Rin's Closet

Rin's Closet Authentic Products only
Direct from Japan

Zara  blouses 🦋 🦋Preorder (half prepaid)Price - 80,000 ကျပ်direct from Japan 🇯🇵
19/09/2020

Zara blouses 🦋 🦋

Preorder (half prepaid)

Price - 80,000 ကျပ်

direct from Japan 🇯🇵

Zara Crop Top 💖💖Size  S,M,LPrice  53000 ကျပ်Preorder
19/09/2020

Zara Crop Top 💖💖

Size S,M,L

Price 53000 ကျပ်

Preorder

Collagen (ကော်လဂျင်) ဆိုတာဘာလဲဘယ်လိုအခြေအနေမှာ သောက်သင့်လဲဘယ်လိုမျိုး ကောင်းကျိုး ဆိုးကျိုးတွေရှိလဲဆိုတာတွေကို Rinသိသလော...
14/09/2020

Collagen (ကော်လဂျင်) ဆိုတာဘာလဲ
ဘယ်လိုအခြေအနေမှာ သောက်သင့်လဲ
ဘယ်လိုမျိုး ကောင်းကျိုး ဆိုးကျိုးတွေရှိလဲဆိုတာတွေကို Rinသိသလောက်လေး Sharing လုပ်ပေးပါရစေနော် 💌

🍀Collagen ဆိုတာဘာလဲ🍀
Collagen ဆိုတာ လူ့ခန္ဓာကိုယ်ထဲမှာ အများဆုံးတွေ့ရတဲ့ ပရိုတင်းအမျိုးအစား တစ်ခုပါပဲ။ ပရိုတင်းစုစုပေါင်းရဲ့ သုံးပုံတစ်ပုံက Collagen အမျိုးအစားတွေ ပါ။ အခုနောက်ပိုင်း Collagen supplement ကို လူတွေအသုံးများလာကြတာ တွေ့ကြမှာပါ။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတော်တော်များများမှာ Collagenပါဝင်ပါတယ်။ အထူးသဖြင့် အရေပြား၊ အရိုးနု၊ အရွတ် နဲ့ ကြွက်သားတွေပေါ့။ Collagen အမျိုးအစားပေါင်း ၁၆မျိုးတောင်ရှိပါတယ်။

👉🏻Collagen ၉၀% က Type I တွေ ဖြစ်ပြီးတော့ ကျစ်လစ်တဲ့ အမျှင်တွေ ပုံစံ အဖြစ်ရှိပါတယ်။ သူတို့က အရေပြား၊ အရိုး၊ connective tissue နဲ့ သွားတွေ ကို ခိုင်ခံ့အောင် ထောက်ပံ့ပေးပါတယ်။

👉🏻Type II Collagen ကတော့ ပျော့ပြောင်းတဲ့ အမျှင်တွေအနေနဲ့ တွေ့ရပြီး အရွတ်တွေကြား မှာ တွေ့ရတတ်ပါတယ်။ ကူရှင်​အနေနဲ့ အရိုးအဆက်တွေကို ထောက်ပံ့ပေးပါတယ်။

👉🏻Type III Collagen ကတော့ ကြွက်သားတွေ၊ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြောတွေ နေစရာ နေရာကို ခိုင်ခံအောင်ထောက်ပံ့ပေးပါတယ်။

👉🏻Type IV Collagen ကတော့ အရေပြားအလွှာမှာ တွေ့ရပါတယ်။

🍀ဘာလို့ Collagen Supplement ကို သောက်ကြတာလဲ🍀
ခန္ဓာကိုယ်က အသက်ကြီးလာတာနဲ့အမျှ Collagen တွေကိုဆုံးရှုံးလာပြီးတော့ ငယ်ရွယ်စဥ်ကလောက် ကောင်းတဲ့ Collagen ကိုမထုတ်ပေးတော့ပါဘူး။ အသက် ၂၀ ကျော် ၂၅ ဝန်းကျင်ကစပြီး ထုတ်လုပ်မှု စတင် လျော့ကျလာပါတယ်။ ဒါကြောင့်အသက်ကြီးလာတဲ့အခါ အရေပြားတွန့် တာ ရှုံ့တာ၊ အရိုးအဆစ်တွေနာတာတွေ ဖြစ်လာတာပါ။ ဒါကြောင့် အခုနောက်ပိုင်း အရွယ်တင်အောင် Collagen ကို Supplement အနေနဲ့ သောက်သုံးကြတာဖြစ်ပါတယ်။

🍀Collagenဆုံးရှုံးမှုကို ကာကွယ်လို့မရဘူးလား🍀
ရပါတယ်✅✅✅

အရင်ဆုံး Collagen ဆုံးရှုံးမှုနည်းအောင် ဘယ်လိုကာကွယ်ရမလဲပြောပြပါ့မယ်နော်။

👉🏻ပထမတစ်ချက်က သကြားဓါတ်အများကြီး စားသုံးတာ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိုတ် အများကြီးစားသုံးတာ ရှောင်ရပါမယ်။ ဘာဂါလိုမျိုး fast foodတွေပေါ့။ သကြားဓါတ်က Collagen တွေ ထုတ်လုပ်ဖို့အနှောင့်အယှက်ပေးပါတယ်။ (အချိုရည်တွေအများကြီးမသောက်နဲ့နော်😉😉)

👉🏻ဒုတိယက နေရောင်ထဲ အကြာကြီးနေတာ။ ခရမ်းလွန်ရောင်ခြည်က Collagen ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

👉🏻နောက်ဆုံး အချက်က ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာက collagen ထုတ်လုပ်မှုကို သိသိသာသာ လျော့ကျစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ရင် ရုပ်ရင့်တာပေါ့။

🍀သဘာဝအတိုင်းကော Collagenကို ပြန်ဖြည့်လို့မရဘူး လား 🍀
Collagen ထုတ်လုပ်တာကောင်းစေတဲ့ အစားအစာတွေကို ဆက်ပြောပြပေးမယ်နော်။ အရင်ဆုံး ခန္ဓာကိုယ်က collagen ကို ဘယ်လို ထုတ်လုပ်သလဲ🤔။
အမိုင်နိုအက်စစ်(amino acids) နှစ်ခုဖြစ်တဲ့ ဂလိုက်စင် glycine နဲ့ပရိုလိုင်း proline ကို ပေါင်းပြီး collagen ကို ထုတ်လုပ်ပါတယ်။ vitamin C လည်း ပါပါတယ်။

ဒါကြောင့် Glycine၊ Proline နဲ့ Vitamin C ပါတဲ့
အစားအသောက်တွေစားပေးရပါမယ်။

Vitamin C ကို သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး၊ ငရုတ်ပွ နဲ့စတော်ဘယ်ရီ သီးတွေမှာ အများကြီးတွေ့ရပါတယ်🍋🍓
ဒါကြောင့်မို့ ဟင်းချက်ရင် ငရုတ်ပွများများသုံးနော်။

Proline တွေကတော့ ကြက်ဥ အကာ၊ ဂျုံ ၊ နို့ထွက်ပစ္စည်း၊ ဂေါ်ဖီထုပ်၊ ကညွတ် နဲ့ မှိုတွေမှာ များများပါပါတယ်🍳🥛🥖

Glycine ကိုတော့ ဝက်ခေါက်၊ ဝက်ခြေထောက်၊ ကြက်ခြေထောက်၊ ဝက်ရိုးကြက်ရိုးအမဲရိုး၊ ကြက်သားရေ၊ အသားတော်တော်များများနဲ့ ပဲ တွေမှာ အများဆုံးတွေ့ရပါတယ်🍖🥩🥜🌰

နေ့စဥ် ထမင်းစားတဲ့ အခါ Glycine၊ Proline၊ Vitamin C ဓါတ်တွေပါအောင် အချိုးကျ စားပြီး အရွယ်တင်ကြရအောင်နော်💖💖💖

ကိုယ့်ရဲ့ နေ့စဉ် အစားအစာကနေ Collagen လုံလုံလောက်လောက်ရမရ မသေချာတဲ့အခါ Collagen ကို Supplement အနေနဲ့သောက်ကြပါတယ်။အဲ့လိုသောက်သုံးတဲ့အတွက် ကောင်းကျိုး ဘေးထွက်ဆိုးကျိုးတွေဘာရှိမလဲ ပြောပြပါမယ်။

🍀အရင်ဆုံး ကောင်းကျိုးတွေကို ပြောပြပေးပါ့မယ်🍀
👉🏻အရေပြား ကျန်းမာရေးအတွက် ကောင်းပါတယ်။
Collagen က အရေပြားမှာ အဓိက ပါတဲ့ ဓါတ်ဖြစ်တာကြောင့်ခန္ဓာကိုယ်က collagen ထုတ်လုပ်မှုလျော့လာတဲ့ အခါအရေပြားလျော့တွဲပြီး အရေးအကြောင်းတွေထင်းလာပါတယ်။ collagen supplement သုံးစွဲခြင်းက အရေပြားတွန့်တာ တွဲတာ ခြောက်တာကို သက်သာပြီး အရွယ်တင်စေပါတယ်။

👉🏻အဆစ်တွေ နာတာကို သက်သာစေပါတယ်။
Collagen က အရွတ်တွေ ပံ့ပိုးပေးတာကြောင့် အရိုးအဆစ်တွေ နာကျင်ခြင်းကို သက်သာစေပါတယ်။ စစ်တမ်းတွေနဲ့ တွေ့ရှိချက်တွေအရ အရိုးအဆစ်တွေ နာကျင်တာကို သက်သာပျောက်ကင်းအောင်သောက်မယ်ဆိုရင် နေ့စဉ် collagen 8–12 grams ကို သောက်သုံးရမှာဖြစ်ပါတယ်။

👉🏻အရိုးပါးမှုကို ကာကွယ်ပေးပါတယ်။
လေ့လာတွေ့ရှိချက်အရ calcium supplement နဲ့ collagen ၅ဂရမ်ကိုတွဲသောက်တဲ့သူက calcium supplementတစ်ခုတည်းသောက်တဲ့သူထက် အရိုးကိုပါးစေတဲ့ဓါတ် ပိုလျော့ကျနေတာကို တွေ့ရပြီး အရိုးရှိ ဓါတ်ထုထည် bone mineral density (BMD) လည်း ခုနှစ်ရာခိုင်နှုန်း ပို များတယ်လို့ သိရပါတယ်။

👉🏻Collagen က ခန္ဓာကိုယ်ကြွက်သားတွေအတွက်လည်းကောင်းပါတယ်။
ခန္ဓာကိုယ်တွင်းရှိ ကြွက်သားတွေက collagen ၁ - ၁၀ % နဲ့ဖွဲ့စည်းထားတာကြောင့် အသက်အရွယ် အရ ကြွက်သားဆုံးရှံးမှုကို အထိုက်အလျောက်ကာကွယ်ပေးပါတယ်။

👉🏻နှလုံးကျန်းမာရေးအတွက်လည်းကောင်းပါတယ်။
Collagen ကသွေးကြောတွေတည်ဆောက်တဲ့နေရာမှာခိုင်ခံဖို့ပါဝင်ခဲ့တာကြောင့် သွေးကြောကျဥ်းတာတွေကိုသက်သာစေမယ်လို့ သုတေသနပြုသူတွေက ဆိုထားပါတယ်။

🍀Collagen ဆိုးကျိုးများ🍀
Collagen ကိုသောက်သုံးတဲ့အတွက် အရမ်းကြီးဆိုးဝါးတဲ့ side effect မရှိပါဘူးတဲ့😇😇

အချို့သော Collagen တွေက ငါး၊ ပုစွန်၊ ကဏန်း၊ ကြက်ဥကနေထုတ်တဲ့အတွက် အလက်ဂျစ် ရှိသူတွေ သောက်ဖို့မသင့်တော်ပါဘူး။
အချို့က Collagen ကိုသောက်ပြီးတဲ့အခါ ရင်ပြည့်နေသလိုဖြစ်တတ်ပါတယ်။ အချို့က သောက်ပြီးတဲ့အခါ ရင်ပူရင်ဆာ(heartburn) ဖြစ်တတ်ပါတယ်။ ရင်ပူရင်ဆာ (heartburn) ဆိုတာက အစာစားပြီးပြီးချင်း လဲလိုက်တာတို့၊
အစာမကြေလို့ အစားများလို့ အစာအိမ်ထဲက အစာတွေက ရင်ဘတ်ကိုတက်လာတဲ့အခါ အစာခြေအက်စစ်ကြောင့် ရင်ပူခြင်းကို ဆိုတာပါ။
ဆရာဝန်တွေ ရဲ့လမ်းညွှန်အတိုင်းဆို ရင်ပူရင်ဆာခြင်းက အစာအိမ်ရောဂါတွေကြောင့်လည်းဖြစ်တတ်တာကြောင့် ရင်အရမ်းပူတာ အစာမျိုချရခက်ခဲတာ၊ ရင်ပူပြီးခေါင်းမူးတာ၊ အသက်ရှုမဝတာဆို ရိုးရိုးရင်ပူရင်ဆာတာမျိုးမဟုတ်နိုင်တာကြောင့် ဆေးခန်းပြသင့်ပါတယ် 🚨🚨🚨

ဒါတွေက သိထားသမျှ Collagen ရဲ့ side effects တွေပါပဲ။ Collagen က side effect နည်းပြီး ဆိုဝါးတဲ့ side effect မရှိဘဲကျန်းမာရေးကို အထောက်အကူပြုပြီး အရွယ်တင်စေတာကြောင့်
supplement အနေနဲ့ လူအများစုကသောက်သုံးကြခြင်းပဲဖြစ်ပါတယ် 🤗🤗

Ref~ https://www.healthline.com/

🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐

နောက်လည်း အခုလို အလှအပအကြောင်းအရာလေးတွေShare ရင်း၊ Japanese skin care products လေးတွေ ရောင်းသွားဦးမှာမို့ 🛍 Page ကို Like&Follow လုပ်ပေးထားဦးနော် 💖💖💖

Rin 👒

GU Sale👏👏💖unicorn ချစ်တဲ့သူတွေအတွက် Tee လေး🦄🦄🦄 Size                         S🦄 Price                       14,500 Kyats🦄...
12/09/2020

GU Sale👏👏

💖unicorn ချစ်တဲ့သူတွေအတွက် Tee လေး🦄🦄

🦄 Size S
🦄 Price 14,500 Kyats
🦄 Waiting Time 2 months

Direct from Japan 🇯🇵
💯% Authentic

✨Uniqlo(Japan) က ဂျင်းအင်္ကျီလေးတွေ Sale ရှိတယ်နော် 😇😇✨Shipping ကြိုအပ်ရမှာမို့ ဒီနေ့နဲ့မနက်ဖြန်ညနေအထိပဲ မှာလို့ရပါတယ်နေ...
07/09/2020

✨Uniqlo(Japan) က ဂျင်းအင်္ကျီလေးတွေ Sale ရှိတယ်နော် 😇😇

✨Shipping ကြိုအပ်ရမှာမို့ ဒီနေ့နဲ့မနက်ဖြန်ညနေအထိပဲ မှာလို့ရပါတယ်နော် 😔😔

💃Waiting Time 2 months
💃Price 28,000 Kyats

Rin

✨H&M  Sale ✨✨✨✨✨Direct from Japan 🇯🇵 ✨100% Authentic💛Price                   18,000 Kyats💚Waiting Time   2 months🤍Size A...
05/09/2020

✨H&M Sale ✨✨✨✨
✨Direct from Japan 🇯🇵
✨100% Authentic

💛Price 18,000 Kyats
💚Waiting Time 2 months
🤍Size Available S,M

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်မှ ငွေချေရမှာပါနော် 🥰

Rin

✨H&M  Sale ✨✨✨✨✨Direct from Japan 🇯🇵 ✨100% Authentic💛Price                   36,000 Kyats💚Waiting Time   2 months🤍Size A...
05/09/2020

✨H&M Sale ✨✨✨✨
✨Direct from Japan 🇯🇵
✨100% Authentic

💛Price 36,000 Kyats
💚Waiting Time 2 months
🤍Size Available S,M,L

ရန်ကုန်မြို့တွင်း ပစ္စည်းရောက်မှ ငွေချေရမှာပါနော် 🥰

Rin

✨H&M Skirt လေး ✨✨✨✨✨Direct from Japan 🇯🇵 ✨100% Authentic💛Price                   60,000 Kyats💚Waiting Time   2 months🤍Si...
05/09/2020

✨H&M Skirt လေး ✨✨✨✨
✨Direct from Japan 🇯🇵
✨100% Authentic

💛Price 60,000 Kyats
💚Waiting Time 2 months
🤍Size Available S,M,L

ပစ္စည်းရောက်မှ ငွေချေရမှာပါနော် 🥰

Rin

💦💦မျက်ကွင်းညိုတွေကို ဘယ်လိုပျောက်အောင် လုပ်ရမလဲ? ဘယ်လိုမဖြစ်အောင် ကာကွယ်ကြမလဲ? 💦💦�🧝🏻‍♀️🧝🏻‍♀️ မျက်ကွင်းညိုတာက အရမ်းကြီးကြ...
04/09/2020

💦💦မျက်ကွင်းညိုတွေကို ဘယ်လိုပျောက်အောင် လုပ်ရမလဲ? ဘယ်လိုမဖြစ်အောင် ကာကွယ်ကြမလဲ? 💦💦

�🧝🏻‍♀️🧝🏻‍♀️ မျက်ကွင်းညိုတာက အရမ်းကြီးကြည့်မကောင်းတာမျိုးမဟုတ်ပေမယ့် နဂိုလှနေတာကို ရုပ်ပိုဆိုးစေသလို ခံစားရစေပါတယ် 🤦🏻‍♀️🤦🏻‍♀️��

🐼 ဘာကြောင့် မျက်ကွင်းညိုရတာလဲ 🐼 �
မျက်လုံးရဲ့အောက်က မျက်ကွင်းနေရာက အသားအရေက ကျန်မျက်နှာပြင်တွေထက် ပိုပါးတဲ့အတွက် အိပ်ရေးပျက်များတာပဲ ဖြစ်ဖြစ်😴 နေမကောင်းတစ်ခုခု ဖြစ်တာပဲဖြစ်ဖြစ်🤒 နေပူထဲ အနေကြာတာပဲဖြစ်ဖြစ် ☀️ မျက်ကွင်းညိုတာကို ဖြစ်စေတတ်ပါတယ်။
�ဒါ့အပြင်မျက်ကွင်းအသားအရေက ပုံမှန်မျက်နာအသားအရည်ထက်ပိုပြီး ရေဓါတ်ခမ်းခြောက်လွယ်တဲ့အတွက် အရောင်ခြောက်သွေ့ပြီး အရေးအကြောင်းပိုထင်းစေပါတယ်။�
မျက်ကွင်းညိုတာက အရမ်းဆိုးတဲ့ ပြဿနာမဟုတ်ပေမယ့် ကိုယ်ကို့ သူများတွေထက်ပိုပြီး ပင်ပန်းနေတဲ့ပုံ၊ ကျန်းမာရေးမကောင်းတဲ့ပုံ၊ ပိုအသက်ကြီးတဲ့ပုံ ပေါ်စေပါတယ်။��

〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆〆

🐼 ဒီမျက်ကွင်းညိုတွေကို ဘယ်လိုပျောက်အောင်လုပ်ရမလဲ🐼
�အောက်မှာ ပြောပြမယ့် အချက်လေးတွေကို လိုက်လုပ်ကြည့်ကြရအောင်နော်.......💃��

💛💚ရေဓါတ်မခမ်းခြောက်အောင်နေကြမယ် 💦�
မျက်ကွင်းက သာမာန်ထက်ရေဓါတ်ခန်းခြောက်လွယ်တဲ့အတွက် ညတိုင်းအိပ်တော့မယ်ဆိုရင် သခွါးသီးလေးကို ပါးပါးလှီးပြီး ၁၅မိနစ်ခန့် ကပ်ပေးရပါမယ်။ �ရေဓါတ်ဖြည့်ပေးတဲ့အတွက် မျက်ကွင်းညိုတာကို သက်သာစေပါတယ်။� သခွါးသီးက အေးအေးလေးဖြစ်နေရင်ပိုကောင်းလို့ ရေခဲသေတ္တာထဲထည့်ပြီးသုံးနော်။ under eye gel သို့ cream ကိုလည်း မနက်တစ်ခါ ညတစ်ခါ လိမ်းပေးနိုင်ပါတယ်။

��💛💚မျက်နှာသစ်ရင် ဂရုစိုက်ကြမယ် 👩🏻
�မျက်ကွင်းက အသားအရေပါးတဲ့အတွက် မျက်နှာသစ်တဲ့အခါ အားနဲ့အရမ်းမသစ်ဖို့လိုပါတယ်။ �
မျက်ကွင်းမှာ အဆီထုတ်တဲ့ဂလန်း (oil gland) သိပ်မရှိတဲ့အတွက်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာသစ်ဆေးကြောင့် ရေဓါတ်ကိုဆုံးရှုံးစေပါတယ်။ �
လက်နဲ့ အရမ်းပွတ်ရင် အရေးအကြောင်းနဲ့ မျက်ရည်အိတ်ကို ပိုဖြစ်လာစေနိုင်လို့ သတိထားသစ်ပါနော်။��

💛💚မျက်လုံးတစ်ဝိုက်က ကြွက်သားတွေကို အနားပေးကြမယ် 🌝
�ရေခဲတုံးလေးတွေကို ပုဝါထဲထည့်ပြီးမျက်လုံးပေါ်မှာ တင်ပေးပါ။�
ငါးမိနစ်ကျော် ဆယ်မိနစ်ကြားတင်ထားပေးပါ။�
�ဒီနည်းကလည်း မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။��

💛💚အိမ်လုပ်(home made mask)လေးတွေသုံးကြမယ်။

🥔 🍯 အာလူး+ပျားရည်+သံလွင်ဆီ�
အာလူးကြီးကြီးတစ်လုံးကိုကြိတ်ပြီး ပျားရည်နဲ့ သံလွင်ဆီ စားပွဲတင်တစ်ဇွန်းဆီထည့် ပြစ်ပြစ်လေးမွှေပေးပြီး၊� မျက်လုံးအောက်တစ်ဝိုက်ကို သုတ်ပေးထားပါ။�
နာရီဝက်လောက်နေရင် ရေဆေးချလိုက်ပါ။�အာလူးက အမည်းစက်တွေကို မှေးမှိန်စေတဲ့ဓါတ်ပါလို့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။�

🥒 🍋 သခွါးသီး+သံပုရာသီး�
သခွါးသီးတစ်လုံးကိုအခွံခွာပြီး အရည်ဖြစ်အောင်ကြိတ်ပါ ပြီးရင် ရေခဲသေတ္တာထဲ နာရီဝက်ထည့်ပေးပါ။ �လိမ်းခါနီး သံပုရာသီးတစ်ခြမ်းညှစ်ထည့်ပြီး လိမ်းပေးပါ။ �နာရီဝက်လောက်ထားပြီးရင် ရေဆေးချလို့ရပါပြီ။� သခွါးသီးက ရေဓါတ်ဖြည့်ပေးပြီးအသားအရေကိုလည်း ချောမွေ့စေလို့ မကြာခဏသုံးပေးသင့်ပါတယ်နော်။� �

💡ဒီအချက်လေးတွေလိုက်လုပ်ကြည့်ပြီး မျက်ကွင်းညိုတွေမရှိပဲ ပိုပိုလှနိုင်ကြပါစေနော်🧝🏻‍♀️🥰

Rin

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Rin's Closet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share