18/01/2022
#ဆန်_အသစ်_အဟောင်း
ကွာခြားပုံ နှင့် ကောင်းကျိုး/ဆိုးကျိုးများ
***********************************
❣️ဆန်သစ်-ဆန်ဟောင်း ကောင်းကျိုးများ❣️
👉 #ဆန်သစ်
ဆန်သစ်ဆိုတာကတော့ စပါးစတင်ပေါ်ချိန်မှာ ကြိတ်ယူတဲ့ဆန်ကို ဆန်သစ်လို့ ခေါ်ဝေါ်ပါတယ်
💁♀️ဆန်သစ်ဟာမွှေးပီး အဆီအနှစ်ရှိလို့ အီစိမ့်တာကို ကြိုက်တဲ့သူအများစု အကြိုက်ပေါ့
💁♀️ဆန်သစ်ဟာ ဈေးသက်သာပီးကြိတ်သားကောင်းရင်ကောင်းသလို အထားခံလို့လဲ လှောင်ထားချင်တဲ့သူတွေတွက်အဆင်ပြေတာပါ့
👉 #ဆန်ဟောင်း
ဆန်ဟောင်းဆိုသည်မှာ
စပါးရိတ်သိမ်းပီး ၆လကျော်ခန့်နေမှ ကြိတ်တဲ့ ဆန်အမျိုးအစားကိုခေါ်ကြသည်
💁♀️ကျန်းမာရေးအတွက်လဲ ပိုသင့်တော်လို့လူအများစုကြိုက်နှစ်သက်ကြပါတယ်
💁♀️ထမင်းချက်တဲ့အချိန်မှာ အကျိုခံပီး ထမင်းအိုးတက်လို့ လူအများနဲ့နေတဲ့အိမ်တွေအတွက်လဲ သက်သာစေတာပေါ့
💁♀️ကလေး လူကြီး အများစုတွက်လဲ ကျန်းမာရေးတွက်သင့်တော်ပါတယ်
❣️ဆန်သစ်_ဆန်ဟောင်း ဆိုးကျိုးများ❣️
👉 #ဆန်သစ်
💁♀️ဆန်က အစေးဓါတ်ရှိတော့ စားရင်ထမင်းအီပီးအရမ်းစီးပါမယ်
💁♀️ဆန်သစ်ဖြစ်ပီးနုလို့ အိုးမတက်သေးသလို အဆူလဲမခံသေးပါဘူး။
💁♀️ထမင်းပေါင်းအိုးနဲ့ချက်မယ်ဆိုရင်တော့ ရေထိမ်းထည့်ရပီး ဌဲ့ချက်မယ်ဆိုရင်တော့ စောင့်ကြည့်ပီးထိန်းချက်ရပါမယ်
💁♀️ကယ်လိုရီဓါတ်အဆီပါတာများလို့ အများကြီးစားရင် ရင်ပြည့်ရင်ကယ်ဖြစ်နိုင်တဲ့အတွက် သက်ကြီးရွယ်အိုနှင့် ကလေးတွေအတွက်တော့ စားဖို့မသင့်လျော်သေးပါဘူး
👉 #ဆန်အဟောင်း
💁♀️စပါးဟောင်းကို ကြိတ်ပီးထွက်လာတဲ့ဆန်ဖြစ်လို့ မွှေးတဲ့အနံ့တော့သိပ်မရှိတောဘူးပေါ့
💁♀️ဆန်လှောင်ထားတဲ့သူတွေတွက်လဲ ဆန်ပိုးကိစ္စစိုးရိမ်ရပီး
💁♀️စျေးကလဲ ဆန်သစ်ထက်ကောင်းပီးအစားခံလို့ စျေးကြီးနေတက်ပါတယ်
📌ဆန်သစ်ပေါ်ရင်လဲ လတ်ဆတ်သန့်ရှင်းတဲ့ဆန်သစ်ကို ဝယ်ယူသူများရှိသလို အထားခံ အကျိုခံပီး ကျန်းမာရေးအတွက်ပိုကောင်းမွန်တဲ့ ဆန်ဟောင်းကို ဝယ်ယူသူများကြပါတယ်