Wai Dream Diary

Wai Dream Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wai Dream Diary, Yangon.

06/03/2026

နေရောင်တွေကြောင့်
နွေးထွေးရသလို
ကြယ်ရောင်တွေကြောင့်
အေးချမ်းရပါတယ်
မေတ္တာပေးလို့ပြန်ရတဲ့
မေတ္တာတွေရှိလို့
ပျော်ရွှင်ရပါတယ်
ဝမ်းနည်းမှုအပေါင်းကင်းဝေးကြပါစေ

မေတ္တာခြုံလို့ လုံပါစေသစ္စာထားလို့ အေးပါစေနှလုံးလှလို့ နွေးပါစေကျွန်ုပ်တို့ ဘဝတွေဟာမထားသင့် မထားအပ်တဲ့မာန် ၊ မာန တွေနဲ့ပ...
15/02/2026

မေတ္တာခြုံလို့ လုံပါစေ
သစ္စာထားလို့ အေးပါစေ
နှလုံးလှလို့ နွေးပါစေ

ကျွန်ုပ်တို့ ဘဝတွေဟာ
မထားသင့် မထားအပ်တဲ့
မာန် ၊ မာန တွေနဲ့
ပြည့်နှက်နေကြတယ်

လူတစ်ဦး နဲ့ တစ်ဦး
မုန်းနေရခြင်း၊
သူ့ကို မြင်တိုင်း
ပင်ပန်း နေရခြင်းက
မေတ္တာတွေ မလုံ ခြုံလို့ပါ

သင် မေတ္တာ ထားကြည့်ပါ
သူ့ကို မြင်တိုင်း
မုန်းခြင်းထက်
အေးချမ်းခြင်းက
ပြည့်နှက်လာမှာပါ


#မေတ္တာ

ဘယ်လောက်ပဲခြေလှမ်းတွေ ရပ်တန့်လိုက်ဖို့ပြောနေပါစေအချစ်တွေသာ တူညီခဲရင်ကိုယ်ချစ်တဲ့ သူကလည်းကိုယ့်ကို အဝေးကနေရပ်စောင့်ကြည့်ပ...
15/02/2026

ဘယ်လောက်ပဲ

ခြေလှမ်းတွေ ရပ်တန့်လိုက်ဖို့

ပြောနေပါစေ

အချစ်တွေသာ တူညီခဲရင်

ကိုယ်ချစ်တဲ့ သူကလည်း

ကိုယ့်ကို အဝေးကနေ

ရပ်စောင့်ကြည့်ပြီး

စောင့်ရှောက်နိုင်သလို

သူချစ်တဲ့ ကိုယ်ကလည်း

သူ့စီကို ပြန်လာနိုင်ဖို့

အမြဲတမ်း

ခြေလှမ်းတွေ စတင်ဖို့

ကြိုးစားနေမှာပါ

သိစေချင်ပါတယ်

မချစ်တော့လို့

ရပ်တန့်ထားတာ မဟုတ်ဘဲ

နာကျင်နေလို့

ခဏအနားယူနေရုံပါ

ဆက်ဆက် ပြန်လာမယ့်

ခြေလှမ်းတွေ အတွက်

စောင့်နေပေးနိုင်မလား….


#အလွမ်း
#မေတ္တာ

13/02/2026

တစ်ချိန်က သူက သိပ်ကို ချေခဲ့တဲ့

မင်းသားလေးပေါ့

ကျွန်မကတော့

အမြဲငေးကြည့်နေရတဲ့

သာမန်အရပ်သူလေးပေါ့

ငေးကြည့်နေရတာတောင်

လုံလောက်တဲ့ ပျော်ရွှင်မူမျိုးနဲ့

ပျော်ရွှင်ခဲ့ရတာပါ

ကျေးဇူးတင်ပါတယ်

အမျိုးသားလေးရေ

အချစ်ပန်းတွေ မပျိုးခဲ့ပေမယ့်

အပြုံးပန်းတွေ စွန့်ကြဲခဲ့လို့

ငေးနေခွင့်လေးပေးခဲ့လို

လုံလောက်တဲ့ မေတ္တာရေစဉ်

ပတ်ဖြန်းပေးခဲ့လို့

ကျေးဇူးပါရှင်ရယ်

#နှလုံးသားစာ
#အလွမ်း
#မေတ္တာ

12/02/2026

ကျွန်မ ငေးကြည့်ခဲ့ရသော

အမျိုးကောင်းသားလေးရေ…..

ကျန်းမာပါရဲ့လား၊

စိတ်အေးချမ်း ပျော်ရွှင်မူကော ရှိပါရဲ့လား။

တိုက်ဆိုင်မူတွေ ကြုံတိုင်း လွမ်းမိပါရဲ့၊

လွမ်းတိုင်းလည်း တွေချင်မိပါရဲ့။

ကျွန်မ လွမ်းမှန်၊

ချစ်မြတ်နိုးမှန်း၊

မေတ္တာထားမှန်း ကိုတော့

အမျိုးကောင်းသားလေး……..

သိပါ့မလား…..


#နှလုံးသားစာ
#ကဗျာလေး
#လွမ်း

Test kit ရောက်ပါပြီနော် ချစ်တို့ရေ။Price - 14000 Ks 😊😊ဆယ်ချောင်းယူ - 13000Ksအချောင်း ၅၀ ယူ - 12000 KsSpecificity _100% S...
17/07/2021

Test kit ရောက်ပါပြီနော် ချစ်တို့ရေ။

Price - 14000 Ks 😊😊
ဆယ်ချောင်းယူ - 13000Ks
အချောင်း ၅၀ ယူ - 12000 Ks

Specificity _100%
Sensitivity _ 84.38%
SD Biosensor Antigen Test Kid
(Standard Q, WHO Recommended)

စစ်ဆေးပြီး ၁၅မိနစ်မှ နာရီဝက်အတွင်း အဖြေသိပါတယ်နော်

ဘယ်ကထုတ်ပြီးတင်သွင်းတာလဲ?
SD Biosensor Standard Q ကို India နိုင်ငံမှ တိုက်ရိုက်တင်သွင်းထားပြီး India ရဲ့ ဆေးဝါးထောက်ခံချက်များဖြစ်တဲ့ ICMR နဲ့ AIMS များရရှိထားတာမို့ အရည်အသွေးက စိတ်ချရပါတယ်။
ကိုရီးယားနိုင်ငံအခြေစိုက် SD Biosensor ကုမ္ပဏီရဲ့ standard Q အမှတ်တံဆိပ် COVID-19 Test Kit ကို နိုင်ငံပေါင်း 126 နိုင်ငံထိ ဖြန့်ဝေနေပါတယ်။ WHO ကအသိအမှတ်ပြုထောက်ခံထားပြီး Korea, Canada, USA, India စတဲ့နိုင်ငံများရဲ့ FDA တွေပါ ရရှိထားပါတယ်။

အသုံးပြုနည်း

လက်ကိုအရင်ဆုံးသေချာဆေးပါ လက်အိတ်ဝတ်ပြိးလုပ်ပါ
ပါတဲ့ ဘူးလေးက ပိတ်ထားတာလေးကိုခွာပြီး ထောင်ထားပါ (မဖိတ်စေရန်သတိပြုပါ)
test kit ကိုလည်းကြိုထုတ်ထားပါ
နှာခေါင်းတို့ဖက် ယူမယ့် အချောင်းလေးကို
ထုတ်ပါ
( ဂွမ်းရှိတဲ့ဘက်က လုံးဝမကိုင်ရ)
ထို့နောက် နှာခေါင်းထဲသို့ ဂွမ်းတံရှည်ကိုထည့်ပါ အတတ်နိုင်ဆုံး နှာခေါင်းအတွင်းနံရံထဲထိ ရောက်ရင်ပိုကောင်းပါတယ်
အတွင်းထဲရောက်ရင် ၃၆၀ ငါးပတ်လောက်လှည့်ပေးပါ နှာခေါင်းနှစ်ဖက်စလုံးကို ထိုဂွမ်းတံနှင့်ပင် ထည့်ပါ
ထို့နောက်ဂွမ်းတံကိုဆေးရည်လေးထဲနစ်အောင်ထည့်ပီး ငါးပတ်လောက်လှည့်ပေးပါ မနစ်လျှင် ဘူးလေးကိုညှစ်၍ နစ်အောင်လုပ်ပါ
ပြန်ဆွဲထုတ်လျှင် ဘူးလေးကို ညှစ်၍ ဂွမ်းတံတွင် အရည်မကျန်အောင်လုပ်ပါ ပြီးနောက် ဂွမ်းတံကိုသေချာစွာစွန့်ပစ်ပါ
ဆေးရည် ဘူးလေးကိုပါသော အဖုံးနှင့်သေချာစွာပိတ်ပါ
test kit ထဲသို့ ထိုဘူးလေးထဲမှ အစက်သုံးစက်ခန့်ချပါ
၁၅မိနစျမှမိနစျသုံးဆယျအတှငျး အဖြေ ကြည့်လို့ရပါပြီ (မိနစ်သုံးဆယ်ကျြောသှားမှ မဖတ်ရပါ)

Negative ဆိုရင် C တစ်လိုင်းပဲ ပေါ်မှာဖြစ်ပြိး Positive ဆိုရင် C မှာရော T မှာရော အနီလိုင်းလေး နှစ်လိုင်းပြမှာဖြစ်ပါတယ်။
Negative ထွက်လို့မှ ထပ်ပြီးသေချာချင်ရင်တော့ နောက်၃ရက်ခြားပြီး နောက်တစ်ခေါက်ထပ်စစ်ဆေးနိုင်ပါသေးတယ်။

Test Kit တစ်ခုကို တစ်ခါပဲစစ်ဆေးလို့ရတာပါ

ပုလဲခေါင်းစီးကြိုးလေးတွေနဲ့မိတ်ဆက်ပေးလိုက်ပြီ့နော်❤
12/03/2021

ပုလဲခေါင်းစီးကြိုးလေးတွေနဲ့မိတ်ဆက်ပေးလိုက်ပြီ့နော်❤

ဒီနေ့တော့မင်မင် ကချစ်တို့ကိုခေါင်းစီးကြိုးကမ္ဘာလေးထဲခေါ်ဆောင်သွားမယ်နော်❤😛😍
12/03/2021

ဒီနေ့တော့မင်မင် ကချစ်တို့ကိုခေါင်းစီးကြိုးကမ္ဘာလေးထဲခေါ်ဆောင်သွားမယ်နော်❤😛😍

ဖဲပြားခေါင်းစီးကြိုးလေးတွေ စုတင်ပေးလိုက်ပြီနော် အားပေးကြပါအုံးချစ်တို့ရေ မင်မင် စီ အနည်း ဆုံး တစ်မျိုး 10ခု လောက်တော့ဝယ်...
12/03/2021

ဖဲပြားခေါင်းစီးကြိုးလေးတွေ စုတင်ပေးလိုက်ပြီနော်
အားပေးကြပါအုံးချစ်တို့ရေ မင်မင် စီ အနည်း ဆုံး တစ်မျိုး 10ခု လောက်တော့ဝယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် အများဝယ်ယူလို့သူများ အများဈေးသပ်သပ်ဆောင်ရွက်ပေးပါသည်။

ကတ္တီပါခေါင်းစီးကြိုးလေးတွေရွေးပြီးတင်ပေးလိုက်ပြီးနော် ချစ်တို့ရေ❤ ဈေးလည်းတန် ပစ္စည်းလည်းအစံုအလင် instock ရှိတာမို့ အချိ...
12/03/2021

ကတ္တီပါခေါင်းစီးကြိုးလေးတွေရွေးပြီးတင်ပေးလိုက်ပြီးနော် ချစ်တို့ရေ❤ ဈေးလည်းတန် ပစ္စည်းလည်းအစံုအလင် instock ရှိတာမို့ အချိန်မရွေးဝယ်ယူအားပေးနိုင်ပါတယ်ရှင်

ခေါင်းစီးကွင်းလှလှလေးတွေစုတင်ပေးလိုက်ပြီနော်သဲတို့ရေ အနည်းဆုံး 50000ဖိုးထက်ကျော်ရင်မင်မင်က🚛Delivery Free ပို့ပေးတယ်နော်သ...
11/03/2021

ခေါင်းစီးကွင်းလှလှလေးတွေစုတင်ပေးလိုက်ပြီနော်သဲတို့ရေ အနည်းဆုံး 50000ဖိုးထက်ကျော်ရင်မင်မင်က🚛Delivery Free ပို့ပေးတယ်နော်သဲတို့ရေ

Address

Yangon
764260348

Website

Alerts

Be the first to know and let us send you an email when Wai Dream Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share