02/08/2021
အခု ကမ္ဘာပေါ်မှာ ကိုဗစ်ကာကွယ်ဆေးတွေဟာ အမျိုးမျိုး ထွက်နေပါတယ်။
သူတို့ကို နှိုင်းယှဉ်ကြည့်နိုင်ဖို့ လေ့လာထားသမျတင်ပြလိုက်ပါတယ်။
💊Pfizer
ကာကွယ်ဆေးအမျိုးအစား
mRNA ( မျိုးဗီဇ ကာကွယ်နည်း စနစ်)
ထိရောက်မှု (သုတေသန)
၉၅ % - လူ ၁၀၀ ထိုးလျင် ၉၅ ယောက် ရောဂါ မကူးစက်နိုင်။
🎯ထိရောက်မှု (လက်တွေ့ မြေပြင်)
၉၀ %
🎯မျိုးကွဲထိရောက်မှု
Alpha , Beta 95%
Delta 88%
Delta ကြောင့် အပြင်းအထန်ဖျားနာခြင်းသေဆုံးခြင်းမှ 96 % ကာကွယ်သည်ဟုတွေ့ရှိ။
ဆေး ၂ ခါ ထိုးရပြီး ၂၁ ရက်အကြာမှ ဒုတိယ ဆေးကို ထပ်မံ ထိုးနှံနိုင်ပါသည်။
တတိယ Booster ကို ထိုးနှံဖို့ အသင့်ဖြစ်နေ။
ထိုးနှံရန် အသက်ကန့်သတ်ချက်
၁၂ နှစ် နှင့် အထက်
ထုတ်လုပ်သည့်နိုင်ငံ
အမေရိကန်-ဂျာမဏီ နည်းပညာဖလှယ်ထုတ်လုပ်။
သုတေသနပြုလုပ်သည့် နိုင်ငံများ
အမေရိကန်၊ အင်္ဂလန် နှင့် ဥရောပ တဝှန်း နိုင်ငံများမှ
ကျန်းမာရေးသိပ္ပံဌာနများ၊ တက္ကသိုလ်များ နှင့် ကျန်းမာရေးဌာနများ
ရောင်းဈေး ဒေါ်လာ ၂၀
💊💊Moderna
ကာကွယ်ဆေးအမျိုးအစား
mRNA ( မျိုးဗီဇ ကာကွယ်နည်း စနစ်)
🎯ထိရောက်မှု (သုတေသန)
၉၄ % - လူ ၁၀၀ ထိုးလျင် ၉၄ ယောက် ရောဂါ မကူးစက်နိုင်။
အသက် ၆၅ ကျော်သူများ ထိုးလျင် ၈၆% ပဲထိရောက်။
🎯ထိရောက်မှု (လက်တွေ့ မြေပြင်)
၉၀ %
🎯မျိုးကွဲထိရောက်မှု
Alpha , Beta 95%
Delta 88%
Delta ကြောင့် အပြင်းအထန်ဖျားနာခြင်းသေဆုံးခြင်းမှ 96 % ကာကွယ်သည်ဟုတွေ့ရှိ။
ဆေး ၂ ခါ ထိုးရပြီး ၂၈ ရက်အကြာမှ ဒုတိယ ဆေးကို ထပ်မံ ထိုးနှံနိုင်ပါသည်။
ထိုးနှံရန် အသက်ကန့်သတ်ချက် ၁၈နှစ် အထက်သာ
ထုတ်လုပ်သည့်နိုင်ငံ
အမေရိကန်
သုတေသနပြုလုပ်သည့် နိုင်ငံများ
အမေရိကန်၊ အင်္ဂလန် နှင့် ဥရောပ တဝှန်း နိုင်ငံများ
ရောင်းချသည့်ဈေး ၂၅ဒေါ်လာ
💊💊AstraZeneca
ကာကွယ်ဆေးအမျိုးအစား
သမာရိုးကျ ကာကွယ်ဆေး
(အန္တရာယ်မပေးနိုင်သည့် ဗိုင်းရပ်စ်များကို
ကိုဗစ်ဗိုင်းရပ်စ်နှင့် ပုံစံတူ နီးစပ်အောင် ထုတ်လုပ်ထား)
🎯ထိရောက်မှု
၇၆ % - လူ ၁၀၀ ထိုးလျင် ၇၆ ယောက် ရောဂါ မကူးစက်နိုင်။
အသက် ၆၅ ကျော်သူများ တွင် ၈၅% ကာကွယ်။
၁၀၀% အပျင်းအထန် ဖျားနာခြင်းမှ ကာကွယ်။
(ထိုးထားလျင် အပြင်းအထန် မဖျားတော့ပါ)
🎯မျိုးကွဲထိရောက်မှု
Alpha , Beta ၇၄%
Delta ၆၀%
Delta ကြောင့် အပြင်းအထန်ဖျားနာခြင်းသေဆုံးခြင်းမှ 93% ကာကွယ်သည်ဟုတွေ့ရှိ။
ဆေး ၂ ခါ ထိုးရပြီး 18 ရက်အကြာမှ ဒုတိယ ဆေးကို ထပ်မံ ထိုးနှံနိုင်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ
အင်္ဂလန်။
သုတေသနပြုလုပ်သည့် နိုင်ငံများ အင်္ဂလန် နှင့် ဥရောပ တဝှန်း နိုင်ငံများ
ရောင်းဈေး ၂ ဒေါ်လာ - ၅ ဒေါ်လာ။
💊💊Sputnik V
🎯ကာကွယ်ဆေးအမျိုးအစား
သမာရိုးကျ ကာကွယ်ဆေး
(အန္တရာယ်မပေးနိုင်သည့် ဗိုင်းရပ်စ်များကို
ကိုဗစ်ဗိုင်းရပ်စ်နှင့် ပုံစံတူ နီးစပ်အောင် ထုတ်လုပ်ထား)
Astrazeneca နှင့် နည်းပညာ ဖလှယ်ထားဟုဆိုပါသည်။
🎯ထိရောက်မှု
၉၁% - လူ ၁၀၀ ထိုးလျင် ၉၁ ယောက် ရောဂါ မကူးစက်နိုင်ဟု
ရုရှား အစိုးရက ထုတ်ပြန်ပါသည်။
🎯မျိုးကွဲထိရောက်မှု
Alpha , Beta ၉၁
Delta စမ်းသပ်မှု မရှိသေးပါ။
ထုတ်လုပ်သည့်နိုင်ငံ
ရုရှား
သုတေသနပြုလုပ်သည့်နိုင်ငံ ရုရှား
ရောင်းဈေး - ၁၀ ဒေါ်လာ။
⛔️⛔️သုတေသန အငြင်းပွားမှုများ ⛔️⛔️
ရုရှား ကာကွယ်ဆေး၏ သုတေသနသည်
လူ ၃၈ ယောက်ကိုသာ စမ်းသပ်ပြီး ထုတ်ပြန်ထားသည်။
ကမ္ဘာ့နာမည်ကျော် the lancet ဂျာနယ်တွင် ၉၁ ရာနှုန်း ကာကွယ်သည်ဟု ရိုက်နှိပ်ထုတ်ဝေထားခဲ့သည်။
သို့သော် ရိုက်တာ နှင့် အသိအမှတ်ပြု သုတေသန ပညာရှင်များက
လက်တွေ့ စစ်တမ်းကောက်ထားသော၊
တိုက်ရိုက် ကောက်ယူထားသော အချက်အလက်များ ဖုံးကွယ်ထားသည် ဟု ထောက်ပြထားကြသည်။
ထို့အပြင် ဥရောပ ကျန်းမာရေးအဖွဲ့သို့ တင်ပြရာတွင်
လက်တွေ့ သုတေသနအချက်အလက်များကိုတောင်းဆိုရာတွင် မည်သည့် အချက်မှ တင်ပြနိုင်စွမ်း မရှိပါ။
37 နိုင်ငံတွင် ရောင်းချထားပြီး ထွက်ပေါ်လာသည်
လက်တွေ့ အချက်အလက်များမှာ နိုင်ငံ အမျိုးမျိုးတွင် ပြောင်းလဲ မှု အမျိုးမျိုး ဖြစ်နေပါသည်။
တသမတ်တည်း တိကျသော သုတေသန အချက်အလက် မထွက်ရှိပေ။
တင်ပြထားသော အချက်အလက်များသည်
လိမ်လည်ထားသည်ဟု ပညာရှင် အများစုက ထောက်ပြထားကြသည်။
💊💊Sinovac Biotech
ထိရောက်မှု
ဘရာဇီးတွင် ၅၀%
အင်ဒိုနီးရှားတွင် ၆၅%
တူရကီတွင် ၉၁ %
ဘူတန်တွင် ၇၈%
၂၀၂၁ ဂျွန်လတွင် WHO က အချက်အလက်တောင်းဆိုရာ
၅၁ ရာနှုန်း ကူးစက်မှုကာကွယ်ပြီး
၁၀၀% ရောဂါပြင်းထန်မှုမှ ကာကွယ်သည် ဟု တင်ပြပါသည်။
သို့သော် သုတေသနတွင် အသက် ၆၀ ကျော်သူ အလွန်နည်းပါးစွာ ပါဝင်သောကြောင့် အထောက်အထား မခိုင်လုံပါ။
ရောင်းဈေး ဒေါ်လာ ၃၀၊
💊💊CanSino Biologics
တရုတ် တပ်နီတော်မှ ထုတ်လုပ်သည်။
၆၅.၇ ရာနှုန်းကာကွယ်သည်။
၉၀.၉၈ ရာနှုန်း အပြင်းအထန်ဖြစ်ခြင်းမှ ကာကွယ်သည်။
လူပေါင်း ၃သောင်း သို့ စမ်းသပ်ထိုးနှံ သုတေသနပြုသည်။
သို့သော် ၅ လခန့် ကြာလျင် ထိရောက်မှု ကျဆင်းသွားသည်။
တရုတ် ရောဂါကာကွယ်ရေးဌာနမှ
ရောဂါကာကွယ်မှု မြင့်မားခြင်း မရှိဟု တရားဝင်ဝန်ခံထားသည်။
ကာကွယ်ဆေးသည် တခါသာ ထိုးနှံသည်။
မက္ကဆီကို မှ အဆိုအရ ၆လအကြာတွင် ဒုတိယ အကြိမ်ထိုးနှံ သင့်သည် ဟုဆိုသည်။
မျိုးကွဲများအတွက် သုတေသန မရှိပါ။
💊💊Covaxin
အိန္ဒိယနိုင်ငမှ ထုတ်လုပ်သည်။
Vero cell technology ဖြင့်ထုတ်လုပ်သည်။
ကျောက်ကပ်မှ ရရှိသော ဆဲလ်ကို ပြုပြင်ထားခြင်းြဖစ်သည်။
🎯ထိရောက်မှု
ရောဂါပြင်းထန်မှု ၁၀၀ % ကာကွယ်
အသင့်အတင့် ခံစားရမှု ၇၈ % ကာကွယ်
အနုစား ခံစားရမှု ၇၀ % ကာကွယ်ပါသည်။
WHO အသိအမှတ်ပြုရရန် ကြိုးစားနေပါသည်။
အားလုံးကျန်းမာ ကြပါစေ။
မောင်ဝင်းဦး
ကိုးကား
https://www.thelancet.com/journals/lancet/article/PIIS0140-6736(21)00191-4/fulltext
https://www.biospace.com/article/russia-s-covid-19-vaccine-appears-safe-and-effective-the-lancet/
https://www.reuters.com/world/the-great-reboot/exclusive-european-efforts-assess-russias-sputnik-v-vaccine-stymied-by-data-gaps-2021-07-13/
biospace.com/article/comparing-covid-19-vaccines-pfizer-biontech-moderna-astrazeneca-oxford-j-and-j-russia-s-sputnik-v/