𝟐𝟏 𝐕𝐢𝐛𝐞𝐬 𝐁𝐲 𝐌𝐚𝐲

  • Home
  • Myanmar
  • Yangon
  • 𝟐𝟏 𝐕𝐢𝐛𝐞𝐬 𝐁𝐲 𝐌𝐚𝐲

𝟐𝟏 𝐕𝐢𝐛𝐞𝐬 𝐁𝐲 𝐌𝐚𝐲 Fair Price & Good Quality ပစ္စည်းကောင်းများကိုသာရောင်းချ​ပေးတာမို့ စိတ်ချယုံကြည်စွာဝယ်ယူနိုင်ပါတယ်🕊️

လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှုရှိဖို့ ဆိုတာတစ်ကယ်တော့ မလွယ်လှပါဘူး။တစ်ခါတစ်လေ နားလည်အောင် ကြိုးစားနေရတာကိုက ပင်ပန...
23/06/2025

လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှု
ရှိဖို့ ဆိုတာ
တစ်ကယ်တော့ မလွယ်လှပါဘူး။

တစ်ခါတစ်လေ နားလည်အောင် ကြိုးစားနေရ
တာကိုက ပင်ပန်းရပါတယ်။

နားလည်ဖို့ ကြိုးစားရင်နဲ့ပဲ သည်းမခံနိုင်တာတွေ
ပိုများလာတတ်ပါတယ်။
သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။
ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။

စိတ်သဘောထားခြင်းကတော့…ဘယ်လိုမှ
မတူနိုင်ပါဘူး။

သေချာစဉ်းစားကြည့်ရင်…
ကိုယ့်စိတ်တောင်
ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။

သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုရင်
ကောင်းတဲ့သူ ဆိုတာ ဘယ်မှာ ရှိလာပါ့မလဲ
ဆိုသလို

မတူညီမှုတွေအတွက်
ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့
ရှိပါတယ်။

ခွင့်လွှတ်ပေးလိုက်ခြင်း ပါပဲ။

တစ်ဖက်သားကို ခွင့်လွှတ်ပေးလိုက်တယ်
ဆိုရင်ပဲ....
စိတ်ထဲမှာ…ပေါ့ပါးသွားတယ်။
လွတ်လပ် သွားပါတယ်။

ခွင့်လွှတ်ခြင်းရဲ့ နောက်မှာ မေတ္တာစိတ်တွေ
ဖြစ်လာပါတယ်။
မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီး ခွင့်လွှတ်တတ်လာ
ပါတယ်။

ဒါကြောင့်
တစ်ဖက်သားကို နားလည်မပေးနိုင်ရင်တောင်
ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားရင်
ဘဝမှာ အလွန် အေးချမ်းပါတယ်။

ဘဝဆိုတာ…တိုတိုလေးပါ။

တစ်ယောက်နဲ့ တစ်ယောက် ဘာကြောင့်များ
အာဃာတတွေ
အမုန်းတရားတွေ
မနာလိုမှုတွေ ထားနေမှာလဲ။

ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဘူးသူတိုင်း
ခံစားဘူးပါလိမ့်မယ်။

လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့
မရပါဘူး။
ပြဿနာတွေရဲ့ အဓိက အဆုံးသတ်က
ခွင့်လွှတ်ပေးလိုက်ခြင်းပါပဲ။

ဘာကြောင့် လူတွေက ခွင့်လွှတ်ရမှာကို
ကြောက်နေတာလဲ ဆိုရင်…
အဖြေက ရှင်းရှင်းလေးပါ။

ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့
ထင်နေတတ်ကြလို့ပါပဲ။

I can forgive but I can't forget
တဲ့။
( လူ တစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပါ။
ဒါပေမဲ့ သူနာမည်ကိုတော့ မှတ်ထားလိုက်ပါတဲ့ )

တစ်ခါတစ်လေ
လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်လို့
ရချင် ရလိမ့်မယ်။
ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုတော့ မေ့လို့ ရနိုင်မှာ
မဟုတ်ပါဘူး။

ဒါကြောင့် ...သူငယ်ချင်း

ကိုယ့်ကို အကောင်းမမြင်တဲ့ သူတွေကို
ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ကိုယ်က ကောင်းအောင်
ကြိုးစား နေနိုင်လို့ပါပဲ။

ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ချောက်ထဲမရောက်အောင်
ကိုယ့်ကိုယ်ကို သတိထားပြီးတော့ နေထိုင်တတ်
လာလို့ပါပဲ။

ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင်
ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေလို့ပါပဲ။

ကိုယ့်ကို လိမ်လည်ထိခိုက်သူတွေကို
ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေ
တိုးပွားလာလို့ပါပဲ။

ကိုယ့်ကို ဝေဖန်ရှုပ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့်
ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်
ပိုမို ထိန်းသိမ်းတတ်လာလို့ပါပဲ။

ဘဝမှာ တွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကို
အပြစ်တင် ငြီးငြူမနေပါနဲ့။

ကောင်းတဲ့လူတွေက သင့်ကို ပျော်ရွှင်မှုတွေ
ပေးပါလိမ့်မယ်။

ဆိုးတဲ့လူတွေက သင့်ကို အတွေ့အကြုံတွေ
ပေးပါလိမ့်မယ်။

အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေ
ပေးပါလိမ့်မယ်။

အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေ
ပေးပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ...

ဘဝမှာ တစ်ခဏတာ ဆုံကြရသူ အချင်းချင်း
ခွင့်လွှတ်ခြင်းဖြင်ဆက်ဆံနိုင်ကြပါစေ။

စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ် ________________________________" စဉ်စားပြီးမှ ပြောရင်...  ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ...
02/02/2025

စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ်
________________________________

" စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...

ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။

သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။

ဘာလို့လဲဆိုတော့...

တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။

ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။

ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။

စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။

လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။

ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။

ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။

#ဘဝအားဆေး(စုန်းချောင်း)

လိုအပ်ရင် ခေါ်ပါဒါပေမယ့် မရှိသုံးတော့ မလုပ်နဲ့!!မလိုအပ်ရင် ခေါက်ထားပါဒါပေမယ့်နောက်ထပ် ဘယ်တော့မှထပ်မခေါ်နဲ့!!မကြိုက်တာရှိ...
30/01/2025

လိုအပ်ရင်
ခေါ်ပါ
ဒါပေမယ့်
မရှိသုံးတော့ မလုပ်နဲ့!!

မလိုအပ်ရင်
ခေါက်ထားပါ
ဒါပေမယ့်
နောက်ထပ် ဘယ်တော့မှထပ်မခေါ်နဲ့!!

မကြိုက်တာရှိရင်
ဒဲ့ပြောပါ
ဒါပေမယ့်
နောက်ကွယ်မှာ အတင်းမချနဲ့!!

ဝေဖန်စရာရှိရင် တို-က်ရိုက်ဝေဖန်ပါ
ဒါပေမယ့်
အကြောင်းအရင်းမှန်ကို
မသိပဲ...ဝါလုံးရှည်နဲ့ လာမရမ်းနဲ့!!

မှားတာရှိရင်
ပြောပါ
ဒါပေမယ့်
ကိုယ်ပဲ အမြဲမှန်နေမယ်လို့ မထင်နဲ့!!

မကူညီချင်
နေပါ
ဒါပေမယ့်
မနှောင့်ယှက်ပါနဲ့!!

အရမ်းသည်းခံတတ်လို့
အနိုင်ယူဖို့ပဲ မစဉ်စားနဲ့
ကိုယ်လည်း
သာမန်လူတွေထဲက လူသားပဲ
ခံစားတတ်တယ် ပေါ-က်ကွဲတတ်တယ်

ရှိတာလည်း လူမသိစေနဲ့။မနာလိုစိတ်နဲ့ဆက်ဆံလိမ့်မယ်။မရှိတာလည်း လူမသိစေနဲ့။ နှိမ်ပြီးဆက်ဆံလိမ့်မယ်။သိန်း (၁၀၀၀)လောက် ချမ်းသာတ...
14/01/2025

ရှိတာလည်း လူမသိစေနဲ့။
မနာလိုစိတ်နဲ့ဆက်ဆံလိမ့်မယ်။
မရှိတာလည်း လူမသိစေနဲ့။
နှိမ်ပြီးဆက်ဆံလိမ့်မယ်။

သိန်း (၁၀၀၀)လောက် ချမ်းသာတာလား?
သိန်းပေါင်း ၁၀၀၀၀၊ သိန်းပေါင်း ၁၀၀၀၀၀ စသည်ဖြင့်ချမ်းသာသူတွေ အများကြီးပါ။
အဲ့လိုဆို သိန်း ၁၀၀၀ လောက်ပိုင်တာက အားငယ်စရာဖြစ်သွားပြီလား? Noပါ။
သိန်း ဆယ်ဂဏန်းလောက်တောင်မပိုင်တဲ့သူတွေအများကြီးပါ။

သိန်းဆယ်ဂဏန်းလောက်ပဲရှိလို့ကော အားငယ်ရတော့မှာလား? No ပါ။ မနက်ဖြန်စားစရာတောင်မရှိတဲ့သူတွေအများကြီးပါ။

ဆိုလိုချင်တာက ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ့်စိတ်ထဲမှာပဲထား။
မောက်လည်း မမောက်မာနဲ့။သိမ်လည်း မသိမ်ငယ်နဲ့။

Money is just a fuel ပါ။ ကိုယ်လုပ်ချင်တာကို အားပေးမယ့် လောင်စာဆီတစ်မျိုးပါ။ ကောင်းတဲ့နေရာကိုသွားချင် ကောင်းတာကို လုပ်ချင်ရင်လည်း မြန်မြန်ရောက်အောင် ဖြစ်အောင် Money က ကူပေးလိမ့်မယ်။
မကောင်းတဲ့နေရာကို သွားချင် မကောင်းတာကို လုပ်ချင်ရင်လည်း မြန်မြန်ရောက်အောင် ဖြစ်အောင် Money က ကူပေးလိမ့်မယ်။

ငွေရှာပါ။
ဖြစ်ချင်တာတွေဖြစ်ဖို့ ငွေလိုပါတယ်။
သွားချင်တာတွေ စားချင်တာတွေ လုပ်ချင်တာတွေ အကုန်လုပ်နိုင်ဖို့ ငွေ လိုပါတယ်။ တစ်ခုမှတ်ထားရမှာက ငွေက ကြားခံပစ္စည်းလောင်စာဆီ မိမိက မော်တော်ကားမောင်းသူဖြစ်ပါတယ်။ သွားရမယ့် ရည်မှန်းချက်နေရာက မိမိဆုံးဖြတ်ရမှာဖြစ်ပါတယ်။

12/01/2025

အပြောနဲ့ အလုပ်နဲ့တစ်ထပ်တည်းကြအောင်
လုပ်နိုင်မှ ကတိပေးတာအကောင်းဆုံးပဲ့

တချို့လူတွေနဲ့ စကားမပြောဖြစ်တော့ဘူး
ပြောစရာ စကားမရှိတော့လို့ မဟုတ်ဘူး
ကိုယ်ပြောတဲ့စကားတွေအတွက်
သူတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို
မနှစ်သက်လို့....

တချို့လူတွေနဲ့ မတွေ့ဖြစ်တော့ဘူး
တွေ့စရာအကြောင်း မရှိတော့လို့ မဟုတ်ဘူး
သူတို့နဲ့ တွေ့ဆုံခြင်းအပြီးမှာ
ကိုယ့်အတွက် အဆိပ်သက်သက်ပဲ
ကျန်ခဲ့တတ်လို့....

တချို့လူတွေကို သည်းမခံတော့ဘူး
သည်းခံစိတ် ကုန်ဆုံးသွားလို့ မဟုတ်ဘူး
ကိုယ့်သည်းခံခြင်းအတိုင်းအတာရဲ့
စိုးရိမ်ရေမှတ်ကို သူတို့
ကျော်ဖြတ်သွားခဲ့တာ ကြာပြီဖြစ်လို့....

တချို့လူတွေကို မမှတ်မိတော့ဘူး
မေ့လျော့တတ်တဲ့ စိတ်ကြောင့် မဟုတ်ဘူး
ကိုယ့်အတွက် အခွံ့သက်သက်
အနှစ်သာရတွေကို သူတို့ မျက်လုံးတွေထဲမှာ
ဖတ်တတ် သွားလို့....

ကိုယ့်ပေါ်ကို လေးနက်မှုမရှိရင်
ကိုယ့်ကလည်း အလေးမထားတော့ပါဘူး။

"သူများပေးတဲ့ ဒုက္ခ၊ ကိုယ့်ဘာသာယူတဲ့ ဒုက္ခ"🔳 လူ့ဘဝမှာ ဒုက္ခဆိုတာ မရှောင်သာပါဘူး။ ပြဿနာဆိုတာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါပေမ...
10/01/2025

"သူများပေးတဲ့ ဒုက္ခ၊ ကိုယ့်ဘာသာယူတဲ့ ဒုက္ခ"

🔳 လူ့ဘဝမှာ ဒုက္ခဆိုတာ မရှောင်သာပါဘူး။ ပြဿနာဆိုတာ အမြဲတမ်း ရှိနေမှာပါပဲ။ ဒါပေမယ့် ထူးခြားတာက ဒုက္ခတွေဟာ နှစ်မျိုးရှိနေတယ်။ သူများပေးတဲ့ ဒုက္ခနဲ့ ကိုယ့်ဘာသာယူတဲ့ ဒုက္ခပါ။

📌 သူများပေးတဲ့ ဒုက္ခဆိုတာ ဘာလဲ။

ဥပမာ - တစ်ယောက်ယောက်က ကိုယ့်ကို မုန်းတီးလို့ အပုပ်ချပြောတာဆိုတာတွေ၊ မနာလိုလို့ ထိုးနှက်တိုက်ခိုက်တာတွေဟာ သူများပေးတဲ့ ဒုက္ခ ဖြစ်ပါတယ်။

ဒီဒုက္ခမျိုးက ကိုယ့်ဘက်က ဘာမှ မတတ်နိုင်ပါဘူး။ တော်တော်များများက ကိုယ့်ထိန်းချုပ်မှုအောက်က မဟုတ်ပါဘူး။

📌 ကိုယ့်ဘာသာယူတဲ့ ဒုက္ခဆိုတာကရော ဘာလဲ။

သူများပေးတဲ့ ဒုက္ခတွေကြောင့် မပြီးနိုင်မစီးနိုင် စိတ်ညစ်နေတာ၊ ဒေါသထွက်တာ၊ အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းတာ.. ဒါတွေ အားလုံးဟာ ကိုယ့်ဘာသာယူတဲ့ ဒုက္ခတွေပါ။ ကိုယ့်စိတ်က သယ်ယူလိုက်တဲ့ အရာတွေပါ။

ဥပမာ - တစ်ယောက်ယောက်က ကိုယ့်ရဲ့အကြောင်း ကွယ်ရာမှာ မကောင်းပြောတယ်။ အဲဒါ သူ့ဘက်က ပေးတဲ့ ဒုက္ခပါ။ ဒါပေမယ့် အဲဒီအဖြစ်အပျက်က ပြီးသွားပြီ။ အချိန်က ရွေ့သွားပြီ။ ဒါပေမယ့် ကိုယ်က အဲဒီအကြောင်းကို ထပ်ခါထပ်ခါ တွေးနေတယ်။ စိတ်ထဲ ထပ်ခါထပ်ခါ ပြန်ပြီး တနုံ့နုံ့ ဒေါသထွက်နေတယ်။ အဲဒါ ကိုယ့်ဘာသာယူတဲ့ ဒုက္ခပါ။

🔳 ဘုရားရှင်က မိန့်ဆိုခဲ့ဖူးပါတယ်။ လူတစ်ယောက်ကို မြှားတစ်စင်းနဲ့ ပစ်လိုက်တယ်။ ပထမမြှား။ အဲဒီမြှားထိလို့ နာကျင်ရတာ။ ဒါ သူများပေးတဲ့ ဒုက္ခပါ။

ဒါပေမယ့် အဲဒီလူက သူ့ကို ဘယ်သူပစ်တာလဲ။ ဘာကြောင့်ပစ်တာလဲ။ ဘယ်လိုလုပ်ပြီး လက်စားချေရမလဲ စသဖြင့် တွေးနေရင်း အလိုလို ဒုတိယမြှား ထပ်စူးနေတာပါ။ ဒါ ကိုယ့်ဘာသာယူတဲ့ ဒုက္ခပါ။

📌 လူတွေဟာ သူများပေးတဲ့ ဒုက္ခထက် ကိုယ့်ဘာသာ ယူထားတဲ့ ဒုက္ခတွေနဲ့ ပိုပြီး နာကျင်မှုဝေဒနာခံစားနေရတာ များပါတယ်။

အတိတ်က ဖြစ်ခဲ့တာတွေကို ပြန်တွေး၊ ဒေါသတွေ ပြန်ဖြစ်၊ အိပ်မပျော်၊ စားမဝင်နဲ့ ကိုယ့်ဘာသာ ဒုက္ခပေးနေကြတာပါ။

တကယ်က သူများပေးတဲ့ ဒုက္ခဆိုတာ တစ်ခဏတည်းပါ။ သူများပေးတဲ့ ဒုက္ခကို ကိုယ်က ပြန်မတွေး၊ လက်မခံရင် ဘာမှ မဖြစ်ပါဘူး။

ဒါပေမယ့် လူအများစုက သူများပေးတဲ့ ဒုက္ခကို ရင်ထဲမှာ သိမ်းထား၊ တွေးနေ၊ ပူနေ၊ ဆွေးနေနဲ့ ကိုယ့်ဘာသာ ဒုက္ခတွေ ထပ်ဆင့်ယူနေကြတာ များပါတယ်။

🔳 လောကမှာ သူများပေးတဲ့ဒုက္ခကို ရင်ဆိုင်တတ်ဖို့ လိုသလို၊ ကိုယ့်ဘာသာ ဒုက္ခတွေ မယူမိအောင်လည်း သတိထားဖို့ လိုပါတယ်။

ဘုရားရှင်က ဒုက္ခကို လွတ်အောင်ရှောင်ဖို့ မဟုတ်ပါဘူး။ ဒုက္ခနဲ့ ကြုံရင် ဘယ်လို ရင်ဆိုင်ရမလဲ၊ ဒုက္ခကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို သင်ကြားပေးခဲ့တာပါ။

သူများပေးတဲ့ ဒုက္ခကတော့ လွတ်အောင် မရှောင်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ယူထားတဲ့ ဒုက္ခတွေကိုတော့ လျှော့ချလို့ ရပါတယ်။ စွန့်လွှတ်လို့ ရပါတယ်။ ချေဖျက်ပေးလို့ ရပါတယ်။

ဒါဟာ ဗုဒ္ဓဝါဒရဲ့ အနှစ်သာရတစ်ခုပါပဲ။ သင်ခန်းစာကတော့ သူများပေးတဲ့ ဒုက္ခအပေါ် ကိုယ့်ဘာသာ ဒုက္ခတွေ ထပ်မယူမိဖို့ပါပဲ။

#ဉာဏ

ဘဝမှာ တစ်ခါတစ်ရံ လူလည်းစိုက် ငွေလည်းစိုက် အချိန်လည်းစိုက်တဲ့အပြင် စေတနာမေတ္တာတွေပါ အစစ်ပေးပြီး ကူညီပေးခဲ့ဖူးတဲ့လူတွေ ရှိ...
11/12/2024

ဘဝမှာ တစ်ခါတစ်ရံ လူလည်းစိုက် ငွေလည်းစိုက် အချိန်လည်းစိုက်တဲ့အပြင် စေတနာမေတ္တာတွေပါ အစစ်ပေးပြီး ကူညီပေးခဲ့ဖူးတဲ့လူတွေ ရှိတတ်ကြပါတယ်။

လူချင်း မကင်းရာမကင်းကြောင်း ခင်မင်ရင်းနှီးတဲ့အတွက် အကူအညီတောင်းလို့ပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်က ဒီလူ ဒီအလုပ်တစ်ခုဟာ လူသိများသွားတဲ့အခါ လူတွေအတွက် အများကြီးအကူအညီပေးနိုင်မယ်၊ ကောင်းကျိုးရှိမယ်ဆိုတာကို ယုံကြည်တဲ့အတွက် စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့တာမျိုးတွေလည်းရှိတာပါပဲ။

ဒါပေမယ့် တစ်ခါတလေကျတော့ သူတို့အောင်မြင်သွားတဲ့အခါမှာ အစပိုင်းမှာ ပံ့ပိုးခဲ့ကြတဲ့သူတွေကို သတိလည်းမရတော့ဘူး။ ကျေးဇူးလည်းမတင်တော့တဲ့အပြင် ကိုယ်ဖောက်ပေးခဲ့တဲ့လမ်းကြောင်းပေါ်ကနေ သူတို့က ကိုယ့်ကို ခြေရာတိုင်းတာမျိုး ပုခုံးချင်းယှဥ်လာတာမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်။

အဲဒီလိုကြုံရဖူးတော့ ဘာဖြစ်သလဲဆိုရင် သာမန်လူသားတစ်ယောက်ပဲ ခံစားရတာပေါ့။ အကြောင်းတိုက်ဆိုင်လို့ တွေ့ရမြင်ရကြားရတဲ့အခါကျတော့ "သြော်..ကြည့်စမ်း.. မနေ့တနေ့ကမှ အောင်မြင်လာတဲ့သူက ငါ့ကိုဒီလိုမျိုးပြောသွားလိုက်တာ.. သြော်..သူတို့လုပ်သွားတဲ့ ပွဲမှာတောင် ငါ့ကိုဖိတ်ဖော်မရကြဘူး" အစရှိသဖြင့် တွေးမိတာပဲပေါ့။

အစပထမ ဦးဆုံးခြေလှမ်းတွေမှာ ကိုယ်ကူညီပေးခဲ့တဲ့ အားပေးမှုတွေထောက်ခံပေးမှုတွေကနေ သူတို့ရဲ့လမ်းကြောင်းပေါ်ကို အောင်မြင်စွာရောက်ရှိခဲ့ရသူတွေက ကိုယ့်ကို ဒီလိုမျိုးဆက်ဆံလာတဲ့အခါဘယ်လိုတွေးရမလဲ။

🦋ကျွန်မတို့ရဲ့အချိန်နဲ့ အားထုတ်လုပ်ဆောင်မှုစွမ်းရည် Energy ဟာ အရေးကြီးပါတယ်။
Your Time and Energy Are Precious.

ကျွန်မတို့ လူကြီးတွေဖြစ်လာခဲ့ကြပြီ။ လူမျိုးစုံ ဆက်ဆံရေး မျိုးစုံနဲ့ကြုံတွေ့ခဲ့ရပြီးပြီ။ မိသားစု၊ အလုပ်အကိုင်၊ မိတ်ဆွေတွေနဲ့ ပတ်သက်ပြီး အများကြီးတာဝန်ထမ်းဆောင်ရခဲ့တာများပြီ။ ဒီလိုဖြစ်လာတဲ့အချိန်မှာ ကိုယ့်ရဲ့ ချိန်နဲ့ စွမ်းအင်တွေဟာ ပိုမိုအဖိုးတန်လာသလို အကန့်အသတ်တွေလည်း ရှိလာပါတယ်။

🦋 ကိုယ့်ဆီက ရသလောက်တောင်းယူသွားပြီး ကိုယ့်ရဲ့တန်ဖိုးကိုတော့ ပစ်ချလိုက်တာပါပဲ။
Taking You for Granted Diminishes Your Worth

လူတွေဟာ ကျွန်မတို့ရဲ့ကူညီမှုတွေကို အသိအမှတ်မပြုဘဲ ကျေးဇူးမတင်ဘဲ လိုချင်ရုံသက်သက် မျှော်လင့်နေတာဆိုရင် ဒါဟာ ကိုယ့်ရဲ့တန်ဖိုးကို သူတို့လေးစားမှုမရှိကြောင်း ပြသတာပဲဖြစ်ပါတယ်။ သူက ပြောလိုက်ရင်လုပ်ပေးတယ်။ ဘာမှမပေးလည်းရတယ် သို့မဟုတ် နည်းနည်းပါးပါးပေးလိုက်လည်းရတယ် လို့ သူတို့အမြင်မှာရှိနေတယ်ဆိုတာက ကိုယ့်ကို စျေးအပေါဆုံးလို့ လျှော့ထွက်လိုက်တာပါပဲ။

🦋သူတို့ရဲ့အလုပ်တွေအကုန်လုံးကို ကြားဝင်ဖြေရှင်းပေးဖို့ ကူညီဆောင်ရွက်ပေးဖို့ ကြော်ငြာပေးဖို့ ကိုယ့်မှာတာဝန်မရှိပါဘူး။
It’s Not Your Responsibility to Fix Everything

အသက် ၄၀ ကျော်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ နေ့စဥ်အလုပ်တာဝန်တွေ၊ မိသားစုကိုစောင့်ရှောက်မှုတွေကြားမှာ အလွန်ပင်ပန်းနေရတတ်ပါတယ်။ ဘယ်အရာမဆို အလွယ်တကူခေါင်းညိတ်လိုက်တာမျိုး လုပ်ပေးပါမယ်လို့ အာမဘန္တေခံလိုက်တာမျိုး overcomitting လုပ်တာမျိုး မလုပ်ပါနဲ့။ တချို့ကိစ္စတွေဟာ သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ လုပ်ခဲ့တာဖြစ်တယ်။ သူတို့မနိုင်တော့မှ ကိုယ့်ဆီကိုလာပြီး ကူပေးပါဦး၊ လုပ်ပေးပါဦးလို့ပြောတာဟာ တရားနည်းလည်းမကျဘူး။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ကြားဝင်ပြီးတာဝန်မယူပေးပါနဲ့။ သူတို့ဆုံးဖြတ်ခဲ့ကိစ္စတွေပဲမို့ မှားမှားမှန်မှန် သူတို့ဘာသာသူတို့ဆက်လုပ်ပါစေ။ အထူးသဖြင့် ကိုယ့်အပေါ်မှာ အသိအမှတ်မပြုတတ်တဲ့သူ၊ ကျေးဇူးမတင်တတ်တဲ့သူမျိုးအပေါ် ဘာအားထုတ်မှုမှဆက်ပြီးမလုပ်ပါနဲ့။ စေတနာက ဝေဒနာဖြစ်တယ်ဆိုတဲ့စကားကို ကြားဖူးကြတယ်မဟုတ်လား။ အဲဒီလိုလုပ်သမျှ ကိုယ်ခံစားရဖို့ပဲဖြစ်လာမှာပဲ။
Learn to say no without guilt.
No လို့ပြောဖို့ နောင်တမရှိပါစေနဲ့။ No လို့ မပြောနိုင်တော့မှ ကိုယ့်ဘာကိုယ် နောင်တရလာပါလိမ့်မယ်။

🦋တကယ်ကောင်းမွန်တဲ့ Relationship တွေဟာ အပြန်အလှန်လေးစားမှုပေါ်မှာ တည်ဆောက်ထားရတာဖြစ်ပါတယ်။
Healthy Relationships Are Built on Mutual Respect.

တစ်ဖက်သတ်ပဲ ပေးနေရတဲ့ဆက်ဆံရေးတွေဟာ ကိုယ့်စွမ်းအင်နဲ့ စိတ်ဓာတ် Energy နဲ့ Mindset ကို အတင်းဆွဲချတတ်ပါတယ်။

Balance of Giving and Receiving ဆိုတာ အပေးနဲ့အယူ မျှတမှုကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးလုပ်ပေး ကျေးဇူးတင်တာမခံရဘူးဆိုရင် ကြာလာတဲ့အခါမှာ ပေးရတဲ့သူဘက်ကလည်း စိတ်ပျက်လာတတ်ပါတယ်။

🦋နယ်နိမိတ် Boundary ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းတစ်မျိုးပါပဲ။
Setting Boundaries is a Form of Self-Respect.

အသက် ၄၀ ကျော်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်လာပြီး မျှတမှုမရှိတဲ့ဆက်ဆံရေးတွေကို အဆုံးသတ်ဖို့ သင်ယူလာတတ်ပါတယ်။ ကိုယ့်အပေါ် တန်ဖိုးထားတဲ့သူတွေကို အချိန်ပေးတာ သူတို့အတွက်ရင်းနှီးမြှုပ်နှံတာက အခုအချိန်မှာ ပိုအရေးကြီးလာတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ ကိုယ့်ကို ပေါပေါပဲပဲသဘောထားတဲ့သူတွေဆီကနေ Step back လုပ်ပါ။ ခြေလှမ်းဆုတ်ပါ။

🦋ဘာဖြစ်လို့ကူညီခဲ့မိတာလဲဆိုရင် ပတ်ဝန်းကျင်နဲ့ Community အတွက် အကျိုးရှိမယ်လို့ ယုံကြည်ယူဆခဲ့တဲ့အတွက် ကူညီပေးခဲ့တာဖြစ်တယ်။ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ယောက်ရဲ့အကျိုးရှိတဲ့စိတ်ကူးနဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးချင်လို့ပါပဲ။ ဒါကြောင့် ကိုယ်ကူညီပေးခဲ့တာ ကိုယ့်စေတနာ တွေအတွက်တော့ နောင်တလုံးဝမရှိပါဘူး။

🦋ဒါပေမယ့် သူတို့ရဲ့ကိုယ့်အပေါ် လုပ်သွားတဲ့အပြုအမူဟာ ကိုယ့်အတွက် စိတ်ထိခိုက်စေတယ်ဆိုရင် အနာဂတ်မှာ ကိုယ့်အချိန်နဲ့ စွမ်းအင် Time and Effort တွေကို တန်ဖိုးထားတတ်တဲ့ဆက်ဆံရေးတွေကိုသာ ရွေးချယ်ဖို့ ကိုယ့်ကိုယ်ကိုယ်ကတိပေးပါ။

🦋ကိုယ့်ကို သူတို့သွားရမယ့်ခရီးလမ်းကြောင်းအတွက် တက်နင်းသွားရုံ Stepping stone အဖြစ် သုံးခဲ့သူတွေရဲ့ စိတ်ဓာတ်တွေကို နားလည်ပြီး သူတို့နဲ့ဆက်လက်ပတ်သက်ဖို့ နယ်နိမိတ်တစ်ခုကို သတ်မှတ်ဖို့ လိုပါမယ်။

🦋ကိုယ်ဟာ တစ်ဖက်နဲ့တစ်ဖက် အကျိုးပြုမှုတွေကို ရည်ရွယ်ထားပြီး သူတို့အပေါ် မှာ အခွင့်အရေးပေးခဲ့တယ်။ ကိုယ့်ရဲ့အချိန်တွေ၊ လုပ်အားတွေ၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့ထောက်ခံအားပေးမှု၊ ကိုယ့်ရဲ့စကားတွေဟာ သူတို့အတွက် အကူအညီဖြစ်ခဲ့တယ်။ ဒါဟာ ကိုယ့်ရဲ့အားနည်းပျော့ညံ့မှုမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကြီးမြတ်မှုကို ပြသနိုင်တဲ့အရာတစ်ခုအဖြစ် ဂုဏ်ယူလိုက်ဖို့ပါပဲ။

🦋 သူတို့အောင်မြင်မှုကို ချီးကျူးပါ။ ဒါပေမဲ့ ကိုယ့်တန်ဖိုးကိုမမေ့ပါနဲ့။
တစ်ခါတစ်ရံမှာ သူတို့အောင်မြင်လာပြီး ကိုယ့်ဆောင်ရွက်ပေးခဲ့မှုတွေအပေါ် ကျေးဇူးမတင်ခဲ့ကြရင်လည်း ကိုယ့်ရဲ တန်ဖိုး Self Worth ကို အမြဲသိထား ဖို့လိုပါတယ်။

အသက် ၄၀ ကျော်တဲ့အချိန်မှာ ဘဝဟာ အရည်အသွေးမြင့်ဆက်ဆံရေးတွေအပေါ် အခြေခံပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျေးဇူးမတင်တတ်တဲ့သူတွေကို အချိန်ပေးဖို့ နောက်ဆုတ်လိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်တဲ့ အရေးကြီးဆုံးခြေလှမ်းတစ်ခုပါပဲ။

ကိုယ့်ရဲ့ အချိန်နဲ့ အားထုတ်မှုတွေကို တန်ဖိုးထားတတ်တဲ့ ဆက်ဆံရေးတွေအပေါ် အာရုံစိုက်ရင်း ပိုမိုငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ဘဝကို ရရှိပါစေ။

#မွန်ဟော်စီ

🧠သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု🧠၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကိုသင်ဂရုစိုက်စရာ မလိုပါဘူး။တစ်ချို့လူတွေ...
27/11/2024

🧠သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု🧠

၁။ ဂရုမစိုက်နဲ့။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို
သင်ဂရုစိုက်စရာ မလိုပါဘူး။
တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။
ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။

၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ။ တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။

၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။ “ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။

၄။ အရမ်းမတွေးပါနဲ့။ အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။

၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ်ကျင့်တရားကောင်းတဲ့့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။
စိတ်ကောင်းကောင်းထားပါ။

၆။ ထင်ချင်သလို ထင်ကြပါစေ။ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။

#ဆရာအောင်သင်း

15/11/2024

🟠တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့
‎‎
📅(𝟏𝟓.𝟏𝟏.𝟐𝟎𝟐𝟒) ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှစပြီး

မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံးကျန်းမာ ရွှင်လန်း ချမ်းမြေ့ပါစေ။🙏🙏🙏

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကာ ကြံစည်သမျှအရာအားလုံး အောင်မြင်ကြပါစေလို့ ‎🙏🙏🙏
21'VIBES မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

အမှန်ဘဲ💯💯💯
09/11/2024

အမှန်ဘဲ💯💯💯

Address

Yangon

Telephone

+95943032461

Website

Alerts

Be the first to know and let us send you an email when 𝟐𝟏 𝐕𝐢𝐛𝐞𝐬 𝐁𝐲 𝐌𝐚𝐲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝟐𝟏 𝐕𝐢𝐛𝐞𝐬 𝐁𝐲 𝐌𝐚𝐲:

Shortcuts

Share