
မင်းကိုချစ်တာအရင်ဖြစ်ခဲ့တယ်

- စိုင်းဝင်းမြင့် -

#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

မင်မင်တို့ကြော်ငြာစရာလေးတစ်ခုရှိပါတယ်နော် 📣Book o'Clock Page လေးစတင်တဲ့အချိန်ကနေစပြီး အခုချိန်ထိ စိတ်ဝင်တစားရှိပေးကြတဲ့ ...
29/09/2021

မင်မင်တို့ကြော်ငြာစရာလေးတစ်ခုရှိပါတယ်နော် 📣

Book o'Clock Page လေးစတင်တဲ့အချိန်ကနေစပြီး အခုချိန်ထိ စိတ်ဝင်တစားရှိပေးကြတဲ့ စာဂျပိုးလေးတွေအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ ❤

အခုဆို Collection (5) ခုမြောက်အထိ အောင်အောင်မြင်မြင် ပြီးသွားခဲ့ပါပြီ။ Collection တစ်ခုစီတိုင်းမှာ အားလုံးနဲ့ထပ်တူ မင်မင်တို့လည်း ရင်ခုန်ခဲ့ကြရသလို ကံထူးသွားခဲ့ကြတဲ့ Winner လေးတွေအတွက်လည်း ဝမ်းသာပျော်ရွှင်ရပါတယ် ကံမကောင်းခဲ့တဲ့ စာဂျပိုးလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်နော်

ဒါကြောင့် ဒီနေ့မှာတော့ မင်မင်တို့စီမှာ Collection (5) ခုမြောက်အထိ စိတ်မပျက်ပဲ Ticket လေးတွေ အမြဲပါဝင်ကံစမ်းခဲ့ကြသူတွေထဲကမှ တစ်ခါမှကံမကောင်းသေးတဲ့ စာဂျပိုးလေးတွေအတွက် မင်မင်တို့ Surprise Gift လေးတွေပေးဖို့ စီစဉ်ထားပါတယ်

Collection (5) ခုမြောက်ပြီးတဲ့အချိန်မှာ Ticket 5 စောင်နဲ့အထက် ပါဝင်ကံစမ်းထားတဲ့ သူတွေကို မင်မင်တို့ Surprise Gift လေးတွေ ပေးသွားမှာပါ။

လောလောဆယ်မှာ Ticket 5 စောင်နဲ့အထက် ပါဝင်ကံစမ်းထားကြတဲ့ စာဂျပိုးလေးတွေ (၄) ဦးရှိပါတယ်။

(1) Hnin Pwint Oo
(2) Aung Myint Myat
(3) Fidel
(4) Arkar

Surprise Gift ကဘာရမှာလဲဆိုတော့ စာအုပ်ကောင်းလေးတွေ တစ်ယောက်တစ်အုပ်စီလက်ဆောင်ပေးသွားမှာပါနော် ဘာစာအုပ်လေးလဲဆိုတာတော့ ရင်ခုန်ရအောင်ကြိုမပြောတော့ဘူးနော်

Surprise Gift ရသွားတဲ့စာဂျပိုးလေးတွေမင်မင် Chat Box ကိုဆက်သွယ်ပေးပါအုန်း
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်လေးတွေလည်း အများကြီးလုပ်ပေးသွားဖို့ရှိတာကြောင့် စာအုပ်ချစ်သူတွေစောင့်ကြည့်ပေးကြပါအုန်းနော် ❤

Book o'Clock Admin Team
#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

Book o'Clock ရဲ့ စာအုပ် Collection 5 လေးအတွက် Winner ထွက်ပေါ်လာပါပြီ  Ticket No (18)  Zu San မှ ကံစမ်းမဲပေါက်သွားပါတယ်နေ...
29/09/2021

Book o'Clock ရဲ့ စာအုပ် Collection 5 လေးအတွက် Winner ထွက်ပေါ်လာပါပြီ Ticket No (18) Zu San မှ ကံစမ်းမဲပေါက်သွားပါတယ်နော် Congratulation ပါ.....

Winner ရွေးချယ်သည့် Live ကြည့်ရှု့ရန်

https://m.facebook.com/story.php?story_fbid=222230689938147&id=108989668173011

မင်မင်တို့နောက်ရက်မှာ စာအုပ် Collection (6) လေးကို ရောင်းချပေးသွားပါမယ်နော် ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်လေးတွေပါဝင်လာအုန်းမလဲဆိုတာ စောင့်ကြည့်ပေးကြပါအုန်းနော် စာအုပ်ချစ်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ❤

Book o'Clock Admin Team
#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

ဒီတစ်ခန်းပြီးရင်အိပ်မယ်နှင့်မိုးလင်းသွားသောစာအုပ်များ.....
28/09/2021

ဒီတစ်ခန်းပြီးရင်အိပ်မယ်နှင့်မိုးလင်းသွားသောစာအုပ်များ.....

Edit - Ticket အားလုံးရောင်းထွက်သွားပါပြီ စိတ်ဝင်တစားအားပေးကြတဲ့စာအုပ်ချစ်သူတစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ...
24/09/2021

Edit - Ticket အားလုံးရောင်းထွက်သွားပါပြီ စိတ်ဝင်တစားအားပေးကြတဲ့စာအုပ်ချစ်သူတစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်နော် Ticket လေးတွေကို Admin Team မှစီစစ်ပြီး မကြာခင် Live လွင့်၍ ကံထူးရှင် ရွေးချယ်ပေးသွားပါမယ် ❤

ဒီတစ်ခေါက် Collection 5 ကိုတော့ ထူးထူးခြားခြားအနေနဲ့ စာအုပ်ချစ်သူတွေအားလုံးလည်းတောင်းဆိုထားကြတဲ့ ဆရာကြီးမြသန်းတင့်ရဲ့ "စစ်နှင့်ငြိမ်းချမ်းရေး" (ပ+ဒု) Special Set စာအုပ်တွဲကြီးကို ရောင်းပေးသွားမှာပါနော် ❤️

ကမ္ဘာ​ကျော်ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ လက်ရာမြောက်လှတဲ့ War and Peace စာအုပ်ကို ဆရာကြီးမြသန်းတင့်မှ ရသမြောက်စွာပြန်လည် ဘာသာပြန်ဆိုရေးသားထားတဲ့ စာအုပ်ကောင်းကြီး ဖြစ်ပါတယ်။ ဆရာကြီးမြသန်းတင့်အနေနဲ့ "စစ်နှင့်ငြိမ်းချမ်းရေး"ဝတ္ထုကြီးကို ရှစ်နှစ်နှင့် လေးလခန့် အချိန်ယူပြီး မြန်မာဘာသာပြန်ဆိုရေးသားခဲ့ရတယ်လို့ သိရပါတယ်။ ၁၉၇၂ အကောင်းဆုံးအမျိုးသား ဘာသာပြန်စာပေဆုကိုလည်း ရရှိထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် စာအုပ်စာပေချစ်သူတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်စာရင်းထဲမှာ ပါပါတယ်နော်......

"စစ်နှင့်ငြိမ်းချမ်းရေး" (ပ+ဒု) စာအုပ်တွဲကြီးကိုတော့ မင်မင်တို့ Ticket တစ်စောင် ၁၅၀၀ ကျပ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ (စာအုပ်ဈေးနှုန်းတက်သွားတာကြောင့်ပါ) ❤️

Ticket တစ်စောင် ၁၅၀၀ ပေမယ့် အစောင်ရေကိုတော့ Total ၃၀ သာလျော့ပြီး ရောင်းချပေးမှာဆိုတော့ လူနည်းနည်းနဲ့ ကံထူးရှင်ကကိုယ်ဖြစ်နိုင်မယ့် အခွင့်အရေးပိုများသွားတာပေါ့နော်။ "စစ်နှင့်ငြိမ်းချမ်းရေး" စာအုပ်တွဲကြီးကို ၁၅၀၀ ကျပ်နဲ့ကံထူးမယ်ဆိုရင် တော်တော်ကြီးကို တန်နေမှာပါ ❤️

ကံစမ်းမဲအစီအစဉ်မှာပါဝင်မယ်ဆိုရင် မင်မင်တို့ရဲ့ Page Messenger ကနေ ငွေလွဲပြီးကြောင်း SS လေးပို့ပြီး 1 to 30 ထဲက နှစ်သက်ရာ Ticket Number လေးကိုရွေးချယ်ရမှာပါ။ Ticket အစောင် 30 လုံးရောင်းထွက်သွားပြီဆိုရင်တော့ အယောက် ၃၀ ထဲက တစ်ယောက်ကို Random Picker နဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

ကံထူးသွားတဲ့ စာအုပ်ပိုင်ရှင်လေးအတွက် စာအုပ်လေးတွေကို အနည်းဆုံး ၇ ရက် အများဆုံး ၁၀ ရက်အတွင်း ပို့ဆောင်ပေးသွားမှာပါ delivery charges လေးကိုတော့ ကံထူးသွားတဲ့စာအုပ်ပိုင်ရှင်လေးဘက်မှရှင်းပေးရပါမယ်နော်

စာအုပ်ချစ်သူလေးတွေအားလုံးပဲ Ticket လေးတွေ စတင်ဝယ်ယူလို့ရပါပြီ။

Payment - Kpay , Wave Pay , AYA pay - 09970252563

Book o'Clock ရဲ့ စာအုပ် Collection 4 လေးအတွက် Winner ထွက်ပေါ်လာပါပြီ  Ticket No (23)  Wa Lone မှ ကံစမ်းမဲပေါက်သွားပါတယ်န...
23/09/2021

Book o'Clock ရဲ့ စာအုပ် Collection 4 လေးအတွက် Winner ထွက်ပေါ်လာပါပြီ Ticket No (23) Wa Lone မှ ကံစမ်းမဲပေါက်သွားပါတယ်နော် Congratulation ပါ.....

Winner ရွေးချယ်သည့် Live ကြည့်ရှု့ရန်

https://m.facebook.com/story.php?story_fbid=423137939257137&id=108989668173011

မင်မင်တို့နောက်ရက်မှာ စာအုပ် Collection (5) လေးကို ရောင်းချပေးသွားပါမယ်နော် ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်လေးတွေပါဝင်လာအုန်းမလဲဆိုတာ စောင့်ကြည့်ပေးကြပါအုန်းနော် စာအုပ်ချစ်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ❤

Book o'Clock Admin Team
#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

ဆရာဝန်ညွှန်ကြားချက်မှာလက်ဖက်ရည်တစ်ခွက်ပေးပါဒူးယားတစ်လိပ်ပေးပါမမ ကျွန်တော့်ကိုချစ်ပါ ဒီကောင်လက်နက်ချရမယ်တဲ့              ...
21/09/2021

ဆရာဝန်ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမ ကျွန်တော့်ကိုချစ်ပါ
ဒီကောင်လက်နက်ချရမယ်တဲ့

- အောင်ချိမ့် -
(ဂန္တဝင်မမ)

#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

Edit - Ticket အားလုံးရောင်းထွက်သွားပါပြီ စိတ်ဝင်တစားအားပေးကြတဲ့စာအုပ်ချစ်သူတစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ...
20/09/2021

Edit - Ticket အားလုံးရောင်းထွက်သွားပါပြီ စိတ်ဝင်တစားအားပေးကြတဲ့စာအုပ်ချစ်သူတစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်နော် Ticket လေးတွေကို Admin Team မှစီစစ်ပြီး မကြာခင် Live လွင့်၍ ကံထူးရှင် ရွေးချယ်ပေးသွားပါမယ် ❤

🥰 Book o' Clock ရဲ့ စာအုပ် Collection (4) လေးလာပါပြီနော် 🥰
ဒီတစ်ခေါက် Collection (4) လေးမှာပါဝင်မယ့် စာအုပ်ကောင်းလေးတွေကတော့

(၁) လင်္ကာဒီပချစ်သူ (ချစ်ဦးညို)

(၂) မသိန်းရှင်ဆီပို့ပေးပါ (နိုင်ဝင်းဆွေ)

(၃) ချစ်သောဤကမ္ဘာ (တက္ကသိုလ်ဘုန်းနိုင်)

(၄) ပျော်ရွှင်ဖို့ ဒီလောက်မခက်ခဲပါစေနဲ့ (နိုင်းနိုင်းစနေ)

(၅) လေလွင့်သူ (မြသန်းတင့်)

(၆) ဆိုရှယ်လစ်ဝါဒ (သခင်စိုး)

မင်မင်ရွေးပေးထားတဲ့ စာအုပ်ကောင်းလေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော် Ticket တစ်စောင်ကို ၁ ထောင်ကျပ်ပါ (အကောင့်တစ်ခုလျှင် Ticket 2 စောင်သာ ဝယ်ခွင့်ရှိပါတယ်နော်)

စာအုပ်လေးတွေနှစ်သက်လို့ ကံစမ်းမဲအစီအစဉ်မှာပါဝင်မယ်ဆိုရင် မင်မင်တို့ရဲ့ Page Messenger ကနေ ငွေလွဲပြီးကြောင်း SS လေးပို့ပြီး 1 to 35 ထဲက နှစ်သက်ရာ Ticket Number လေးကိုရွေးချယ်ရမှာပါ။ Ticket 35 စောင်လုံးရောင်းထွက်သွားပြီဆိုရင်တော့ ၃၅ ယောက်ထဲက တစ်ယောက်ကို Random Picker နဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။

ကံထူးသွားတဲ့ စာအုပ်ပိုင်ရှင်လေးအတွက် စာအုပ်လေးတွေကို အနည်းဆုံး ၇ ရက် အများဆုံး ၁၀ ရက်အတွင်း ပို့ဆောင်ပေးသွားမှာပါ delivery charges လေးကိုတော့ ကံထူးသွားတဲ့စာအုပ်ပိုင်ရှင်လေးဘက်မှရှင်းပေးရပါမယ်နော်
စာအုပ်ချစ်သူလေးတွေအားလုံးပဲ Ticket လေးတွေစတင်ဝယ်ယူလို့ရပါပြီ။

Payment - Kpay , Wave Pay , AYA pay - 09970252563

Book o'Clock ရဲ့ စာအုပ် Collection 3 လေးအတွက် Winner ထွက်ပေါ်လာပါပြီ  Ticket No (18)  Pyae Sone မှ ကံစမ်းမဲပေါက်သွားပါတယ...
19/09/2021

Book o'Clock ရဲ့ စာအုပ် Collection 3 လေးအတွက် Winner ထွက်ပေါ်လာပါပြီ Ticket No (18) Pyae Sone မှ ကံစမ်းမဲပေါက်သွားပါတယ်နော် Congratulation ပါ.....

Winner ရွေးချယ်သည့် Live ကြည့်ရှု့ရန်

https://m.facebook.com/story.php?story_fbid=389225646115199&id=108989668173011

မင်မင်တို့နောက်ရက်မှာ စာအုပ် Collection (4) လေးကို ရောင်းချပေးသွားပါမယ်နော် ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်လေးတွေပါဝင်လာအုန်းမလဲဆိုတာ စောင့်ကြည့်ပေးကြပါအုန်းနော် စာအုပ်ချစ်သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ❤

Book o'Clock Admin Team
#တစ်ထောင်ကျပ်နဲ့စာအုပ်ဖတ်မယ်

Address

Yangon

Telephone

+959970252563

Website

Alerts

Be the first to know and let us send you an email when Znext PR & Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share