27/08/2026
အရင် Gen ထက် ပိုမိုက်သွားတဲ့ Xiaomi ရဲ့ Mijia Smart Fish Tank 2 Pro! 🐠⚡️
ငါးမွေးရတာ ဝါသနာပါသူတွေ စောင့်မျှော်နေကြတဲ့ Xiaomi ရဲ့ Mijia Smart Fish Tank 2 Pro သစ် ထွက်ရှိလာပါပြီ။ အရင် Version ဟာလည်း ရောင်းအားအရမ်းကောင်းခဲ့ပေမဲ့ ခု Pro Version မှာတော့ အားနည်းချက်တွေကို အကုန် ပြင်ဆင်ပြီး နည်းပညာအသစ်တွေနဲ့ Upgrade လုပ်ပေးထားပါတယ်။ ✨
* 1.47" LCD Screen သစ်ပါဝင်လာခြင်း: အရင်က App ထဲဝင်ကြည့်မှ ရမယ့် ရေအပူချိန်နဲ့ စနစ်အခြေအနေတွေကို ခု Screen 🖥️ မှာတင် တိုက်ရိုက် ကြည့်လို့ရသွားပါပြီ။
* 31L Capacity (ပိုကျယ်လာခြင်း): အရင် Gen 1 ရဲ့ 20L~25L ဝန်းကျင်ထက် ပိုကျယ်လာလို့ ငါးတွေ လွတ်လပ်စွာ ကူးခတ်နိုင်ပြီး ရေထုထည် ငြိမ်သက်မှုကို ပိုပေးနိုင်ပါတယ်။ 💦
* U-Shaped Circulation Filter (ရေစစ်စနစ် ပိုကောင်းလာခြင်း): အရင်ကထက် ပိုမိုထိရောက်တဲ့ U-Shape ရေစီးကြောင်းနဲ့ Silent Ceramic Pump စနစ် သုံးထားလို့ အညစ်အကြေးစစ်ထုတ်တာ ပိုမြန်ပြီး ရေလဲရမယ့် အကြိမ်အရေအတွက်ကို လျှော့ချပေးပါတယ်။ 🔄
* Anti-Clog Smart Feeder (ငါးစာကျွေးစနစ် ပိုမိုကောင်းမွန်လာခြင်း): ငါးစာစိုထိုင်းပြီး ပိတ်ဆို့တာမျိုး မဖြစ်အောင် Motor စနစ်ကို အထူးပြင်ဆင်ထားပါတယ်။ ဖုန်း App 📱 ကနေ ငါးစာကျွေးချိန်နဲ့ ပမာဏကို တိတိကျကျ သတ်မှတ်နိုင်သလို ငါးစာကုန်ခါနီးရင်လည်း App နဲ့ Screen ပေါ်မှာ Alert ပြပေးပါတယ်။
* RRGB Dual Red Light (အလင်းရောင် ပိုလှလာခြင်း): ငါးနဲ့ ရေမှော်ပင် 🌿 တွေရဲ့ သဘာဝအရောင်ကို ပိုမိုတောက်ပ ပေါ်လွင်စေတဲ့ မီးရောင် Mode တွေ ပိုစုံလာပါတယ်။
* Power Bank Backup & 5W Expansion Port: မီးပျက်ရင် Power Bank 🔋 ထိုးသုံးနိုင်ရုံတင်မကဘဲ အပြင်က Heater သို့ UV မီးသီးတွေ အလွယ်တကူ တပ်ဖို့ သီးသန့် 5W Waterproof Port ပါဝင်လာပါတယ်။
လက်ရှိ တရုတ်နိုင်ငံ Xiaomi Youpin မှာ August 31 အထိ Crowdfunding Special Price ၅၉၉ ယွမ် (USD ၉၀ ဒေါ်လာ ဝန်းကျင်) 🏷️ နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ပုံမှန်ရောင်းဈေး ၆၉၉ ယွမ် ထက် ပိုသက်သာစွာ ရရှိနိုင်မှာဖြစ်ပါတယ်။
(Disclaimer: Photos and video clips used in this post belong to their respective owners and Xiaomi/Mijia. They are used purely for news, review, and educational purposes under Fair Use.)