TODAY Book Store

TODAY Book Store တူဒေးတိုက်ထုတ် စာအုပ်များကို အိမ်အရောက်ပို့ မှာယူဖတ်ရှုနိုင်ပါသည်။

TODAY Book Store page ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ပြီး စာပေချစ်သူများအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။

လွမ်းရစ်‌လေဦးပုဂံမြေ ကေဇော်မိုးတန်ဖိုး - ၈,၀၀၀ ကျပ်ဘုရားအိုများက မြက်ရိုင်းများကြားတွင် တိတ်တိတ်  ဆိတ်ဆိတ်။ လေအလျင်ထဲ ပျ...
08/09/2026

လွမ်းရစ်‌လေဦးပုဂံမြေ

ကေဇော်မိုး
တန်ဖိုး - ၈,၀၀၀ ကျပ်

ဘုရားအိုများက မြက်ရိုင်းများကြားတွင် တိတ်တိတ် ဆိတ်ဆိတ်။ လေအလျင်ထဲ ပျံ့လွင့်လာသည့် ကိုယ့်အသက်ရှူ သံ ကိုယ်ပြန်ကြားနေရသည်။ နံရံဆေးရေးပန်းချီများကား ပျက် ယွင်းနေပြီဖြစ်သော်လည်း အချိန်၏လက်ရာကြောင့် ပိုမိုတင့် တယ်လာသလိုမျိုး။

ကျနော် ဂူဘုရားအတွင်းသို့ ဝင်သွားခဲ့သည်။ ဂူထဲတွင် အေးမြမှောင်မိုက်နေပြီး အပြင်က နေရောင်ခြည်သည် တံခါး ပေါက်မှတစ်ဆင့် မျဉ်းတစ်ကြောင်းကဲ့သို့ ထိုးဝင်နေသည်။ ထို အလင်းတန်းအောက်တွင် ဖုန်မှုန့်လေးများ တဝဲဝဲလွင့်လျက်။ ရုတ်တရက် ကျနော့်စိတ်ထဲတွင် မေညို၏အသံ ပြန်လည်ပဲ့တင် ထပ်လာသည်။

“လူတွေက ဘာလို့ အမှတ်တရတွေကို မဖျက်ပစ်နိုင်တာလဲ သိလား ကိုကို။ တကယ်တော့ အမှတ်တရဆိုတာ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်ခဲ့တဲ့ ဘဝပဲ”

ထိုစဉ်က ကျနော် နားမလည်ခဲ့ပါ။ ယခုတော့ ဂူအတွင်း အမှောင်ထဲတွင် ရပ်နေရင်း ထက်ထက်သန်သန် နားလည်လာ ခဲ့ပါပြီ။ ကျနော် လွမ်းဆွတ်နေမိသည်မှာ မေညိုတစ်ဦးတည်းကို မဟုတ်။ မေညိုနှင့်အတူ ဖြစ်တည်ခွင့်ရနိုင်ခဲ့မည့် ဘဝတစ်ခု ကိုသာ ဖြစ်ပါသည်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#လွမ်းရစ်‌လေဦးပုဂံမြေ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ထွက်သည့်စာအုပ်များ------------------------------၁။ နှစ်ဆယ့်တစ်ရာစု သားရွှေဥ     ကျော်ဝင်း ...
07/09/2026

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ထွက်သည့်စာအုပ်များ

------------------------------

၁။ နှစ်ဆယ့်တစ်ရာစု သားရွှေဥ
ကျော်ဝင်း
တန်ဖိုး - ၇,၀၀၀ ကျပ်

၂။ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ််
ဖေမြင့်
တန်ဖိုး - ၁၁,၀၀၀ ကျပ်

၃။ ဩဇာတိက္ကမ
Team Nyana
တန်ဖိုး - ၂၅,၀၀၀ ကျပ်

၄။ လူသားတို့၏ ခန္ဓာဗေဒသမိုင်း
ညီနောင် (Humber)
တန်ဖိုး - ၃၅,၀၀၀ ကျပ်

၅။ အနုပညာကမ္ဘာကြီးနှင့် ကျွန်တော်တို့နေ့များအကြောင်း ပြောကြည့်ခြင်း
သုခမိန်လှိုင်
တန်ဖိုး - ၃၅,၀၀၀ ကျပ်

၆။ ပုဂံဘုရားများ ဗိသုကာစစ်တမ်း
မြန်မာနိုင်ငံ ဗိသုကာအသင်း
တန်ဖိုး - ၁၅,၀၀၀ ကျပ်

၇။ 24/7 Content Marketing
ကိုဘုန်း
တန်ဖိုး - ၂၀,၀၀၀ ကျပ်

၈။ ဘဝနေနည်းအနုပညာ
မြသန်းတင့်
တန်ဖိုး - ၂၂,၀၀၀ ကျပ်

၉။ ကံကောင်းခြင်းတံခါး လာခေါက်တဲ့အခါ
နိုင်းနိုင်းစနေ
တန်ဖိုး - ၇,၅၀၀ ကျပ်

၁၀။ သင်သည်သာ သင့်ရဲ့စကြဝဠာ
Mon Halsey
တန်ဖိုး - ၁၅,၀၀၀ ကျပ်

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်

သံသယစိတ်ကို အနိုင်ယူလိုက်ပါ(Silence Your Inner Critic by Damon Zahariades)ထက်ထက်တင်ဇာစာမျက်နှာ - ၂၀၈တန်ဖိုး - ၁၇,၅၀၀ ကျပ...
02/09/2026

သံသယစိတ်ကို အနိုင်ယူလိုက်ပါ
(Silence Your Inner Critic by Damon Zahariades)

ထက်ထက်တင်ဇာ
စာမျက်နှာ - ၂၀၈
တန်ဖိုး - ၁၇,၅၀၀ ကျပ်

"သင့်အနေနဲ့ အတိတ်သို့ ပြန်လှည့်ပြီး အစကို ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ပေမဲ့ ယခုရောက်ရှိနေတဲ့ နေရာမှစပြီး ပြန်လည်စတင်ကာ အဆုံးသတ်ကိုမူ ပြောင်းလဲနိုင်ပါတယ်”

ကိုယ့်ကိုယ်ကိုယ် အနုတ်လက္ခဏာဆောင်အမြင်၊ တစ်နည်း ကိုယ့်စိတ်ထဲက အပြစ်တင်သံကို ငြိမ်သက်သွားအောင် လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အဆိပ်ခတ်နေတဲ့ အတွေးလှိုင်းတွေကို ရပ်တန့်လိုက်ရုံတင် မဟုတ်ပါဘူး။ အဲဒီလို အဆိုးမြင်တတ်တဲ့ စိတ်တွင်း ဆူညံသံတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိသွားတာနဲ့ ကိုယ့်ဘဝရဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်အသစ် ပြန်ရေးနိုင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အားနည်းချက်တွေအပေါ်မှာပဲ စွဲလမ်းပိတ်မိနေမယ့်အစား ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို ပိုပြီး အာရုံစိုက်လာနိုင်မယ်။ ကိုယ့်ရဲ့ ဘောင်ခတ်ပိတ်ဆို့မှုတွေအပေါ်မှာပဲ အစွဲအလမ်းကြီး ဖြစ်နေမယ့်အစား ကိုယ့်မှာရှိတဲ့ ပါရမီ၊ စွမ်းဆောင်ရည်တွေနဲ့ အပင်ပန်းခံ ကြိုးစားပြီး ရယူထားခဲ့ရတဲ့ ကျွမ်းကျင်မှုတွေဆီကို စိတ်အာရုံ ပြောင်းရွှေ့လာနိုင်ပါလိမ့်မယ်။ ကိုယ် ဘာမလုပ်နိုင်ဘူးလဲဆိုတာနဲ့ ကိုယ့်ရဲ့ Comfort Zone ပြင်ပကို ခြေလှမ်းလှမ်းလိုက်ရင် ဘာတွေများ မှားယွင်းကုန်မလဲဆိုတာကို အလွန်အကျွံ လျှောက်တွေးနေမယ့်အစား ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အလမ်း မှန်သမျှကို လက်ခံကြိုဆိုလာနိုင်ပါလိမ့်မယ်။
ကိုယ့်ရဲ့အဖျက်သဘောအတွေးတွေက ဖန်တီးထားတဲ့ လွဲမှားပြီး ဘောင်ခတ်ထားတဲ့ ဇာတ်ကြောင်းတွေကို သင်က ပြန်လည်စိန်ခေါ်ပြီး ဖြိုဖျက်လိုက်နိုင်တဲ့အခါ သင့်ဘဝဟာ ပြောင်းလဲသွားပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေတဲ့ စိတ်တွေရဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ အစားထိုးဝင်ရောက်လာမယ်။ စိတ်ထဲက အဆိုးမြင်တတ်တဲ့ စကားပြောဆိုမှုတွေ လွင့်ပြယ်သွားပြီး ကိုယ့်ကိုယ်ကိုယ် အားပေးမြှင့်တင်ပေးမယ့် အတွေးလှိုင်းတွေ လမ်းပွင့်လာပါလိမ့်မယ်။ ကိုယ့်ကို နောက်ဆွဲထားတဲ့ စိတ်ထဲက အသံဟာ ရှေ့တွန်းပို့ပေးမယ့် အသံတစ်ခုအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

သင့်စိတ်ထဲက အပြစ်တင်သံကို စီမံခန့်ခွဲတတ်အောင် သင်ယူရတာက လမ်းဆုံးပန်းတိုင် မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ ပင်ကိုယ်စွမ်းရည်တွေကို ပုံစံသစ်နဲ့ ပြန်လည်စိတ်ကူးပုံဖော်ခွင့်ရစေမယ့် တွန်းအားတစ်ခုပဲ ဖြစ်တယ်။ ကိုယ်ဟာ ဘယ်သူလဲ၊ ကိုယ် ဘာတွေ လုပ်နိုင်လဲဆိုတာကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုနိုင်ဖို့ ကူညီပေးမယ့် မီးပွားလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ဘဝရဲ့ အချိုးအကွေ့ပါပဲ။ စွမ်းအားပြည့်ဝတဲ့ ဘဝအလှည့်အပြောင်းတစ်ခုရဲ့ အစပျိုးခြင်းလည်း ဖြစ်လာနိုင်ပါတယ်။

ဒီစာအုပ်မှာ အဖျက်သဘာဆောင်အတွေးတွေကို ဘယ်လိုအပြောင်းအလဲလုပ်မလဲ၊ ကိုယ့်စိတ်ထဲက သံသယစိတ်တွေနဲ့ စိုးရွံ့မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ ကိုယ့်ကိုယ်ကိုယ်လက်ခံတတ်အောင် ဘယ်လိုတည်ဆောက်မလဲ စတဲ့အကြောင်းအရာတွေကို လက်တွေ့သင်ခန်းစာတွေနဲ့အတူ ဖတ်ရှုရရမှာဖြစ်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#သံသယစိတ်ကိုအနိုင်ယူလိုက်ပါ

လက်တွေ့အသုံးချ ရှေ့နေပညာစာရေးသူ - ဦးမြင့်ဝင်း (ရွှေဘို)တန်ဖိုး - ၂၅,၀၀၀ ကျပ်စာမျက်နှာ - ၂၂၀"တရားခွင်ဆိုတာ အမှန်တရားတစ်ခု...
26/08/2026

လက်တွေ့အသုံးချ ရှေ့နေပညာ

စာရေးသူ - ဦးမြင့်ဝင်း (ရွှေဘို)
တန်ဖိုး - ၂၅,၀၀၀ ကျပ်
စာမျက်နှာ - ၂၂၀

"တရားခွင်ဆိုတာ အမှန်တရားတစ်ခုတည်းနဲ့ အနိုင်ရတဲ့နေရာ မဟုတ်ပါဘူး"

- ရှေ့နေတစ်ယောက်ရဲ့ လျှို့ဝှက်ချက်၊ တရားခွင်ရဲ့အလွှာပေါင်းစုံနဲ့ ဥပဒေရေးရာနည်းဗျူဟာတွေကို လက်တွေ့ကျကျ လေ့လာလိုသူတွေအတွက် အသုံးဝင်မယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

- ဥပဒေပုဒ်မတွေကို ကျက်မှတ်ရုံနဲ့ မရနိုင်တဲ့ တရားခွင်အတွင်း လက်တွေ့အတွေ့အကြုံတွေနဲ့ သက်သေစစ်ဆေးခြင်း၊ လျှောက်လဲချက်ရေးသားခြင်း စတဲ့ နည်းဗျူဟာတွေကို စနစ်တကျ မီးမောင်းထိုးပြထားပါတယ်။

- ဒီစာအုပ်ထဲမှာ အမှုတစ်ခုကို ဆောက်တည်ခြင်း၊ ခုခံချေပခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ပျိုးထောင်နည်း၊ နှုတ်ရေးပြိုင်ဆိုင်မှုထက် အချက်အလက်နှင့် သက်သေစစ်ဆေးမှု စနစ်တကျပြုလုပ်နည်း၊ လိမ်လည်ထွက်ဆိုချက်များကို ဖော်ထုတ်ရန်နှင့် အမှန်တရားကိုအထောက်အထားဖြင့် သက်သေပြနည်း၊ ခိုင်မာသည့် ဥပဒေအကြောင်းပြချက်များဖြင့် တရားသူကြီးအား ဆွဲဆောင်နိုင်သည့် လျှောက်လဲချက် ရေးသားနည်း အစရှိတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများစွာ ပါဝင်ပါတယ်။

- ဥပဒေကျောင်းသားတွေ၊ အလုပ်သင်ရှေ့နေတွေ၊ တရားလွှတ်တော်ရှေ့နေတွေ မဖြစ်မနေ ဆောင်ထားသင့်ရုံမက ဥပဒေနဲ့ တရားစီရင်ရေးအကြောင်းကို အတွင်းကျကျ သိရှိလိုတဲ့ စာဖတ်သူတိုင်းအတွက် အထူးသင့်လျော်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#လက်တွေ့အသုံးချရှေ့နေပညာ

ပါရမီရှိရင်ကစားပွဲမှာ နိုင်မယ်။ဒါပေမဲ့အသင်းလိုက်ဆောင်ရွက်မှုကတော့ချန်ပီယံဆုဖလားကို ရနိုင်တယ်။"အသင်းအဖွဲ့၏ ပူးပေါင်းဆောင်...
25/08/2026

ပါရမီရှိရင်
ကစားပွဲမှာ နိုင်မယ်။
ဒါပေမဲ့
အသင်းလိုက်ဆောင်ရွက်မှုကတော့
ချန်ပီယံဆုဖလားကို ရနိုင်တယ်။

"အသင်းအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု" စာအုပ်မှ ကောက်နုတ်ချက်



#တူဒေးစာအုပ်တိုက်

၂၀၂၆ ခုနှစ်၊ သြဂုတ်လ တတိယပတ် ထွက်သည့်စာအုပ်များ-----------------------------------၁။ သုခမြို့​တော်ထဲက စိတ်သတ္တိမြသန်းတင်...
24/08/2026

၂၀၂၆ ခုနှစ်၊ သြဂုတ်လ တတိယပတ်
ထွက်သည့်စာအုပ်များ

-----------------------------------

၁။ သုခမြို့​တော်ထဲက စိတ်သတ္တိ
မြသန်းတင့်
တန်ဖိုး - ၁၅,၀၀၀ ကျပ်

၂။ သူ့အတွေး​ ကိုယ့်အမြင်
အောင်သင်း
တန်ဖိုး - ၁၅,၀၀၀ ကျပ်

၃။ သမိုင်းနှင့် စာ​ပေအတွေးအမြင်
​ဒေါက်တာတိုးလှ
တန်ဖိုး - ၁၀,၀၀၀ ကျပ်

၄။ ရာစုနှစ်ချီစစ်ပွဲ
မင်း​အောင်မင်း
တန်ဖိုး - ၂၀,၀၀၀ ကျပ်

၅။ အင်ဒိုနီးရှားသမိုင်း
ကိုကို​လေး
တန်ဖိုး - ၂၅,၀၀၀ ကျပ်

၆။ ​အောင်မြင်ခြင်းအစစ်
​စော​ဒေးဗစ်
တန်ဖိုး - ၁၂,၀၀၀ ကျပ်

၇။ ​အွန်လိုင်းစီးပွား​ရေးလုပ်မယ်ဆိုရင်
​အောင်ကိုဦး
တန်ဖိုး - ၁၇,၀၀၀ ကျပ်

၈။ လက်တွေ့အသုံးချရှေ့နေပညာ
ဦးမြင့်ဝင်း ​(ရွှေဘို)
တန်ုဖိုး - ၂၅,၀၀၀ ကျပ်

၉။ ဗုဒ္ဓအမြင်ကို​လေ့လာခြင်း
ဦး​သော်ဇင်
တန်ဖိုး - ၁၁,၀၀၀ ကျပ်

၁၀။ ကမ္ဘာကြီးရဲ့​တောင်ပံတစ်စုံ
​ဒေါက်တာဖြိုးသီဟ
တန်ဖိုး - ၁၂,၀၀၀ ကျပ်

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်

စီးပွားရေးစစ်တလင်းမြန်မာပြန်သူ - စောဒေးဗစ်တန်ဖိုး - ၂၂,၀၀၀ ကျပ် စာမျက်နှာ - ၃၅၂"ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေရဲ့ အပြင်းထန်...
23/08/2026

စီးပွားရေးစစ်တလင်း

မြန်မာပြန်သူ - စောဒေးဗစ်
တန်ဖိုး - ၂၂,၀၀၀ ကျပ်
စာမျက်နှာ - ၃၅၂

"ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေရဲ့ အပြင်းထန်ဆုံးပြိုင်ဆိုင်မှုအကြောင်းကို သွက်လက်မြူးကြွစွာ ဖတ်ရှုရမယ့် စာအုပ်"

"သင့်ရဲ့ ပထမဆုံးခြေလှမ်းကို စ မလှမ်းခင်
သင် ရင်ဆိုင်ရမယ့် စစ်တလင်းကို
သေသေချာချာ စစ်ဆေးပြင်ဆင်ပါ။

သင် ရင်ဆိုင် စ တင်ရမယ့်
တိုက်ပွဲရဲ့ အရွယ်ပမာဏကို
သေချာ နားလည်အောင်လုပ်ထားဖို့
လိုအပ်ပါလိမ့်မယ်"

"သင့်ပြိုင်ဘက်ရဲ့ အားနည်းချက်ကိုရှာတဲ့အခါမှာ
သူတို့ရဲ့ခေါင်းဆောင်တွေကို အရင်ဆုံးကြည့်ပါ။
သူတို့ရဲ့အားနည်းချက်တွေဟာ
သင့်ရဲ့ အကြီးမားဆုံး အခွင့်အရေးတွေပဲဖြစ်ပါတယ်"

"သင့်ရန်သူအကြောင်း သင်သိပြီး၊ သင့်အကြောင်းကိုလည်း သင်သိတယ်ဆိုရင် တိုက်ပွဲတစ်ရာရဲ့ ရလဒ်အတွက် သင် စိတ်ပူပန်နေဖို့ မလိုပါဘူး"

- မူရင်းစာအုပ်က The Art of Business Wars ဖြစ်ပြီး တွေးခေါ်ပညာရှင်လည်းဖြစ်၊ စစ်ရေးဗျူဟာ ကျွမ်းကျင် နှံ့စပ်သူလည်း ဖြစ်တဲ့၊ ရှေးခေတ် တရုတ်စစ်သူကြီးဆွန်ဇူးရဲ့ The Art of War အမည်ရ ကျမ်းစာအုပ်ကို ကိုးကားရေးသားထားတာပါ။

- ဒီစာအုပ်မှာ ဆွန်ဇူးရဲ့ စစ်ရေးဗျူဟာ၊ စစ်ရေးပညာတွေကို ထုတ်နုတ်ပြီး မိမိရဲ့စီးပွားရေးကဏ္ဍတွေမှာ အကျိုးရှိရှိအသုံးချနိုင်ဖို့ နည်းပေးလမ်းညွှန်မှု ပြုပေးထားပါတယ်။

- ကြမ်းတမ်းခက်ထန်တဲ့ စစ်တလင်းတွေမှာ မိမိရဲ့ ရန်သူကိုနှိပ်ကွပ်ဖို့ အသုံးပြုတဲ့ စစ်ရေးဗျူဟာတွေကို သိမ်မွေ့နက်နဲတဲ့ စီးပွားရေးစစ်တလင်းထဲမှာ ဘယ်လို ချိန်ထိုး အသုံးချနိုင်မလဲဆိုတာကို သိရှိ ကျင့်သုံးနိုင်ဖို့အတွက် ဖတ်ကြည့်စေချင်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တိုကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#စီးပွားရေးစစ်တလင်း

ပညာရှိနဲ့ပေါင်းသင်းသူဟာပညာရှိလာမယ်။ဒါပေမဲ့မိုက်မဲသူတွေကိုအဖော်ပြုတဲ့လူကတော့ဘေးအန္တရာယ်နဲ့တွေ့ရမယ်။"ဖေဖေပေးခဲ့မယ့်အမွေ" စ...
22/08/2026

ပညာရှိနဲ့ပေါင်းသင်းသူဟာ
ပညာရှိလာမယ်။
ဒါပေမဲ့
မိုက်မဲသူတွေကိုအဖော်ပြုတဲ့လူကတော့
ဘေးအန္တရာယ်နဲ့တွေ့ရမယ်။

"ဖေဖေပေးခဲ့မယ့်အမွေ" စာအုပ်မှကောက်နုတ်ချက်



#တူဒေးစာအုပ်တိုက်

အောင်မြင်လိုသူအတွက် အကြံပြုချက်များ မြန်မာပြန်သူ - ဒေါက်တာသာထွန်းဦးတန်ဖိုး - ၇,၀၀၀ ကျပ်စာမျက်နှာ - ၁၇၅           "ဆုံးရှ...
22/08/2026

အောင်မြင်လိုသူအတွက် အကြံပြုချက်များ

မြန်မာပြန်သူ - ဒေါက်တာသာထွန်းဦး
တန်ဖိုး - ၇,၀၀၀ ကျပ်
စာမျက်နှာ - ၁၇၅

"ဆုံးရှုံးခြင်း​ကြောင့်
သင်သည် ဆုံးရှုံးသူ မဟုတ်​ပေ။
သင် လက်​မြှောက် အရှုံးမ​ပေးမချင်း
ဆုံးရှုံးသည်ဟု မဆိုနိုင်​ပေ။
ဆက် ကြိုးစား​နေရန် လိုအပ်​ပေသည်"

"လူတိုင်း ကမ္ဘာကြီးကိုပြောင်းလဲရန်သာ
စဥ်းစားကြပြီး မိမိကိုယ်မိမိ
ပြုပြင်ပြောင်းလဲရန်
မေ့နေကြသည်"

- သမ္မာကျမ်းစာပါ စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းတွေကို အခြေပြုရေးသားထားတဲ့ ယခုစာအုပ်က
ခရစ်ယာန်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်သာမက အခြားတစ်ပါးသော မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေအတွက်ပါ အကျိုးရှိမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

- သမ္မာကျမ်းစာက ဉာဏ်ပညာနဲ့ ဘာသာရေးဆိုင်ရာ လိုက်နာရမယ့်ကျင့်ထုံး‌တွေကို စုပေါင်းထားတဲ့ ကျင့်စဉ်တရား အဆီအနှစ်တွေ ဖြစ်ပါတယ်။

- လောကလူသားအားလုံး နိစ္စဓူဝ တွေ့ကြုံရင်ဆိုင်ရမယ့် ပြဿနာအထွေထွေကို ဖြေရှင်းနိုင်တဲ့ ဉာဏစွမ်းအားကို ရစေပါတယ်။

- ဒါကြောင့် ဒီစာအုပ်မှာဖော်ပြထားတဲ့ သမ္မာကျမ်းစာလာ အဆိုအမိန့် ကောက်နုတ်ချက်တွေက ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်ပေးသည်သာမက မိမိတို့ရဲ့ဘဝတစ်သက်တာအတွက် လိုအပ်တဲ့အကြံဉာဏ်နဲ့ စေ့ဆော်မှုတို့ကို ရရှိစေမှာ ဖြစ်ပါတယ်။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#အောင်မြင်လိုသူအတွက်အကြံပြုချက်များ

အာရုံစူးစိုက်နိုင်စွမ်းကို ပိုင်နိုင်စွာမြှင့်တင်လိုက်ပါစာရေးသူ - လူသာ (အတွေးအမြင်)တန်ဖိုး - ၁၈,၀၀၀ ကျပ်စာမျက်နှာ - ၂၄၀-...
20/08/2026

အာရုံစူးစိုက်နိုင်စွမ်းကို ပိုင်နိုင်စွာမြှင့်တင်လိုက်ပါ

စာရေးသူ - လူသာ (အတွေးအမြင်)
တန်ဖိုး - ၁၈,၀၀၀ ကျပ်
စာမျက်နှာ - ၂၄၀

- ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ ဟိုဟာပြောင်းလုပ်လိုက်၊ ဒီဟာပြောင်းလုပ်လိုက်နဲ့ လမိုင်းမကပ်နိုင်ဘဲ ဖြစ်နေလား။

- လုပ်လက်စအလုပ်ကိုလုပ်ရမှာမှန်း သိပေမဲ့လည်း၊ အကြောင်းအမျိုးမျိုးကြောင့် အာရုံစိုက်လို့မရနိုင်ဘဲ ဖြစ်နေလား။ အခုတစ်မျိုး ခဏနေတစ်မျိုး အခုတော့ ဒါလုပ်နေတာပဲ၊ ဒါပေမဲ့ ခဏလောက်နဲ့တင် ဟိုဟာလိုလို ဒီဟာလိုလို ကဘောက်တိကဘောက်ချာ ဖြစ်နေလား။ ဟိုဟာလုပ်လည်း မဖြစ်၊ ဒီဟာလုပ်လည်းမဖြစ် ကြာလာတော့ ကြိုးစားသလောက် အလုပ်မတွင်တာတွေ များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးချင်သလိုတောင် ဖြစ်လာနိုင်ပါတယ်။

- မသိရင် ကိုယ့်ရှေ့မှာ တစ်ခုခုက လာပိတ်နေသလိုမျိုး၊ အတားအဆီးတွေ များလွန်းနေသလိုမျိုး ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်နဲ့မတူ တခြားလူတွေကျတော့ ကိုယ့်ထက်မက အောင်မြင်နေကြပြီး၊ ကိုယ့်မှာတော့ ကြိုးစားသလောက် အလုပ်မဖြစ်နိုင်၊ ရုန်းသလောက် မရွေ့သလိုကြီး ခံစားလာရတဲ့အခါ စိတ်မကောင်း အကြီးအကျယ် ဖြစ်ကြရမှာပါ။

- အပြိုင်အဆိုင်အလွန်များသလို၊ စိတ်အနှောင့်အယှက်ဖြစ်စရာ အလွန်များတဲ့ ဒီနေ့လိုခေတ်ကြီးမှာ စိတ်အာရုံစူးစိုက်မရဘဲ စိတ်သောကများသလို စိတ်ဖိအားများသလို ခံစားလာရတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေပါ။

- မသိလို့ထက် သတိမထားမိလို့ မယူသင့်တဲ့ အာရုံတွေကြောင့် အာရုံများနေရပြီး အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်ရေး အတော်လေး ခက်ခဲနေရင်၊ အလေးထားသင့်တာတွေကို အရေးတယူ လုပ်နိုင်ရေး လက်တွေ့အသုံးချလို့ရနိုင်မယ့် လမ်းညွှန်တွေ၊ လေ့ကျင့်ခန်းတွေ၊ နည်းဗျူဟာတွေကို အခုစာအုပ်မှာ ပြည့်ပြည့်စုံစုံ ဂဃနဏ လေ့လာနိုင်မှာဖြစ်ပါတယ်။

- အရေးပါတာတွေအပေါ် အာရုံစူးစိုက်နိုင်မှုဆိုတာက ကိုယ့်မှာရှိတဲ့ အရေးကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေး "ပိုင်ဆိုင်မှု" ဖြစ်ပါတယ်။ လုယူလို့ မရနိုင်ပေမဲ့၊ လွယ်လင့်တကူ ပျောက်ဆုံးသလို ဖြစ်နိုင်တာကြောင့်၊ ကိုယ့်အပိုင်ကို ပျောက်ရှသွားတာမျိုးမဖြစ်အောင် ဒီစာအုပ်ထဲက လက်တွေ့လမ်းညွှန်ချက်တွေကို အသုံးချပြီး အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုင်နိုင်စွာမြှင့်တင်လိုက်ပါ။

စာအုပ်များကို TODAY Book Store ၏ Website Link ဖြစ်သည့်
https://todaybooks.com.mm/
ကတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မှာယူနိုင်သည့်အပြင်

Viber https://invite.viber.com/...

Telegram Channel https://t.me/TODAYBOOKSTORE
တို့ကတစ်ဆင့်လည်း မှာယူနိုင်ပါသည်။



#တူဒေးစာအုပ်တိုက်
#အာရုံစူးစိုက်နိုင်စွမ်းကိုပိုင်နိုင်စွာမြှင့်တင်လိုက်ပါ

Address

အမှတ် (H) ၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ လှိုင်မြို့နယ်
Yangon
11051

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Telephone

+959950208168

Alerts

Be the first to know and let us send you an email when TODAY Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TODAY Book Store:

Shortcuts

Share