Phyu Sin-Home Appliance

Phyu Sin-Home Appliance ဖုန်းကြည့်မျက်မှန်နှင့် နေကာမျက်မှန်/အိမ်သုံးပစ္စည်းများ လက်လီ လက်ကားရောင်းချပေးပါသည်

22/08/2026

ထင်ရှား တေးရေး၊တေးဆို ဂီတပညာရှင် ကိုင်ဇာ ကွယ်လွန်

၁၉၇၅ နှောင်းပိုင်းနဲ့ ၁၉၈၀ ဝန်းကျင်ကာလတွေကစလို့ ထင်ရှားခဲ့တဲ့ တေးရေး/တေးဆို တေးသံရှင် ကိုင်ဇာ (ခေါ် ) ဦးညီညီဝင်း ဟာ ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဒီကနေ့ သြဂုတ် ၂၂ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီလို့ နီးစပ်တဲ့မိတ်ဆွေရင်းတချို့က အတည်ပြုပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး အဆုတ်ထဲကိုပိုးဝင်တာကြောင့် အထူးကြပ်မတ်ကုသ‌ဆောင်မှာ ဆေးရုံတက်ရောက်ကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာလို့ သိရှိရပါတယ်။

၁၉၇၇ ခုနှစ်က ''အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ'' တေးသီးချင်းခွေက စတင်လို့ အနမ်းပန်း၊ သီချင်းရှင်ကိုကြင်နာပါ၊ မနိုးပါစေနဲ့မိုးရယ်နဲ့ တူနှစ်ကိုယ်တိုင်းပြည် အဆုံး ကိုယ်ပိုင်သံစဥ်များသီဆိုရေးသားသူ တေးသံရှင် ကိုင်ဇာ ဟာ တေးသီချင်းခွေပေါင်း မြောက်များစွာ ထွက်ရှိထားသူ ဖြစ်ပြီး ဒီကနေ့အချိန်အထိ လူငယ်၊ လူကြီးအားလုံး ကြိုက်နှစ်သက်တဲ့တေးသံရှင်ဖြစ်ပါတယ်။

သူ့ရဲ့ ကစ္ဆပနဒီလှိုင်းသံ တေးစီးရီးဟာ ၁၉၈၀ ဝန်းကျင်မှာ ထင်ရှားခဲ့တဲ့ တေးစီးရီးတစ်ခုဖြစ်ပြီး “တူနှစ်ကိုယ်တိုင်းပြည်” သီချင်းကတော့ ဒီကနေ့အထိ ထင်ရှားကျော်ကြားလူကြိုက်များနေတဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။

တေးသံရှင်ကိုင်ဇာနဲ့ ထင်ရှားအမျိုးသမီးတေးသံရှင်တွေဖြစ်တဲ့ မေဆွိ၊ မေခလာ တို့ အတူသီဆိုကြတဲ့ စုံတွဲတေးသီချင်းတွေကလည်း ဒီကနေ့အထိ ပရိသတ်တွေကြား ဆယ်စုနှစ်များစွာကြာတိုင်အောင် အမှတ်ရထင်ရှားနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ စျာပနရက်ကို စီစဥ်နေဆဲဖြစ်ပြီး ထပ်မံအသိပေးကြေညာမယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောထားပါတယ်

ဖြူစင်စျေးပြန်ရောင်းနေပြီမို့လို့ အားပေးကျပါဦးနော်😘😘Thai Madeစစ်စစ် စားသောက်ကုန်/ လူသုံးကုန်/အလှကုန် လေးတွေInstock ရှိတ...
18/06/2026

ဖြူစင်စျေးပြန်ရောင်းနေပြီမို့လို့ အားပေးကျပါဦးနော်😘😘
Thai Madeစစ်စစ် စားသောက်ကုန်/ လူသုံးကုန်/အလှကုန် လေးတွေInstock ရှိတာလေးတွေ ပါ ရှင့်
တပုံချင်းစီမှာ စျေးနှုန်းလေးတွေရေးပေးထားပါ တယ်

"Adjust Table" အရမ်းရောင်းခဲ့ရသောလေး✅ size-23"16"အရောင်လေးကတော့ pink ပန်းရောင်လေးတရောင်ဘဲရပါဦးမယ်ယူတို့လိုချင်တဲ့ table...
07/06/2026

"Adjust Table" အရမ်းရောင်းခဲ့ရသောလေး

✅ size-23"16"

အရောင်လေးကတော့ pink ပန်းရောင်လေးတရောင်ဘဲရပါဦးမယ်

ယူတို့လိုချင်တဲ့ table လေး

အနိမ့်အမြင့် adjust လုပ်လို့ရတော့ ကလေးစာသင်ခုံလုပ်မလား
ကွန်ပျူတာတင်စားပွဲလေးလုပ်မလား
လူကြီးတွေ ဝတ်ရွတ်ခုံလုပ်မလား

သံဖရိန်ဒေါက်လေးဆိုတော့ ခိုင်ခံ့မှုလည်းရှိပါတယ်နော်

Computer တင်တဲ့ခုံအနေနဲ့တင်မဟုတ်ဘဲစာဖတ်ခုံအနေနဲ့ပါအသုံးပြုလို့ရပါတယ်နော်.....

- အနိမ့်အမြင့်ကိုလည်း Adjust လုပ်လို့ရတာမို့ဘုရားရှိခိုးချိန် ဝတ်ရုံခုံအနေနဲ့လည်းအသုံးပြုလို့ရပါသေးတယ်ရှင်
-အိပ်ခန်းထဲမှာ အလုပ်လုပ်တတ်တဲ့သူတွေ /learning လုပ်တတ်တဲ့သူလေးတွေအတွက်အရမ်းအဆင်ပြေသော ခုံလေးပါရှင့်

နေ့တိုင်း ကော်ဖီသာ မသောက်ခဲ့ရင်😂😂
10/04/2026

နေ့တိုင်း ကော်ဖီသာ မသောက်ခဲ့ရင်😂😂

06/04/2026

စက်သုံးဆီသွားထည့်လို့ ကုန်တာနဲ့ကြုံရင်ဆီကားလာပြန်ဖြည့်ချိန်၊ ဆီရမရကြိုမေးလို့ရဆိုင်တွေက ဖုန်းဆက်မေးလို့ရပါတယ်တဲ့

(ရန်ကုန်တိုင်းဒေသကြီး)

💚Max ‌ဆီဆိုင်ဖုန်းနံပါတ်များ

1-ဗဟန်း 09 891755004, 01 555292
2-ကျွန်းတော 09 891755002, 01 532181
3-ဆင်မလိုက် 09 891755016
4-အလုံ 09 891755003, 01 218455
5-ပိတောက်ချောင်း 09 891755001, 01 531181
6-သိမ်ဖြူ 09 891755006, 01 399330
7-တာမွေ 09 891755005, 01 401525
8-သာကေတ 09 891755008, 01 450767
9-သုဝဏ္ဏ 09 891755007, 01 8550750
10-ကမာကြည် 09 891755051
11-တောင်ဥက္ကလာ 09 891755015, 01 8500660
12-မြောက်ဒဂုံ 09 891755050
13-လေးထောင့်ကန် 09 891755014, 09 8636189
14-အောင်မဂ်လာ 09 891755009, 01 637592
15-ဒဂုံဧရာ 09 891755012, 09 73164103
16-လှည်းကူး 1 09 891755013, 01 629011
17လှည်းကူး 2 -
18-မှော်ဘီ 1 09 891755017
19-မှော်ဘီ 2 09 891755018
20-ရွှေပြည်သာ 09 891755011
21-ဒလ 09 891755048
22-ကော့မူး 09 891755175
23-နွယ်ခွေ 09 891755178
24-တွံတေး 09 891755182
25-မင်္ဂလာဒုံ 09 891755046

💚DENKO ဆီဆိုင်များ

ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230
ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြိုမ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်09 940549232crd

ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်များ

1.အင်းစိန်အရောင်းဆိုင်တွင် 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099947
2.မင်္ဂလာဒုံအရောင်းဆိုင်တွင် Diesel / 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099945
3.ဒဂုံဆိပ်ကမ်းအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099952
4.သာကေတအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099946

💚Yangon Patrol (YP) ဆီဆိုင်များ

Yangon Petrol (YP)
Yadanar Rd
Open 24 hours
+95 9 966 124912

Yangon Petrol (YP)-3
Number 2 Main Rd
Closes 9 pm
+95 9 692 253832

Yangon Petrol (YP)-2
Bago River Rd
Open 24 hours
+95 9 966 124906

Yangon Petrol-4 (Ayarwoon)
Open 24 hours
+95 9 683 015354

YP ဆီဆိုင်များ
မြောက်ဒဂုံ 09-423457766
ဒဂုံဆိပ်ကမ်း 09-966124906
သာကေတ 09-966124912, 09-448034069

💚PT power ဆီဆိုင်များ

PT Power (Thaketa)
Shukhinthar Mayopat Rd, Yangon
မဂ်လာဒုံ 09-421068003, 09-781593568
ရွှေပြည်သာ (zone 1) 01-3612778, 09420031017
သန်လျင် 09-457154791, 09-778708801
သာကေတ 09-780540598, 09-452228385
တောင်ဒဂုံ ၁ (ward 26) 09-457154781
တောင်ဒဂုံ ၂ (ward 62) 09-457154780, 09-788818913
တောင်ဒဂုံ ၃ (ward141) 09-457755008

💚New Day ဆီဆိုင်များ

Between 55 and 56 St.,
Maha Bandula Road
Closes 11 pm
+95 1 291 904

New Day
70 Wai Za Yan Tar Rd
Closes 10 pm
+95 1 564 042

မဂ်လာတောင်ညွန့် 01-290310,09765421004
ပုဇွန်တောင် 095089373,09765421002
တောင်ဉက္ကလာ 01-8564042,09-765421003
မရမ်းကုန်း 01-658205
စမ်းချောင်း 01-534997

💚မြတ်မေတ္တာမွန် ဆီဆိုင်များ

လှိုင်(ဘုရင့်နောင်) 09-798833938
6မိုင်ခွဲ 09-786595366,09-420247846
လှိင်သာယာ 09-893310476
ကြည်မြင်တိုင် 01-537071,09-777004226,09-777004234
မြောက်ဒဂုံ 09-788461906
တာမွေ. 09-255055565
သက်န်းကျွန်း 09-793758607

💚❝ 360 Degree Petro ❞
ရန်ကုန်ဆိုင်ခွဲများ

❛ မင်္ဂလာတောင်ညွန့်မြို့နယ် ❜ (09-772558950)
❛ သာကေတမြို့နယ် ❜ (09-789366895)
❛ သင်္ကန်းကျွန်းမြို့နယ် ❜ (09-786409959)
❛ မြောက်ဒဂုံမြို့နယ် ❜ (09-775117578)
❛ အင်းစိန်မြို့နယ် ❜ (09-773043497)
❛ လှိုင်မြို့နယ် ❜ (09-764610408)
❛ နေပြည်တော် ❜ (09-786387505)

အများအတွက်အထောက်အကူပြုစေချင်းတဲ့သဘောနဲ့တင်ပေးရခြင်းဖြစ်ပါတယ်။

🚨 အပူလှိုင်းဖြတ်နေချိန် မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးအချက်များ ☀️ဒီရက်ပိုင်းလို အပူလှိုင်းပြင်းထန်တဲ့အချိန်မှာ“ပူတာပဲ” ...
29/03/2026

🚨 အပူလှိုင်းဖြတ်နေချိန် မဖြစ်မနေ သိထားသင့်တဲ့ အရေးကြီးအချက်များ ☀️
ဒီရက်ပိုင်းလို အပူလှိုင်းပြင်းထန်တဲ့အချိန်မှာ
“ပူတာပဲ” လို့ မထင်မိပါနဲ့… အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မဖြစ်မနေ သတိထားပြီး ရှောင်ရှားသင့်တာတွေ 👇
💧 (၁) ရေမကြာခဏသောက်ပါ
ရေငတ်မှာ မစောင့်ပါနဲ့
တနေ့လုံး အနည်းငယ်စီ မကြာခဏ သောက်ပေးပါ

🌞 (၂) နေထဲတန်းတန်း မထွက်ပါနဲ့

မနက် ၁၁ မှ ညနေ ၃ အတွင်းအပူအမြင့်ဆုံး
အရေးကြီးမဟုတ်ရင် အပြင်မထွက်တာက အကောင်းဆုံး
👕 (၃) အဝတ်အစား ပေါ့ပါးတဲ့အမျိုးအစားဝတ်ပါ
အရောင်ဖြူ၊ အရောင်လင်း
လေဝင်လေထွက်ကောင်းတဲ့အဝတ်ကို ရွေးပါ

🥤 (၄) အရက်၊ ကော်ဖီ အလွန်အကျွံရှောင်ပါ

ရေခမ်းလွယ်စေပြီး ပိုပူစေတတ်ပါတယ်

🧊 (၅) ခန္ဓာကိုယ်အပူချိန် ထိန်းပါ

မကြာခဏ မျက်နှာဆေးပါ
ရေအေးနဲ့ လက်၊ လည်ပင်း သုတ်ပေးပါ
👶👵 (၆) ကလေး၊ အသက်ကြီးသူများ အထူးဂရုစိုက်ပါ
အပူဒဏ်ကို အလွယ်တကူ ခံရနိုင်ပါတယ်
⚠️ အောက်ပါလက္ခဏာတွေရှိရင် သတိထားပါ
ခေါင်းမူး၊ မောပန်း
နှလုံးခုန်မြန်
ခန္ဓာကိုယ် အပူလွန်ကဲခြင်း

👉 ဒီလိုဖြစ်လာရင် ချက်ချင်း အေးတဲ့နေရာသို့ ပြောင်းပြီး ရေသောက်ပါ
📌 အပူလှိုင်းက “သာမန်ပူတာ” မဟုတ်ပါဘူး
သတိထားမှ ကာကွယ်နိုင်ပါတယ်
💬 ဒီပို့စ်ကို မိသားစု၊ သူငယ်ချင်းတွေနဲ့ မျှဝေပေးပါ
အသက်တစ်ချောင်း ကာကွယ်နိုင်နိုင်ပါတယ်
clover than

ခန္ဓာကိုယ်ကျန်းမာရေးကို ဦးစားပေးတဲ့သူတွေအတွက် Curble Posture Chair" (ကျောမှီခုံ)  လေးရှိပါတယ်နော်​ခါးနာတာတွေ၊ ညောင်းညာတ...
20/03/2026

ခန္ဓာကိုယ်ကျန်းမာရေးကို ဦးစားပေးတဲ့သူတွေအတွက် Curble Posture Chair" (ကျောမှီခုံ) လေးရှိပါတယ်နော်
​ခါးနာတာတွေ၊ ညောင်းညာတာတွေကြောင့် အလုပ်လုပ်ရတာ စိတ်မကြည်မလင် ဖြစ်နေပြီလား? 💼🧘‍♀️
အသက်အရွယ်ရလာတဲ့လူကြီးသူမများလည်း တရား​ထိုင်တဲ့အခါ ပုံစံမမှန်ရင် ရေရှည်မှာ ခါးရိုးနဲ့ ကျောရိုးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အခုပြသထားတဲ့ Posture Support Chair လေးကတော့ ခါးရိုးကို မတ်မတ်ဖြစ်အောင် ထိန်းပေးပြီး ကိုယ်နေဟန်ထားကို အလိုအလျောက် မှန်ကန်စေမှာပါ။
​✨ ဘာကြောင့် သုံးသင့်တာလဲ?
​ခါးမတ်မတ်ဖြစ်စေလို့ ကျောရိုးနာကျင်မှုကို သက်သာစေတယ်။
​လေဝင်လေထွက်ကောင်းအောင် ဒီဇိုင်းထုတ်ထားလို့ ကြာကြာထိုင်ရင်လည်း ပူအိုက်တာမျိုး မရှိဘူး။
​ပေါ့ပါးလို့ ရုံးခန်း၊ အိမ်က စားပွဲ ဒါမှမဟုတ် ကားထဲမှာပါ ယူသွားပြီး အလွယ်တကူ သုံးလို့ရပါတယ်
​"မတ်မတ်ထိုင်မှ ကျန်းမာမယ်၊ ပုံပန်းသွင်ပြင်လည်း လှပမယ်" ✨✨
​တစ်နေ့ကို ၈ နာရီထက်မနည်း ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် မရှိမဖြစ် ကျောမှီခုံလေး ရောက်ပါပြီ! ခါးကို သေချာ Support ပေးထားလို့ ပင်ပန်းနွမ်းနယ်မှုကို အထိရောက်ဆုံး လျော့ချပေးနိုင်ပါတယ်။
​✅ ပတ်ဝန်းကျင်ကလူတွေကတောင် ကိုယ့်ကို ကြည့်လိုက်ရင် ကိုယ်နေဟန်ထား မတ်မတ်နဲ့ စမတ်ကျနေစေမှာပါ။

​Ergonomic Design - ခါးထောက် ကျောမှီခုံ 🪑✅
​ခါးနာခြင်းမှ ကင်းဝေးဖို့နဲ့ ကိုယ်နေဟန်ထား မှန်ကန်စေဖို့ ဒီကျောမှီခုံလေးကို ဆောင်ထားလိုက်ပါ။
ရုံးသုံး၊ အိမ်သုံး အဆင်ပြေရုံတင်မကဘဲ ကြာရှည်အသုံးခံတဲ့ Material နဲ့ ပြုလုပ်ထားပါတယ်။
​📍 ဈေးနှုန်း - ၂၆,၅၀၀ ကျပ်
📍 ဆက်သွယ်ရန် - 09-799709477
​နယ်ဝေးသမားများလည်း အိမ်အရောက် ငွေချေစနစ် (သို့) ကားဂိတ်ပို့စနစ်ဖြင့် မှာယူနိုင်ပါတယ်ရှင်။
#တရားထိုင်ခုံ

အိမ်မှာ ရှိတဲ့ ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကိုဘယ်လိုပျောက်အောင် လုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်ရှင်.....လိုက်လုပ်ကြည့်ပါနေ...
16/03/2026

အိမ်မှာ ရှိတဲ့ ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကိုဘယ်လိုပျောက်အောင် လုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်ရှင်.....လိုက်လုပ်ကြည့်ပါနော်

ရေခဲသေတ္တာထဲက အနံ့ဆိုးတွေဟာ အစားအသောက်တွေ ကြာရှည်သိမ်းထားမိတာ ဒါမှမဟုတ် ဘက်တီးရီးယားတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါတွေကို ရှင်းလင်းဖို့အတွက် အိမ်တွင်းဖြစ် ပစ္စည်းလေးတွေနဲ့တင် ထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။
​အနံ့ဆိုးပျောက်စေမယ့် နည်းလမ်းကောင်းများမှာ-
​၁။ မုန့်ဖုတ်ဆိုဒါ (Baking Soda) ကို အသုံးပြုခြင်း
​ဒါက အသုံးအများဆုံးနဲ့ အထိရောက်ဆုံးနည်းပါ။ မုန့်ဖုတ်ဆိုဒါ ပန်းကန်လုံးအသေးတစ်လုံးကို ရေခဲသေတ္တာရဲ့ ထောင့်တစ်နေရာမှာ အဖုံးဖွင့်ပြီး ထားလိုက်ပါ။ သူက လေထဲက အနံ့ဆိုးတွေကို စုပ်ယူပေးပါလိမ့်မယ်။ (အနည်းဆုံး ၂၄ နာရီ ထားပေးရပါမယ်)။
​၂။ ကော်ဖီမှုန့် (Coffee Grounds)
​ကော်ဖီဖျော်ပြီးသား အနှစ်ခြောက်တွေ ဒါမှမဟုတ် ကော်ဖီမှုန့်အသစ်ကို ပန်းကန်ပြားထဲဖြန့်ပြီး ထည့်ထားပါ။ ကော်ဖီမှာပါတဲ့ နိုက်ထရိုဂျင်က အနံ့ဆိုးတွေကို ဖယ်ရှားပေးတဲ့နေရာမှာ အရမ်းတော်ပါတယ်။
​၃။ သံပရာသီး သို့မဟုတ် ရှာလကာရည်
​သံပရာသီး: သံပရာသီးကို ထိပ်ဖြတ်ပြီး ဒါမှမဟုတ် အကွင်းလိုက်လှီးပြီး ထည့်ထားရင် လတ်ဆတ်တဲ့အနံ့ကို ရစေပါတယ်။
​ရှာလကာရည်: ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်တဲ့အခါ ရေနဲ့ ရှာလကာရည်ကို ဆတူရောပြီး အနံ့ရှိတဲ့နေရာတွေကို တိုက်ချွတ်ပေးပါ။
​၄။ မီးသွေးခဲ (Activated Charcoal)
​မီးသွေးခဲ အတုံးလေးတွေကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင်လည်း အနံ့တွေကို ကောင်းကောင်းစုပ်ယူပေးနိုင်ပါတယ်။
​ရေရှည်အတွက် ကြိုတင်ကာကွယ်ရန် အချက်များ-
​အဖုံးအုပ်သိမ်းပါ: အနံ့ပြင်းတဲ့ အစားအစာတွေ (ဥပမာ- ဒူးရင်းသီး၊ ငါးခြောက်) ကို လေလုံဗူးတွေနဲ့ သေချာပိတ်သိမ်းပါ။
​ရက်လွန်တာတွေကို စစ်ဆေးပါ: တစ်ပတ်တစ်ခါလောက် ပုပ်သိုးနေတာ ဒါမှမဟုတ် ရက်လွန်နေတာတွေကို စစ်ဆေးပြီး စွန့်ပစ်ပါ။
​အပူချိန်ကို ထိန်းညှိပါ: ရေခဲသေတ္တာ အပူချိန်ကို 4°C (သို့မဟုတ် 40°F) ဝန်းကျင်မှာ ထားခြင်းဖြင့် ဘက်တီးရီးယား ပေါက်ဖွားမှုကို လျှော့ချနိုင်ပါတယ်။
#ရေခဲသေတ္တာအနံဆိုးဖယ်ရှားနည်း

Address

Thidar Street , Phawkan , Insein
Yangon

Alerts

Be the first to know and let us send you an email when Phyu Sin-Home Appliance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share