Amigos Bookshop

Amigos Bookshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amigos Bookshop, Book shop, Yangon.

လက်ဖက်ရည်ဆိုင် ထိုင်သောဝါဒအဓွန့်ရှည်ပါစေသတည်း ။     ။▪️အောင်ချိမ့်(လူပေါ်ကြော့တွေ ခံစားတဲ့အနုပညာ)   #အောင်ချိမ့် #လူပေါ်...
08/09/2026

လက်ဖက်ရည်ဆိုင် ထိုင်သောဝါဒ
အဓွန့်ရှည်ပါစေသတည်း ။ ။

▪️အောင်ချိမ့်
(လူပေါ်ကြော့တွေ ခံစားတဲ့အနုပညာ)


#အောင်ချိမ့်
#လူပေါ်ကြော့တွေခံစားတဲ့အနုပညာ

လူဟာ ကိုယ်ကျိုးစွန့်လွှတ်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့ စိတ်မရှိရင် တခြားသတ္တဝါတွေနဲ့ ဘာထူးခြားတော့မလဲ။▪️ခင်နှင်...
07/09/2026

လူဟာ ကိုယ်ကျိုးစွန့်လွှတ်တဲ့စိတ်နဲ့ အများအတွက် အနစ်နာခံနိုင်တဲ့ စိတ်မရှိရင် တခြားသတ္တဝါတွေနဲ့ ဘာထူးခြားတော့မလဲ။

▪️ခင်နှင်းယု
(မွှေး)

စက်တင်ဘာလ ၇ ရက်နေ့ဟာ မွှေးရဲ့ပဲ့ကိုင်ရှင် ဆရာမကြီး ခင်နှင်းယုရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။၂၀၂၆ခုနှစ်မှာတော့ ဆရာမကြီးအသက် ရာပြည့်ကျော်လွန်လို့ (၁၀၁)နှစ် ပြည့်ပါပြီ။

❗️ဆရာမကြီး၏မူရင်းဓာတ်ပုံပိုင်ရှင်အားလေးစားစွာဖြင့် credit ပေးပါသည်။


#ခင်နှင်းယု

06/09/2026

ဘာတရားတွေလိုဦးမလဲ
ကျွန်မကို ပန်းတွေကပဲ
ဖြေသိမ့်နိုင်တယ်။

▪️မြကျေး

ငွေလမင်းဟူသည်ကိုလူက မပိုင်နိုင်ပါ။မပိုင်နိုင်ပေမယ့်ချစ်ရသည်။◾ တက္ကသိုလ်ဘုန်းနိုင်(ပိတောက်ပွင့်ဆဲလသာဆဲဝယ်)   #တက္ကသိုလ်ဘု...
05/09/2026

ငွေလမင်းဟူသည်ကို
လူက မပိုင်နိုင်ပါ။

မပိုင်နိုင်ပေမယ့်
ချစ်ရသည်။

◾ တက္ကသိုလ်ဘုန်းနိုင်
(ပိတောက်ပွင့်ဆဲလသာဆဲဝယ်)


#တက္ကသိုလ်ဘုန်းနိုင်
#ပိတောက်ပွင့်ဆဲလသာဆဲဝယ်

ဆရာဘာသာပြန်တဲ့ “သုခမြို့တော်” စာအုပ်ဟာ စိတ်သတ္တိ ပွားများစေဖို့ အားကောင်းကောင်းနဲ့ လှုံ့ဆော်ပေးလိုက်နိုင်တယ်လို့ ထင်ပါတယ...
04/09/2026

ဆရာဘာသာပြန်တဲ့ “သုခမြို့တော်” စာအုပ်ဟာ စိတ်သတ္တိ ပွားများစေဖို့ အားကောင်းကောင်းနဲ့ လှုံ့ဆော်ပေးလိုက်နိုင်တယ်လို့ ထင်ပါတယ်။ဒီစာအုပ်ကို ဘာသာပြန်ဖို့ ဆုံးဖြတ်လိုက်တာ ဘာကြောင့်ပါလဲ။

ဟုတ်ပါတယ်။”သုခမြို့တော်” ကို ဖတ်ပြီး အားတက်ရတယ်။ဒီဝတ္တုကိုဘာသာပြန်ပြီး စာအုပ်အဖြစ် ထွက်လာတော့ တွေ့ရကြားရတဲ့အဖြစ်အပျက်ကလေးတွေကို ကျွန်တော် ပြောချင်ပါတယ်။ဒီစာအုပ် ထွက်လာတော့ လူတော်တော်များများက အစကလေးတင်ဖတ်ပြီး “ဟင်…စာအုပ်က စိတ်ညစ်စရာကြီး” ဆိုပြီးဆက်မဖတ်ချင်ကြဘူး။ဒီလို ဆင်းရဲတာ၊ငတ်ပြတ်တာ၊အောက်ကျနောက်ကျဖြစ်တာတွေကို ရေးတာ ရိုးနေပါပြီ။ဖတ်လည်း ဖတ်ဖူးပြီ။မြင်လည်းမြင်ဖူးပြီ။ဒီစာအုပ်ကို ဖတ်ရင် စိတ်ညစ်ရမှာပဲလို့ ထင်ခဲ့ကြတယ်။ကောင်မလေးတစ်ယောက်ကဆိုရင် ကျွန်မတို့ စိတ်ညစ်စရာတို့၊ဘဝသရုပ်ဖော်တို့ဆိုတာ ဘယ်တော့မှ မဖတ်ခဲ့ဘူး။ဒါပေမယ့် ဒီစာအုပ်ဖတ်လိုက်တော့ စိတ်ညစ်စရာတွေက စိတ်သက်သာရာရသွားးတယ်လို့ ပြောပါတယ်။

ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ဆင်းရဲတာ၊ငတ်ပြတ်တာ၊အောက်ကျနောက်ကျဖြစ်တာ ကျွန်တော်တို့လည်း ဖတ်ခဲ့ဖူးလှပြီ။ကြားခဲ့ဖူးလှပြီ။ဒါပေမယ့် ဒီအထဲက စိတ်ညစ်စရာမျိုး၊ဆင်းရဲတာမျိုး၊အောက်ကျနောက်ကျဖြစ်တာမျိုးကိုတော့ ကျွန်တော် တစ်ခါမှလည်း မဖတ်ဖူးသေးဘူး။မြင်လည်းမြင်ဖူးသေးဘူး။ကြားလည်း မကြားဖူးသေးဘူး။အဲဒီအထဲက အဖြစ်အပျက်တွေဖတ်ပြီး ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားတယ်။ဟုတ်ပါတယ်။အဲဒီအထဲကဟာစရီးပါးဟာ သွေးကိုဖောက်ပြီး ရောင်းရတယ်ဆိုတာမျိုးလောက်ကတော့ ကျွန်တော်တို့ ကြားဖူးတယ်။ရေးလည်း ရေးဖူးတယ်။ဒပ်ဖရင်ဆေးရုံ(အမျိုးသမီးဆေးရုံ)နားမှာ သွေးဖောက်ရောင်းတဲ့ ဆိုက်ကားသမားတွေ ဟိုတုန်းက ရှိခဲ့ဖူးတယ်။ဒီအကြောင်းကို ကျွန်တော်တို့ လွန်ခဲ့တဲ့အနှစ်သုံးလေးဆယ်လောက်တုန်းက ဝတ္တုတိုကလေးတွေ ရေးခဲ့ကြဖူးတယ်။ဒါလောက်ပဲ ကြားဖူးမြင်ဖူးတယ်။ဒါပေမဲ့ မသေခင်ကတည်းက အရိုးကို ရောင်းတာမျိုး၊သန္ဓေသားကို ရောင်းတာမျိုးကိုတော့ကျွန်တော်တို့ ကြားလည်း မကြားဖူးသေးဘူး။ဖတ်လည်း မဖတ်ဖူးသေးဘူး။ကျွန်တော်တို့ စိတ်မကူးမိတဲ့ အဖြစ်အပျက်တွေကို သွားတွေ့ရတယ်။ကြောက်စရာကြီး။

“သုခမြို့တော်”ကို ဖတ်ကြည့်လိုက်တော့ ပထမရလိုက်တဲ့ ခံစားချက်ကကြောက်စရာ၊အံ့ဩစရာ၊စိတ်ညစ်စရာပဲ။ဒါပေမယ့် ဖတ်ရင်းဖတ်ရင်းနဲ့ သတ္တိကောင်းလာတယ်။အားရှိလာတယ်။လောကကြီးမှာ ဘယ်လောက်အောက်တန်းကျကျ၊ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေ့တွေ့ နေချင်စရာတွေ၊နေပျော်စရာ၊စိတ်သက်သာရာ ရစရာတွေ အများကြီးရှိသေးတာပဲဆိုတဲ့အသိကို ရလာတယ်။ဘယ်လောက်ပဲ ဆိုးတဲ့လူတွေရှိရှိ ကောင်းတဲ့လူတွေ အများကြီးရှိတာပဲ။လူ့ဘဝကြီးဟာ ဘယ်လောက်ပဲ မည်းမှောင်နေနေ အလင်းရောင်ကတော့ ရှိနေပါကလားဆိုတဲ့အမြင်ကို ရလာခဲ့တယ်။

ကျွန်တော်တို့မှာ သတ္တိနှစ်မျိုးရှိတယ်။ကိုယ်သတ္တိနဲ့ စိတ်သတ္တိ။တစ်နည်းပြောရရင် ဗျတ္တိနဲ့ သတ္တိပေါ့။သတ္တိဆိုတာ လောကဓံကို ရင်ဆိုင်ရဲတာ။ဆင်းရဲတာကို ရင်ဆိုင်ရဲတယ်။ချမ်းသာတာကိုလည်း ကျော်လွှားရဲတယ်။နိမ့်တာကိုလည်းခံနိုင်တယ်။မြင့်တာကိုလည်း ခံနိုင်တယ်။ဒါကိုပြောတာလို့ ကျွန်တော်ထင်တယ်။”သုခမြို့တော်”ကို ဖတ်လိုက်တော့ သူတို့လောက် ဆင်းရဲတာ။သူတို့လောက်ဒုက္ခရောက်တာ၊သူတို့လောက် အောက်ကျနောက်ကျ ဖြစ်တာဟာ ရှိမယ်လို့တောင်မထင်ရတော့ဘူး။ဒါပေမယ့် အဲဒီက ဇာတ်ဆောင်တွေဖြစ်တဲ့ ဟာစရီးပါး၊ဗန်ဒူနာ၊မာသာထရီဇာ စတဲ့ ဇာတ်ဆောင်တွေဟာ သူတို့ဘဝကို ရဲရဲကြီး ရင်ဆိုင်သွားကြတယ်။ဒါကြောင့်မို့ ဝတ္တုဇာတ်လမ်းကို ကြည့်လိုက်ရင် စိတ်ညစ်စရာကောင်းတယ်လို့ထင်ရပေမယ့် သူတို့တစ်တွေ ရုန်းကန်လှုပ်ရှားပုံကိုကြည့်ရင်း အားတက်ရတယ်။သတ္တိရှိလာရတယ်။ဒါကြောင့်မို့ ဒီဝတ္တုကို ဘာသာပြန်ခဲ့တာပါ။တခြား ပြန်ချင်တာ၊ရေးချင်တာတွေ ရှိပေမယ့် အဲဒီအချိန်မှာ အဲဒီဝတ္တုလောက်ခံစားချက် မပြင်းထန်ဘူး။ဒီဝတ္တူဟာ ကျွန်တော်တို့အဖို့ ဒီအချိန်မှာ လိုအပ်တယ်လို့ထင်လို့ ပြန်လိုက်တာပါပဲ။

▪️မြသန်းတင့်
(သုခမြို့တော်ထဲကစိတ်သတ္တိ)


#မြသန်းတင့်
#သုခမြို့တော်

ကဗျာဆရာကြီး မောင်ချောနွယ် ကွယ်လွန်ခြင်း  (၂၄)နှစ်ပြည့်၃ စက်တင်ဘာ ၂၀၂၆❗️ဆရာမောင်ချောနွယ်၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစား...
03/09/2026

ကဗျာဆရာကြီး မောင်ချောနွယ်
ကွယ်လွန်ခြင်း (၂၄)နှစ်ပြည့်

၃ စက်တင်ဘာ ၂၀၂၆

❗️ဆရာမောင်ချောနွယ်၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။


#မောင်ချောနွယ်

ငါတို့တွေဟာ စာအုပ်ဖတ်ကြရမယ်စာအုပ်ဖတ်ကြရမယ်စာအုပ်ဖတ်ကြရတယ်စာအုပ်ဖတ်ကြ။      ။▪️အောင်ချိမ့်(စာအုပ်)   #အောင်ချိမ့်  #စာအုပ...
02/09/2026

ငါတို့တွေဟာ စာအုပ်ဖတ်ကြရမယ်
စာအုပ်ဖတ်ကြရမယ်
စာအုပ်ဖတ်ကြရတယ်
စာအုပ်ဖတ်ကြ။ ။

▪️အောင်ချိမ့်
(စာအုပ်)


#အောင်ချိမ့်
#စာအုပ်

ဘကြီးမိုးလို့ခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူ ကွယ်လွန်ခြင်း ၅ နှစ်ပြည့်ပါပြီ။၂၀၂၁ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ကွယ်လွန်ခဲ့တာပ...
01/09/2026

ဘကြီးမိုးလို့ခေါ်ကြတဲ့ စာရေးဆရာ မောင်မိုးသူ ကွယ်လွန်ခြင်း ၅ နှစ်ပြည့်ပါပြီ။

၂၀၂၁ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။

❗️ဆရာကြီး၏မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။


#မောင်မိုးသူ

၈လအတွင်း စာအုပ်ဘယ်လောက်များများဖတ်ပြီးလဲ။ဘာလိုလိုနဲ့ ၂၀၂၆ ခုနှစ်က ၈ လကုန်သွားပြီ။စာတွေဖတ်ဖြစ်ကြရဲ့လားရှင့်။ကျွန်မကတော့ ၈...
31/08/2026

၈လအတွင်း စာအုပ်ဘယ်လောက်များများဖတ်ပြီးလဲ။

ဘာလိုလိုနဲ့ ၂၀၂၆ ခုနှစ်က ၈ လကုန်သွားပြီ။
စာတွေဖတ်ဖြစ်ကြရဲ့လားရှင့်။
ကျွန်မကတော့ ၈ လအတွင်း အုပ် ၄၀ ဖတ်ဖြစ်ပါတယ်။တစ်အုပ်က ဖတ်ရင်းနဲ့ပဲ လကုန်သွားတယ်ပေါ့နော်။တစ်လကို ပျမ်းမျှ ၅ အုပ်ဖတ်ဖြစ်တယ်လို့ ဆိုရမှာပါ။ဖတ်ထားတဲ့စာအုပ်စာရင်းကို ကွန်မန့်မှာ ပြောထားမယ်နော်။

မိတ်ဆွေတို့ရော ဘယ်နှအုပ် ဖတ်ဖြစ်ကြလဲရှင်။

အိမ်   ===လှေသမားဟာဟို့အဝေးက ကျွန်းတွေမှာကောက်သိမ်းပြီးတော့သူ့အိမ်…ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံပြန်လာခဲ့တယ် ။ကိုယ်လည်...
30/08/2026

အိမ်
===

လှေသမားဟာ
ဟို့အဝေးက ကျွန်းတွေမှာ
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ် ။

ကိုယ်လည်း အိမ်ပြန်ချင်ပါရဲ့
ဒါပေမယ့် ကိုယ့်မှာ
ဘာများ ရိတ်သိမ်းစရာ ရှိပါသလဲ
ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့တယ်
မိတ်ဆွေ… မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကို မွေးမြူ ကြီးပြင်းစေခဲ့တယ် ။

အချစ်ရဲ့ဝေဒနာကိုရော
သက်သာရာရအောင်
သင် မတတ်နိုင်ဘူးလား ။

အို …ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ
ကိုယ် အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တဖန် ပေးနိုင်ပါဦးမလား ။ ။

🔸ကြည်အေး

Address

Yangon

Telephone

+959426642802

Website

Alerts

Be the first to know and let us send you an email when Amigos Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category