Peace of Mind Book Shop

Peace of Mind Book Shop ချစ််ခြင်းမေတ္တာကို စာအုပ်တွေနဲ့ဖော်ပြပါ⭐️

လူ့ဘဝဆိုတာလည်း ရဟတ်တစ်ခုလိုပဲမဟုတ်လား။နိမ့်ရာကနေ မြင့်သွားမယ်၊အမြင့်ဆုံးနေရာမှာ အသာယာဆုံးအလှပဆုံးတွေကို တွေ့ခဲ့ရပြီးရင်လ...
06/09/2023

လူ့ဘဝဆိုတာလည်း
ရဟတ်တစ်ခုလိုပဲမဟုတ်လား။
နိမ့်ရာကနေ မြင့်သွားမယ်၊
အမြင့်ဆုံးနေရာမှာ အသာယာဆုံး
အလှပဆုံးတွေကို တွေ့ခဲ့ရပြီးရင်လည်း
နိမ့်တဲ့နေရာကို ပြန်ရောက်ရင်
ရောက်သွားတတ်တာပဲ။

ပြီးရင် တစ်ခါ ထပ်မြင့်ချင်မြင့်သွားပြန်ရောလေ၊
ရဟတ်ကို ကိုယ့်သဘောအတိုင်း
ကိုယ်ရပ်ချင်တဲ့နေရာမှာ ရပ်တန့်လို့မရနိုင်ဘူး။
ရဟတ်ကို ကိုယ်မပိုင်သလို
ဘဝကံဇာတ်ဆရာကိုလည်း ကိုယ်တို့မပိုင်ဘူး။

ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် 🌸
- ပုညခင် -

စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ်

ူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါတယ်ရှင့်
#ပုညခင် #ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်

စာရေးဆရာစစ်ငြိမ်းရေးသားထားတဲ့ကဗျာအက်ဆေးစာအုပ်လေးတွေပါ-ချစ်သောအမ်မလီ+၁၄(တန်ဖိုး-၄၀၀၀ကျပ်)-ပျော်ရွှင်တတ်သောမိုးတိမ်များ(တန...
06/09/2023

စာရေးဆရာစစ်ငြိမ်းရေးသားထားတဲ့ကဗျာအက်ဆေးစာအုပ်လေးတွေပါ

-ချစ်သောအမ်မလီ+၁၄(တန်ဖိုး-၄၀၀၀ကျပ်)
-ပျော်ရွှင်တတ်သောမိုးတိမ်များ(တန်ဖိုး-၄၀၀၀ကျပ်)
-ပြတင်းပေါက်ကကြောင်(တန်ဖိုး-၄၀၀၀ကျပ်)
-ပုံပြင်ထဲကရာသီဥတု(တန်ဖိုး-၃၅၀၀ကျပ်)
-ကမ္ဘာမြေရဲ့တစ်နေရာ(တန်ဖိုး-၃၅၀၀ကျပ်)
-အိမ်ပြန်မဲ့နေ့ (တန်ဖိုး-၃၀၀၀ကျပ်)
-တခြားကမ္ဘာကအရောင် (နောက်ဆုံးထွက်) (တန်ဖိုး-၆၀၀၀ကျပ်)

ိုလတ်စာပေ

ဆရာမထက်ထက်ထွန်းရေးသားထားတဲ့လူကြီး‌တွေရောလူငယ်တွေပါကြိုက်နှစ်သက်တဲ့စာအုပ်လေးတွေပါ-နေ့တိုင်းပျော်ပါတယ် (တန်ဖိုး-၄၅၀၀ကျပ်)-...
06/09/2023

ဆရာမထက်ထက်ထွန်းရေးသားထားတဲ့လူကြီး‌တွေရောလူငယ်တွေပါကြိုက်နှစ်သက်တဲ့စာအုပ်လေးတွေပါ

-နေ့တိုင်းပျော်ပါတယ် (တန်ဖိုး-၄၅၀၀ကျပ်)
-အဓိပ္ပာယ်ရှိသောဘဝ (တန်ဖိုး-၄၈၀၀ကျပ်)
-စိတ်ရဲ့ငြိမ်သက်ခြင်း (တန်ဖိုး-၄၈၀၀ကျပ်)
-ဘဝထဲကအမေးဘဝထဲကအဖြေ (တန်ဖိုး-၆၀၀၀ကျပ်)
-ငါဘယ်သူလဲ (တန်ဖိုး-၆၀၀၀ကျပ်)

ိုလတ်စာပေ

' မေလလို လှပ၍ မေမေ့လို ကြင်နာသော မမမေ 'ဒီစာကြောင်းကို ဖတ်မိတာနဲ့ ဘာစာအုပ်ဆိုတာ တက္ကသိုလ်ဘုန်းနိုင် ပရိသတ်တွေသိကြပါတယ်။“အ...
06/09/2023

' မေလလို လှပ၍ မေမေ့လို ကြင်နာသော မမမေ '
ဒီစာကြောင်းကို ဖတ်မိတာနဲ့ ဘာစာအုပ်ဆိုတာ တက္ကသိုလ်ဘုန်းနိုင် ပရိသတ်တွေသိကြပါတယ်။

“အားကျတယ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခုနင်က မမမေ ပြောသလို နတ်သျှင်နောင်ရဲ့ ဘဝဟာ ညအလားလို့ပဲ ထားပါစို့။ အဲ့ဒီညဟာ အင်မတန် ချစ်မက်ဖွယ်ကောင်းတဲ့ ညဖြစ်မှာပဲ” - ကိုလွမ်းနောင်

“မောင် ပြောခဲ့ဖူးတဲ့ စကားကို မမမေ ပြန်သတိရမိတယ်။ သံယောဇဉ်ကြိုး မရှည်ချင်ဘူးဆိုတာလေ။ မမမေ ထင်တာကတော့ မရှည်အပ်တဲ့ သံယောဇဉ်နဲ့ ရှည်အပ်တဲ့ သံယောဇဉ် နှစ်မျိုး ရှိတယ်ကွယ်။ မောင့်အတွက် မမမေ ထားတဲ့ သံယောဇဉ်ကတော့ ရှည်အပ်တဲ့ သံယောဇဉ်ပဲကွယ့်” - မသက်မေ

“ကဗျာဆရာကြီးဆီ စာရေးရလို့ ကဗျာဆန်ဆန်ပဲ ရေးချင်မိတယ်။ ဒါပေမဲ့ ကဗျာမစပ်တတ်လို့ ရဝေရှင်ထွေးရဲ့ ကဗျာလေးကိုပဲ ကူးယူပြီး ထည့်လိုက်မိတယ်။ ဒီကဗျာကို ဖတ်ပြီး ကိုလွမ်းနောင် အပျင်းပြေရင် တင်တင်ဦး ကျေနပ်ပါပြီ” - တင်တင်ဦး

​ဂျပန်ခေတ် ကာလဆိုးနဲ့ ရောင်စုံသူပုန်တို့ ကြီးစိုးချိန် ကာလနောက်ခံ။
ကံကြမ္မာဆိုတဲ့ အယ်ဒီတာကြီးက အထက်ပါ ဇာတ်ကောင် ၃ ဦးကို ဘယ်လိုတွေ အကွက်ချ စီစဉ်ပြီး ပုံဖော်ခဲ့လဲ။
နတ်ရှင်နောင်၊ ဓာတုကလျာနဲ့ ရဝေရှင်ထွေးတို့ရဲ့ သမိုင်းနောက်ခံနဲ့ ကိုလွမ်းနောင်တို့ ၃ ဦးရဲ့ ဇာတ်လမ်းတွေက ဘာကြောင့် သတိရစရာတွေ ဖြစ်သလဲ။
ခေတ် စနစ် ကာလတွေ ဘယ်လိုပြောင်းပြောင်း စာချစ်သူတို့ ရင်ထဲမှာ အမြဲတမ်း ရှင်သန် သဘောကျကြတဲ့ ဝတ္ထုကောင်းတစ်ပုဒ်။

စာအုပ်တန်ဖိုး - ၆၂၀၀ ကျပ်

ူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါတယ်ရှင့်
#မောင့်ဘဝညအလားကွယ် #တက္ကသိုလ်ဘုန်းနိုင်

လက်ညှိုးထိုး၍ပန်းဝေသည်ယိုးမယ်ရယ်...ချစ်လိုက်တာ...ကိုယ့်ကို အဲလောက်တောင် ချစ်သတဲ့လား။ကျွန်တော်နဲ့ နီးရဖို့၊ ကျွန်တော်တို့...
06/09/2023

လက်ညှိုးထိုး၍ပန်းဝေသည်

ယိုးမယ်ရယ်...

ချစ်လိုက်တာ...ကိုယ့်ကို အဲလောက်တောင် ချစ်သတဲ့လား။

ကျွန်တော်နဲ့ နီးရဖို့၊ ကျွန်တော်တို့နှစ်ဦး အတူလွတ်မြောက်ဖို့အတွက် ကိုယ့်အသက်ကိုတောင် မငဲ့ဘဲ မီးတောကို ဖြတ်နင်းခဲ့ပါသတဲ့...။ အရင်က မြေသားမာမာပင် မနင်းခဲ့ဖူးသော ယိုးမယ်ခြေဖဝါးနုနုမှာ မီးလျှံများကို တစ်လှမ်းချင်း နင်းလျှောက်ခဲ့ပါသတဲ့။ လေးစားဖို့ကောင်းလိုက်တာ...။

ပူလောင်မှု ဒဏ်ရာတွေနဲ့ သတိရလာတော့ ကျွန်တော့်လက်ကိုကိုင်ပြီး တခုတ်တရမေးပါသည်။

ကနောင်...ဘာဖြစ်သွားသေးလဲ တဲ့။
***************************

love is not s-ex တဲ့
တကယ်ပါဗျာ အချစ်ကအချစ်ပါ အချစ်မှာတ-ဏှာမပါသလို
အချစ်နဲ့တ-ဏှာနဲ့လည်းမတူပါဘူး
အချစ်မှာတ-ဏှာပါခဲ့ရင်တောင်အမှုန်အမွှားသာသာပဲလို့ ကျနော်ထင်ပါတယ်။
ဆရာ့စာအုပ်တွေက စိတ်ကူးယဥ်ဆန်ပေမဲ့
လက်တွေ့ကျကျဆန်တာလို့မြင်မိတယ်...
သဘာဝတရားကြီးမှာ လူတွေမသိနိုင်တာတွေ
အများကြိီးရှိပါသေးတယ်
မကောင်းမှုကိုပြုလုပ်ပြီး နိုင်ထက်ပြုကျ-င့်သူတွေဟာ ဘသာဝတရားကြီးရဲ့အပြ၊စ်ပေးခြင်းကိုခံရမှာပါပဲ။

"လောကမှာကိုယ်စိုက်ခဲ့တဲ့အပင်ဟာ
ကိုယ့်ကိုပြန်ပြီးအရိပ်ပေးမှာပဲ
ကိုယ်စိုက်ခဲ့တဲ့အပင်ကအသီးအပွင့်တွေကိုလည်း ကိုယ်တိုင်ပဲခံစားရမှာပဲ...
အကျိုးဆက်ကတော့ ကိုယ်ဘာပင်ကိုစိုက်ခဲ့သလဲဆိုတဲ့ ရွေးချယ်မှုမှာ မူတည်ပြီး
ကွဲပြားသွားတယ်" တဲ့....

ဒီစာအုပ်ဖတ်ရင်း ဝမ်းနည်းမှု ဒေါသဖြစ်မှု
တွေကိုခံစားရတယ်
ဇာတ်လမ်းက မြို့ပြနဲ့တော်တော်ဝေးဝေး
ဟိုးတောင်တန်းတွေဆီကရွာလေးတစ်ရွာမှာအခြေခံထားတာကနေ စ တယ်...
ချစ်သူနှစ်ယောက်ရဲ့သစ္စာရှိမှုတွေ
ချစ်သူနှစ်ယောက်ရဲ့အဆုံးထိအတူရှိချင်စိတ်တွေ ချစ်သူနှစ်ယောက်ရဲ့ကံဆိုးမှုတွေကို
သိမြင်ရမှာပါ...

"ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်ချစ်သူလက်သာထိကိုင်ထားရရင် အသက်မရှူပေမဲ့လည်း
အသက်ရှိနိုင်ပါသေးတယ်"

ဖခင်ရဲ့အိမ်မှာအပူဆိုတာကိုဘာမှမခံစားခဲ့
ရတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ
ချစ်သူဆီရောက်ဖို့ဖိနပ်မပါဘဲ မီးခင်းကိုဖြတ်
လျှောက်သတဲ့ ...

"ကိုယ့်ကိုအဲ့လောက်တောင်ချစ်တာလား
ယိုးမယ်ရယ်"

ချစ်သူအတွက်ဆိုအရာရာကိုလုပ်ပေးချင်စိတ်
ဖန်တီးပေးချင်စိတ်ရှိတဲ့ယောကျာ်းတစ်ယောက်ရဲ့စိတ်ကိုလည်း မြင်ရတယ်...

"ချစ်သူလက်ညှိုးထိုးတိုင်းပန်းပွင့်စေချင်တဲ့
စွမ်းအားလိုချင်တယ်" တဲ့....

Review ပေးတာမဟုတ်ဘဲ ဖတ်စေချင်လို့
recommend လုပ်ချင်တာပါဗျာ
ကြုံကြိုက်ရင်ဖတ်ကြည့်စေချင်မိတဲ့ဆန္ဒလေးပါ

စာအုပ်တန်ဖိုး - 7000 ကျပ်


(လေးစားစွာcrdပေးပါတယ်ရှင့်)🙏

#လက်ညှိုးထိုး၍ပန်းဝေသည်
#သိုးဆောင်း

"Flowers Are Love's Truest Language" ဆိုတဲ့အတိုင်းပဲပန်းလေးတစ်ပွင့်ဆီတိုင်းမှာချစ်ခြင်းကိုဖော်ဆောင်နိုင်ကြပါတယ်။ ပန်းပေး...
29/08/2023

"Flowers Are Love's Truest Language" ဆိုတဲ့အတိုင်းပဲပန်းလေးတစ်ပွင့်ဆီတိုင်းမှာချစ်ခြင်းကိုဖော်ဆောင်နိုင်ကြပါတယ်။ ပန်းပေးဖို့အလှမ်းဝေးနေတဲ့အခါမျိုးဆိုရင် မင်ကပန်းလေးတွေနဲ့ဖွဲ့သီရေးထားတဲ့စာအုပ်လေးတွေကိုအရောက်ပို့ပေးမှာဖြစ်လို့ လက်ဆောင်ပေးချင်တာဖြစ်စေကိုယ်တိုင်ဖတ်ချင်တာဖြစ်စေ ငယ်လေးတို့အဆင်ပြေအောင်စီစဉ်ပေးထားပါတယ် လက်ဆောင်ပေးချင်တဲ့ငယ်လေးတွေကိုလဲအသေးစိတ်ကအစငယ်တို့လိုချင်တဲ့အရာကိုသေချာလေးစီစဉ်ပေးမှာဖြစ်လို့မင့်ဆီသာလာလိုက်ပါ။

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ - ၄၀၀၀ ကျပ်

I Flower You - ၅၀၀၀ ကျပ်

အဝါရောင်နေကြာပန်းတွေပွင့်တဲ့ဂါဝန် - ၅၀၀၀ ကျပ်

စွဲလမ်းတတ်တဲ့နေကြာ - ၂၈၀၀ ကျပ်

ပန်းပွင့်ပုံပြင် - ၇၀၀၀ ကျပ်

အဝါရောင်ပန်းပွင့်များ - ၅၀၀၀ ကျပ်

ပန်းဆိုင် - ၆၀၀၀ ကျပ်

Tell me more - ၆၈၀၀ ကျပ်

နေကြာရိုင်း - ၂၅၀၀ ကျပ်





နေကြာပန်းကြိုက်တဲ့သူလေးတို့အတွက်နေကြာပန်းစာအုပ်Setလေးယူလာပါပြီနေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ - ၄၀၀၀ ကျပ်အဝါရောင်နေကြာပန်...
29/08/2023

နေကြာပန်းကြိုက်တဲ့သူလေးတို့အတွက်နေကြာပန်းစာအုပ်Setလေးယူလာပါပြီ

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ - ၄၀၀၀ ကျပ်
အဝါရောင်နေကြာပန်းတွေပွင့်တဲ့ဂါဝန် - ၅၀၀၀ ကျပ်
နေကြာရိုင်း - ၂၅၀၀ ကျပ်
ချစ်သောနေကြာ - ၃၀၀၀ ကျပ်
စွဲလမ်းတတ်တဲ့နေကြာ - ၂၈၀၀ ကျပ်

Setလိုက်ယူရင် ၁၆၅၀၀ ကျပ်နဲ့ရရှိမှာပါ

တစ်အုပ်ချင်းဝယ်ယူချင်လဲရပါတယ်ရှင့်



🌼 ကလောင်သစ်တို့ရဲ့စာပေ ရသ သင်းရနံ့ ...  #လောကကြီးကိုပေးချင်သည်နှင့် အခြား၀တ္ထုတိုများ• မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြ...
28/08/2023

🌼 ကလောင်သစ်တို့ရဲ့
စာပေ ရသ သင်းရနံ့ ...

#လောကကြီးကိုပေးချင်သည်
နှင့် အခြား၀တ္ထုတိုများ

• မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ကြီးမှူးထုတ်ဝေသော စာအုပ်ဖြစ်ပြီး... ကလောင်သစ်များ ပေါ်ထွန်းစေရေးနှင့် ပေါ်ထွန်းလာသော ကလောင်သစ်များကို စာပေထုတ်ဝေရေး အသိုင်းအဝိုင်းက သတိပြုမိစေရေးအတွက် ရည်ရွယ်ပြီး ရသစာပေနှင့် ပတ်သက်သည့် စာပေလှုပ်ရှားမှု အစီအစဉ်တစ်ခု ဖြစ်ပါတယ်...

• စာရေးသူကလောင်ရှင်များအတွက် စာပေပလက်ဖောင်းအဖြစ် ရည်ရွယ်၍ ရသစာ‌ပေအခင်းအကျင်းတစ်ခု ဖော်ဆောင်ထားတဲ့ ဒီစာအုပ်မှာဆိုရင် ‘ဆန်းငယ်သွေး (ပုတီးကုန်း)၊ မေကျော် (ပြန်/ဆက်)၊ သက်ဝေမှူး၊ ရှိန်းလရောင်၊ လင်းလုလင်၊ ခေတ်လင်းရာ၊ ကိုမျိုး၊ ပိုင်ပိုင်၊ အိုးဝေ၊ မင်းခသင်း၊ ကြည်ကြည်မြတ်ကို (ပခုက္ကူ)၊ အိမ့်ဟေမာန်’တို့ ဆရာ ဆရာမ ၁၂ ဦး၏ စာမူ တစ်ပုဒ်စီ ဖော်ပြထားပါသည်။

• ပေးပို့စာမူတွေထဲက အကောင်းဆုံး လက်ရွေးစင် ၀တ္ထု(၁၂) ပုဒ်ကို ရွေးချယ် ထုတ်ဝေထားပါတယ်။

🍀 လောကကြီးကို ပေးချင်သည်
စာအုပ်တန်ဖိုး - 5000 ကျပ်

်းဆက်လမ်း

ခွင့်လွှတ်ပါ စွန့်လွှတ်ပါခွင့်လွှတ်ခြင်းနှင့် စွန့်လွှတ်ခြင်းဟာ အမြဲတမ်း လမ်းဆုံကျပါတယ်ခွင့်လွှတ်ခြင်းဟာ တတ်နိုင်သောအရာတ...
28/08/2023

ခွင့်လွှတ်ပါ စွန့်လွှတ်ပါ
ခွင့်လွှတ်ခြင်းနှင့် စွန့်လွှတ်ခြင်းဟာ အမြဲတမ်း လမ်းဆုံကျပါတယ်

ခွင့်လွှတ်ခြင်းဟာ တတ်နိုင်သောအရာတစ်ခုဖြစ်ပြီး
မတတ်နိုင်သောကိစ္စတစ်ခုကို ခံစားရတဲ့အခါတော့ စွန့်လွှတ်လိုက်ပါ။

သိပ်ကိုနာကျင်ပြီးမွန်းကျပ်လွန်းပြီး ချီတုံချတုန်ဖြစ်လွန်းကာ ဘာလုပ်ရမယ်မှန်းမသိတဲ့အခိုက်အတန့်တွေ လူတိုင်းမှာ ရှိခဲ့ဖူးကြမှာပါ။ချစ်ရတဲ့လူတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊တစ်ဖက်လူကမိမိအပေါ်အမှားကျူးလွန်လို့ပဲ ဖြစ်ဖြစ်ပေါ့။

ခံပြင်းတာက တစ်ဖက်၊ လုပ်ရက်လိုက်တာလို့တွေးမိတာက တစ်ဖက်နဲ့ ထိုအခြေအနေတွေဟာ အတော်ကို ဘေးကျပ်နံကျပ် ခံစားရမှာအမှန်ပါပဲ ။

ထိုအခါမျိုးမှာ ခွင့်လွှတ်နိုင်တဲ့အခါ ခွင့်လွှတ်လိုက်ပါ ။ ခွင့်မလွှတ်နိုင်တဲ့အခါ စွန့်လွှတ်ပါ ။မစွန့်လွှတ်နိုင်ဘူးဆိုရင် သေချာပေါက် ခွင့်လွှတ်ရတော့မယ်ဆိုတာကို သိထားပါ။ အဲ့လိုမဟုတ်ဘဲ ခွင့်မလွှတ်နိုင်ပေမယ့် မစွန့်လွှတ်နိုင်လို့ အတူတူဆက်ပြီးရှိနေကြမယ်ဆိုရင် နှစ်ဖက် အသွားပါတဲ့ ဓါးတစ်ချောင်းလို သူရော ကိုယ်ပါ ထိခိုက်နာကျင်စရာတွေပဲ ကြုံလာနိုင်ပါတယ်။

ခွင့်လွှတ်တဲ့အခါ နားလည်ပြီးပေးပြီး ခွင့်လွှတ်ရတာမျိုးပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး ငါခွင့်လွှတ်ပြီးပြီမို့ ထပ်ပြီးမပြောပါနဲ့တော့ ၊ပထမတစ်ခါမို့ ခွင့်လွှတ်လိုက်နိုင်တာမျိုးလည်းရှိနိုင်ပါတယ် သို့ပေမယ့် သူ့အမှားကိုခွင့်လွှတ်နေရကြောင်းထပ်ခါထပ်ခါ ပြောနေခြင်းကတော့ ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေမှာပါ။

“ခွင့်လွှတ်တဲ့အခါလည်းနားလည်ပေးနိုင်လို့ဖြစ်ပြီး
စွန့်လွှတ်လိုက်တယ်ဆိုရင်လည်း ခွင့်မလွှတ်နိုင်လို့၊ဒါမှမဟုတ် လုံလောက်စွာ ခွင့်လွှတ်ပြီးလို့ ပါ “

စာအုပ်တန်ဖိုး - 5000 ကျပ်

#ဒီနေ့အတွက်ရှင်သန်ခြင်း


💛ဖားကန့် ရေမဆေးကျောက်ရှာသမား မိသားစုနောက်ခံ  ဘ၀သရုပ်ဖော်၀တ္ထု"လူတချို့  ရှင်သန်ရာမှာ  ချစ်ခြင်းမေတ္တာအခြေခံပြီး မျှော်လင...
28/08/2023

💛ဖားကန့် ရေမဆေးကျောက်ရှာသမား
မိသားစုနောက်ခံ ဘ၀သရုပ်ဖော်၀တ္ထု

"လူတချို့ ရှင်သန်ရာမှာ ချစ်ခြင်းမေတ္တာအခြေခံပြီး
မျှော်လင့်ဦးစားပေးရတဲ့ ဘ၀မျိုးတွေ ရှိကြပါတယ်။
တစုံတယောက်အတွက် နံပါတ်တစ်ဦးစားပေးဟာ
တခြား တစ်စုံတယောက်အတွက် ဒုတိယလည်း
ဖြစ်နေတတ်ပါတယ်။
ရှင်သန်ဖို့ရာအတွက် မျှော်လင့်ခြင်း " နှင်း"တွေဟာ......

• အမေဆိုတာ အပြစ်မြင်စရာ တစ်ကွက်မှ မရှိဘဲ အမြဲချစ်မြတ်နိုးခံထိုက်တဲ့ လူသားတစ်ယောက်လို့ ခံယူထားသူ တစ်ယောက်အတွက် ဒီဝတ္ထုထဲက "ဒေါ်နှင်းရီ"ဟာ စံဇာတ်ကောင်တစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။

• သမီးကို ချစ်တာ တစ်ခုတည်းအတွက်နဲ့ ကျန်တဲ့ အရာအားလုံးကို မျက်ကွယ်ပြုရဲသူ ဒေါ်နှင်းရီ။ မိခင်မေတ္တာ ခေါင်းစဥ်အောက်က သူ့ရဲ့ အတ္တတွေက ဖြူစင်လွန်းတဲ့ မိခင်မေတ္တာကို အရောင်းတွေအမျိုးမျိုး ဆိုးလိုက်တာဟာ ထူးဆန်းလွန်းတဲ့ ယနေ့ခေတ်ရဲ့ ပုံသဏ္ဌာန်တခုကိုများ ဖော်ညွှန်းကိုယ်စားပြုနေခဲ့သလား။

• ဖားကန့်မြို့ မှော်ဒေသ ရေမဆေးသမားမိသားစုတစ်စုကနေ အခြေတည်ပေါက်ဖွားလာတဲ့ "တတိယနှင်း"။ အဖေကိုမင်းလွင်၊ အမေဒေါ်နှင်းရီ၊ ညီမလေး ငွေနှင်းသန့်၊ ကိုကြီးဆောင်းဝေ။ မုသားချိုချိုတွေနဲ့ ဆူးတွေ ပေါက်နေတဲ့ ဒေါ်နှင်းရီရဲ့ လက်ထဲ သူတို့တစ်မိသားစုလုံးရဲ့ ဘဝကံကြမ္မာ။ ဘယ်လို လူမျိုးမဆို ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် ရှင်သန်ခွင့် ရှိတယ် မဟုတ်လား။ တတိယအကြိမ် ဆိုတာ သင်ခန်းစာတွေနဲ့ မျှော်လင့်ချက်ကိုလည်း ပေးတတ်ပြန်သတဲ့။

• လောကမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တိုင်းရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်သမျှ သိသွားဖို့ လိုအပ်သလား၊ ဒါမှမဟုတ် ဘာမှ သိမသွားရတာကပဲ ကောင်းသလား။ မိခင်မေတ္တာဟာ သားသမီးတွေရဲ့ ဘဝအတွက် မျှော်လင့်ခြင်းနှင်းစက်ကလေးထက် ပိန်းပိတ်သွားတဲ့ မြူနှင်းတစ်စက် ဖြစ်နေခဲ့ရင်ရော.....။

◽ တတိယနှင်း (မိုးဦးနေ)
စာအုပ်တန်ဖိုး - 9000 ကျပ်

်းဆက်လမ်း

 #ပြောဖြစ်ခဲ့သောစကားများ_၁• အခုအချိန်မှာ ငယ်ငယ်က အကြောင်းလေးတွေကို ပြန်ပြီး သတိရနေမိပါတယ်။• အဘိုးနဲ့အဘွားတို့ကပဲဖြစ်ဖြစ်...
27/08/2023

#ပြောဖြစ်ခဲ့သောစကားများ_၁

• အခုအချိန်မှာ ငယ်ငယ်က အကြောင်းလေးတွေကို ပြန်ပြီး သတိရနေမိပါတယ်။

• အဘိုးနဲ့အဘွားတို့ကပဲဖြစ်ဖြစ်၊
အဖေနဲ့အမေတို့ကပဲဖြစ်ဖြစ်၊
ဦးကြီးနဲ့ဦးလေးတို့ကပဲဖြစ်ဖြစ်၊
အရီးကြီးနဲ့အရီးလေးတို့ကပဲဖြစ်ဖြစ် မှတ်စရာ၊ သားစရာ စကားလေးတွေ ပြောပြကြတဲ့အခါ ကျွန်တော် သိပ်ပျော်ခဲ့ရပါတယ်။

• အမှန်တော့ ကလေးဆိုတာ လူကြီးတွေဆီကနေ ပုံတိုပတ်စလေးတွေ ကြားရတဲ့အခါ ကျေနပ်တတ်ကြတာ သဘာဝပါပဲ။ ရယ်စရာတွေလည်း ပါမယ်၊ ကြောက်စရာတွေလည်း ပါမယ်၊ အတုယူစရာတွေလည်း ပါမယ်၊ ရှောင်ကြဉ်စရာတွေလည်း ပါမယ်။ ဘာပဲပါပါ၊ ကလေးတွေရဲ့ သဘာဝအတိုင်း သဘောကျပြီး နှစ်ခြိုက်တတ်ကြတာ မထူးဆန်းပါဘူး။

• ပြောတဲ့သူဆီကနေ တစ်ခုခု ရလိုက်တာကိုပဲ ကျေနပ်နေကြရတာဖြစ်လို့ အဲဒီလို စကားဝိုင်းလေးတွေကို တွေ့လေတိုင်း ကျွန်တော် နားစွင့်တတ်လေ့ရှိပါတယ်။ ပြောသူက တစ်ယောက်တည်း၊ နားထောင်ကြတဲ့သူတွေက လေး၊ ငါးယောက်ဆိုတော့ လူအုပ်ကလည်း မနည်းလှပါဘူး။ တစ်ခါတလေ ပြောတဲ့သူက လူကြီးမဟုတ်ဘဲ ကလေးတွေအချင်းချင်း ကြားဖူးနားဝတွေကို ဖလှယ်ကြတာမျိုးလည်း ရှိကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်စရာ၊ သားစရာလေး တစ်ခုခုတော့ ကျန်ခဲ့တာပါပဲ။

• ကျွန်တော်ကိုယ်တိုင် နားထောင်သူအဖြစ်နဲ့ အကြိမ်များစွာ ဖြတ်သန်းခဲ့ပြီးပြီ။ ပြောသူအဖြစ်နဲ့လည်း အကြိမ်များစွာ ဖြတ်သန်းခဲ့ပြီးပြီ။ အခုလည်း ပြောသူအဖြစ်နဲ့ နောက်တစ်ကြိမ် ဖြတ်သန်းခွင့် ရခဲ့ပြန်ပါပြီ။

• အုပ်စုဖွဲ့ပြီး ပြောကြဖို့၊ ဝိုင်းဖွဲ့ပြီး နားထောင်ကြဖို့ ကျွန်တော်တို့မှာ ငယ်ငယ်ကလို အချိန် မလောက်ကြတော့ပါဘူး။ ဒီတော့လည်း အခုလိုပဲ စာလေးရေးပြီး ကိုယ်ပြောချင်တာလေးတွေကို အေးအေးလူလူ ပြောဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

• ဒီစာအုပ်လေးထဲမှာပါတဲ့ စာတမ်းငယ် ၁၂ ပုဒ်က ကျွန်တော် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။ နားထောင်သူတွေအားလုံး၊ တစ်နည်းအားဖြင့် စာဖတ်သူတွေအားလုံး တစ်စုံတစ်ခုသော အကျိုးပီတိကို ခံစားရလိမ့်မယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။

စာအုပ်တန်ဖိုး - 3500 ကျပ်

်းဆက်လမ်း
#ပြောဖြစ်ခဲ့သောစကားများ_၁

Address

North Okkalapa
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Peace of Mind Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category