Myuu Online Store

Myuu Online Store Thanks for shopping with us.

မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်အကြောင်း=================================ဆံပင်အကြောင်း နည်းနည်း ပြောရအောင် 💡💡ဆံပင်ဘာလို့...
27/08/2021

မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်အကြောင်း
=================================

ဆံပင်အကြောင်း နည်းနည်း ပြောရအောင် 💡💡
ဆံပင်ဘာလို့ ကျွတ် ဆံသား ပျက်ဆီးရတဲ့ အကြောင်းရင်း လေးတွေ အကြမ်းဖျင်း သိထားရအောင်
အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိူးသားတွေပဲဖြစ်ဖြစ် ဟာ မျက်နှာပြီးရင် ဒုတိယ ဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ လူသားတိုင်းရဲ့ ဒုတိယ မျက်နှာ ဖြစ်ပါတယ် …။

ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြ ဆေးတွေဆိုးကြ ပါတယ်။
ဆံပင်ကျွတ်ရတဲ့ အဓိအကြောင်းရင်းနဲ့ ဆံသား ပျက်ဆီးရတဲ့ သင်နေ့တိုင်း လုပ်နေတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်..

နံပါတ် ၁

ခေါင်းမကြာခဏလျှော်ခြင်း”

တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေပီး ဦးရေပြားပေါ်မှာ ရှိသင့်တဲ့ အဆီပမာဏ ခမ်းခြောက်ကာ ဗောက်လည်းထစေပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် သာလျှော်သင့်ပါတယ် …။

နံပါတ် ၂
အမြဲတမ်း မကြာခဏ ဆံပင်ပုံသွင်းခြင်း”
Flat Iron , Iron Curler. Spray . gel . Wax glossy wax gel, များ သုံး၍ ပုံသွင်း ခြင်းကြောင့် ဆံပင် ကျွတ်ခြင်းနှင့် ဆံပင်သား ခြောက်သွေ့ပြီး ပျက်ဆီးစေပါတယ်။ သုံးပြီး တိုင်း ခေါင်းပြန်လျော် ပေးရပါမယ်နော်

နံပါတ် ၃

Unhealthy food များ daily စားသုံးခြင်း”

ကိုယ်တွင်းရှိ ရောဂါအခံအရ သော်လည်းကောင်း စိတ်ဖိအား Mental Stress ကြောင့်သော် လည်းကောင်း အသင့်စား အာလူးကြော်များ အချိုရည်များ စသောအစားအသောက် တွင် ဆီကြော်များ မသန့်ရှင်းသော အစားသောက်များ အသင့်စားအစားသောက်များ ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ် ။

💁🏻‍♂️နံပါတ် ၄

လွဲမှားသော shampoo များသုံးစွဲမိခြင်း”

မိမိ ဆံသားနှင့် ဦးရေပြား ပေါ် တွင် ဗောက် မရှိသည် ကို ပရုတ်အေး ပါသော ဗောက် ပျောက် သော Shampoo များ .ဦးရေပြားအဆီပြန်သူက ( Oily Sclap ) moisture or Hydration Shampoo များနှင့် လျော်မိရင် ပို၍ အဆီပြန်ပြီး ဗောက်ထ ဆံပင် ကျွတ်နိုင်ပါ တယ်.
ဒီအချက်ကို အထူးဂရုစိုက်ပေးစေလိုပါတယ်။

နံပါတ် ၅

Conditioner နှင့် Hair Treatment များ လွဲမှားစွာသုံးမိခြင်း ”

Hair Treatment or Conditioner များကို သုံးစွဲရာတွင် ဦးရေပြားမှာ ပုံ၍ သုံးစွဲမိလျင် ဆံပင် ကျွတ် နိုင်ရုံမျှမက ဦရေပြားပျက်စီး ခြောက်သွေ့ စေပီး ဗောက်ထစေပါတယ်..

Conditioner သုံးတဲ့ အချိန်တိုင်း လည်း ဦးရေပြား ကို လုံးဝ မထိမိအောင် အထူး ဂရုစိုက်ပေးပါရှင့်

အခုဆိုရင် ခေါင်းလျှော်ရည်တွေ ဟာ သူ့ဟာနဲ့ သူ

အဆီပြန်မြန်သော ဆံသား
ဗောက်ထသော ဦးရေပြား
ဆံပင်ကျွတ် သက်သာစေတဲ့
ခေါင်းလျှော် ရည် အမျိုးမျိုး ရှိတာမို့ မိမိ နှင့် ကိုက်ညီမဲ့ ခေါင်းလျှော်ရည်တော့ ရွေးသုံး ဖို့ မမေ့ကြပါနဲ့နော် အနံ့လေးတွေလည်းမျိုးစုံမို့ စိတ်ကြိုက် ရွေးသုံးလို့ရပါတယ်ရှင့်။


Hello..... အားလုံးပဲ မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်ဒီနေ့တော့ မင်မင်ကနေ ပစ္စည်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်လို့ပါ လိ...
25/08/2021

Hello..... အားလုံးပဲ မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေရှင်

ဒီနေ့တော့ မင်မင်ကနေ ပစ္စည်းကောင်းလေးတစ်ခုနဲ့
မိတ်ဆက်ပေးချင်လို့ပါ လိုအပ်မှသာဝယ်ကျပါနော်......

မင်မင်ကနေ မိတ်ဆက်ပေးချင်တဲ့ ပစ္စည်းလေးကတော့
သဘာဝပစ္စည်း ၁၅ မျိုးနဲ့ ပြုလုပ်ထားပြီး ဓာတုဆေးဝါး
မပါဝင်တဲ့ * ရိုးရာတရော်ကင်ပွန်းခေါင်းလျှော်ရည် * နဲ့
* ရိုးရာပေါင်းဆီ * လေးပဲ ဖြစ်ပါတယ်....

ပထမအလှလို့ဆိုရမယ့် မျက်နှာလေးပဲ ကွက်ချောနေလို့
အဆင်မပြေဘူးလေနော် ပြီးပြည့်စုံတဲအလှလေးဖြစ်ဖို့
ဒုတိယအလှလို့ဆိုရမယ့် ဆံကေသာလေးကိုလဲပစ်မထားပါနဲ့.....

သဘာဝထုတ်ကုန်စစ်စစ်နဲ့သာ ထုတ်လုပ်ထားတာမလို့
ကျားမလူကြီးလူငယ်မရွေးဘဲ ယုံကြည်စိတ်ချစွာဖြင့်
သုံးစွဲကြည့်နိုင်ပါတယ်နော်.....

ဝယ်ယူချင်တယ်ဆိုရင် 09788090761, 09951143557 ကို
ဖုန်းလေးသာဆက်လိုက်ပါနော် ဖုန်းမဆက်ချင်ဘူးဆိုလဲ
Page Chat Box ကို စာလေးသာ ပို့လိုက်ပါ....

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေဖြစ်ပြီးတော့
Deli Fees ကတော့ မြို့နယ်အလိုက်ကျသင့်မှာပါ.....

ကျန်မြို့များကတော့ ငွေလွဲဝင်ပြီး နောက်တရက်မှာ
ပစ္စည်းပို့ပေးမှာဖြစ်ပါတယ်......

* ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကျပါစေရှင့် *

#ရိုးရာတရော်ကင်ပွန်းခေါင်းလျှော်ရည် (350ML) 5000 ကျပ်
#ရိုးရာသဘာဝဆံသားအားဖြည့်ပေါင်းဆေးဆီ (100ML) 4000 ကျပ်

ဟိတ်...အချောလေးတို့ ပုံထဲက Model လေး​တွေလို
အရမ်းလှသွားရင်လဲ မင်မင်တို့ကို မမေ့ပါနဲ့နော် 😊

ဆံပင်ပါးစေသော အကြောင်းအရင်း (11) မျိုး   ဆံပင်ကိုအာဟာရ ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတွေစားသုံးမှုမရှိခြင်းနဲ့ ဆံပင်ပြုပြင...
24/08/2021

ဆံပင်ပါးစေသော အကြောင်းအရင်း (11) မျိုး

ဆံပင်ကိုအာဟာရ ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတွေစားသုံးမှုမရှိခြင်းနဲ့ ဆံပင်ပြုပြင်ထိန်းသိမ်းမှု နည်းလမ်းတွေ မှားယွင်းနေခြင်းတို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းတို့နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီလိုအခြေအနေတွေကို တွန်းလှန်နိုင်ဖို့အတွက် ဆံသားပျက်စီးစေတဲ့ အကြောင်းရင်းတွေနဲ့အတူ ပြုပြင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

1) ကြက်သီးနွေးထက်ပိုသော ရေပူပူနဲ့ ခေါင်းလျှော်ခြင်း

အရေပြားလိုပဲဆံသားတွေမှာလည်း ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေနိုင်ပါတယ်။ အပူလွန်ကဲတဲ့ ရေနွေးနဲ့ ခေါင်းလျှော်မိပါက ဆံပင်ရှိသဘာ၀အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး ဆံသားကိုခြောက်သွေ့စေနိုင်တဲ့အပြင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်ခြင်းတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေနွေးကိုအတတ်နိုင်ဆုံး နွေးသထက်နွေးအောင် အအေးခံပြီးမှ ခေါင်းလျှော်သင့်ပါတယ်။

2) ဆံပင်ပုံသွင်းပစ္စည်းများကို အသုံးပြုခြင်း

ဆံပင်ဖြောင့်စက်၊ ကောက်စက်နဲ့ လေမှုတ်စက် (Hair dryer) အစရှိတဲ့ ဆံကေသာအလှကို ဖန်တီးပေးတဲ့ကိရိယာတွေဟာ ဆံသားပျက်စီးမှုကို ကာကွယ်ပေးတဲ့ပရိုတင်းဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာကို အပူဒဏ်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ spray ကို ဆံသားအနံှ့ လိမ်းပေးပြီးမှ ဆံပင်ပုံသွင်းခြင်းကို ပြုလုပ်သင့်ပါတယ်။

3) အာဟာရဓာတ်ချို့တဲ့ခြင်း

ဆံကေသာမှာမူလပရိုတင်းဓာတ်ဆိုတာ ပါ၀င်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သင်ကပရိုတင်းဓာတ်ကို ထပ်မံဖြည့်တင်းပေးနိုင်တဲ့ အစာအစာတွေကို အစားနည်းတာပဲဖြစ်စေ၊ လုံး၀မစားသုံးတာပဲ ဖြစ်စေ ပြုလုပ်မယ်ဆိုရင် ဆံသားတွေခြောက်သွေ့ပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ငါး၊ ကြက်သား၊ ပဲနီကလေးနဲ့ ပဲသီးတောင့် စတဲ့ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

4) နူးညံ့မှုမရှိတဲ့ တဘက်ကိုအသုံးပြုခြင်း

ခေါင်းလျှော်နေချိန်မှာဆံပင်ဖြီးခြင်း၊ ဆံပင်ခြောက်အောင် တဘက်နဲ့ အားပြင်းပြင်း သုတ်ခြင်းတို့ဟာ ဆံပင်ကျွတ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးမှ ဘီးကျဲနဲ့ဖြီးပေးခြင်း၊ နူးညံ့တဲ့တဘက်နဲ့ ညင်သာစွာသုတ်ပြီး ခြောက်သွေ့စေခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

5) ဆံပင်ကိုတင်းကြပ်စွာစည်းနှောင်ခြင်း

ဆံပင်စည်းသရေကွင်းလေးတွေနဲ့ တင်းကြပ်စွာစည်းထားခြင်းဟာလည်း ဦးရေပြားကို နာကျင်စေပြီး ဆံပင်ကိုသာမန်ထက် နှစ်ဆပိုကျွတ်စေပါတယ်။ ဒါကြောင့် အလှဆင်သရေကွင်းလေးတွေ ကို လျော့ရဲစွာစည်းခြင်း၊ အိပ်စက်ချိန်မှာ ပိုးသားကဲ့သို့နူးညံ့သောခေါင်းအုံးနဲ့ အိပ်စက်ခြင်း၊ အိပ်ရာမ၀င်ခင်မှာ ဆံပင်ကိုဘီးကျဲနဲ့ဖြီးပြီးမှ အိပ်စက်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုသက်သာစေနိုင်ပါတယ်။

6) သန္ဓေတားဆေးမှီဝဲခြင်း

သန္ဓေတားဆေးထဲမှာပါ၀င်တဲ့ အင်ဒရိုဂျင်ကဆံပင်ကျွတ်စေနိုင်ပါတယ်။ နဂိုက ဆံပင်ပါးတဲ့သူ၊ ဆံပင်အထွေးလိုက် ကျွတ်တတ်သူတွေနဲ့ ဆေးဒဏ်ကိုခံနိုင်ရည်မရှိတဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဒါကြောင့် ဇင့်ဓာတ်နဲ့ ဗီတာမင် A ကြွယ်၀တဲ့ သစ်သီး၀လံတွေကို စားသုံးပေးခြင်းကြောင့် ဆံပင်ကို သန်စွမ်းစေနိုင်ပြီး ခေါင်းလျှော်ရည်အပျော့စားကို အသုံးပြုခြင်း၊ ဆံပင်ခြောက်အောင် တဘက်ကြမ်းနဲ့ သုတ်ခြင်းကို ရှောင်ကျဉ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုကာကွယ်နိုင်ပါတယ်။

7) ဗောက်ထခြင်း

ဗောက်ထခြင်းကြောင့် ဦးရေပြားယားယံခြင်းကို ဘီးစိပ်နဲ့ဖြီးခြင်း၊ လက်သည်နဲ့ ကုတ်ခြင်းတို့ဖြင့် ယားယံမှုသက်သာအောင်ပြုလုပ်ခြင်းဟာလည်း ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း၊ ဒိန်ချဉ်စားသုံးခြင်း၊ ဇင့်(သွပ်)ဓာတ်နဲ့ ဗီတာမင် B ကြွယ်၀တဲ့ သစ်သီး၀လံတွေကို စားသုံးပေးခြင်းဖြင့် ဆံပင်ဆုံးရှုံးမှုမှကာကွယ်နိုင်ပါတယ်။

😎 နေရောင်ခြည်နဲ့ ထိတွေ့ခြင်း

နေရောင်ခြည်ထဲမှာပါတဲ့မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံသားတွေညိုမွဲခြောက်သွေ့ပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် နေပူထဲကိုထွက်တဲ့အခါ ဦးထုပ်ဆောင်းခြင်း၊ UV ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ သံလွင်ဆီလိမ်းခြင်းဖြင့် ဆံသားပျက်စီးခြင်းမှ ကင်းဝေးစေပါတယ်။

9) ကြိမ်ဖန်များစွာခေါင်းလျှော်ခြင်း

နေ့စဉ် Shampoo သုံးပြီး ခေါင်းလျှော်ပါက ဦးရေပြားနဲ့ဆံပင်မှာရှိတဲ့ သဘာ၀အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှစ်ရက်ခြားတစ်ခါထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။

10) ရောဂါဆေးဝါးများမှီဝဲခြင်း

မိမိရောဂါအတွက် သောက်နေရတဲ့ဆေးဝါးတွေဟာ ဆံပင်ကျွတ်စေနိုင်တယ်ဆိုရင်တော့ မိမိသောက်နေတဲ့ ဆေးအမျိုးအစားနဲ့တူညီတဲ့ ဆေးဝါးထဲကမှဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ဆေးကို ဆရာ၀န်နဲ့တိုင်ပင်ပြီး မှီဝဲသင့်ပါတယ်။

11) ကြာရှည်ခံဆံပင်အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်း

ဆံပင်ကိုပုံစံမပျက်ဘဲ စတိုင်ကျလှပစေနိုင်တဲ့ gel တွေ၊ hairspray တွေဟာလည်း ဆံသားကို ကြမ်းတမ်းစေပြီး ဦးရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် စေးကပ်စေတဲ့ ဆံပင်အလှကုန် ပစ္စည်းတွေ အသုံးပြုမယ့်အစား ဆံသားကိုအစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ခရင်မ်တွေအသုံးပြုခြင်းက ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်


ဆံပင်တွေ ဘာကြောင့်ကျွတ်ရလဲ❓ဆိုတာ  မင်မင်ကပြန်လည်မျှဝေပေးလိုက်ပါတယ်နော်💜ဆံပင်ကျွတ်ခြင်း🙀🙀🙀-မကောင်းတဲ့ Hair product ကိုသုံ...
24/08/2021

ဆံပင်တွေ ဘာကြောင့်ကျွတ်ရလဲ❓
ဆိုတာ မင်မင်ကပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

💜ဆံပင်ကျွတ်ခြင်း🙀🙀🙀

-မကောင်းတဲ့ Hair product ကိုသုံးမိခြင်း

-Quality မကောင်းတဲ့ လိမ်းဆေး ၊ ဖြန်းဆေးတွေအသုံးပြုခြင်း
(အများအားဖြင့်ယောက်ျားလေးတွေမှာတွေ့ရတတ်ပါတယ်)

-သံဓါတ်ချို့တဲ့ခြင်း
(သံဓါတ်ကြွယ်၀တဲ့အနီရောင်အသား ၊ ငါး ၊အစိမ်းရောင်ရှိတဲ့အရွက်များ
ပဲအမျိုးမျိုးတွေကို စားသောက်ပေးရပါမယ်။)

-Protein နဲ့ Biotin လို့ခေါ်တဲ့ Vitamin ဓာတ်ချို့တဲ့ခြင်း

-ဦးရေပြာခြောက်သွေ့ခြင်း
(ဦးရေပြားခြောက်တဲ့အခါမှာလဲ အရေပြားကအဖတ်တွေကွာကျတတ်ပါတယ် အဲ့ဒီအခါ ဆံပင်တွေကလဲရောထွေးပြီးပါသွားတတ်ပါတယ်။)

-ရေပူ နဲ့ ခေါင်းလျော်ခြင်း

-ခေါင်းခဏခဏလျော်ခြင်း

-ဗောက်ထတဲ့ ဦးရေပြားပိုင်ရှင်တွေမှာလဲ ဆံပင်ကျွတ်တတ်ပါတယ်။

-အိပ်ရာခင်း နဲ့ ခေါင်းအုံး မကြာခဏ လဲပေးဖို့လိုအပ်ပါတယ်။

💜ဆံပင်ကျွတ်သက်သာစေဖို့😺😺😺

-အစိုဓာတ်မရှိလို့ ဗောက်ထတယ် ၊ ဗောက်ထတော့ဆံပင်ကျွတ်တယ်။

- ခေါင်းမလျော်ခင် အုန်းဆီ or သံလွင်ဆီ နဲ့ပေါင်းတင်ပါ
(မနက်ဖြန်ခေါင်းလျော်မယ်ဆို ဒီနေ့ညမှာ အုန်းဆီ or သံလွင်ဆီ လေးနဲ့ပေါင်းထားပေးပါနော်။)

-သဘာဝပေါင်းတင်နည်းလေးတွေလဲလုပ်လို့လဲရပါတယ်

-ရေများများသောက်ပါ
(တနေ့ကို 2 လီတာ လောက် သောက်ပေးရင်ပိုကောင်းပါတယ်နော်။)

-ကိုယ်နဲ့တည့်တဲ့ ခေါင်းလျော်ရည် ၊ ခေါင်းလိမ်းဆီ ကိုအသုံးပြုပါ။
(ကိုယ်က ဆံသားခြောက်တဲ့သူလား ၊ ဦးရေပြားအဆီပြန်တဲ့သူလား သိပြီးမှာသေချာလေးရွေး၀ယ်ပါနော်။)


30/07/2021

အယူအဆလွဲတွေကြောင့် လူနာတွေ ဒုက္ခပိုရောက်ကြရတယ်။ ကပ်ရောဂါမထိန်းနိုင်ပဲ ပိုကြာသွားတယ်။ မိသားစုတွေ ပိုဝန်ပိကြရတယ်။ သတိထားပေးပါ။

❓၁၅ ရက် ရေမချိုးရ ခြေတောင်မဆေးရ၊ ၁၀ ရက်ကျော်လို့ မအောင့်ပဲ ရေချိုးမိရင် အောက်ဆီဂျင်ကျတတ်တယ် ❓
လုံးဝမဟုတ်ပါ။ ရေချိုးလို့ရပါတယ်၊ ၁၅ ရက်တိတိ ရေမထိရင် ညစ်ပတ်နံစော်ပြီး လူကပိုနုန်းနေနိုင်တယ်၊ ရေချိုးမှ လန်းဆန်းပြီး အဖျားကျမှာပါ၊ အဖျားတက်ရင် ရေပတ်တောင်တိုက်ပေးရပါသေးတယ်၊ ပုံမှန်ရေချိုး သန့်ရှင်းရေးလုပ်ပေးပါ၊ ဆေးရုံတွေမှာလည်း အနည်းဆုံး တစ်ရက်တစ်ခါ ရေပတ်တိုက် ရေချိုးခိုင်းပါတယ်။ ရောဂါရဲ့ သဘာဝအရ စဖြစ်ဖြစ်ပြီး ၅ ရက်ကနေ ၁၀ ရက်လောက် အတွင်းက အရေးအကြီးဆုံး အဆုံးအဖြတ်အချိန်ပါ၊ ပိုဆိုးမလားကောင်းမလားဆိုတာ အဲ့ရက်အတွင်းမှာ ကြည့်ရတာပါ။ ရေချိုးတာနဲ့ ဘာမှ မဆိုင်ပါ။ ၁၀ ရက်ပြည့်လို့ နေပြန်ကောင်းလာရင် ပျောက်ဖို့ သေချာသလောက်ပါပဲ။

❓ ရေခဲရေ ရိုးရိုးရေမသောက်ရ ရေနွေးနဲ့ ဓာတ်ဆားရည်ပဲသောက်ပါ ❓
ရိုးရိုးရေသောက်လို့ရပါတယ်၊ ရေဓာတ်ရှိနေမှ ကိုယ်ခန္ဓာက ပုံမှန်လည်ပတ်မှာပါ။ ရိုးရိုးရေများများသောက်ပါ။ လည်ပင်းနာနေရင် ရေခဲရည် နဲ့ ရေနွေးအပူကြီးတွေ သောက်ရင် လည်ပင်း ပိုနာပါတယ်၊ ရေခပ်နွေးနွေးကို ဆားထည့်ပြီး ပလုပ်ကျင်းပေးရင် လည်ပင်းနာသက်သာသလို ချွဲသလိပ်လည်းရှင်းပေးပါတယ်။ ဓာတ်ဆားက ဝမ်းသွားမှသောက်ပါ၊ သွေးတိုးသမားတွေ ဓာတ်ဆားတွေကို မလိုအပ်ပဲသောက်တာကို ရှောင်ရပါမယ်။

❓ အချို နွားနို့ ကော်ဖီ မသောက်ရ ❓
ဆီးချိုသမားပဲ အချိုရှောင်ပါ၊ နွားနို့ကို သကြားမပါပဲ သောက်နိုင်ပါတယ်။ နွားနို့ ဒိန်ချဉ်မှာ ပရိုတိန်းဓာတ်တွေပါလို့ အဆုတ်ကို ပြန်လည်ကျန်းမာပြီး နလန်ထစေပါတယ်။ ဒိန်ချဉ်ခပ်သန့်သန့်ကို ဝမ်းသွားတဲ့သူကို တိုက်ပေးပါက ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယားတွေ ရရှိစေပါတယ်။ (Edit - မသန့်ရှင်းတဲ့ နို့နဲ့ဒိန်ချဉ်ကတော့ လူကိုအကျိုးမပြုတဲ့ ဝမ်းသွားစေတဲ့ပိုးတွေ ပါလာနိုင်တယ်၊ စနစ်တကျ ပြင်ဆင်ထုတ်ပိုးထားတဲ့ အမျိုးအစားတွေကို ရွေးဝယ်ပါ။ တချို့မှာ lactose intolerance လို့ခေါ်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို အစာမချေဖျက်နိုင်တဲ့ ရောဂါရှိသူကတော့ ရှောင်ရပါမယ်)။ ကိုဗစ်ဖြစ်ရင် ကော်ဖီမသောက်ရလို့ မရှိပါဘူး၊ ရင်မတုန်ဘူး ညအိပ်မပျော်တဲ့ပြသနာမရှိဘူးဆိုရင် လန်းဆန်းနေအောင် သောက်နိုင်ပါတယ်။

❓ စွပ်ပြုတ်နဲ့ ဆန်ပြုတ်သာသောက်ပါ ❓
အစာပျော့ပျော့ ဝါးစားလို့ရနေသေးသရွေ့ အဖတ်ပဲစားပါ၊ ထမင်းက ဗိုက်ပိုဝပြီး အားအင်ပိုဖြစ်ပါတယ်။ အားအင်လိုနေတဲ့သူကို စားနိုင်သလောက်ကျွေးပါ။ နလန်ထရင် ပိုစားပါတယ်။ ကိုဗစ်ဖြစ်လဲ သာမန်လူလိုစားသောက်မှ ပိုးကိုတွန်းလှန်ဖို့ အင်အားနဲ့အာဟာရတွေ ရရှိမှာပါ။

❓ ဘယ်အသီးအနှံမှ မစားပါနဲ့ ❓
လုံးဝမှားပါတယ်။ အသီးအနှံ့တွေမှာ သက်စောင့်ဓာတ် ဗီတာမင်တွေ အများကြီးပါပါတယ်။ ချဉ်တဲ့အသီးတွေမှာဆို ဗီတာမင်စီပါတယ်။ အသီးတွေက ရေဓာတ်လည်း ပိုရပါတယ်။ အသီးအရွက်များများစားပေးပါ။

❓ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ ❓
ကိုဗစ်မဖြစ်ခင် ကြိုလုပ်ကြပါ။ ဖြစ်နေတုန်းမှာ အသက်ရှုမမောတဲ့ သာမန်လူနာဆိုရင် လေ့ကျင့်ခန်းလုပ်လို့ရသေးပေမဲ့၊ မောနေတဲ့ လူနာဆိုရင်တော့ ဘာလေ့ကျင့်ခန်းမှ ပေးလုပ်လို့ မသင့်တော်ဘူး။

Credit # MED INFO Myanmar

လိုအပ်ရင် အသုံးပြုဖို့ပါ 🙏🙏🙏
29/07/2021

လိုအပ်ရင် အသုံးပြုဖို့ပါ 🙏🙏🙏

အခမဲ့ 𝐎𝐧𝐥𝐢𝐧𝐞 ​ဆေးခန်းများ

===================

ဒီလိုချေနေမျိုးမှာ online ပေါ်ကနေလေ့လာဆွေးနွေးလို့ရအောင် မင်မင်က ကူးယူဖော်ပြပေးလိုက်ပါတယ်နော်
နေကောင်းကြပါစေ

👩‍⚕️ တယ်လီကျန်းမာ - MOH, NUG of Myanmar
https://www.facebook.com/telehealthmm/

👩‍⚕️ Charity C - 19 call Centre
https://www.facebook.com/CharityC19CallCenter/

Teleclinic Mandalay
https://www.facebook.com/Teleclinic-Mandalay-109108614778764/

👩‍⚕️ Dr. NI
https://www.facebook.com/drni.telemedicine1/

👩‍⚕️ Dr. P free medical consultation
https://www.facebook.com/Dr.PFreeMedConsultation/

👩‍⚕️ စု ​ဆေးခန်း
https://www.facebook.com/%E1%80%85%E1%80%AF-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-247-Online-Clinic-107842104904207/

OSK - online clinic
https://www.facebook.com/onlinesaykhan/

Yangon Heroes
https://www.facebook.com/yangonheroes

York Charity Clinic
https://www.facebook.com/YorkCharityClinic/

Healthy Tele Myanmar
https://www.facebook.com/Healthy-Tele-Myanmar-104697665227614/

OnHealth
https://www.facebook.com/onhealth21/

👩‍⚕️ Mon Myat Telemedicine
https://www.facebook.com/Mon-Myat-Telemedicine-113341847664485/

👩‍⚕️ Free online clinic - Hpa An
https://www.facebook.com/fochpaan/

👩‍⚕️Online Charity Clinic - Help For All
https://www.facebook.com/Online-Charity-Clinic-Health-For-All-113003641050576/

👩‍⚕️ Better Health
https://www.facebook.com/Better-Health-100797408886064/

👩‍⚕️ Yangon Medical Network
https://www.facebook.com/yangonmedicalnetwork/

👩‍⚕️ Tele Care
https://www.facebook.com/Tele-Care-103877031961566/

👩‍⚕️ ကိုယ်စိတ်ကျန်းမာ
https://www.facebook.com/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%BA%E1%80%85%E1%80%AD%E1%80%90%E1%80%BA%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC-354766471877471/

👩‍⚕️ Online အခမဲ့​ဆေးခန်း
https://www.facebook.com/Online-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-101495368869803/

👩‍⚕️ Happy Life online clinic
https://www.facebook.com/Happy-Life-Online-Clinic-108963297639241/

👩‍⚕️ Spring doctors for children
https://www.facebook.com/springdoctorsforchildren/

👩‍⚕️ Thet Hnin Moe - Exercise Physiologist
https://www.facebook.com/thethninmoe.exercisephysiologist/

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ

ပြန်လည်ကူးယူဖော်ပြပါတယ်။

29/07/2021

Credit : Prof Than Than Aye , Prof / Head (Rtd) , Dept. of Medicine, UM 2,

Via Prof Sayagyi Dr Saw Win

“ကိုဗစ်ရဲ့ အရေးကြီးချိန်”

Happy Hypoxia (Silent Hypoxia) အကြောင်း
(အောက်စီဂျင် ကျသော်လည်း သိပ်မမောခြင်း)

ဒီအဖြစ်အပျက်လေးကို အရင်ဆုံးလေ့လာကြည့်ပါ။ ကျမတို့ ဆရာဝန်တွေအားလုံး နေ့စဉ်တွေ့နေရတဲ့ အဖြစ်တွေပါ။ လူနာက Viber Video Call ဖြင့် ကုသမှု ခံယူနေပါတယ်။ အိမ်သားတစ်ယောက်က ပြောတယ်။
"ဆရာမရေ လူနာက ကိုဗစ် ပေါ့စတစ် ဖြစ်တာ ၁ ပတ်ရှိပြီ။ အခု အောက်စီဂျင်တိုင်းထားတာ ၈၀ လောက်ထိပဲ ကျသေးတယ်။ မောလည်း မမောဘူး ဆရာမ။ ပုံမှန် စားနိုင်တယ်။ စကားလည်းပြောတယ်။ အိမ်သာထသွားပြီးမှ အရမ်းမောသွားတယ်။ သိပ်တော့ မဆိုးသေးပါဘူးနော်။"

ဒီဘက်က ဆရာဝန်ကတော့ အရမ်းကိုစိတ်ပူနေရပြီ။ သူတို့ကတော့ အရှေ့မှာ ဂျောက်ကြီးကြီး တစ်ခု ဘွားကနဲ ပေါ်လာလိမ့်မယ် ဆိုတာ လုံးဝမသိရှာဘူး။ "ဒါကို "Happy Hypoxia" or Silent Hypoxia"လို့ခေါ်ကြတယ်။ ဆိုလိုတဲ့ Happy အဓိပ္ပါယ်က မမောလို့၊ မစိုးရိမ်သေးဘဲ "အေးအေးဆေးဆေး ပျော်နေတုန်း"........

သို့သော်လည်း ဆရာဝန်က Happy မဖြစ်နိုင်ဘဲ စိုးရိမ်စိတ် အရမ်းဖြစ်နေရပြီ။ နောက်ကျနေပြီလို့ မပြောရက်ပါဘူး။ ပိုဆိုးတာက ဘယ်ဆေးရုံ တက်ခိုင်းရမလဲ။ ဘယ်လို ညွှန်ကြား ပေးရမလဲ။

ဒါဟာ ကိုဗစ်ရဲ့ ထူးခြားချက်ပါပဲ။ ကိုဗစ် ရောဂါ ခံစားရသူတွေမှာ တွေ့ရတဲ့ အလွန်ထူးခြားပြီး mechanism အသေးစိတ် မရှင်းပြနိုင်သေးတဲ့ တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်။

နာမည်က ဘာလို့ "Happy"လို့ ခေါ်သလဲ ဆိုတာ အထက်မှာ ပြထားတဲ့လူနာရဲ့ နမူနာ ဖြစ်စဉ်ကို လေ့လာလိုက်ရင် သိလောက်ပါတယ်။ တကယ်တော့ Hypoxia ရဲ့ လက္ခဏာတွေ ဖြစ်တဲ့ မောတဲ့ခံစားချက်တွေဟာ warning sign for a life threatening condition အရေးကြီးတဲ့ အချက်ပေးခေါင်းလောင်းတစ်ခုပင် ဖြစ်ပါတယ်။

တွေ့နေကျ အခြားရောဂါတွေမှာ..... ဥပမာ နှလုံးရောဂါ ၊ ပန်းနာ ၊ အဆုပ်ရောဂါတွေမှာ မောရင် SPO2 ၉၄% အောက် ၊ ၉၀% အောက်ကျရုံနဲ့ မောတဲ့လက္ခဏာတွေကို လူတိုင်းတွေ့မြင်နိုင်တယ်။ ဟောဟဲ ဟောဟဲ ဆိုပြီး အသက်ရှူနှုန်း မြန်မယ်၊ အသက်ကိုအားစိုက် ပင့်ရှူနေမယ်၊ လည်ပင်းကြောတွေထောင်နေတဲ့အထိ ဆွဲရှူနေရမယ်၊ လူနာက ရုန်းကန်ရင်း သိပ်မောတယ် လို့ ပြောတာတွေ တွေ့ရှိရပါမယ်။
ဥပမာ ။။ အောက်စီဂျင် ၉၄% အောက်ကျပြီဆိုရင် အသက်ရှူနှုန်းကလည်း တစ်မိနစ်မှာ ၂၄ ကြိမ် ထက် ပိုမြန်နေတာ တွေ့ရမယ်။ ဒါက ထုံးစံပါ ။ ဒါဆိုရင် မောတာနဲ့ အောက်စီဂျင်ကျတာက ကိုက်ညီမှုရှိတယ်။

ကိုဗစ်ရောဂါမှာ ကျတော့ အောက်စီဂျင် SPO2 (၈၀%) လောက်ကျနေချိန်မှာ အသက်ရှူနှုန်းကတော့ တစ်မိနစ်မှာ ၂၄ ကြိမ် မကျော်ဘူး။ ပုံမှန်နီးပါး စကားတွေ ဆက်တိုက်ပြောနေနိုင်တာ အချို့တွေ့ရလိမ့်မယ်။ ဖုန်းပွတ်ကောင်းတုန်း တွေ့ရမယ်။ စက်များ မှားနေမလား ဆိုပြီး ထင်မိတတ်တယ်။
ဒါကို Happy Hypoxia လို့ခေါ်ပါတယ်။
*********************************

Happy hypoxia ကဘာလို့အရေးကြီးတာလဲ

အောက်စီဂျင်ကျသော်လည်း မမောသေးဘူး။ မမောတော့ warning ခေါင်းလောင်းမတီးတော့ဘူး။ ဒါကြောင့် မီးအကြီးကြီး လောင်မှ ထလုပ်ကြတဲ့ အဖြစ်မျိုးလိုပါပဲ။ စ Action ယူတာ၊ စကုတာ နောက်ကျတတ်တယ်။ စောစော အောက်စီဂျင်ကျမှန်းသိမှ သိပ်မဆိုးသွားခင် အချိန်မှီ လုပ်နိုင်ပါမယ်။

*********************************

Happy Hypoxia ဖြစ်နေတာ သိဖို့ အရေးကြီးပါတယ်။ ဘယ်လိုသိရှိအောင်လုပ်ရမလဲ။

အောက်စီဂျင်ကျမှန်း ဘယ်လိုသိနိုင်မလဲ ဆိုတော့ pulse oximeter လို့ခေါ်တဲ့ ကိရိယာလေးကို လက်ထိပ်မှာ တပ်ကြည့်ရင် ပေါ်လာတဲ့ အဖြေကို အလွယ်တကူ ဖတ်ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ဒီစက်လေးမှာ နှလုံးခုန်နှုန်း ကိုလည်း သိရပါမယ်။ ပုံမှန်က တော့ ၉၅% နဲ့ အထက်မှာရှိရပါမယ်။

ဒါကြောင့် မမောလဲ မကြာခဏ တိုင်း ကြည့်နေရမယ်။ အသက်ကြီးသူတွေ အရမ်း မှိန်းပြီး အအိပ်များနေရင် တိုင်းကြည့်ပါ။ လူက နေကောင်းနေပုံ ရရင်လည်းတိုင်းနေရမယ်။ ၂-၄ နာရီခြား တိုင်းပါ။ နားနေစဉ် ကောင်းရင်လည်း ဒီထက်စောစောသိချင်ရင် အခန်းထဲမှာ လမ်း၁ ပတ်လောက် လျှောက်ပြီတာနဲ့ တိုင်းကြည့်ပါ။ ကျတာကို ပိုပြီးစောစောသိရပါမယ်။
၉၄% အောက်ကျရင် စပြီးလိုအပ်တဲ့ အရေးကြီးတဲ့ဆေးတွေ အထူးသဖြင့် အယောင်ကျဆေးတွေ ပေးရမယ်။ လူမောတာမကြည့်ဘဲ တိုင်းစက်က အဖြေကိုသာအရင်စောင့်ကြည့်ပါ။ ဒီအချက်က အလွန်အရေးကြီးပါတယ်။ ၉၄% အောက်ဆို အရေးကြီးပြီ ဆိုတာမသိကြဘူး။ တဖြည်းဖြည်း ၈၀% အောက်ကျလာပြီး ရုတ်တရက် သေသွားတတ်ပါတယ်။

ဘယ်အချိန် ဆရာဝန်ဆီ အကြောင်းကြားသင့်သလဲ

အောက်စီဂျင် ၉၄% အောက် ကျခါစ ၊ ၉၀% ထက်အောက်မကျခင် စောစော အကြောင်းကြားရပါမယ်။ အဆုပ်ယောင် သက်သာဆေးတွေ အချိန်မှီပေးကြည့်နိုင်ပါတယ်။

Hypoxia ရဲ့ အမောဖောက်ခြင်း အပြင်အခြားအရေးကြီးတဲ့ လက္ခဏာတွေ သိထားသင့်ပါတယ်။ သွေးခုန်နှုန်း သိပ်မြန်တာ၊ သိပ်နှေးသွားတာ၊ မမှန်တာတွေ တွေ့ရမယ်။ သွေးပေါင် တက်မယ်၊ နောက်တော့ ကျမယ်။ ချွေးအရမ်း ပျံမယ်။ ခြေဖျားလက်ဖျား ပြာလာမယ်။ အရေပြားမှာ အနီ၊ ခရမ်း အကွက်ကြားတွေပေါ်လာမယ် ။ သိပ်မှိန်းမယ်၊ အားမရှိဘူး ဖြစ်မယ်။ ဒီလက္ခဏာတွေရှိရင် လူနာက သိပ်မောမနေရင်လည်း သွေး အောက်စီဂျင်တိုင်း ကြည့်ပေးရပါမယ်။

အားလုံး Happy hypoxia (silent hypoxia) ကို အထူးသတိထားပြီး ရှာဖွေနိုင်ခြင်းဖြင့် လူနာတွေကိုကယ်တင်နိုင်ကြပါစေ

အားလုံးဂရုပြုကျပါရှင် 🙏🙏🙏
28/07/2021

အားလုံးဂရုပြုကျပါရှင် 🙏🙏🙏

▪️ကိုဗစ်နာလန်ထများသတိထားကြပါ

ကိုယ်က Covid ဖြစ်ထားတဲ့ လူဆို ရင်တော့ သိထားသင့်တယ် ထင်ပါတယ် …

ရောဂါဖြစ်ပြီး ပြန်ကောင်းလာတဲ့ လူတွေရဲ့ 30-40% က bacterial /fungal infection နဲ့ တခြား နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ဖို့ အခွင့်အရေးပိုများပါတယ် … အဲ့တော့ ကောင်းသွားပြီးဆိုပြီး လျှောက်သွားတာတွေ မဆင်မခြင်နေတာတွေမလုပ်ကြပါနဲ့လို့…

ဖြစ်နိုင်ချေ ရှိတဲ့ အချက်တွေကတော့
၁) ကိုယ်ခံအား ကျနေတာ
၂) ရောဂါပိုး ပြန်ကူးတာ
၃) ခန္ခာထဲမှာ ရှိတဲ့ system တွေ ရောင်ရမ်းစေတဲ့ syndrome ဖြစ်တာ
၄) ရောဂါဆိုးရွားပြီး ဆေးကုသမှု အကြာကြီးခံယူရတဲ့အခါ နဲ့
၅) ရောဂါဖြစ်ပြီးနောက် ကျန်ခဲ့တဲ့ Trauma တွေကြောင့် ဖြစ်နိုင်ပါတယ်တဲ့

Post Covid Syndrome ရဲ့ ယေဘုယျလက္ခဏာတွေ ကတော့
- အရိုးအဆစ်တွေကိုက်ခဲတာ ခေါင်းကိုက်တာ
- သွေးထဲ သကြားဓာတ်များတာ
- အဖျား ရှိနေသေးတာ
- အရမ်းပင်ပန်းပြီး နုန်းခွေနေတာ
- အနံ့ပျောက် အရသာပျောက်ဖြစ်တာ
- အသက်ရှူရ ကြပ်တာ ဒါမှမဟုတ် ခက်ခဲတာ
- ချောင်းဆိုး ရင်ဘတ်အောင့် တာ
- Brain Fog လို့ခေါ်တဲ့ အာရုံစူးစိုက်မရတာ
- နှလုံးခုန်မြန်တာ
- Anxiety နဲ့ Depression ဖြစ်တာ
- Orthostatic hypotension လို့ခေါ်တဲ့ ရုတ်တရတ် ထိုင်တဲ့ ထတဲ့ အချိန် မူးဝေတာ
- အရေပြားမှာအနီစက်တွေပေါ်တာ
- Physical activities တွေလုပ်ပြီးတာနဲ့ အပေါ်မှာ ပြောထားတဲ့ ရောဂါလက္ခဏာတွေပိုဆိုးလာတာ တွေဖြစ်တတ်ပါတယ် …

ကိုဗစ်နာလန်ထများသတိထားဆင်ခြင်ကြဖို့လိုပါတယ်။

Post Covid Syndrome or Long Covid

Covid ကနေ ပြန်ကောင်းသွားပြီးတဲ့ နောက် စိတ်အေးရပြီလား အရင်လိုပဲပြန်နေလို့ရပြီလား ဆိုတာတွေ ခုနောက်ပိုင်း မေးလာကြပါတယ် …. ခုရက်ပိုင်းမှာပဲCovid ကနေ ပြန်ကောင်းလာပြီး မှ သေဆုံးသွားတဲ့ လူတွေရှိနေတယ်..တစ်ချို့ဆိုရုတ်တရတ် ကောင်းလာရက်ကနေ ဆုံးသွားကြတယ် ပေါ့နော် … အဲ့ဒါနဲ့ ပတ်သတ်ပြီး ဘာတွေသတိထားရမလဲ အသက်ကြီးတဲ့ မိဘတွေရှိတဲ့ လူတွေ ဘယ်လိုဂရုစိုက်ရမလဲ ဖတ်မိတာလေးတွေ share ပေးချင်ပါတယ် …

Covid က ခန္ခာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာနေနိုင်လဲ
တစ်ချို့တွေက ကောင်းသွားပြီဆိုရင် အကုန် ပြီးသွားပြီလို့ ထင်ကြပါတယ် …
ရောဂါကူးစက်နှုန်းနဲ့ ကိုယ်ခံအား ကိုယ်ဖြစ်ခဲ့တဲ့ Covid severity ပေါ်မှာ မူတည်ပြီး ရောဂါကနေ ပြန်ကောင်းလာဖို့ကို ပုံမှန်အတိုင်းဆို ဆယ်ရက်ကနေ ဆယ့်လေးရက်အထိ ကြာပါတယ် …
တစ်ချို့တွေဆို ရက် ၂၀ ကနေ လေးဆယ့်ငါးရက်အထိ ကြာနိုင်ပါတယ် ..
ဒါပေမယ့် တချို့ အသက်ရှူကြပ်အောက်ဆီဂျင်ကျပြီး အဆုတ်ကို ဆိုးဆိုးရွားရွား ထိသွားတဲ့ ( Severe Acute respiratory syndrome) လူတွေဆိုရင် အဆုတ် အပြင် ဦးနှောက်၊နှလုံး၊ ကျောက်ကပ် ၊သွေးကြောတွေ၊ အရေပြားတွေနဲ့ အာရုံကြောတွေမှာ နာတာရှည်ရောဂါလိုမျိုးတွေကျန်နေတတ်ကြပါတယ် ..
တခါတလေကျ လူက ကောင်းသွားပြီးရင်တောင်
အဲ့ virus က ကိုယ်ထဲမှာ သုံးလအထိ ရှိနေတတ်ပြီးတော့
တစ်ခါတစ်လေကျ ပြန်စစ်တဲ့ အခါမှာ positive ပြန်ပေါ်တတ်ပါတယ် ..

ခုချိန်ထိတော့ researcher တွေက ဒီ post covid syndrome နဲ့ ပတ်သတ်တဲ့ cause တွေ long term effect ကို ခုချိန်ထိ လေ့လာနေကြတုန်းပဲ ဖြစ်ပါတယ် …
ပြီးတော့ ဒါတွေက လူတိုင်းဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့်
ကိုယ်က Covid ဖြစ်ထားတဲ့ လူဆို ရင်တော့ သိထားသင့်တယ် ထင်ပါတယ် …

Body system တစ်ခုစီမှာ ရော ဘယ်လိုထိခိုက်စေလဲ ?

အဆုတ်
Covid မှာ ဖြစ်တဲ့ pneumonia နဲ့ ရောင်ရမ်းခြင်းတွေကြောင့် အဆုတ်မှာ အနာရွတ့်ကျန်ခဲ့ပြီး အဆုတ်နဲ့ ပတ်သတ်တဲ့ နာတာရှည်ရောဂါတွေနဲ့ အသက်ရှူ ခြင်းတာနဲ့ ပတ်သတ်ပြိး အခက်အခဲတွေဖြစ်တတ်ပါတယ်

နှလုံး
တချို့ Covid ဖြစ်ပြီးပြန်ကောင်းသွားတဲ့ လူနာတွေမှာ နှလုံးကြွက်သားတွေ ပျက်စီးသွားတတ်ပါတယ် အဲ့ဒါက ရောဂါဆိုးရွားတဲ့ သူမဟုတ်ပဲ ပုံမှန် Mild Covid ဖြစ်ပြီး ပြန်ကောင်းသွားတဲ့လူတွေဆီမှာလဲ တွေ့့ရပါတယ် .. ဒီလိုဖြစ်ရခြင်းက နောက်ပိုင်းအသက်ကြီးလာတဲ့ခါ နှလုံးဖောက်တာ တို့ နှလုံး ကောင်းကောင်းမလုပ်မလုပ်နိုင်တာတို့ ဖြစ်တတ်ပါတယ်

ဦးနှောက်
Covid ဖြစ်တဲ့လူတော်တော်များများမှာ ကြွက်သားတွေအားနည်းတာ လက်တွေ ခြေထောက်တွေထုံတာ အစရှိတဲ့ ဦးနှောက်နဲ့ပတ်သတ်တဲ့ရောဂါလက္ခဏာတွေအပြင် ဆိုးရွားတဲ့ case တွေမှာဆို လေဖြတ်သလို Paralysis ဖြစ်တဲ့ ( Guillian-Barre’ Syndrome)၊ ခေါင်းမူးပြီး ရုတ်တရတ် မိုက်ခနဲ ဖြစ်တာ၊ confusion၊ delirium ၊ တက်တာ ( seizure) နဲ့ လေဖြတ်တာတွေအထိဖြစ်တတ်ပါတယ် … နောက်ပြီး ဒီပိုးရှိခဲ့တဲ့အတွက် အသက်ကြီးလာရင်ဖြစ်တတ်တဲ့ Alzheimer’s နဲ့ Parkinson’s disease ရဖို့ risk ပိုများလာတတ်ပါတယ်

ကျောက်ကပ်
ကျောက်ကပ်မှာ Covid ရဲ့ side effect တွေကြောင့် ကျောက်ကပ်ပျက်စီးတာမျိုးတွေဖြစ်တတ်ပြီးတော့ အရင်ထဲက ကျောက်ကပ်နဲ့ပတ်သတ်တဲ့ ရောဂါရှိတဲ့သူတွေမှာပိုဆိုးလာတတ်ပါတယ်

ရောဂါကနေသက်သာလာတဲ့အခါ ပုံမှန် သွေးပေါင်ချိန် နှလုံးခုန်နှုန်း အသက်ရှူနှုန်း အောက်ဆီဂျင်level တွေအပြင် ဖြစ်နိုင်ရင် System တစ်ခုချင်းစီအတွက် လိုအပ်တဲ့ investigation တွေလုပ်ဖို့လိုအပ်ပါတယ် …
ကိုယ်ပြနေတဲ့ physician ကို ရောဂါလက္ခဏာတွေသေချာ ပြောပြပြီး စစ်နိုင်ရင်အကောင်းဆုံးပါပဲ..

ကုသမှုတွေကတော့ လူတစ်ယောက်နဲ့ တယောက် ရောဂါလက္ခဏာပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ် …

စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့လူတွေမှာ ဆိုရင်လဲ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထူထောင်လာနိုင်အောင် anxiety management ကောင်းကောင်းလုပ်ဖို နားနားနေနေ နေပြီး အာဟာရရှိတာတွေစားဖို့
နောက်ပြီး နောက်ထပ် ထပ်ပြီး ရောဂါပိုးပြန်၀င်မလာအောင် နေထိုင်ဖို့ အရမ်းကို အရေးကြီးပါတယ် ….
တော်တော်များများ လူတွေဟာ စိတ်ကျန်းမာရေးကိုလဲ သိပ်အရေးမထားတတ်သလို အပိုအလုပ်တွေလို့ မြင်တတ်ကြပါတယ် ..
နောက်ပြီး နည်းနည်းလေးကျန်းမာရေးကောင်းလာတာနဲ့ ရုတ်တရက်ထပြီး အလုပ်တွေလုပ်တာ
အထူးသဖြင့် physical activities အများဆုံးသုံးရတဲ့ အလုပ်တွေလုပ်တာ
အရမ်းကို အန္တရာယ် များပါတယ် ….

အားလုံးပဲ ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ပြီး
အမြန်ဆုံးပြန်လည်ကျန်းမာလာကြပါစေ။ အသုံးဝင်စေဖို့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 #ဖြစ်လာခဲ့ရင်ကိုယ်တိုင်ကုတတ်အောင်ကိုဗစ်ဟာ ကူးစက်လွယ်လွန်းပြီး အခန့်မသင့်ရင် အချိန်မရွေး အသက်အန္တရာယ်ပေးနိုင်တာမို့အင်မတ...
28/07/2021

#ဖြစ်လာခဲ့ရင်ကိုယ်တိုင်ကုတတ်အောင်
ကိုဗစ်ဟာ ကူးစက်လွယ်လွန်းပြီး အခန့်မသင့်ရင် အချိန်မရွေး အသက်အန္တရာယ်ပေးနိုင်တာမို့အင်မတန် သတိထားဂရုပြုရမယ့် ကူးစက်ရောဂါဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိကိုယ်ကို ကာကွယ်ခြင်းဖြင့် တခြားသူများကိုပါ မိမိထံမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ခုချိန်မှာ ရာသီတုပ်ကွေးတွေလည်း အဖြစ်များနေတာမို့ ညောင်းကိုက်ပြီး ဖျားတာပဲဖြစ်ဖြစ် နှာရည်ယို နှာပိတ် ချောင်းဆိုးတာပဲဖြစ်ဖြစ် စဖြစ်ပြီဆိုတာနဲ့ သီးခြားခွဲနေကြတာ အကောင်းဆုံးပါ။

ဖြစ်ပြီဆိုတာနဲ့ အစားများများ စားပါ။ '' အစာလည်းဆေး ... ဆေးလည်း အစာ '' ဆိုသလို အစားများများ စားသုံးပေးခြင်းဖြင့် မိမိတို့ ကိုယ်ခံအားများကို မြှင့်တင်ပေးကြပါ။

ဆေးဆိုတာက Supportive or Palliative သီးသန့်ပါပဲခင်ဗျ။

🎄ဖျားရင် Paracetamol 500 mg တစ်နေ့ သုံးကြိမ်မှ လေးကြိမ်အထိ သောက်ပါ။

🎄ဖျားပြီး ညောင်းညာကိုက်ခဲနေရင် Paracetamol + Ibuprofen ရောထားတဲ့ ဆေးကို တရက် သုံးကြိမ် မှ လေးကြိမ်အထိ သောက်ပါ။(ဈေးကွက်မှာ Ubimol Forte , Brupal စသဖြင့် ရှိပါတယ် )

🎄နှာရည်ယို နှာပိတ်ပါက Cetrizine တရက်ကို ၂ ကြိမ်ထိသောက်နိုင်ပါတယ်။

🎄အရမ်း နှာပိတ်နေရင် Afrin အရည်ကို နှာခေါင်းထဲ တစက်မှ နှစ်စက်အထိ ချပေးနိုင်ပါတယ်။

🎄ချောင်းဆိုးရင် Tussolid , Detussin , Vifex , Ascoril စသဖြင့် သောက်နိုင်ပါတယ်။
ကောင်းတာကတော့ ချွဲပျော်ဆေး Bromhexine ပါတဲ့ဆေးကို သောက်သုံးတာ ပိုကောင်းပါတယ်ဗျ။

🎄လည်ချောင်းနာရင် Degirol , Strepsils စတဲ့ ငုံဆေးများ ငုံပေးပါ။

🎄ဝမ်းပျက်ဝမ်းလျောရင် BPI ထုတ် ဓာတ်ဆား နဲ့ Bioflor လို အမှုန့်တထုပ်ကို ရေသန့်တဘူးထဲရောပြီး သောက်ပေးပါ။
တရက်ကို သုံးဘူးလောက်အထိ သောက်ပေးပါ။

‼️ရေနွေးပဲ များများသောက်ပေးကြပါ။‼️

အားဆေးအနေနဲ့ Zinc ပါတဲ့ အားဆေးတမျိုးမျိုး နဲ့ Vit C 500mg တရက် တကြိမ် သောက်နိုင်ပါတယ်။

‼️Antibiotic ပိုးသတ်ဆေးများ မလိုအပ်ပဲ လုံးဝမသောက်စေလိုပါ ပိုပြီး ဒဏ်ခံရနိုင်ပါတယ်ဗျ။‼️

အဲကွန်း ပန်ကာများ ဖွင့်ပြီး အလုံပိတ်အခန်းထဲ လုံးဝမနေပါနဲ့။

Virus ဟာ အအေးကြိုက်တာမို့ အခန်းထဲတင် ကြာရှည်စွာ အသက်ရှင်နေနိုင်တာမို့ပါ။ လေကောင်းလေသန့်ရဖို့ အရေးကြီးပါတယ်။

အနံ့ပျောက်တာ အရသာပျောက်တာ ဖြစ်လာရင် အစိုးရိမ် မလွန်ကြပါနဲ့။ အချိန်တန်ရင် သူ့အလိုလို ပြန်ရပါလိမ့်မယ်။အသက်အရွယ်နဲ့ ကိုယ်ခံအားအပေါ်မူတည်လို့ ၃ ရက်မှ ၂ ပတ်ခန့်အထိ ကြာမြင့်တတ်ပါတယ်။

ကောင်းတာကတော့ Pulse Oximeter တစ်ခုနဲ့ နာရီဝက်ခြားတခါလောက် SPO2 တိုင်းပေးကြစေလိုပါတယ်။ လူက မမောပဲ အကောင်းအတိုင်း ရှိနိုင်ပေမယ့်
သွေးထဲမှာ O2 နည်းပြီး Silent Hypoxia ခေါ် ရုတ်တရက် O2 ကျပြီး အသက်ဆုံးရှုံးနိုင်တာမို့ပါ
အခု လိုင်းပေါ်မှာ တွေ့နေကြရတဲ့ ခရီးသွားရင်း သေဆုံးကြတာ အဲ့လိုတွေ ဖြစ်တာမို့ပါ။

SPO2 Level 94 % အောက်ဆို ဂရုစိုက်ရပါတော့မယ်။ 80% အောက်ဆို ပိုသတိထားရပါ့မယ်ဗျ။ တချို့က မမောပဲ ရှိနေနိုင်ပါတယ်။ ဆေးရုံ ဆေးခန်းများကို ဆက်သွယ်ပြီး ကုသမှု ခံယူသင့်ပါတယ်။

စိတ်ဓာတ်လုံးဝမကျပါနဲ့
စိတ်ကို ပျော်ရွှင်အောင်နေပါ။

အဆိုး လုံးဝမမြင်ပါနဲ့။
စိတ်အားတင်းပြီး ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။

Dr.နေမျိုးသူ(ဆမ - ၂၆၂၈၃)
Ph - 09962132579

Credit...

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Myuu Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share