နုယျာဥ် Online Shop

နုယျာဥ်  Online Shop 🤗Customer Satisfaction is our Priority. 🤗

အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။၁။​အောက်ဆီဂျ...
04/07/2021

အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။

၁။​အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။
ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။
မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​နော်။

၃။​လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဥ်ရပါမယ်။

၄။အ​ရေးအကြီးဆုံးက​တော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။
လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

​သတိရှိနိုင်ကြပါ​စေ။

02/07/2021

နိုင်ငံတကာမှာ Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။

အရင်ဆုံး Surgical mask ကို mask အရင်းနားလေးမှာထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ ပိုးဝင်ပေါက်မရှိအောင်ပါ။ မဟပါစေနဲ့။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့mask ကို ထပ်အုပ်ပြီး တပ်ပေးပါ။ အဝတ် mask ကတော့ ထုံးစရာမလိုပါဘူး။ အမျိုးအစားတူတဲ့ mask 2ထပ် မတပ်ရပါSurgical Mask နှစ်ထပ် မရပါ။ အဝတ် Mask နှစ်ထပ်မရပါ။ အောက်ခြေက Surgical Mask ကို ထုံးပြီးတပ်ပါ။ ပြီးရင်အပေါ်က အဝတ် Mask ထပ်သုံးပါ။ဒီတစ်နည်းပဲ ရပါမယ်။

KN 95 ပေါ်ဆိုရင်တော့ ဘာ mask မှ မတပ်ရပါ။
ပုံမှန် တပ်နေကျလိုမျိုး Surgical mask တခုထဲကို မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။ ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။
ရိုးရိုး အဝတ် mask တခုထဲ တပ်ရင်၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။
ထုံးထားတဲ့ surgical mask ပေါ်အဝတ် mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကအထိ ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင်အိမ်အပြင်မထွက်တာ အကောင်းဆုံးပါ။ ထိုင်းမှာလည်း အခြေအနေတော်တော်ပြန်ဆိုးနေပါတယ်။ ဒီမှာလည်တော်တော်ကူးစက်နေပါပြီ။ သေဆုံးတွေလည်းများနေပါပြီ။

လူငယ်မို့ ကိုယ်ခံအားကောင်းတယ် ဖြစ်လည်းပြန်သက်သာမှာ မတွေးပါနဲ့။ ဒီဗီဇအသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့မလွယ်ပါ။

ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီကကူးမယ့် ကိုယ်ခံအားနည်းတဲ့ အဖိုးအဖွားတွေ၊ ကလေးတွေ၊ ငွေကြေးမတတ်နိုင်သူတွေ ရဲ့အသက်ကို ကိုယ်ကစပြီး ကယ်တင်ပေးပါ။ ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Credit: Dr Tain Htet Yan

မနက်ဖြန် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့ 3.8.2020  ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ တိုးတက်၊ကြီးပွားစေဖို့အတွက်ဆန်-ဆီ-ဆ...
02/08/2020

မနက်ဖြန် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းအပေါင်းတို့

3.8.2020 ရက်နေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ
တိုးတက်၊ကြီးပွားစေဖို့အတွက်
ဆန်-ဆီ-ဆေး-ဆား
လှူကြရအောင်
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ
သံဃာတော်များအတွက်ရည်စူးကာ
မိမိတတ်နိုင်သလောက် ဆန်အပြည့်၊
ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်
ထည့်ကာ အိမ်ဘုရားတွင်
အရံသင့် ကပ်လှူထားရှိပေးရပါမည် 🙏🏻😌

👌🏻စတင်ကပ်လှူ ရမည့်အချိန် 🕰⏱⏰

🌺တနင်္လာနေ့ ,နံနက်( ၉ )နာရီ ကနေ
(၁၀ ) နာရီအတွင်း

မည်သည့်နေ့နာမ် ၊သားမဆိုပြုလုပ်နိုင်ပါသည်။🌞

😊မနက်ဖြန် လပြည့်နေ့ လှူရင်ပိုကောင်းပါတယ်ရှင်
ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

😌ဆန်ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ 🙏🏻

🌟(၁)အကျပ်အတည်းရင်ဆ်ိုင်နေရသောအခါများ၊
စားဝတ်နေရေးအတွက်အတော်
ရုန်းကန်နေရသောအခါများတွင်
အရံသင့်ပေးမည့်၊ကျွေးမည့်လက်
တစ်စုံအမှီရစေ၏။
လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

🌟(၂)ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏။
မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏။
မိမိအိမ်တွင်မ ရှိ စကား၊ ပေးပါတောင်းပါဟုပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

🌟(၃)တစ်ပတ်တစ်ခါ လှူပြီးပြ န်စွန့်၍
မရှိနွမ်းပါးသူအားလှူဒါန်းပါ။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးပါ။

🌟(၄)မိမိတို့၏ အိမ်မီးဖိုချောင်သည်
စားစရာများဖြင့် ပြည့်စုံနေခြင်း 😋
စိတ်ဝမ်းကွဲနေသော မိတ်ဆွေ
ညီအကိုမောင်နှမများလည်း
ပြန်လည်သင့်မြတ်ပါလိမ့်မည်။ 😌👌🏻

😌ဆန်၊ဆီ၊ဆေး၊ဆား🙏🏻

တစ်ပတ်တစ်ခါအသစ်ကို
မပျက်မကွက် လဲလှယ်လှူဒါန်းပေးပါ။😇
ကောင်းကျိုး ချမ်းသာ လိုရာဆန္ဒများ
ပြည့်ဝကြပါစေရှင်

Creditပြန်လည်မျှဝေပေးပါတယ်

02/08/2020

“ကုသိုလ်ပိုရတဲ့နည်း"
@@@@@@@@@@

ဝါဝင်ခါနီးအချိန် ရောက်လာပြီဆိုရင် မြန်မာဗုဒ္ဓဘာသာတွေ ဘုရားသွားကျောင်းတက်, ဝါဆိုသင်္ကန်းကပ်တဲ့ အလှူဒါနတွေပြု လုပ်ကြတယ်။

🌼ဗုဒ္ဓဘာသာမှန်ရင် ဝါဆိုသင်္ကန်း မလှူဖူးတဲ့သူ မရှိသလောက်ပါပဲ ကိုယ့်အိမ်မှာ သံဃာတော်တွေ
ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းကပ်ကြတယ်။

ဘုန်းကြီးကျောင်းတွေ တရားရိပ်သာတွေသွားပြီး သံဃာတော်အရှင်သူမြတ်တွေကို
ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြတယ်။

🌼ဒါပေမယ့် မြတ်စွာဘုရားရှင်ကိုတော့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်တဲ့သ မရှိသလောက် ရှားပါတယ်။ ဒါကို ... လူတိုင်းမေ့နေကြတယ်။

ကိုယ့်အိမ်မှာရှိတဲ့ ဘုရားရုပ်ပွားဆင်းတုတော်တွေကိုပန်း ၊ရေချမ်း ၊ဆီမီး ၊ သစ်သီး ၊ဆွမ်း ၊ဆေးတွေ လှူဒါန်းကြပေမယ့် ...ဒီ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ဖို့ကိုတော့ သတိမရကွဘူး မသိကွဘူး။

🌼ဒီလို သင်္ကန်းကပ်လှူတာတွေနဲ့ ပါတ်သက်ပြီးပြောရရင်....

ဝါဆိုလရောက်လာပြီဆိုရင် ဝါဆိုသင်္ကန်းဆိုပြီး လှူလိုက်ကြတာ ဘုန်းကြီးတွေဆို ဝါဆိုလဆန်း ၁၃,၁၄,၁၅, လပြည့်ကျော်(၁)ရက်နေ့ထိအောင် ကျောင်းကိုမကပ်ရဘူး။

တခါထဲ, ရလိုက်တဲ့ သင်္ကန်းတွေကလည်း အစုံ,၅၀,၆၀,၁၀၀ လှူလိုက်ကြတဲ့ သင်္ကန်းတွေ

ကထိန်ကျတော့လည်း ပဒေသာပင်တွေနဲ့ လာလိုက်ကြတာ,ကထိန်သင်္ကန်းတွေ။

ဒီ "ကထိန်သင်္ကန်း" ဖြစ်ပေါ်လာအောင်ဒီ "ဝါဆိုသင်္ကန်း" ဖြစ်ပေါ်လာအောင်
ခွင့်ပြု ပေးတဲ့ မြတ်စွာဘုရားရှင်ကိုတော့ ဘယ်သူ ဝါဆိုသင်္ကန်းကပ်ဖူးလဲ?

မြတ်စွာဘုရားရှင်ကို ဘယ်သူ ကထိန်သင်္ကန်းကပ်ဖူးလဲ.???
ကပ်ဖူးတဲ့သူရှိပေမယ့်တော်တော်ရှားပါလိမ့်မယ်.။

🌼လောက လူတွေဟာမလုပ်ဖူးတာဆို ... လုပ်ချင်ကြတယ်။မစားဖူးတာဆို ... စားကြတယ်။မဝတ်ဖူးတဲ့ အဝတ်အစား အသစ်အဆန်းတွေဆို ဝတ်ကြတယ်။မသွားဖူးတဲ့နေရာဆို ... သွားကြတယ်။

အခုလို မလုပ်ဖူးသေးတဲ့ ဒါနကုသိုလ်မျို းကိုလည်း လုပ်ဖို့ မကောင်းဘူးလား.???

ဒါကြောင့် မြတ်စွာဘုရားရှင်ကို ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင် ကပ်လှူပူဇော်ပါ။

ဘယ်လိုကပ်ရမလဲ.?ကိုယ့်အိမ်ကဘုရားကို ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

🌼ဝါဆိုလဆန်း ၁၂,၁၃,၁၄, ရက်တွေမှာသင်္ကန်းတိုက်မှာသင်္ကန်းသွားဝယ် . . . "ဗန်းလေးနဲ့ကလပ်လေး"နဲ့ထည့်။ဘုရားရှေ့မှာ,
" ဘုန်းကြီးတော်မူသော မြတ်စွာဘုရား, တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား "ဆိုပြီး ဘုရားကို ဝါဆိုသင်္ကန်း ကပ်ပါ။

တတ်နိုင်တဲ့သူတွေကတော့..အိမ်ကို သံဃာ(၅)ပါးပင့်ဖိတ်ပြီးမြတ်စွာဘုရားရှင်ကို သင်္ကန်းတစ်စုံ
သံဃာတော်အရှင်သူမြတ်တွေကိုလည်းသင်္ကန်းတစ်စုံစီ ဆက်ကပ်လှူဒါန်းပါ။

မြတ်စွာဘုရားရှင်ကို ကပ်လှူထားတဲဝါဆိုသင်္ကန်းကို တစ်မိုးတွင်းလုံး ဘုရားစင်မှာ ကပ်လှူထားပါ။
"သီတင်းကျွတ်"တော့့မှ စွန့်ပါ။

စွန့်ပြီး အဲ့ဒီသင်္ကန်းကို ဘယ်ကျောင်းကကိုယ်တော် သင်္ကန်းမရှိဘူးလဲ အဲ့ဒါလှူလိုက်ပါ။
ဒါမှမဟုတ်ကိုယ့်အိမ်မှာ ဆွမ်းခံကြွနေတဲ့ရဟန်းတော်,တစ်ပါးပါး ရှိလိမ့်မယ်.
အဲ့ဒါစွန့်ပြီး ပြန်လှူလိုက်ပါ။

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် " သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကဲ . . . ဓမ္မမိတ်တွေတို့ကုသိုလပြိုရသလား . . . မရဘူးလား?

🌼ပြီးတော့ သင်္ကန်းဝယ်ရင်လဲအညံ့စားမဝယ်နဲ့...လောက အထွဋ်အထိပ်ဖြစ်တဲ့
ဘုရားရှင်ကိုလှူမည့်သင်္ကန်း,သင်္ကန်းကောင်းကောင်းဝယ်ပါ..သရီးရိုင်ဖယ်တို့ ဘာတို့ ပေါ့.။

အဲ့ဒါ ဆွမ်းခံကြွတဲ့ ကိုယ်တော်ကလည်း သရီးရိုင်ဖယ်လို သင်္ကန်းအကောင်းစား
ရတော့ သူကလည်းပျော်လို့...သဘောတွေကျလို့ပေါ့။

🌼သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး သင်္ကန်းတစ်စုံ ထပ်ဝယ်, ဘုရားကို ကထိန်သင်္ကန်းလှူထား ဘုရားခွင့်ပြု တော်မူတဲ့လ , သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်ထိ, တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်။

အဲ့ဒါ ဘုရားမှာ တစ်ပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူလှူပြီးတာနဲ့ စွန့်ပြီး အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ် အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း"ကထိန်သင်္ကန်း"ကပ်ရတယ်။ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရတယ်။ကဲ...ဘယ်လိုလဲ,?ဒါ..
ကောင်းလား,မကောင်းဘူးလာ?
ကုသိုလပြိုသလား,မရဘူးလား?

🌼အဲ့တော့ ဒီအသက်အရွယ် ဒီအချိန်အထိ ဘုရားရှင်ကို" ဝါဆိုသင်္ကန်း " " ကထိန်သင်္ကန်း " မကပ်ဖူးသေးတဲ့ သူတွေဒီနည်းအတိုင်းလုပ်ပါ။တရားကိန်း၍ ကုသိုလ်အထူးလည်းရကြပါစေ ။

-မူရင်းစာရေးသူ
မူရင်း ရေးသူအား အထူးကျေးဇူးတင်ရှိပါသည်

#ဆရာမဇာဇာ(ခ)
Ph:09762011321

“ကုသိုလ်ပိုရတဲ့နည်း"
@@@@@@@@@@

ဝါဝင်ခါနီးအချိန် ရောက်လာပြီဆိုရင် မြန်မာဗုဒ္ဓဘာသာတွေ ဘုရားသွားကျောင်းတက်, ဝါဆိုသင်္ကန်းကပ်တဲ့ အလှူဒါနတြွေပု လုပ်ကြတယ်။

စနေ ဂြိုလ်မင်းနှင့် တကွ စနေသားသမီးအပေါင်း သူတော်ကောင်းတို့သည်ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊၊ဆင...
18/07/2020

စနေ ဂြိုလ်မင်းနှင့် တကွ စနေသားသမီးအပေါင်း သူတော်ကောင်းတို့သည်

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊၊
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊၊

မိမိ၏ ခန္ဓာဝန်ကို ချမ်းချမ်းသာသာ ရွက်ဆောင်နိုင်ကြပါစေ၊၊

ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

ချည်ပေါင်းသား နှုစ်ထပ်ပေါငိး အိအိလေးပါရှင့် ၊၊ 3ကိုက်တထွှာဝမ်းဆက် 10000 kyats အစည်းစျေး -9500 kyats
17/07/2020

ချည်ပေါင်းသား နှုစ်ထပ်ပေါငိး အိအိလေးပါရှင့် ၊၊

3ကိုက်တထွှာဝမ်းဆက်

10000 kyats

အစည်းစျေး -9500 kyats

Beautiful HC❤️❤️❤️ ၊၊ If you are interested,  pls CB 😍 ၊၊
17/07/2020

Beautiful HC❤️❤️❤️ ၊၊

If you are interested, pls CB 😍 ၊၊

သောကြာ ဂြိုလ်မင်းနှင့် တကွ သောကြာ သားသမီးအပေါင်း သူတော်ကောင်းတို့သည်ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊၊ ဒေါသခပ်သိမ်း ငြိမ်းကြပ...
17/07/2020

သောကြာ ဂြိုလ်မင်းနှင့် တကွ သောကြာ သားသမီးအပေါင်း သူတော်ကောင်းတို့သည်

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊၊
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊၊

မိမိ၏ ခန္ဓာဝန်ကို ချမ်းချမ်းသာသာ ရွက်ဆောင်နိုင်ကြပါစေ၊၊

ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

ကြာသပတေး ဂြိုလ်မင်းနှင့် တကွ  ကြာသပတေး သားသမီးအပေါင်း သူတော်ကောင်းတို့သည်ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊၊ ဒေါသခပ်သိမ်း ငြိမ...
16/07/2020

ကြာသပတေး ဂြိုလ်မင်းနှင့် တကွ ကြာသပတေး သားသမီးအပေါင်း သူတော်ကောင်းတို့သည်

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊၊
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊၊

မိမိ၏ ခန္ဓာဝန်ကို ချမ်းချမ်းသာသာ ရွက်ဆောင်နိုင်ကြပါစေ၊၊

ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ။

“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”==================ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်းသာသနာမှာ အလှူဒါန ရက်ရောသူအဖ...
15/07/2020

“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”
==================

ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း
သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့
မိခင်ကြီးအဖြစ်၊သောတာပန်အလှမိဖုရားအဖြစ်၊
ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ်
ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။

သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့
ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊
သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့
အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။
ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ “မိစ္ဆာဒိဋ္ဌိမိဂါရသူဌေး”နဲ့
မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနိုင်ခဲ့တဲ့
အမျိုးသမီးဖြစ်ခဲ့ပါတယ်။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်။
အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊
လေးကျွန်လုံးအနှံ့မှာလည်း မိုးရွာတယ်။
သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ
သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့
အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့
ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။
အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်
လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား
ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။
အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။
ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။
အဲဒီအချိန် ရဟန်းတော်များဟာ ရေချိုးပြီးလို့
တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။
ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ
သီတင်းသုံးနေကြပြီဖြစ်တယ်။
ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။
တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက
ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။

ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။
ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့
သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ
ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ
ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ
ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။

အဲဒီဆု(၈)ပါးက
-----------------------
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား
အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၄။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမွဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့
ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။

■ အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ
စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။
ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး
မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

■ ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ
အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို
ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။
ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို
ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များ
ပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း
အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။
တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက
အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး
ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက
အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။
တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက
ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

■ သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ)
ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက
သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။
ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက
ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး
သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

■ အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ “ယာဂုအကျိုးဆယ်မျိုး”ရှိတယ်
လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား
တပည့်တော်မ အသက်ထက်ဆုံး “ယာဂုလှူလိုပါတယ်”ဘုရား။

■ အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့
ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့
ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို
ပြက်ရယ်လှောင်ပြောင်ကြပါတယ်။
ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး
ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု
ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။

သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ
သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ
ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့်
တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က
ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၊
အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့
ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို
လှူဒါန်းနေကြတာဖြစ်ပါတယ်။
ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့
“ဝါဆိုသင်္ကန်း”ရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့
သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုးမျိုးတော့ ရရှိအလှူခံဖူးမှာပဲ။
အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက
ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့
တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊
ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။
ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။
ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့
ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】

Address

Yangon

Telephone

+959261132035

Website

Alerts

Be the first to know and let us send you an email when နုယျာဥ် Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နုယျာဥ် Online Shop:

Shortcuts

Share