09/12/2025
ဆုတောင်းပြည့်တယ် ဆိုတာ
ဖြစ်ရပါစေ လို၏ ဆိုတဲ့
ကိုယ့်ရဲ့စိတ် နှလုံး ထဲမှာ ဖြစ်နေတဲ့
ဆန္ဒ တွေကို ဘုရားရှေ့မှာ သစ္စာပြုပြီး
ကိုယ်တိုင် လုံ့လပြု ကြိုးစားအားထုတ်ပြီး
ပြည့်မြောက်အောင် ဖန်တီးနိုင်တာကို
ဆိုလိုတာ ဖြစ်တယ်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီး တောင်
ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ရခဲ့ပြီး
နောက်ပိုင်းမှာ လေးအသင်္ချေနဲ့
ကမ္ဘာတစ်သိန်း တိတိ ဘဝပေါင်းများစွာ
ပါရမီဖြည့် ကြိုးစားခဲ့ရသလို
ဘုရားဖြစ်မဲ့ ဘဝမှာလည်း
သဗ္ဗေညုတ ရွှေဥာဏ်တော်ကိုရဖို့
အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ရတာပဲ။
ဒါကြောင့် ပရိတ်သတ်တို့ အနေနဲ့
ဘုရားသွားပြီး ဆုတောင်းလိုက်ယုံနဲ့
ပြည့်ရမယ်ဆိုတဲ့ အယူမှားတွေ မဝင်ကြနဲ့။
ကိုယ်ဖြစ်ချင်တာ ရချင်တာကို
ဘုရား ရှေ့မှာ သစ္စာပြု
ပြီးတော့ ကိုယ့်ရဲ့ ကိုယ်စွမ်း ၊ ဥာဏ်စွမ်း
ရှိသမျှနဲ့ လုံ့လပြု ကြိုးစား ။
ဒါဆို ကိုယ်ဖြစ်ချင်တာ ၊ ကိုယ်ရချင်တာ
ရကို ရလိမ့်မယ် ။
ဒါဆုတောင်းပြည့်တာပဲ ၊ ကိုယ်ရဲ့ သစ္စာနဲ့
အဓိဌာန် အောင်တာပဲလေ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ
🙏🙏🙏🙏🙏