Petrichor - Myanmar

Petrichor - Myanmar We mainly create and sell "handmade clay jewelry" and handmade workshops. Imagination into Creations | Founded in 2020 📍

Petrichor ရဲ့ နောက်ခြေလှမ်းအသေးလေး တစ်ခု The Pearl Weaver ပါ။ ယဉ်ကျေးမှု အနုပညာတွေကို ချပြသွားအုံးမှာဖြစ်သည့်အတွက် ပံ့ပိ...
12/07/2026

Petrichor ရဲ့ နောက်ခြေလှမ်းအသေးလေး တစ်ခု The Pearl Weaver ပါ။ ယဉ်ကျေးမှု အနုပညာတွေကို ချပြသွားအုံးမှာဖြစ်သည့်အတွက် ပံ့ပိုးပေးကြပါအုံးရှင် 🥰

[Burmese language below] ✨ Myanmar's weaving culture is a treasured and intricate art form that beautifully reflects the nation's diverse ethnic heritage. This tradition is not merely a craft but a vital form of cultural expression, with each ethnic group possessing its own unique patterns and techniques. The Myanmar people are deeply committed to preserving this heritage, meticulously passing down their skills from one generation to the next. Many artisans continue to employ traditional looms and natural dyes, honoring time-tested methods over modern convenience. By proudly wearing handwoven textiles like the longyi and intricate Acheik patterns, and by conscientiously supporting local weavers, the public ensures that this ancient and vibrant art form remains a cherished and living part of their identity.

✨မြန်မာ့ရက်ကန်းယဉ်ကျေးမှုသည် နိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသားအမွေအနှစ်များကို လှပစွာ ထင်ဟပ်ပြသနေသည့် တန်ဖိုးရှိပြီး ထူးခြားသည့် အနုပညာလက်ရာတစ်ခု ဖြစ်ပါသည်။ ဤရိုးရာအမွေအနှစ်သည် ရိုးရှင်းသောလက်မှုပညာတစ်ခုမျှသာမကဘဲ တိုင်းရင်းသားလူမျိုးအလိုက် ကိုယ်ပိုင်ထူးခြားသည့် ပန်းကွက်များနှင့် ရက်ကန်းနည်းစနစ်များဖြင့် ယဉ်ကျေးမှုဆိုင်ရာဖော်ပြမှုတစ်ရပ်လည်း ဖြစ်သည်။ မြန်မာလူမျိုးများသည် ဤအမွေအနှစ်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းစောင့်ရှောက်ကြပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများကို မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ်ခုသို့ စနစ်တကျ လက်ဆင့်ကမ်းပေးနေကြပါသည်။ အနုပညာရှင်အများစုသည် ခေတ်မီစက်ကိရိယာများထက် ရိုးရာရက်ကန်းစင်များနှင့် သဘာဝဆိုးဆေးများကို ဆက်လက်အသုံးပြုကြပြီး အချိန်နှင့်အမျှ ခိုင်မာလာသည့်နည်းလမ်းများကို တန်ဖိုးထားဂုဏ်ပြုကြပါသည်။ ရိုးရာလက်ရက်အထည်များဖြစ်သည့် လုံချည်များနှင့် အချိတ်ပန်းကွက်များကို ဂုဏ်ယူစွာဝတ်ဆင်ခြင်း၊ ဒေသခံရက်ကန်းသမားများကို စိတ်ပါဝင်စားစွာပံ့ပိုးကူညီခြင်းဖြင့် မြန်မာပြည်သူများသည် ဤရှေးကျပြီး ခေတ်မီသော အနုပညာရပ်ကို ၎င်းတို့၏ ရိုးရာလက္ခဏာတစ်ရပ်အဖြစ် ဆက်လက်ရှင်သန်စေရန် အားပေးကူညီလျက်ရှိပါသည်။

ဖိတ်ပါတယ်ရှင် Day 2 ✨7-8pmမှာရှိပါမယ်ရှင်
01/06/2026

ဖိတ်ပါတယ်ရှင် Day 2 ✨7-8pmမှာရှိပါမယ်ရှင်

CEO Myaphoo နှင့် LMC team ကြောင့် Day 2 မှာ Guest Trainer အနေဖြင့် ✨ Art & Craft Business Branding ခေါင်းစဉ်လေးကို ဆွေး...
01/06/2026

CEO Myaphoo နှင့် LMC team ကြောင့် Day 2 မှာ Guest Trainer အနေဖြင့် ✨

Art & Craft Business Branding ခေါင်းစဉ်လေးကို ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင် မတူညီသော စီးပွါးရေးလုပ်ငန်းနယ်ပယ်မှ အကိုအမတွေကိုလည်း ဖိတ်ခေါ်ပါတယ်ရှင် 🩷 တွေ့ကြမယ်နော်

လက်မှုClub - Lat Mhu Club

🎨 Trainer: Ma Ku Mudra Aung
⏰ Training Time : 7:00PM To 8:00PM MMT
📅 Training Date: June 2, 2026
📖 Topic: Art and Craft Business Branding

Trainer Background:
Ma Ku Mudra Aung is the Founder & Creative Designer of Petrichor Myanmar, a successful handicraft-based brand inspired by the motto, “Life is short, Do what you love.” She will share valuable insights on how to build and sustain a long-lasting personal brand.

ထပ်မံပြီး မကူးယူကြရန် မေတ္တာရပ်ခံခြင်း 🙏🩷 ကျွန်မဒီစာကိုရေးတဲ့အချိန် တကယ်ဒေါသကိုမေ့ထားပြီး  အကောင်းဆုံးပဲ ရေးသားထားပါတယ်ရ...
08/10/2025

ထပ်မံပြီး မကူးယူကြရန် မေတ္တာရပ်ခံခြင်း 🙏🩷 ကျွန်မဒီစာကိုရေးတဲ့အချိန် တကယ်ဒေါသကိုမေ့ထားပြီး အကောင်းဆုံးပဲ ရေးသားထားပါတယ်ရှင်

အခုချိန်မှာ Admin တို့ကိုယ်တိုင်လည်း တဖက်ကအလုပ်တွေကြောင့် တစ်နှစ်အတွင်းမှာ Petrichor ကိုသေချာဆက်ပြီး မသွားနိုင်သေးတာပါ။ ဒါဟာ ရပ်တန့်နေမှာလည်းမဟုတ်သလို ပိုပြီးကောင်းလာတဲ့ Brand တစ်ခုဆက်ရှိနေဖို့ နောက်လုပ်ငန်းတွေဆက်သွားဖို့ ကိုယ်တိုင်လည်း အသိပညာ အတန်းပညာ အသစ်တွေ အမြဲသင်ယူနေရသူပါ။

၂၀၂၁ လောက်ထဲက ထုတ်လာတဲ့ collection တွေထဲမှာ တန်ဖိုးအထားဆုံးက - "ဆံရစ်ဝိုင်း" 💛 "ပဒေါင်တိုင်းရင်းသူ" 💛 "ကြာပန်း" 💛 နဲ့ "ပုသိမ်ထီး"နားကပ်ပါပဲရှင့်။

ဘာပဲ ကူးယူယူ ညှိလည်းမထူးတဲ့အတွက် ဘာမှမပြော အေးဆေးနေခဲ့ပေမယ့် ပုသိမ်ထီးနားကပ်သည် polymer clay jewelry အနေနဲ့ စွန့်ဉီးတီထွင်ထားတာဖြစ်သည့်အတွက် idea ယူချင်ရင်တောင် ခွင့်တောင်းညှိနှိုင်းမှုလေးတော့ လုပ်စေချင်ပါတယ်ရှင့်။

တဖက်သူတွေအနေနှင့်လည်း သဘောပေါက်နားလည်လွယ်ပြီး mutual respect ရှိတဲ့သူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ် ✨

Creation တစ်ခုဖန်တီးတဲ့အခါ လွတ်လပ်စွာ အမြဲတွေးခေါ်မှသာ creation ကောင်းတစ်ခုထွက်လာမှာပါ။ ဒါပေမယ့် inspired နဲ့ ယူလိုက်တာနဲ့ကတော့ အဓိပ္ပာယ် ကွာဟလှပါတယ်။

#လက်မှုပညာ #လက်မှုနားကပ်

When my client is happy, I'm happy too ✨ 💕"Polymer clayearrings - Batik design project 3.0" 💎 Client - Indonesia Batik B...
04/09/2025

When my client is happy, I'm happy too ✨ 💕
"Polymer clayearrings - Batik design project 3.0"

💎 Client - Indonesia Batik Brand
💎 Creations by - Petrichor
💎 Client ပေးသော Brand ၏ပါတိတ်အရောင်များဖြင့်သာ လိုက်ဖက်အောင် ဖန်တီးထားပါသည်။
💎 Materials - 14k coated accessories & USA raw clay
💎 Handcrafted with Love - Customized design

အခုနဲ့ဆိုရင် Batik Design project တွေကိုင်တာ ၃ခုရှိသွားပါပြီ။ အမြဲ ယုံကြည်ပြီး အားပေးကြလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင် 🥰💖

စျေးနှုန်းအားဖြင့်လည်း Customized အပ်နှံချင်လျှင် အရေအတွကိအများပေါ်မူတည်ပြီး နားကပ်တစ်စုံလျှင် စျေးနှုန်း ၂သောင်းမှစတင်၍ ညှိနှိုင်းပေးပါတယ်ရှင် 🤍

"သင့်ရဲ့ စိတ်ကူးမှုများကို ဖန်တီးမှုဆီသို့"
Your imagination into creations
Petrichor ✨

"ယခု ဒီဇိုင်းလေးသည် Batik Brand နှင့် ညှိ၍ ထုတ်လုပ်ထားသည့်အတွက် ဒီဇိုင်းများအား မကူးယူရန်
ပန်ကြားအပ်ပါသည်ရှင်" 🙏

လက်ရာတွေကတော့ လှပနေတာပဲ ✨ အပိုမပြောဘူးနော် 😉 ညီမလေးရဲ့ အခုမှစတဲ့ Page လေးပါ အားပေးကြပါအုံးရှင်။
10/08/2025

လက်ရာတွေကတော့ လှပနေတာပဲ ✨ အပိုမပြောဘူးနော် 😉 ညီမလေးရဲ့ အခုမှစတဲ့ Page လေးပါ အားပေးကြပါအုံးရှင်။

ဒီ Indonesia Batik Clay earrings တွေက ၂၀၂၂ ထဲကအခုထိ Petrichor မှာလူကြိုက်များနေတုန်း 💖 Indonesian သူလေးတွေကိုယ်တိုင်လည်း...
05/08/2025

ဒီ Indonesia Batik Clay earrings တွေက ၂၀၂၂ ထဲကအခုထိ Petrichor မှာလူကြိုက်များနေတုန်း 💖 Indonesian သူလေးတွေကိုယ်တိုင်လည်းကြိုက်ကြတယ် 💜 အဲ့တာလေးတွေစလုပ်တော့ Inspiration ကို အမေ့ရဲ့ပါတိတ်ထမီတွေထဲက ကြည့်ခဲ့ရ 💎

ပါတိတ်တွေရမယ် 🥰 အနီလား အဝါလား ကြိုက်တာပြောနော် 👏🏻

သဘက်ခါထွက်မဲ့ ပါတိတ် collection ထဲကတချို့ပါ 💜 အရောင်, အဆင်တွေကိုတော့ ပိတ်စကအတိုင်းနမူနာယူထားပါတယ်။ အစမ်းလာ ပြကြည့်တာ 😍 ကိုယ်အကြိုက်ဆုံးကတော့ စိမ်းပြာလေး 💙 စုစုပေါင်း ၁၅မျိုးထွက်ရှိမှာမို့ စောင့်ပေးကြပါအုံးနော်

မေလကုန်လည်း မြန်မာ့ကြိုးကြီးချိတ် (Acheik) ဒီဇိုင်းတွေထွက်ရှိမှာမို့ stay tuned ပါ ✨

Batch 2 မှ အိမ်စာ Project လက်ရာလေးများထဲမှတစ်ချို့ 💕 ကိုယ်တိုင်လည်း သပ်ရပ်မှု၊ အရောင်အတွဲအစပ်တွေကို သေချာကြည့်တာမို့ အခု...
03/08/2025

Batch 2 မှ အိမ်စာ Project လက်ရာလေးများထဲမှတစ်ချို့ 💕 ကိုယ်တိုင်လည်း သပ်ရပ်မှု၊ အရောင်အတွဲအစပ်တွေကို သေချာကြည့်တာမို့ အခုလို Creation အလှလေးတွေ လုပ်နိုင်ကြတာကြည့်ပြီး တကယ်ကျေနပ်မိ ✨

🥰

FYI ✨ ကိုယ်တိုင်လည်း စိတ်ဝင်စားမိ 💖
21/07/2025

FYI ✨ ကိုယ်တိုင်လည်း စိတ်ဝင်စားမိ 💖

[English version below]
“Empower Myanmar Weaving Industry: Sustainable Weaving Practice “ သင်ရိုးစာအုပ်(online version)မိတ်ဆက်

“မြန်မာ့ရက်ကန်းလုပ်ငန်းတိုးတက်စေခြင်း – ရေရှည်တည်တံ့စေသော ရက်ကန်းလုပ်ငန်းအလေ့အကျင့်များ”ဟု အမည်ပေးခဲ့ကြသော (၇)လတာ စီမံကိန်း၏ အစိတ်အပိုင်းများမှ အရေးပါသည့်အစိတ်အပိုင်းတခုအဖြစ် တာဝန်ယူမှုရှိသောရက်ကန်းလုပ်ငန်းဆိုင်ရာ သင်ရိုးစာအုပ်ကို မိတ်ဆက်ပေးချင်ပါသည်။ ဤသင်ရိုးစာအုပ်သည် ရက်ကန်းနှင့် အထည်အလိပ်ပိုင်းဆိုင်ရာ တိုးတက်မှုအပိုင်းတွင် လစ်ဟာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့သော ပထမဦးဆုံးသင်တန်းနှင့် သင်တန်းနည်းပြများဖြစ်သည့် ချည်မျှင်နှင့် ရက်ကန်းပညာရှင်များ၏ လေ့လာခဲ့သည့်ပညာရပ်များမှ သင်ခန်းစာများကို အခြေခံ၍ စုစည်းရေးသားထားခြင်းဖြစ်ပြီး မြန်မာ့ရက်ကန်းလုပ်ငန်းများ၏တိုးတက်ရေးအတွက် အသုံးဝင်သောလေ့လာမှုအဖြစ်အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံတွင် လက်မှုအနုပညာရပ်များအတွက် စာအုပ်၊ စာတမ်းရှားပါသောကြောင့် ဤသင်ရိုးစာအုပ်သည် လေ့လာနေသူများ၊ ဖန်တီးနေသူများအတွက် အသုံးဝင်သည့် စာအုပ်တအုပ်ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

ဤသင်ရိုး၌ပါဝင်သော အဓိကအကြောင်းအရာများမှာ
⁃ ချည်မျှင်သင်ခန်းစာ (Yarn Theory)
⁃ လက်ငင်ချည်ငင်နည်း (Cotton Hand Spinning)၊
⁃ ချည်မျှင်နှင့်အထည်အလိပ်ပိုင်းဆိုင်ရာအရည်အသွေးထိန်းသိမ်းနည်း (Fabric Quality Control) နှင့်
⁃ အထည်အချောကိုင်နည်း (Fabric Treatment Methods) နှင့် အထည်ပေါင်းရုံ(Fabric Steaming House)မိတ်ဆက်တို့ဖြစ်ပါသည်။ ဤအကြောင်းအရာများသည် ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းများသည် တာဝန်ယူမှုရှိသောနည်းလမ်းဖြင့် လုပ်ကိုင်နိုင်ရန်၊ မြန်မာ့ရက်ကန်းနှင့် အထည်အလိပ်များ၏အရည်အသွေးနှင့်တန်ဖိုးကိုတိုးတက်စေမည့်လက်တွေ့အသုံးချနိုင်သောအချက်အလက်များဖြစ်ပါသည်။

ဤသင်ရိုးညွှန်းတမ်းစာအုပ်သည် ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာပညာရှင်များတို့၏ လေ့လာခဲ့ရသည့် ပညာရပ်များ၊ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ်သောကြောင့် သာမန်လက်စွဲစာအုပ် တအုပ်အဖြစ်သာမက မြန်မာ့ရိုးရာ ရက်ကန်းနှင့် အထည်အလိပ်လုပ်ငန်းကို ထိန်းသိမ်းမြှင့်တင်ရန်၊ ခေတ်မှီမြန်မာ့ရက်ကန်းလုပ်ငန်းအဖြစ်သို့ ရောက်ရှိစေရန်အတွက် စွမ်းဆောင်မှုရှိသောအရင်းအမြစ်တခုဖြစ်ပါစေကြောင်း မျှော်လင့်ပါသည်။
ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းလျှက် တာဝန်ယူမှုရှိသောနည်းလမ်းများဖြင့် မြန်မာ့ရက်ကန်းလုပ်ငန်းများ ဆက်လက်ရှင်သန်သွားနိုင်ရန် ရည်ရွယ်ပြီး စီစဉ်ခဲ့ပါသည်။
ဤစာအုပ်သည် online versionအနေဖြင့် လေ့လာမည့်သူအားလုံး အခမဲ့ download ရယူနိုင်အောင် စီစဉ်ထားပါသည်။
မိမိတို့သင်ရိုးကို လူဦးရေ မည်မျှ download လုပ်ပြီး လေ့လာနေကြလဲဆိုသည်ကို သိရှိနိုင်ရန် လေ့လာမည့်သူများအနေနှင့် download လုပ်ပြီးမှ လေ့လာပေးကြပါရန်နှင့် ဤသင်ရိုးစာအုပ်(online version)သည် ထောက်ပံ့ကူညီပေးကြသော Vocational Skills Development Program (VSDP), Community Partners Myanmar(CPM), SheCreates သူမလက်ရာတို့နှင့် စာရေးသူများသာ ပိုင်ဆိုင်ပြီး ရေးသားထားသည့် စာသားများကို စီးပွါးဖြစ်အနေနှင့် တစိတ်တပိုင်းကူးယူသုံးစွဲခြင်းများ၊ ပုံနှိပ်ထုတ်ဝေခြင်းများမပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။

Downloadable link: https://drive.google.com/file/d/1BG9Ar5eVQS3U-o4p-H3AmGayw1BFkR2d/view?usp=sharing

⸻

“Empower Myanmar Weaving Industry: Sustainable Weaving Practice” curriculum

We are pleased to introduce a curriculum on weaving practices as an important component of the seven-month project titled “Empower Myanmar Weaving Industry – Sustainable Weaving Practice.” This curriculum is based on the academic knowledge and real-world experiences of textile professionals. As such, it is more than just a guidebook—it is a strategic resource aimed at preserving, promoting, and modernizing Myanmar’s traditional weaving industry with the intention of equipping weavers, trainers, and industry professionals with essential, sustainable techniques for a resilient future.

The core topics included in this curriculum are:
• Yarn Theory
• Cotton Hand Spinning
• Fabric Quality Control
• Fabric Treatment Methods
• Introduction to Fabric Steaming Houses

These components are designed to empower learners with a deep understanding of the materials they work with, hands-on techniques for creating high-quality yarn and fabric, and methods for preserving and enhancing fabric through environmentally conscious treatment practices. Authors aim to fill the existing gaps in the development of Myanmar’s traditional weaving and textile sectors. It is designed to be a useful study resource for the advancement of Myanmar’s weaving industry.

In Myanmar, books and academic resources on traditional craftsmanship are scarce. Therefore, this curriculum is intended to serve as a valuable reference for both learners and creators in the weaving and textile fields.

It is available online as a free downloadable resource for anyone interested.

To help us understand how many people are accessing and studying the curriculum, we kindly ask that users download the material before studying it.

Please note that the content of this online version is the intellectual property of Vocational Skills Development Program (VSDP), Community Partners Myanmar (CPM), SheCreates, and the authors. We respectfully request that no part of this material be reproduced, distributed, or used for commercial purposes without permission.

Downloadable link: https://drive.google.com/file/d/1BG9Ar5eVQS3U-o4p-H3AmGayw1BFkR2d/view?usp=sharing

ကိုယ်အကြိုက်ဆုံးကိုယ့် Creation တွေထဲကတစ်ခု ✨ Bridgerton Series ရဲ့ အရောင်တွေကို Inspired ယူပြီး Polymer clay နားကပ်လေးတ...
01/07/2025

ကိုယ်အကြိုက်ဆုံးကိုယ့် Creation တွေထဲကတစ်ခု ✨ Bridgerton Series ရဲ့ အရောင်တွေကို Inspired ယူပြီး Polymer clay နားကပ်လေးတွေ ထုတ်ဖြစ်ခဲ့တုန်းက 💙💜💕

Address

Yangon

Telephone

+959792437739

Website

Alerts

Be the first to know and let us send you an email when Petrichor - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share