Twin Gallery- Arts & Collectible

Twin Gallery- Arts & Collectible Online Arts & Collectible Gallery from Yangon, Myanmar.

Artist ~ Mg Saung ( 1898-1952) Medium ~ watercolor on paperSize ~ 11.5"x10"Price ~ 7,000,000Ks 🟢 Available for collectio...
19/09/2026

Artist ~ Mg Saung ( 1898-1952)

Medium ~ watercolor on paper

Size ~ 11.5"x10"

Price ~ 7,000,000Ks

🟢 Available for collection 🖼️

Artist ~ Yadanarbon Mg Su (1903-1965)Medium  ~ Watercolor On PaperSize ~ 10"x6"Provenance: Bonhams Auction(2026)🔴Sold 🖼️
19/09/2026

Artist ~ Yadanarbon Mg Su (1903-1965)

Medium ~ Watercolor On Paper

Size ~ 10"x6"

Provenance: Bonhams Auction(2026)

🔴Sold 🖼️

Artist ~ M.T. Hla (1874-1946)Medium ~ WatercolorSize ~ 10" x 14"  Price ~ 8,000,000Ks 🟢Available for collection  🖼️
14/09/2026

Artist ~ M.T. Hla (1874-1946)

Medium ~ Watercolor

Size ~ 10" x 14"

Price ~ 8,000,000Ks

🟢Available for collection 🖼️

THE LAND OF THE WHITE ELEPHANT — Sights and Scenes in South-Eastern Asia (1873) အမေရိကန်ခရီးသွားစာရေးဆရာ Frank Vincent, ...
08/09/2026

THE LAND OF THE WHITE ELEPHANT — Sights and Scenes in South-Eastern Asia (1873)

အမေရိကန်ခရီးသွားစာရေးဆရာ Frank Vincent, Jun. ၏ အရှေ့တောင်အာရှခရီးသွားမှတ်တမ်းစာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး၊ ထိုခေတ်က Burma၊ Siam၊ Cambodia နှင့် Cochin-China တို့၏ လူမှုဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ မြို့ပြအခြေအနေများနှင့် သဘာဝရှုခင်းများကို ကိုယ်တိုင်သွားရောက်လေ့လာမှတ်တမ်းတင်ထားသည့် စိတ်ဝင်စားဖွယ်စာအုပ်ဖြစ်ပါသည်။ စာအုပ်၏ Burma အပိုင်းတွင် Rangoon မှ စတင်ကာ Mandalay သို့ ခရီးဆက်ခြင်း၊ မြန်မာ့ဓလေ့ထုံးတမ်းများ၊ လူမှုဘဝ၊ ဘုရင်မင်းမြတ်နှင့် တွေ့ဆုံမှုများ၊ မင်းတုန်းမင်း၏ နန်းတော်နှင့် နန်းတွင်းအခမ်းအနားများ၊ ဆင်ဖြူတော်နှင့် ပတ်သက်သော အကြောင်းအရာများ ကို အသေးစိတ်ဖော်ပြထားပြီး၊ ထို့နောက် Siam ၏ Bangkok၊ Ayutthaya နှင့် ဘုရင်နန်းတော်များ၊ Cambodia ၏ Angkor Wat အပျက်အစီးများနှင့် ရှေးဟောင်းဗိသုကာလက်ရာများ၊ Cochin-China ၏ Saigon နှင့် Mekong မြစ်ဝှမ်းဒေသများအထိ ခရီးသွားမှတ်တမ်းများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

မြေပုံများ၊ ခရီးစဉ်အစီအစဉ်များနှင့် ရှေးခေတ်ပုံနှိပ်ပန်းချီ ၃၃ ပုံ ပါဝင်သောကြောင့် စာဖတ်ရုံသာမက ၁၉ ရာစုအရှေ့တောင်အာရှ၏ မြို့များ၊ လူနေမှုဘဝများနှင့် ရှုခင်းများကို မျက်မြင်သဘောမျိုး ခံစားနိုင်စေပါသည်။ အထူးသဖြင့် စာအုပ်၏ မျက်နှာဖုံး၊ အတွင်းပိုင်းအလှဆင်ဒီဇိုင်းနှင့် စာမျက်နှာအပြင်အဆင်များက ၁၉ ရာစု Sampson Low ထုတ်ဝေစာအုပ်များ၏ ရှေးဟောင်းစာအုပ်အလှကို ထင်ရှားစွာပြသနေပြီး၊ Burma သမိုင်း၊ ရှေးဟောင်းခရီးသွားမှတ်တမ်းများနှင့် အရှေ့တောင်အာရှဆိုင်ရာ ရှားပါးစာအုပ်များ စုဆောင်းသူများအတွက် တန်ဖိုးရှိသည့် ရှားပါးမူရင်းထုတ်ဝေစာအုပ်တစ်အုပ် ဖြစ်ပါသည်။

Price ~ 2,000,000Ks

🟢Available for collection 📖

GRANDFATHER LONGLEGS — The Life and Gallant Death of Major H. P. Seagrim, G.C., D.S.O., M.B.E. 📚 Ian Morrison ရေးသားပြီး...
04/09/2026

GRANDFATHER LONGLEGS — The Life and Gallant Death of Major H. P. Seagrim, G.C., D.S.O., M.B.E. 📚

Ian Morrison ရေးသားပြီး Faber and Faber Ltd, London မှ ၁၉၄၇ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သော Burma သမိုင်းနှင့် စစ်ရေးမှတ်တမ်းဆိုင်ရာ ရှားပါးစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကာလ Burma ၏ တောင်တန်းဒေသများ၊ Karen လူမျိုးတို့၏ နေထိုင်မှုနှင့် ယဉ်ကျေးမှု၊ ဂျပန်တပ်များကို ခုခံတိုက်ခိုက်ခဲ့သည့် လှုပ်ရှားမှုများအပြင် Burma Rifles နှင့် Major H. P. Seagrim ၏ စစ်မှုထမ်းဘဝ၊ Karen လူမျိုးများအပေါ် ထားရှိခဲ့သော ယုံကြည်မှုနှင့် သစ္စာစောင့်သိမှုတို့ကို အခြေခံ၍ ရေးသားထားပါသည်။

စာအုပ်တွင် Karen ဒေသများ၏ မြေပုံများ၊ Major Seagrim ၏ ဓာတ်ပုံ၊ Karen ရွာများ၊ တောင်တန်းဒေသများ၊ စစ်ရေးဖြစ်ရပ်များနှင့် လူမှုဘဝဆိုင်ရာ ဓာတ်ပုံများ ပါဝင်ပြီး၊ နောက်ဆက်တွဲများတွင် Story of the Delta Karens၊ Adventures of Corporal Ras Pagani၊ Note on the Burma Rifles၊ The Karen Prophecy၊ Citation of Seagrim’s Awards နှင့် Karen လူမျိုးတို့၏ နိုင်ငံရေးအနာဂတ်အကြောင်းများကိုပါ ဖတ်ရှုနိုင်ပါသည်။ Burma ၏ စစ်သမိုင်း၊ Karen လူမျိုးသမိုင်းနှင့် ကိုလိုနီခေတ်မှတ်တမ်းများကို စိတ်ဝင်စားသူများအတွက် တန်ဖိုးရှိသော ရှားပါးသမိုင်းစာအုပ်စုဆောင်းစရာ တစ်အုပ်ဖြစ်ပြီး၊ ယခုစာအုပ်မှာ မူရင်း အစိမ်းရောင်အဖုံး၊ ဓာတ်ပုံနှင့် မြေပုံများပါဝင်သည့် ၁၉၄၇ ခုနှစ်ထုတ် မူရင်းစာအုပ် ဖြစ်ပါသည်။ 🌿📖

Price ~ 280,000Ks

🟢Available for collection 📖

📚 BURMESE INTERLUDE — C. V. WARREN 1937မြန်မာနိုင်ငံ၏ သမိုင်း၊ လူမှုဘဝနှင့် တောတောင်ဒေသများကို စိတ်ဝင်စားသူများအတွက် ရှာ...
03/09/2026

📚 BURMESE INTERLUDE — C. V. WARREN 1937

မြန်မာနိုင်ငံ၏ သမိုင်း၊ လူမှုဘဝနှင့် တောတောင်ဒေသများကို စိတ်ဝင်စားသူများအတွက် ရှာဖွေစုဆောင်းသင့်သည့် စာအုပ်ကောင်းတစ်အုပ်ပါ။ C. V. Warren ၏ Burmese Interlude သည် မြန်မာနိုင်ငံ၏ တောတွင်းဘဝကို ငါးနှစ်ကြာ ဖြတ်သန်းခဲ့သူတစ်ဦး၏ ကိုယ်တွေ့အတွေ့အကြုံများကို အခြေခံရေးသားထားသည့် ခရီးသွားမှတ်တမ်းနှင့် ကိုယ်ရေးအတ္ထုပ္ပတ္တိဆန်သော စာအုပ်ဖြစ်သည်။ စာရေးသူ၏ အမှာစာတွင် ရေကြောင်းသင်္ဘောများ၊ ဧရာဝတီမြစ်ပေါ်ရှိ လှေများ၊ တဲများ၊ တောရွာများနှင့် တောင်တန်းများကြားရှိ အနားယူစခန်းများအထိ လှည့်လည်နေထိုင်ရင်း စာမူကို ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ထိုခေတ်က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများထံမှ ကြားသိခဲ့ရသော အဖြစ်အပျက်များ၊ လူနေမှုဘဝများနှင့် အတိတ်ခေတ်၏ အမှတ်တရများကိုလည်း စုစည်းတင်ပြထားသောကြောင့် သမိုင်းစာအုပ်တစ်အုပ်သာမက ခေတ်ဟောင်းမြန်မာ့ဘဝကို အနီးကပ်မြင်တွေ့နိုင်သည့် မှတ်တမ်းတစ်အုပ်လည်း ဖြစ်ပါသည်။

စာအုပ်အတွင်း မြန်မာနိုင်ငံမြေပုံနှင့် သရုပ်ဖော်ပုံ ၁၈ ပုံ ပါဝင်ပြီး၊ မန္တလေးရှိ ဘုရားဝင်ပေါက်နှင့် ဆင်ရုပ်၊ ဧရာဝတီမြစ်ပေါ်ရှိ လှေများနှင့် ဝါးဖောင်များ၊ ရန်ကုန်သစ်စက်ဝင်း၊ သစ်ဆွဲဆင်များ၊ မြန်မာအမျိုးသမီးများ၏ နေ့စဉ်ဘဝ၊ ကချင်နှင့် ရှမ်းပြည်နယ်ဒေသများ၊ မန္တလေးရှိ ရွှေကျောင်းတော်တို့အပါအဝင် ထိုခေတ်မြန်မာနိုင်ငံ၏ လူမှုဘဝနှင့် မြင်ကွင်းများကို စိတ်ဝင်စားဖွယ် ဖော်ပြထားပါသည်။ အထူးသဖြင့် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီမြစ်ဝှမ်းနှင့် မြန်မာနိုင်ငံ၏ တောတောင်ဒေသများကို စိတ်ဝင်စားသူများအတွက် တန်ဖိုးရှိသည့် စာအုပ်တစ်အုပ်ဖြစ်ပြီး၊ Burma အကြောင်း ရှေးဟောင်းစာအုပ်များ စုဆောင်းသူများအတွက်လည်း မိမိ၏ စုဆောင်းမှုထဲတွင် ထည့်သွင်းထားသင့်သည့် လက်ရာကောင်းတစ်အုပ် ဖြစ်ပါသည်။

Price ~ 250,000Ks

🟢Available for collection 📖

📚 THEY REIGNED IN MANDALAY — E. C. V. Foucar (1946)၁၉၄၆ ခုနှစ်တွင် Dennis Dobson Limited, London မှ ပထမအကြိမ်ထုတ်ဝေခဲ့သေ...
03/09/2026

📚 THEY REIGNED IN MANDALAY — E. C. V. Foucar (1946)

၁၉၄၆ ခုနှစ်တွင် Dennis Dobson Limited, London မှ ပထမအကြိမ်ထုတ်ဝေခဲ့သော They Reigned in Mandalay သည် မင်းတုန်းမင်း၊ သီပေါမင်းနှင့် စုဖုရားလတ်တို့၏ နန်းတွင်းဘဝ၊ မန္တလေးနန်းတော်၏ သမိုင်းကြောင်းနှင့် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးကာလများကို စိတ်ဝင်စားဖွယ် ရေးသားထားသည့် သမိုင်းစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ “King Mindon”၊ “Thibaw and Supayalat” နှင့် “The British” ဟူ၍ အပိုင်းသုံးပိုင်းခွဲထားပြီး မန္တလေးမတည်မီကာလမှစ၍ ဗြိတိသျှတို့၏ နောက်ဆုံးကျူးကျော်သိမ်းပိုက်မှုအထိ ဖတ်ရှုနိုင်ပါတယ်။ John Heartfield ရေးဆွဲပေးထားသော မင်းတုန်းမင်း၊ သီပေါမင်းနှင့် စုဖုရားလတ်၊ ဆင်ဖြူတော်၊ နန်းတော်နှင့် သမိုင်းဝင်ဖြစ်ရပ်များ၏ သရုပ်ဖော်ပုံများလည်း ပါဝင်ပါတယ်။ မူရင်း ၁၉၄၆ ထုတ်ဝေစာအုပ်ဖြစ်ပြီး မူရင်းအဝါရောင် Dust Jacket ပါရှိပါတယ်။ Burma သမိုင်းနှင့် မန္တလေးနန်းတွင်းသမိုင်းကို စိတ်ဝင်စားသူများအတွက် စုဆောင်းထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။ 📚

Price ~ 240,000Ks

🔴 Sold 📖

Too good to be this affordable! 📚🔴Sold 📖
02/09/2026

Too good to be this affordable! 📚

🔴Sold 📖

📖🇲🇲
01/09/2026

📖🇲🇲

SUNBEAMS LIKE SWORDS — W. F. Jeffrey 📖ဒုတိယကမ္ဘာစစ်အတွင်း 1944 ခုနှစ် Burma စစ်မြေပြင်၊ ဂျပန်တပ်များ၏ နောက်ကွယ်ရှိ တောတွ...
01/09/2026

SUNBEAMS LIKE SWORDS — W. F. Jeffrey 📖

ဒုတိယကမ္ဘာစစ်အတွင်း 1944 ခုနှစ် Burma စစ်မြေပြင်၊ ဂျပန်တပ်များ၏ နောက်ကွယ်ရှိ တောတွင်းစစ်ဆင်ရေးများကို နောက်ခံထားပြီး ရေးသားထားသည့် စစ်ရေးမှတ်တမ်း/အတွေ့အကြုံစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ စာရေးသူက Mogaung တိုက်ပွဲနှင့် Mogaung အနီးရှိ ခက်ခဲကြမ်းတမ်းသော တောတွင်းစစ်မြေပြင်များမှ အတွေ့အကြုံများကို ပြန်လည်ရေးသားထားပြီး မိုးသည်းထန်ခြင်း၊ အပူဒဏ်၊ ငှက်ဖျားနှင့် အခြားရောဂါများ၊ အစာရေစာရှားပါးမှု၊ ခြင်နှင့် အန္တရာယ်များကြားတွင် ဂျပန်တပ်များ၏ mortar ပစ်ခတ်မှုကို ခံရင်း ရှေ့တိုးတိုက်ခိုက်ခဲ့ကြရပုံများကို အသက်ဝင်စွာ ဖော်ပြထားပါသည်။

စာအုပ်ထဲတွင် Mogaung, Myitkyina, Kamaing, Hopin, White City, Mawlu, Broadway စသည့် နေရာများပါဝင်သည့် မြေပုံကိုလည်း တွေ့ရပြီး စစ်ကြောင်းများ၏ လမ်းကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးအခြေအနေကို လေ့လာနိုင်ပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ စာအုပ်၏အဓိကအာရုံမှာ စစ်လက်နက်များထက် စစ်မြေပြင်တွင် လူသားတို့၏ သတ္တိ၊ စိတ်ဓာတ်နှင့် ခံနိုင်ရည် ဖြစ်ပြီး၊ စာရေးသူက စစ်ပွဲကို “စိတ်၏စမ်းသပ်မှု” တစ်ခုအဖြစ် မြင်ထားသည်။ များစွာသော အခက်အခဲများကို ဖြတ်သန်းပြီးနောက် တိုက်ပွဲတွင် ကျဆုံးသွားသူများသာမက စစ်ပြီးဆုံး၍ ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိသွားကြသူများ၏ လူသားဆန်မှုကိုပါ အလေးပေးဖော်ပြထားသောကြောင့် WWII in Burma သမိုင်း၊ Burma Campaign၊ စစ်ရေးသမိုင်းနှင့် ရှားပါးစာအုပ်စုဆောင်းသူများအတွက် အထူးစိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။

Price ~ 160,000Ks

🟢Available for collection 📖

Address

Mingalardon
Yangon
110202

Telephone

+959977246924

Website

Alerts

Be the first to know and let us send you an email when Twin Gallery- Arts & Collectible posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share