09/09/2026
✨ စိုထိုင်းဆကြောင့် ပစ္စည်းတွေ မပျက်စီးရအောင် Silica Gel ကို မှန်မှန်ကန်ကန် ဘယ်လိုသုံးမလဲ? ✨
အထည်၊ သားရေ၊ အီလက်ထရွန်နစ်နဲ့ စာရွက်စာတမ်းတွေကို အစိုဓာတ်နဲ့ မှိုတက်ခြင်းမှ ကာကွယ်ဖို့ Silica Gel ကို ဘယ်လိုနေရာတွေမှာ သုံးရမလဲ၊ မိမိပစ္စည်းနဲ့ ဘယ်ဆိုဒ်က ကိုက်ညီမလဲဆိုတာ လွယ်လွယ်ကူကူ ရှင်းပြပေးလိုက်ပါတယ်ခင်ဗျာ။
Silica Gel သုံးသင့်သည့်နေရာများ 💡
အီလက်ထရွန်နစ်နှင့် ကင်မရာ: Camera Lens၊ မှန်ဘီလူး၊ နာရီနှင့် ဖုန်း ပစ္စည်းများ မှိုမစွဲစေရန်၊ သံချေး မတက်စေရန်။
သားရေထည်နှင့် ဖိနပ်/အိတ်: သားရေအိတ်၊ သားရေဖိနပ်၊ ခါးပတ်များ စိုထိုင်းဆကြောင့် မှိုတက်ခြင်းနှင့် အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ရန်။
စာရွက်စာတမ်းနှင့် စာအုပ်များ: မှတ်ပုံတင်၊ ပတ်စ်ပို့၊ စာချုပ်စာတမ်းနှင့် ဓာတ်ပုံများ စိုစိစိဖြစ်ပြီး ကပ်သွားခြင်း မရှိစေရန်။
လက်ဝတ်ရတနာနှင့် သတ္တုထည်များ: ရွှေ၊ ငွေ လက်ဝတ်ရတနာများ အရောင်မမှောင်ဘဲ၊ တူးလ်ဘောက်စ်ထဲမှ သံထည်များ သံချေး မတက်စေရန်။
အဝတ်အထည်များ: သိမ်းဆည်းထားသည့် အဝတ်အစားများ သင်းနံ့နွမ်းနွမ်း မဖြစ်စေရန်။
Silica Gel မသုံးသင့်သည့် / သတိထားရမည့်အချက်များ (Don'ts) ⚠️ ❌
အလုံမပိတ်ထားသောနေရာများ: အခန်းပွင့် သို့မဟုတ် ဘီရိုအပြင်ဘက်တွင် သုံးပါက လေထုထဲမှ စိုထိုင်းဆကို စက္ကန့်ပိုင်းအတွင်း အပြည့်စုပ်ယူသွားသဖြင့် အာနိသင် ကုန်မြန်ပါသည်။ (အလုံပိတ် ဘူး/အိတ်ထဲတွင်သာ သုံးရပါမည်)။
❌ တိုက်ရိုက် ရေစိုနေသောပစ္စည်းများ: ရေစိုနေသည့် အဝတ် သို့မဟုတ် ရေဝင်နေသည့် ပစ္စည်းများထဲ တိုက်ရိုက် မထည့်ရပါ။ (စိုထိုင်းဆကိုသာ စုပ်ယူခြင်းဖြစ်ပြီး အရည်စုပ် စက္ကူမဟုတ်ပါ)။
❌ ကလေးများ လက်လှမ်းမီသောနေရာ: မတော်တဆ မျိုမချမိစေရန် ကလေးများ မမှီသည့်နေရာတွင် သိမ်းဆည်းပါ။
ဆိုဒ် ရွေးချယ်နည်း (2gram vs 5grams)
📏 🔹 2 Gram Packet
အလုံပိတ် ဘူး/အိတ် ငယ်များအတွက် (၁ လီတာဝန်းကျင်)။
👉 နာရီဘူး၊ လက်ဝတ်ရတနာဘူး၊ ပတ်စ်ပို့/ကတ်အိတ်၊ ဖုန်း Accessories ဘူးများအတွက် သင့်တော်ပါသည်။
🔹 5 Gram Packet
အလုံပိတ် ဘူး/အိတ် လတ်များအတွက် (၂.၅ လီတာ မှ ၅ လီတာခန့်)။
👉 ဖိနပ်ဘူး၊ သားရေလက်ဆွဲအိတ်၊ ကင်မရာအိတ်၊ အဝတ်ထုပ် Zip Bag၊ စာရွက်စာတမ်း ဖိုင်တွဲများအတွက် သင့်တော်ပါသည်။
📌 အဓိက သတိထားရန် - Silica Gel ၏ အစိုဓာတ်စုပ်ယူနိုင်စွမ်းသည် "ပစ္စည်းကို အလုံပိတ် (Sealed) ထားရှိခြင်း" အပေါ် လုံးဝ မူတည်ပါတယ်ခင်ဗျာ။
🛒 ပစ္စည်းအရည်အသွေး ကောင်းမွန်သည့် Silica Gel ထုပ်များကို GNB မှာ မှာယူနိုင်ပါပြီ။ 📩 အသေးစိတ် မေးမြန်းလိုပါက Page Inbox မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။