Moe Kaung Kin

Moe Kaung Kin �USA FDA အသိအမှတ်ပြု Supplment
�မြန်မာပြည် FDAအသ?

အာရုံကြော အားနည်းခြင်းအကြောင်း သိကောင်းစရာ             အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သ...
10/09/2022

အာရုံကြော အားနည်းခြင်းအကြောင်း သိကောင်းစရာ

အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။

ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲပြဿနာများ

ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း၊ ပိုးဝင်လွယ်ခြင်း၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း။

ဆောင်ရန် ရှောင်ရန်များ

အာရုံကြောအားကောင်းစေသော ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည်။ ထို့ပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း၊ ရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည်။ သွေး အားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်သည်။

အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း၊ အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

Credit to original uploader

 #အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ                  အရိုး●အရိုးတွေ ချောင်လာတယ် ●ဒူးနာတတ်တယ်●ချဉ်ဆီခမ်းလို့ ဒူးချောင်တ...
08/07/2022

#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
အရိုး
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး
သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ
ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့်
ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို
များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ
မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး
သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို
လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit - original
# ကျန်းမာရေး
mts

🍍နာနတ်သီးကိုစားလျှင် ယင်းတွင်ပါဝင်သော ဘရိုမယ်လိန်းကြောင့် အရောင်ကျစေသည့် အာနိသင်ကို ရရှိစေပါသည်။ ခန္ဓာကိုယ်၏ နေရာအနှံ့မှ...
21/06/2022

🍍နာနတ်သီးကိုစားလျှင် ယင်းတွင်ပါဝင်သော ဘရိုမယ်လိန်းကြောင့် အရောင်ကျစေသည့် အာနိသင်ကို ရရှိစေပါသည်။ ခန္ဓာကိုယ်၏ နေရာအနှံ့မှ ရောင်ရမ်းမှုမှန်သမျှကို လျော့နည်းစေသည်။ ဥပမာ အရိုးများရောင်ခြင်း၊ ကြွက်သားများရောင်ခြင်း၊ ကြွက်သားများတောင့်တင်းခြင်း (Muscle spasms)၊ သွားနှုတ်ခြင်း အပါအဝင် ခွဲစိတ်ကုသမှု အမျိုးမျိုးကြောင့် ရောင်ခြင်းအပြင် နာကျင်မှုဝေဒနာများကို သက်သာစေသည်။ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများ သောက်လျှင် ဖြစ်ပေါ်လေ့ရှိသည့် အစာအိမ်ထိခိုက်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးခြင်းမျိုးလည်း မတွေ့ရှိရပေ။ နာနတ်သီးစားလျှင် အရေပြား အညိုအမည်းစွဲခြင်းကို ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။ ဥပမာ အားကစားသမားများ (ဘောလုံး၊ လက်ဝှေ့) တွင် မကြာခဏ ထိခိုက်ဒဏ်ရာကြောင့် အညိုအမည်းစွဲ (Bruise) ရာတွင် နာနတ်သီးမစားသည့်သူများထက် စားသုံးသည့်သူများက ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းကြောင်း သုတေသနစာတမ်းများက ဆိုပါသည်။ ဘရိုမယ်လိန်း သာမက အခြားပါဝင်သော အာဟာရဓာတ်ပစ္စည်းများ (ဥပမာ ဗီတာမင် စီ) တွင်လည်း အနာကျက်မြန်စေသော အာနိသင်ရှိသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီးများ လစဉ်ဓမ္မတာလာစဉ် ကိုက်ခဲသည့်ဝေဒနာ (Dysmenorrhea) ကိုလည်း သက်သာစေသည်။

🍍နာနတ်သီးတွင် ပါဝင်သော ဘရိုမယ်လိန်းသည် သွေးကြောထဲတွင် သွေးမခဲစေရန်နှင့် သွေးကျဲနေစေရန် ဆောင်ရွက်ပေးပါသည်။ သွေးထဲတွင် ပလိတ်လက် (Platelet) ဟုခေါ်သော သွေးမွှားလေးများရှိပြီး ယင်းတို့မှာ စေးကပ်သည့်သဘော ရှိပါသည်။ ယင်းတို့အချင်းချင်းကပ်ပြီး သွေးခဲသွားလျှင် သွေးကြောများပိတ်၍ ခန္ဓာကိုယ်တစ်သျှူးများသို့ သွေးမရောက်ခြင်း ဖြစ်တတ်သည်။ ဥပမာ နှလုံးကိုသွားသော သွေးကြောလေးများပိတ်လျှင် နှလုံးချက်ချင်းရပ်၍ (Heart attack) သေဆုံးနိုင်ပြီး ဦးနှောက်သို့သွားသော သွေးကြောလေးများပိတ်လျှင် လေဖြတ်ခြင်း (Stroke) ဖြစ်တတ်ပါသည်။

🍍နိုင်ငံတကာ သုတေသနစာတမ်းများအရ ဘရိုမယ်လိန်းသည် ပလိတ်လက်များစုပြီး ခဲမသွားစေရန် ဟန့်တားနိုင်စွမ်းရှိသည့် ဓာတ်ပစ္စည်း (Potent inhibitor of platelet aggregation) ဖြစ်ကြောင်း လေ့လာရသည်။ ထို့ကြောင့် နာနတ်သီးသည် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ ရင်ဘတ်မကြာခဏအောင့်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ခြေထောက်ရှိ သွေးကြောများ သွေးသိပ်မလျှောက်၍ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေထောက်များဖောခြင်း၊ သွေးကြောများဖောင်းနေခြင်း၊ သွေးကြောများ ရောင်ရမ်းပိတ်ဆို့ခြင်း (Thrombophlebitis) တို့အတွက် အထူးသင့်တော်သောကြောင့် စားသုံးသင့်သော သစ်သီးတစ်ခု ဖြစ်သည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက်-"သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၅) နာနတ်သီး မှ ထုတ်နုတ်ဖော်ပြသည်။

ဒူးရင်းသီး အဖိုးဖြစ်သူက ဒူးရင်းသီး ခြင်းလိုက်စားသူ၊ အမေကလည်း ဒူးရင်းသီးအလွန်ကြိုက်သူဖြစ်တာကြောင့် ကျွန်တော်လည်း မျိုးရို...
29/04/2022

ဒူးရင်းသီး

အဖိုးဖြစ်သူက ဒူးရင်းသီး ခြင်းလိုက်စားသူ၊ အမေကလည်း ဒူးရင်းသီးအလွန်ကြိုက်သူဖြစ်တာကြောင့် ကျွန်တော်လည်း မျိုးရိုးလိုက်ပြီး ဒူးရင်းသီး အရမ်းကြိုက်ပါတယ်။ မိတ်ဆွေတွေက ဒူးရင်းသီးအကြောင်းရေးခိုင်းတာကြောင့် ဒူးရင်းသီးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးအကြောင်းသိသလောက်ရေးပေးလိုက်ပါတယ်။

အရှေ့တောင်အာရှမှာ ဒူးရင်းသီးက နာမည်ကြီးပါတယ်။ " အသီးတို့ရဲ့ဘုရင် " လို့တောင် တင်စားကြတယ်။ အနံပြင်းတာကြောင့် ဟိုတယ်အများစုက ဟိုတယ်အတွင်းသို့ ဒူးရင်းသီးယူခွင့်မပြုကြပါ။

ဒူးရင်းသီး အမျိုးအစားအများကြီးရှိပါတယ်။ ဒါကတော့ ဒူးရင်းသီး ရောင်းသူတွေပိုသိပါလိမ့်မည်။

ရုက္ခဗေဒအဆိုအရ လူသိများတဲ့ ဒူးရင်းသီးမျိုးစိတ်က Durio zibethinus ဖြစ်ပါတယ်။ အပူပိုင်းအသီးဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်းတို့လို အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းပင်ပေါက်ပါတယ်။

အခြားအသီးတွေထက် ဒူးရင်းသီးမှာ မြင့်မားတဲ့ အဟာရတွေပါဝင်ပြီး ဒူးရင်းသီးမှာ ဗိုက်တာမင် C ၊ ဗိုက်တာမင် B1 , ဗိုက်တာမင် B6 , ဗိုက်တာမင် B2 ၊ ဖောလိတ်၊ မက်ဂနီဆီယမ်၊ ဗိုက်တာမင် B3 ၊ ကော့ပါး နှင့် ပိုတက်ဆီယမ်တွေပါရှိနေတယ်လို့ရေးပါတယ်။ Antioxidant လို အစွမ်းရှိတဲ့ anthocyanins, carotenoids, polyphenols, နှင့် flavonoids လို ဓာတ်ပေါင်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေးကောင်းပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ မြင့်မားတဲ့အဟာရတွေ ကြွယ်ဝတဲ့ antioxidant တွေက ကင်ဆာရောဂါကိုဖြစ်စေသော free radicals တွေကို ချေဖျက်တယ်လို့ရေးတယ်။

ဒူးရင်းသီးက သွယ်ဝိုက်သောနည်းအားဖြင့် ကိုယ်လက်စထရောကိုကျဆင်းစေပါတယ်။ သွေးကြောကျဉ်းခြင်း နှင့် သွေးကြောမာခြင်းကို လျော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်ပေါင်းတွေမှာ ပိုးသတ်နိုင်စွမ်း ( antibacterial ) နှင့် မှိုသတ်နိုင်စွမ်း ( anti-yeast ) အစွမ်းရှိတယ်။ ခုခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေတယ်။

ဒူးရင်းသီးရဲ့ glycemic index (GI) က 49 ဖြစ်ပါတယ်။ နာနတ်သီးက 82 ၊ သင်္ဘောသီးက 58 ၊ ဖရဲသီးက 55 ဆိုတော့ အပူပိုင်းအသီးတွေထဲမှာ ဒူးရင်းသီးက glycemic index (GI) နိမ့်ပါတယ်။ GI နိမ့်တဲ့အပြင် ဒူးရင်းသီးမှာ အမျှင်ဓာတ်ပါတာကြောင့် ဆီးချိုထိန်းနိုင်သူတွေ အနည်းငယ်စားလို့ ရပါတယ်။

ဒူးရင်းသီးမှာ အမိုင်နိုအက်ဆစ် tryptophan ပါဝင်ပြီး ပျော်ရွှင်စေသော ဟိုမုန်း ဆီလိုတိုနင်ကို ပွားများစေတယ်။ အိပ်ပျော်စေသော ဟိုမုန်း မယ်လတိုနင်ကို မြင့်တက်စေတယ်။

ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးစားလို့ရပါတယ်။ ဒူးရင်းသီးမှာပါဝင်တဲ့ folate က ကိုယ်ဝန်ဆောင်ချိန်သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ဒူးရင်းသီးရဲ့ အဖိုးတန်အာဟာရက ကိုယ်ဝန်ကို အကျိုးပြုပါတယ်။

ဒူးရင်းကို အရက်နှင့် အတူမသောက်ရပါ။ ဒူးရင်းသီး နှင့် အရက်အတူသောက်လျှင် ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

22/04/2022
နှစ်သစ်မှာ ဘေးကင်းပါစေစိတ်ကူးတွေ အောင်မြင်ပါစေကပ်ဘေးမှ ကင်းဝေးပါစေလို့မင်မင် ဆုတောင်းပေးပါတယ်😍😍😍
31/12/2021

နှစ်သစ်မှာ ဘေးကင်းပါစေ
စိတ်ကူးတွေ အောင်မြင်ပါစေ
ကပ်ဘေးမှ ကင်းဝေးပါစေလို့
မင်မင် ဆုတောင်းပေးပါတယ်😍😍😍

🇺🇸🇺🇸🇺🇸USA  FDA. အသိအမှတ်ပြု့        💊Supplement တွေကို🇬🇭🇬🇭🇬🇭မြန်မာပြည် FDA. တောက်ခံချက် ပြန်ယူတားသော ဆေးများ ဖြစ်သောကြော...
16/05/2020

🇺🇸🇺🇸🇺🇸USA FDA. အသိအမှတ်ပြု့
💊Supplement တွေကို
🇬🇭🇬🇭🇬🇭မြန်မာပြည် FDA. တောက်ခံချက် ပြန်ယူတားသော ဆေးများ ဖြစ်သောကြောင့်
အရေအသွေးက 💯 အာမခံပါတယ်.
🔊လက်ကား ပြန်ယူမယ့် ကိုယ်စားလှယ်များကိုလည်း ကြိုဆိုလျက်ပါ.
☎️☎️☎️09 425372095. ကို ဆက်သွယ်မေးမြန်း အားပေးနိုင်ပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻

💊Zinc caps  ↔️အသက် ကြီးသူများတွင် ဖြစ်တက်သော       Zinc လျော့နည်းလာသောကြောင့်        ခုခံအားစနစ် ကျဆင်းလာမူကို  တောက်ပံပ...
09/05/2020

💊Zinc caps
↔️အသက် ကြီးသူများတွင် ဖြစ်တက်သော
Zinc လျော့နည်းလာသောကြောင့်
ခုခံအားစနစ် ကျဆင်းလာမူကို တောက်ပံပေးပါတယ်.
↔️ နှလုံး သွေးကြော နှင့် အာရုံကြောများကိုလည်း တောက်ပံ ပေးပါတယ်
↔️ အသက်ကြီး သူများ အမြင် အာရုံအတွက် အထူးကောင်းမွန်ပါတယ်.
🇱🇷USA တိုက်ရိုက် ဖြစ်ပြီး
FDA. တောက်ခံချက် ရယူတားသော ဆေးဖြစ်တယ်.
အရေအသွေးက 💯
☎️09425372095

မင်္ဂလာပါ🙏🏻🙏🏻🙏🏻🙏🏻🙏🏻🇱🇷USA တိုက်ရိုက်တင်သွင်းပြီး  မြန်မာပြည် FDA တောက်ခံချက်ယူတားသော       💊💊💊ဆေး ဖြစ်သောကြောက်   အရေအသွေ...
06/05/2020

မင်္ဂလာပါ🙏🏻🙏🏻🙏🏻🙏🏻🙏🏻
🇱🇷USA တိုက်ရိုက်တင်သွင်းပြီး
မြန်မာပြည် FDA တောက်ခံချက်ယူတားသော
💊💊💊ဆေး ဖြစ်သောကြောက်
အရေအသွေး💯 အာမခံပါတယ်👌
🔊အခုတလော လေယဉ်ခ တွေ မြင့်တက်တာရယ်
ဆေးတွေက USမှာဝယ်လို့ ခက်ခဲနေလို့
စျေးများ အရင်ထက် ကွာဟမူလေးများကို သီးခံပေးပါလို့ ပြောပါရစေရှင့်♥️
☎️. 09 425372095☎️☎️
စျေး အပြောင်းအလဲရှိသောကြောက့်
ဖုန်းနဲ့ဖြစ်စေ
CBက ဖြစ်စေ စုံစမ်း အားပေးပါလို့💕
🌈ကျေးဇူးတင်ပါတယ်ရှင့်🌈

18/04/2020
💊Vitamin C↔️ ကိုယ်ခံအား ခုခံစနစ်ကို အကောင်းဆုံး       လုပ်ပေးသော ခံတပ်ကြီးပါ↔️. ဖျားနာခြင်း  နှာစေးခြင်း  အအေးမိခြင်း   ...
16/04/2020

💊Vitamin C
↔️ ကိုယ်ခံအား ခုခံစနစ်ကို အကောင်းဆုံး
လုပ်ပေးသော ခံတပ်ကြီးပါ
↔️. ဖျားနာခြင်း နှာစေးခြင်း အအေးမိခြင်း
တိုကို တိုက်ဖျက်ပေးနိုင်မယ် အကောင်းဆုံး ဆေးလေးပါ
↔️ အိမ်တိုင်း ဆောင်တားပြီး သုံးစွဲသင့်သော
အဖော်မွန်လေးပါ
🇱🇷USA တိုက်ရိုက်ဖြစ်ပြီး
FDAတောက်ခံချက်ရရှိတားသောကြောက်
အရေအသွေးက💯
☎️09. 425372095

မဂ်လာပါ ရှင့်Moe Kaung Kin  shop မှာ တခဲနက် အားပေးနေတဲ့ မိတ်ဆွေများ🟧အားမပေးရသေးသော မိတ်ဆွေများ အားလုံးကျန်းမာရေးတွေ  ဂရု...
01/04/2020

မဂ်လာပါ ရှင့်
Moe Kaung Kin shop မှာ တခဲနက် အားပေးနေတဲ့ မိတ်ဆွေများ🟧
အားမပေးရသေးသော မိတ်ဆွေများ အားလုံး
ကျန်းမာရေးတွေ ဂရုစိုက်ကြပါ.🔷
Supplment. တွေမ ရလို့
စျေးတွေ တက်နေလို့ မသောက်ရလို့ စိတ်မညစ်ကြပါနဲ့📢
ပုံမှန် အစားအသောက်ကို အချိန်မှန်မှန်စား
အိမ့်ရေးဝဝ အိမ့်ပါ🔊
🔈ဒီရက်ထဲ ရောက်လာသော supplmentလေးတွေ လိုအပ်ရင်
လာရောက်အားပေးနိုင်ပါတယ်ရှင့်
စျေးတွေက အရင် စျေးတွေထက် တော့ တက်နေတော့ သောက်စရာကျန်သေးရင်တော့ မဝယ်ကြပါနဲအုံးနော်

မိတ်ဆွေများ အားလုံး ဘေးကင်းကြပါစေရှင့်
☎️09 425372095

Address

Yangon

Telephone

+959425372095

Website

Alerts

Be the first to know and let us send you an email when Moe Kaung Kin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share