Sarpay Lann-စာပေလမ်း

Sarpay Lann-စာပေလမ်း စာချစ်သူများအတွက် စာအုပ်ကမ္ဘာလေးတစ်ခုဖန်တီးပေးမယ့် စာပေလမ်း
(3)

ကမ္ဘာ့တင်းနစ်လောကရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်သူ မာရီယာ ရှာရာပိုဗာ (Maria Sharapova) ၏ အခက်အခဲပေါင်းစုံ၊ အတားအဆီးပေါင်းစုံကြ...
09/09/2026

ကမ္ဘာ့တင်းနစ်လောကရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်သူ မာရီယာ ရှာရာပိုဗာ (Maria Sharapova) ၏ အခက်အခဲပေါင်းစုံ၊ အတားအဆီးပေါင်းစုံကြားမှ အောင်မြင်မှုပန်းတိုင်ဆီသို့ မလျှော့သောဇွဲဖြင့် တက်လှမ်းခဲ့သည့် စိတ်ဓာတ်ခွန်အားနိုးကြားစေမည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ကမ္ဘာကျော်စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

ဤစာအုပ်သည် တင်းနစ်လောကတွင် Grand Slam ချန်ပီယံဆုများကို ဆွတ်ခူးပြီး ကမ္ဘာ့အဆင့် (၁) နေရာအထိ ရောက်ရှိခဲ့သည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာ၏ ဖြစ်ရပ်မှန်ဘဝမှတ်တမ်း "Unstoppable: My Life So Far" ကို စာရေးဆရာ နေထွန်းလင်းက ဖတ်ရှုရလွယ်ကူပြီး ရင်ထဲထိရှစေမည့် စကားပြေအရေးအသားဖြင့် ထိမိလှပစွာ မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။

ဇာတ်လမ်းထဲတွင် ဆင်းရဲနွမ်းပါးမှု၊ အမိမြေကိုခွဲခွာပြီး အမေရိကန်နိုင်ငံသို့ ဖခင်ဖြစ်သူနှင့်အတူ အင်္ဂလိပ်စာတစ်လုံးမှမတတ်ဘဲ စွန့်စားထွက်ခွာလာခဲ့ရပုံ၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် တင်းနစ်လောကထဲတွင် ခါးသီးလှသော လေ့ကျင့်ခန်းများကို တောက်လျှောက်ရင်ဆိုင်ခဲ့ရပုံများနှင့် ဒဏ်ရာအနာတရများ၊ ဝေဖန်တိုက်ခိုက်မှုများကြားက ကမ္ဘာ့ထိပ်တန်းဖြစ်လာအောင် မည်သို့သော စိတ်ဓာတ်ခွန်အားဖြင့် ရုန်းကန်ခဲ့သည်ကို စိတ်လှုပ်ရှားဖွယ်ရာ အသေးစိတ် ရေးသားထားသည်။

မျက်နှာဖုံးဒီဇိုင်းတွင် တောက်ပဆန်းသစ်သော အစိမ်းရောင်နောက်ခံဘောင်အလယ်၌ မာရီယာ ရှာရာပိုဗာ၏ ပြတ်သားတည်ငြိမ်ပြီး အလျှော့မပေးသော ယုံကြည်ချက်အပြည့်ရှိသည့် ပုံရိပ်ကို အသားပေးကာ စွဲမက်ဖွယ် ပုံဖော်ထားသည်။ စာမျက်နှာတိုင်းတွင် အောင်မြင်မှုတစ်ခုအတွက် ပေးဆပ်ရမည့် တန်ဖိုး၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ဘဝကို ဘယ်သောအခါမှ အရှုံးမပေးစတမ်း တိုက်ပွဲဝင်လိုသူများအတွက် အတွေးအမြင်နှင့် အားမာန်များကို အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်ပါသည်။

‎တင်းနစ်လောကရဲ့ အိုင်ကွန်တစ်ခုဖြစ်တဲ့ မာရီယာ ရှာရာပိုဗာ (Maria Sharapova) ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ "Unstoppable: My Life So Far" ဟာ အားကစားဝါသနာရှင်တွေတင်မကဘဲ ဘဝအတွက် စိတ်ခွန်အား ရှာဖွေနေသူတိုင်း ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
‎
‎ ◾အဟန့်အတားမဲ့
Unstoppable by Maria Sharapova
◾နေထွန်းလင်း(မြန်မာပြန်)
◾စာမျက်နှာ - ၃၂၃
◾တန်ဖိုး - ၂၄,၀၀၀ ကျပ်........

မှာယူလိုပါက sarpaylann.com/books/အဟန့်အတားမဲ့ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

#အဟန့်အတားမဲ့

Sharapova
#နေထွန်းလင်း
#အတ္ထုပ္ပတ္တိ

09/09/2026

သင့်စိတ်ထဲကဆိုးရွားတဲ့ အပြစ်တင်သံကို ဘယ်လိုတိတ်ဆိတ်စေမလဲ

ဘဝတစ်လျှောက်လုံး သည်းခံလာခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ဝေဖန်တတ်တဲ့ စိတ်တွေနေရာမှာ ကိုယ့်ကိုယ်ကိုယ် လက်ခံနားလည်ပေးတဲ့စိတ်က အစားထိုးနေရာယူလာရင် စွမ်းအားတွေရှိလာသလို ခံစားရမှာဖြစ်ပြီး စိတ်ခွန်အားတွေလည်း ရရှိလာပါလိမ့်မယ်။

#သံသယစိတ်ကိုအနိုင်ယူလိုက်ပါ
#ထက်ထက်တင်ဇာ


#

ကံထူးရှင်အားလုံး Congratulations ပါ 🎉" ဆရာမ ထက်ထက်တင်ဇာ" ရဲ့ “သံသယစိတ်ကိုအနိုင်ယူလိုက်ပါ"  စာအုပ်လက်ဆောင်ကံထူးသူ (၇) ဦးထ...
09/09/2026

ကံထူးရှင်အားလုံး Congratulations ပါ 🎉

" ဆရာမ ထက်ထက်တင်ဇာ" ရဲ့ “သံသယစိတ်ကိုအနိုင်ယူလိုက်ပါ" စာအုပ်လက်ဆောင်ကံထူးသူ (၇) ဦးထွက်ပေါ်လာပါပြီ။ ကံထူးသူတွေအနေနဲ့ စာအုပ်လက်ဆောင်ပို့ပေးရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်လေးကို Chat Box ကနေ ဆက်သွယ်ပေးပို့ဖို့ မေတ္တာရပ်ခံပါတယ်။

ကိုယ့်ရဲ့မိတ်ဆွေတွေထဲက ကံထူးရှင်တွေပါရင်လည်း Mention ခေါ်ပြီး လက်တို့လို့ရပါတယ်။ ပါဝင်ကံစမ်းကြသူအားလုံးနဲ့ စာဖတ်ပရိသတ်အားလုံးကိုပါ ကျေးဇူးအထူးတင်ပါတယ်။

Sarpay Lann Team


#သံသယစိတ်ကိုအနိုင်ယူလိုက်ပါ
#ထက်ထက်တင်ဇာ

စိတ်ခံစားချက်ဆိုးတွေကနေ သင်ကိုယ်တိုင်လွတ်မြောက်စေဖို့ ရည်ရွယ်တဲ့ စာအုပ်တစ်အုပ်လွတ်မြောက်တယ်ဆိုတာ ပိတ်မိနေခြင်းတွေကနေ ရုန...
09/09/2026

စိတ်ခံစားချက်ဆိုးတွေကနေ သင်ကိုယ်တိုင်လွတ်မြောက်စေဖို့ ရည်ရွယ်တဲ့ စာအုပ်တစ်အုပ်

လွတ်မြောက်တယ်ဆိုတာ ပိတ်မိနေခြင်းတွေကနေ ရုန်းထွက်နိုင်သွားတာ ၊ နာစရာတွေကို ခွင့်လွှတ်လာနိုင်တာ၊ မွန်းကြပ်မှုတွေကို ဖယ်ရှားနိုင်တာ ၊ စိတ်ဒဏ်ရာတွေကို Healing လုပ်လာနိုင်တာပဲ ဖြစ်တယ်။

လွတ်မြောက်တဲ့စိတ်ဟာ ပျော်ရွှင်ရတယ် ၊ စိတ်ချမ်းသာရတယ်၊ ပိုကောင်းတဲ့ အတွေးအမြင် ၊ ခံယူချက်တွေနဲ့ ဘဝခရီးကို အေးချမ်းစွာ လျှောက်လှမ်းနိုင်တယ်။ ဒါကြောင့် အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုဖြစ်ဖို့အတွက် လွတ်မြောက်ခြင်း အသိကို ရှာတွေ့ဖို့လိုပါတယ်။

ဒီစာအုပ်ဟာ လွတ်မြောက်ခြင်းမှတ်စုတွေ စုစည်းထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ စာအုပ်လေးကိုဖတ်ပြီးတဲ့နောက် ပိတ်မိနေတဲ့ စိတ်ခံစားချက်ဆိုး‌တွေကနေ လွတ်မြောက်ခွင့်ရစေဖို့ ရည်ရွယ်ပါတယ်။
(စာရေးသူ အမှာစာမှ ကောက်နုတ်ထားပါသည်။)

◾ကိုယ်တိုင်လွတ်မြောက်ခြင်း EmotionalLiberation
◾သားထွေး
◾စာမျက်နှာ - ၁၄၄
◾တန်ဖိုး - ၉၅,၀၀ ကျပ်.........

မှာယူလိုပါက sarpaylann.com/books/ကိုယ်တိုင်လွတ်မြောက်ခြင်း မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

#ကိုယ်တိုင်လွတ်မြောက်ခြင်း

09/09/2026

ကိုယ့်ဘဝတိုးတက်ဖို့အတွက် သင်ယူခြင်းဖြင့်ပြင်ဆင်ပါ

“ဘဝဆိုတာ တက်လမ်းစာအုပ်တွေထဲကလိုမဟုတ်တော့ ဟပ်ချလောင်းဆိုပြီး ပြောင်းသွားမှာတော့ မဟုတ်ပါဘူး။" ဒါပေမဲ့ နှစ် ၂၀ ဆိုတဲ့ ကာလတစ်ခုကတော့ ကြိုးစားမှုရဲ့ရလဒ်ကို အရာထင်စေခဲ့ပါတယ်။ အရင်က ကြိုးစားခဲ့ရတယ်။ အခုလည်းကြိုးစားနေဆဲပါ။ အနာဂတ်မှာလည်း ဆက်ကြိုးစားနေရဦးမှာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ ဆင်းရဲတဲ့ဘဝမှာ မနေချင်ကြပါဘူး၊ ကျေနပ်ပျော်ရွှင်မနေကြပါဘူး။ ဒါကြောင့် ချမ်းသာတဲ့ဘဝ၊ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတဲ့ဘဝအတွက် အမြဲကြိုးစားနေရပါမယ်။

ဒီစာအုပ်ထဲမှာတော့ စာရေးသူကိုယ်တိုင် အောင်မြင်မှုတစ်ခုရဖို့ နှစ်၂၀ဆိုတဲ့ကာလတစ်ခုကြိုးစားခဲ့ရပုံနဲ့ အမျိုးသမီး၁၇ဦးရဲ့ သူတို့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားခဲ့ရပုံတွေကို အမျိုးသမီးငယ်တွေ အတုယူတတ်စေဖို့ ရည်ရွယ်ပြီး ဝေမျှပေးထားတာဖြစ်ပါတယ်။





#ကြည်ကြည်

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး တိုးတက်အောင်မြင်ဖို့၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်တည်ထောင်လုပ်ကိုင်နိ...
09/09/2026

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး တိုးတက်အောင်မြင်ဖို့၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်တည်ထောင်လုပ်ကိုင်နိုင်ဖို့ အကြံဉာဏ်နဲ့ အတွေ့အကြုံတွေ ဝေမျှထားတဲ့စာအုပ်

“ဘဝဆိုတာ တက်လမ်းစာအုပ်တွေထဲကလိုမဟုတ်တော့ ဟပ်ချလောင်းဆိုပြီး ပြောင်းသွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ် ၂၀ ဆိုတဲ့ ကာလတစ်ခုကတော့ ကြိုးစားမှုရဲ့ရလဒ်ကို အရာထင်စေခဲ့ပါတယ်။ အရင်က ကြိုးစားခဲ့ရတယ်။ အခုလည်းကြိုးစားနေဆဲပါ။ အနာဂတ်မှာလည်း ဆက်ကြိုးစားနေရဦးမှာပါပဲ။ ဘာဖြစ်လို့ပါလဲ …။

ဘယ်သူမှ ဆင်းရဲတဲ့ဘဝမှာ မနေချင်ကြပါဘူး၊ ကျေနပ်ပျော်ရွှင်မနေကြပါဘူး။ ဒါကြောင့် ချမ်းသာတဲ့ဘဝ၊ ကိုယ်လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိတဲ့ဘဝအတွက် အမြဲကြိုးစားနေရပါမယ်။ အနာဂတ်အတွက် အထောက်အကူမဖြစ်မယ့် အရာတွေကို ဘဝထဲက ထုတ်ပစ်ပါ။ ပန်းတိုင်ချမှတ်ပြီးမဆုတ်မနစ် ရောက်အောင်သွားပါ။ လဲကျတိုင်း ပန်းတိုင်မပျောက်ပါစေနဲ့။ ပညာရှာဖို့ မပျင်းပါနဲ့။”

"ပန်းပွင့်များရဲ့ဒိုင်ယာရီ" စာအုပ် “အလှည့်အပြောင်းတွေနဲ့ အသားကျအောင်နေထိုင်ပါ” ဆောင်းပါးမှကောက်နုတ်ထားတာဖြစ်ပါတယ်။

ဒီစာအုပ်မှာ ကြည်ကြည်-Kyi Kyi က အလုပ်အကိုင်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုင်ရာ အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို ဝေမျှထားပါတယ်။ သူ့အနေနဲ့ ဝန်ထမ်းဘဝကနေ လက်ရှိအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးအဖြစ်ရပ်တည်နိုင်အောင် ကြိုးစားတည်ဆောက်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး ဝေမျှထားတာဖြစ်လို့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေလို့လည်း ပြောလို့ရပါတယ်။ ဒီစာအုပ်ရဲ့ နောက်ထပ်ထူးခြားချက်အနေနဲ့ တခြားအမျိုးသမီးလုပ်ငန်းရှင် ၁၇ ဦးကလည်း သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွေ့အကြုံတွေကို ဝေမျှထားတာပဲဖြစ်ပါတယ်။

သေချာတာကတော့ ဒီစာအုပ်က စာဖတ်သူအတွက် ဝန်ထမ်းအလုပ်လုပ်သည်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်သည်ဖြစ်စေ တိုးတက်အောင်မြင်မှုလမ်းကြောင်းရှာတွေ့ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးပွားစေဖို့ အထောက်အကူပြုပါလိမ့်မယ်။

ကိုယ်ပိုင်ဝင်ငွေရှာဖို့ နည်းလမ်းရှာနေသူတွေ၊ အိမ်မှာနေရင်း အလုပ်လုပ်ချင်သူတွေ၊ ကိုယ့်အလုပ် Career မှာ တိုးတက်အောင်မြင်လိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်သူတွေ၊ အောင်မြင်တဲ့လုပ်ငန်းတစ်ခု ဘယ်လိုတည်ဆောက်ရမလဲ လေ့လာလိုသူတွေ၊ အထူးသဖြင့် တိုးတက်အောင်မြင်မှုကိုရှာဖွေနေတဲ့ အမျိုးသမီးတွေ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

◾ပန်းပွင့်များရဲ့ ဒိုင်ယာရီ
◾ကြည်ကြည်-Kyi Kyi
◾စာမျက်နှာ - ၁၉၆
◾တန်ဖိုး - ၉,၀၀၀ ကျပ်
………
မှာယူလိုပါက sarpaylann.com/books/ပန်းပွင့်များရဲ့-ဒိုင်ယာရီ မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....

#ပန်းပွင့်များရဲ့ဒိုင်ယာရီ
#ကြည်ကြည်

ရိုးသားဖြောင့်မတ်ခြင်းဆိုတာ ကိုယ့်ယုံကြည်ချက်တွေ၊ ကိုယ့်ဆန္ဒတွေဟာ ကိုယ်ပြောတဲ့စကားလုံးတွေ၊ ကိုယ်လုပ်တဲ့လုပ်ရပ်တွေနဲ့ ဟန်...
09/09/2026

ရိုးသားဖြောင့်မတ်ခြင်းဆိုတာ ကိုယ့်ယုံကြည်ချက်တွေ၊ ကိုယ့်ဆန္ဒတွေဟာ ကိုယ်ပြောတဲ့စကားလုံးတွေ၊ ကိုယ်လုပ်တဲ့လုပ်ရပ်တွေနဲ့ ဟန်ချက်ညီနေခြင်းပဲဖြစ်ပါတယ်။

“ငွေကြေးလွတ်လပ်သောဘ၀ (Financial Freedom Life) သည် တစ်ရက်တည်းဖြင့် ချမ်းသာလာ ခြင်းကိုဆိုလိုခြင်းမဟုတ်ဘဲ ငွေကကိုယ့်ကို ထိန...
08/09/2026

“ငွေကြေးလွတ်လပ်သောဘ၀ (Financial Freedom Life) သည် တစ်ရက်တည်းဖြင့် ချမ်းသာလာ ခြင်းကိုဆိုလိုခြင်းမဟုတ်ဘဲ ငွေကကိုယ့်ကို ထိန်းချုပ်နေသောဘဝမှ ကိုယ်ကငွေကို ထိန်းချုပ်သောဘဝသို့ ပြောင်းလဲခြင်းသာဖြစ်ပါသည်။”

“လူအများစုသည် ဝင်ငွေ (Income) နှင့် ကြွယ်ဝမှု (Wealth) ကို အတူတူဟု ထင်မြင်တတ်ကြသည်။ တကယ်တမ်းမှာတော့ ၎င်းတို့သည် လုံးဝမတူညီသော အရာများသာဖြစ်သည်။ ဝင်ငွေဆိုသည်မှာ ကိုယ့်ထံသို့ စီးဝင်လာသောငွေများဖြစ်ပြီး ကြွယ်ဝမှုဆိုသည်ကတော့ စီးဝင်လာသောငွေထဲမှ တချို့ တစ်၀က်ကို စုဆောင်း၍ စနစ်တကျ ရင်းနှီးမြှုပ်နှံရာမှ အချိန်ကြာလာသည်နှင့်အမျှ ကြီးထွား များပြားလာစေသော ပိုင်ဆိုင်မှု ဥစ္စာဓနများဖြစ်ပါသည်။”

“ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး လူအများစု ကျူးလွန်မိတတ်သည့် အကြီးမားဆုံးအမှားမှာ ရင်းနှီးမြှုပ်နှံမှုအတွက်ပြုလုပ်မိသော အမှားတွေမဟုတ်ဘဲ စတင်ရန် စောင့်ဆိုင်းနေခြင်းပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုက စောစောစတင်လေ ကောင်းလေဖြစ်သည်။ စောင့်ဆိုင်းလိုက်သည့်အခါ (Compounding) ပေါင်းစပ်ဆင့်ပွားသည့်နေရာ၌ အဆင့်တစ်ဆင့် လိုအပ်တိုင်း တိုးပွားလာမယ့်ပမာဏလည်း များစွာလျော့နည်းသွားနိုင်၍ဖြစ်သည်။”

ဒီစာအုပ်က ငွေကြေးလွတ်လပ်မှု (Financial Freedom) ရှိတဲ့ဘ၀ကိုရောက်အောင် ဘယ်လိုတည်ဆောက်သွားရမလဲဆိုတာကို ငွေရှာတာ၊ ငွေကြေးစီမံတာကနေ ရေရှည်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အထိ တစ်ဆင့်ချင်းလမ်းညွှန်ထားပါတယ်။ ဝင်ငွေရလာတဲ့အခါ မိမိကိုယ်ကို အရင်ဆုံးပေးရန် ဆုံးဖြတ်ခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကစားပွဲစည်းမျဉ်းစည်းကမ်းကို နားလည်ခြင်း၊ Leverage ကို အသုံးပြု၍ လုပ်ငန်းကိုအရှိန်မြှင့်တင်ခြင်း၊ ဖြန့်ကြက်ခွဲဝေ ရင်းနှီးမြှုပ်နှံခြင်း၊ တစ်သက်တာ ဝင်ငွေစီးကြောင်း ဖန်တီးခြင်း၊ ထိပ်တန်း ၀.၀၀၁ ရာခိုင်နှုန်းစာရင်းဝင် အချမ်းသာဆုံးပုဂ္ဂိုလ်များကဲ့သို့ စဉ်းစားတွေးခေါ် ဆုံးဖြတ်လုပ်ကိုင်ခြင်း စတဲ့အကြောင်းအရာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ နောက်ထပ်အားသာချက်တစ်ချက်က Financial Freedom ရအောင် လက်တွေ့တည်ဆောက်ထားတဲ့သူတချို့ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး ရေးသားထားတာကြောင့် သီအိုရီချည်းသက်သက်ထက် လက်တွေ့ကျတဲ့အတွေ့အကြုံတွေကိုပါ ဖတ်ရှုလေ့လာရမှာဖြစ်ပါတယ်။

◾ငွေကြေးလွတ်လပ်မှုဆီသို့ ခြေလှမ်း ၇ လှမ်း
◾စည်သူ
◾စာမျက်နှာ - ၁၉၃
◾တန်ဖိုး - ၁၇,၀၀၀ ကျပ်
[sarpaylann.com မှ မှာယူပါက 10 % Off ရရှိမှာဖြစ်ပါတယ်။ (25 - 9 - 2026 အထိသာ)]..........
25 - 9 -2026 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ မှာယူလိုပါက sarpaylann.com/books/ငွေကြေးလွတ်လပ်မှုဆီသို့-ခြေလှမ်း-၇-လှမ်း မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....
အထူးအစီအစဉ်အနေနဲ့ “ငွေကြေးလွတ်လပ်မှုဆီသို့ ခြေလှမ်း ၇ လှမ်း" စာအုပ်ကို ကံထူးရှင် (၇) ဦးရွေးချယ်ပြီး မေတ္တာလက်ဆောင် ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရချင်တယ်ဆိုရင်တော့ ယခုပို့စ်ကို Public Share လုပ်ပြီး Screenshot ကို မူရင်းပို့စ်အောက်မှာ Comment မန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ (25-9-2026 အထိသာ)

#ငွေကြေးလွတ်လပ်မှုဆီသို့ ခြေလှမ်း၇လှမ်း

#စည်သူ

#ငွေကြေးလွတ်လပ်မှု

စာပေလမ်း (Sarpay Lann Bookstore) တွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါ Position များအတွက် လျှောက်ထားနိုင်ပါသည်။◾Sales Admin (Fe...
08/09/2026

စာပေလမ်း (Sarpay Lann Bookstore) တွင် တာ၀န်ထမ်းဆောင်ရန် အောက်ပါ Position များအတွက် လျှောက်ထားနိုင်ပါသည်။

◾Sales Admin (Female 2 Posts)
(20-9-2026 မတိုင်မီ CV Form ပေးပို့ပြီး လျှောက်ထားနိုင်ပါသည်။)
Ph : 09 4246 54539, 09 7726 11394
Email : [email protected]
Viber : 09 4246 54539

08/09/2026

ဝယ်သူတွေဘယ်လိုဆုံးဖြတ်ကြလဲ

အထူးသဖြင့် စျေးဝယ်သူတွေဟာ ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ ဆုံးဖြတ်တဲ့အခါ ယုတ္တိကျကျ တွေးခေါ်တာထက် ခံစားချက်ကို ပိုပြီး ဦးစားပေးတတ်ကြပါတယ်။

ဆရာ အဲလက်စ်ခိုင် ရဲ့ "ဝယ်သူတွေဘယ်လိုဆုံးဖြတ်ကြလဲ" စာအုပ် Preorderလေးတွေ မကြာခင် ပို့ဆောင်ပေးပါတော့မယ်။

[sarpaylann.com မှ မှာယူပါက 10 % Off ရရှိမှာဖြစ်ပါတယ်။ (15 - 9 - 2026 အထိသာ)]

#ဝယ်သူတွေဘယ်လိုဆုံးဖြတ်ကြလဲ
#အဲလက်စ်ခိုင်


Address

No. 81, Wai Pon La 2nd Street, North Okkalapa Township
Yangon
11031

Alerts

Be the first to know and let us send you an email when Sarpay Lann-စာပေလမ်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sarpay Lann-စာပေလမ်း:

Shortcuts

Share

Category