25/10/2022
ခေတ်အမရာ စာအုပ်ရဲ့ရည်ရွယ်ချက် ၁.၁
-----------------------------------------------------
ခေတ်အမရာ ဆိုတာ အသက် ၆နှစ် အထက်
ကလေးငယ်တွေအတွက် ခေတ်သစ် ပညာရေးမှာ အထောက်အကူဖြစ်စေမယ့်
Creative product အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသော educational supply shop တစ်ခုဖြစ်ပါတယ်။
Coding ဆိုတာ နည်းပညာနဲ့ သိပ်မရင်းနှီးတဲ့
ဖေဖေ မေမေ လူကြီးမိဘတွေ အတွက် နည်းနည်း ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပါတယ်။ ယနေ့လို
နည်းပညာခေတ်ကြီးဟာ လွန်ခဲ့သော ဆယ်စုနှစ်တွေကနဲ့ တော်တော်ကွာခြားသွားပါပြီ။ အဲ့လို အလှည့်အပြောင်း မြန်ဆန်တဲ့ ခေတ်ကြီးမှာ သားသားမီးမီးတွေ သင်ယူရတဲ့အရာတွေ ၊ သင်ယူမှုပုံစံတွေဟာ အမရာတို့ ငယ်ငယ်ကနဲ့ လုံးဝကို မတူတော့ပါဘူး။
အမရာတို့ ငယ်ငယ်က နွေရာသီမှာ ကွန်ပျူတာသင်တန်းတက်ရသလို အခုခေတ် သားငယ်၊ သမီးငယ်တွေကိုလည်း coding အကြောင်း လေ့လာစေချင်တာပါ။
ယနေ့ခေတ်မှာ အမရာတို့တုန်းကလိုမျိုး အခြေခံ ကွန်ပျူတာသင်တန်း တက်ထားရုံလောက်နဲ့ မလုံလောက်တော့ပါဘူး။ ၂ နှစ် ၃နှစ် အရွယ်တည်းက ဖုန်းတွေ ipad တွေနဲ့ကြီးပြင်းလာတဲ့ ကလေးငယ်တွေကို
ခေတ်နဲ့ အလျော်ညီတဲ့ အကြောင်းအရာတွေသင်ပေးရမှာ မိဘတွေရဲ့တာဝန်ပါ။
အမရာတို့ရဲ့
Unplugged coding စာအုပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Unplugged ဆိုတဲ့အတိုင်း လျှပ်စစ်မီးမလို ၊ ကွန်ပျူတာမလို ၊ အင်တာနက်မလိုဘဲ computer science ရဲ့ အရေးကြီးတဲ့ concept တွေကို ပုံပြင်ဖတ်ရင်း ပျော်ပျော်ရွှင်ရွှင် သင်ယူလို့ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆရာမလိုဘဲ ကိုယ်အားကိုယ်ကိုး လေ့လာတတ်တဲ့ အလေ့အကျင့်ကိုလည်း အမရာကနေ ပြုစုပျိုးထောင်ထားပါတယ်။ ပုံမှန် စာသင်ကျောင်းတွေမှာ စာလုပ်ရသလိုမျိုး ပျင်းစရာ ငြီးငွေ့စရာ တစ်ခုမဟုတ်ဘဲ ကလေးတွေရဲ့ စူးစမ်းလိုစိတ် (curiosity) ကို အထူးအလေးထားပြီး ပုံပြင်တွေ ဂိမ်းတွေနဲ့ edutainment ဆန်ဆန် ရေးသားထားတာပါ။ ကလေးငယ်တွေအတွက် 21st century skill တွေကို ကောင်းစွာမျှဝေဖူးပြီး အတွေ့အကြုံရှိတဲ့ ခေတ်အမရာ အဖွဲ့သားတွေကိုယ်တိုင် develop လုပ်ထားတာမလို့ ကလေးတွေ နားလည်တတ်မြောက်လွယ်ဖို့ အာမခံပါတယ်။
နောင်မကြာခင် ဆယ်စုနှစ်တွေ အတွင်းမှာ coding က ၂၁ ရာစုရဲ့ Basic Literacy Skill (အခြေခံတတ်မြောက်ထားသင့်သော ပညာရပ်တစ်ခု) ဖြစ်လာတော့မှာပါ။ အနာဂတ်မှာ Computer Science နဲ့ဆိုင်တဲ့ အလုပ်တွေက Demand အဖြစ်ဆုံး Job Opportunities တွေဖြစ်ပါတယ်။
ဒါကြောင့် ခေတ်မီ ဖေဖေ မေမေတွေဖြစ်ဖို့ အခုဘဲ သားသားမီးမီးတွေကို Unplugged Coding စာအုပ်နဲ့ ပညာအမွေ ပေးလိုက်ပါနော် 💫