Moshi Moshi_Uchiwa Fan

Moshi Moshi_Uchiwa Fan Promotional Gift, Branding, Traditional fan gift

💥ယပ်တောင်အရိုး မိုးရာသီအထူးပရိုမိုးရှင်း💥🗣️ကိုယ့်ကုမ္ပဏီ၊ ကိုယ့်ပစ္စည်းတွေကို ကိုယ်ပိုင်ဒီဇိုင်း အော်ရီဂျင်နယ်ယပ်တောင်တွ...
16/08/2026

💥ယပ်တောင်အရိုး မိုးရာသီအထူးပရိုမိုးရှင်း💥

🗣️ကိုယ့်ကုမ္ပဏီ၊ ကိုယ့်ပစ္စည်းတွေကို ကိုယ်ပိုင်ဒီဇိုင်း အော်ရီဂျင်နယ်ယပ်တောင်တွေလည်း လုပ်ချင်တယ်။ ဒါမှမဟုတ် အရိုးတွေလက်ကားဝယ်ပြီး ပြန်ရောင်းချင်တယ်ဆိုတဲ့သူတွေအတွက် အထူးစျေးလာပြီနော်။

💥ကော်စေ့စျေးတွေတက်နေပေမယ့် Moshi Moshi ကတော့ မိတ်ဟောင်းမိတ်သစ်တွေကိုသက်သာတဲ့စျေးနဲ့ရောင်းပေးမှာပါ။
💥အချောင်းရေ၁၀၀အထက် ဝယ်ယူသူတွေအတွက် 10% တောင်လျှော့ပေးမှာနော်။
ပရိုမိုးရှင်းက စက်တင်ဘာ၃၀ရက်နေ့အထိပဲဆိုတော့ အခုလို စျေးသက်သာတဲ့အချိန်မှာ များများဝယ်ထား၊ ပွင့်လင်းရာသီရောက်လို့ပွဲတွေလုပ်တဲ့အခါ အကိုက်ပဲပေါ့။

✅ ယပ်တောင်အရိုးအဖြူ အချောင်းရေလိုသလောက်ရပါတယ်။
✅ဆိုဒ်ကလည်း အကြီး၊ အလတ်၊ အသေး ၃မျိုးရှိပါတယ်။

☎️စိတ်ဝင်စားရင်တော့ ဖုန်း 09-795 342 536, 09-798 426 962 ကို ဟယ်လိုလိုက်ပါ

အိုးမကွာ အိမ်မကွာ စီးပွါးရေးလုပ်ငန်းလေးတခုခု လုပ်ချင်တယ်လို့ စဉ်းစားနေသူတွေအတွက်...💡ကျွန်မတို့တတွေ ငယ်ငယ်တုန်းက ကိုရီးယာ...
28/07/2026

အိုးမကွာ အိမ်မကွာ စီးပွါးရေးလုပ်ငန်းလေးတခုခု လုပ်ချင်တယ်လို့ စဉ်းစားနေသူတွေအတွက်...💡
ကျွန်မတို့တတွေ ငယ်ငယ်တုန်းက ကိုရီးယားမင်းသား မင်းသမီးတွေဆို ကြိုက်လွန်းလို့ ဇီးထုပ်၊နေကြာစေ့ထုပ်ကအစ ကျောင်းသုံးဗလာစာအုပ်အထိ လွှမ်းမိုးခဲ့ကြတာနော်။
ခေတ်တွေပြောင်းသွားလို့ အကြိုက်တွေမတူနိုင်ကြတော့ပေမယ့် ကိုယ်နှစ်သက်တဲ့ ဇာတ်ကောင်၊ ကာတွန်းရုပ်လေးတွေကိုတော့ နေ့စဉ်သုံးတဲ့ပစ္စည်းလေးတွေမှာ မြင်ချင်ကြစမြဲ။
ဒီလို အိတ်ထဲထည့်သွားလို့ရတဲ့ အရွယ်ကစလို့ လေတကယ်ရတဲ့ ဆိုက်ကြီးတွေအထိ ဂျပန် Uchiwa ယပ်တောင်လေးတွေမှာ နှစ်သက်ရာပုံလေးတွေကပ်ပြီး အိုးမကွာ အိမ်မကွာ small business လေး စတင်လို့ရပါတယ်။
လိုတာကတော့
👉 ယပ်တောင်အရိုး
👉 စက္ကူဖြတ်ဖို့ မိုလ်
👉 ကပ်တဲ့စတစ်ကာ စက္ကူနဲ့
👉 ပုံထုတ်ဖို့ printer
👉 ပြီးတော့ အရေးအကြီးဆုံးက Idea
ဒါပဲလိုပါမယ်။
မိုးကုန်ပြီဆိုတာနဲ့ ယပ်တောင်အရောင်း စသွက်လာပါပြီ။ ဒီလိုလေးတွေ ထုတ်ရောင်းလို့ရသလို ကိုယ်က ဒီဇိုင်းလုပ်တတ်တယ်ဆိုရင် အလှူ၊ မင်္ဂလာဆောင်၊ Event ပွဲတွေအတွက်လည်း လက်ခံလို့ရပါပြီ။
အရင်းအနှီး နည်းနည်းနဲ့ လုပ်ငန်းတစ်ခုအစပျိုးချင်တယ်ဆိုရင်တော့ Moshi Moshi Uchiwa Fan မှာ အရိုးနဲ့ မိုလ် ဝယ်ယူလို့ရပါတယ်။
ယပ်တောင်အချောင်းရေ ၁၀၀ ကနေ စတင်ရောင်းချပေးနေပါတယ်။ S,M,L ဆိုပြီး Size (၃) မျိုးရှိပါတယ်။ Sticker Design တွေအတွက် www.vectorsticker.com လို website မျိုးမှာလည်း အခမဲ့ဒေါင်းလုပ် လုပ်လို့ရပါတယ်။
ကဲ... ဘယ်လိုလဲ၊ လုပ်ငန်းသစ်တခုကို စမ်းသပ်ကြည့်ဖို့ ရယ်ဒီပဲလား? 😉


#ဂျပန်ယပ်တောင်

ဂျပန်ကနာမည်ကြီးလျှပ်စစ်ပစ္စည်းတွေရောင်းတဲ့ဆိုင်ကြီးရဲ့ ရှေ့မှာ ယပ်တောင်တွေပုံထည့်ထားတာ။ လွတ်လွတ်လပ်လပ်ယူလို့ရပါတယ် တဲ့။ ...
07/07/2026

ဂျပန်ကနာမည်ကြီးလျှပ်စစ်ပစ္စည်းတွေရောင်းတဲ့ဆိုင်ကြီးရဲ့ ရှေ့မှာ ယပ်တောင်တွေပုံထည့်ထားတာ။ လွတ်လွတ်လပ်လပ်ယူလို့ရပါတယ် တဲ့။
နွေရာသီရောက်လာတော့ ယပ်တောင်လည်းဝေရင်း ဆိုင်ကိုလည်းကြော်ငြာရင်းပေါ့။
Big Camera ဆို ဂျပန်မှာဆိုင်ခွဲတွေအများကြီးရှိပြီး လူသိပြီးသားပေမယ့် ခုလို ရာသီရောက်ပြီဆိုရင်တော့ Uchiwa ဆိုတဲ့ ယပ်တောင်နဲ့ ကုမ္ပဏီကြီးတွေကအစ ကြော်ငြာတော့တာပဲ။
ဘာလို့ဆို Uchiwa က အသုံးလည်းတည့်တယ်၊ စျေးလည်းသက်သာတာကိုး။
အာ့ကြောင့် ကြော်ငြာနဲ့ Uchiwa က ခွဲလို့မရဘူးနော်😊

ကိုယ့်အမှတ်တံဆိပ်၊ ကိုယ့်ဒီဇိုင်းနဲ့ originalယပ်တောင်လေးတွေလုပ်ချင်ရင် Moshi Moshi ကိုသာ ဟယ်လိုလိုက်ပါ

Made in Burma, Uchiwa fan အရိုးရော၊ စတစ်ကာကပ်ပြီး အပြီးအစီးပါ ရနိုင်ပါတယခ
(အနက်အရိုးကတော့ လက်ကျန်နည်းနည်းပဲ ရှိပါမယ်၊ အဖြူ လိုသလောက် ရနိုင်ပါတယ်)

☎️ 09 78 200 3367
☎️ 09 798 426 962

အဖြူလေးတွေကြိုက်ကြတာလည်း နားလည်တယ်…အနက်လေးတွေကလည်း ဒီဇိုင်းမိုက်ရင် အရမ်းလှတယ် ဆိုတာလေး လာပြတာ 🤩🤩မင်မင် 🇯🇵 Food and Drin...
24/06/2026

အဖြူလေးတွေကြိုက်ကြတာလည်း နားလည်တယ်…
အနက်လေးတွေကလည်း ဒီဇိုင်းမိုက်ရင် အရမ်းလှတယ် ဆိုတာလေး လာပြတာ 🤩🤩

မင်မင် 🇯🇵 Food and Drink Exhibition သွားတော့ ဝေတာပါ။ ဂျပန်မှာတော့ ဘယ်လောက်ပဲ ခေတ်မီ electronics တွေသုံးနေသုံးနေ နွေရောက်ရင် Uchiwa Fan လေးတွေနဲ့ အလျှိုအလျှို ကြော်ငြာလုပ်ကြတာ နှစ်စဉ်ပါ။ 🥰

Made in Burma, Uchiwa fan အရိုးရော၊ စတစ်ကာကပ်ပြီး အပြီးအစီးပါ ရနိုင်ပါပြီ။
(အနက်အရိုးကတော့ လက်ကျန်နည်းနည်းပဲ ရှိပါမယ်၊ အဖြူ လိုသလောက် ရနိုင်ပါပြီ)

☎️ 09 78 200 3367
☎️ 09 798 426 962

#ဂျပန်ယပ်တောင်

မင်္ဂလာပါရှင့်။ Moshi Moshi ကယပ်တောင်လေးတွေကို အားပေးကြတဲ့ ရပ်ဝေး ရပ်နီးက မိတ်ဆွေတွေ၊ ပုံနှိပ်လုပ်ငန်းရှင်တွေ၊ ဖိတ်စာနဲ့...
23/06/2026

မင်္ဂလာပါရှင့်။
Moshi Moshi ကယပ်တောင်လေးတွေကို အားပေးကြတဲ့ ရပ်ဝေး ရပ်နီးက မိတ်ဆွေတွေ၊ ပုံနှိပ်လုပ်ငန်းရှင်တွေ၊ ဖိတ်စာနဲ့ပြန်ကမ်းဝန်ဆောင်မှု လုပ်ငန်းရှင်တွေ၊ မိတ်ဖက်လုပ်ငန်းရှင်တွေ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်ရှင်။

Moshi Moshi မှာကလေ ဒီ ဂျပန်ယပ်တောင်အမျိုးအစားကိုပဲ
✅ အရိုးသီးသန့် (fan bone)
✅ အပြီးအစီး စတစ်ကာကပ်ပြီး (finished product) နှစ်မျိုးလုံး ရပါတယ်။

Moshi Moshi မှာ ခေါ်တဲ့ အခေါ်အဝေါ်လေး ပြောပြတာပါရှင်၊ တစ်ခါတလေကျ စာအဝင်တွေများပြီး စျေးနှုန်းမေးရင် တဘက်နဲ့ တဘက် နားလည်မှု လွဲမှာစိုးလို့ ဒီပို့စ်လေးနဲ့ ကြိုပြောပြထားတာပါ။
ခန့်မှန်းစျေးက

အရိုးသီးသန့် (fan bone) ဆိုရင်
Small - 650ks
Medium - 800ks
Large - 950ks ဝန်းကျင်ရှိပါတယ်။

အပြီးအစီးကပ်ပြီးကတော့ လောလောဆယ် အသေး နဲ့ အကြီးပဲ မှာလို့ ရပါဦးမယ်။
Small - 2,300ks
Large - 3,300ks ဝန်းကျင်ရှိပါတယ်။ စက္ကူစျေးပေါ်မူတည်ပြီး စျေးအပြောင်းအလဲ အနည်းငယ်ရှိပါတယ်ရှင်။

အရောင်ကတော့ အများဆို အဖြူ တစ်မျိုးပဲ ရဦးမယ်ရှင့်။ လက်ကျန် အနက် နဲ့ အရောင် အနည်းငယ်ကတော့ လက်ကျန်တော်တော်နည်းနေပြီမို့ ၁၀၀ စ၊ ၂၀၀ စ လောက်မှာရင်တော့ ရပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်၊ နားလည်မှုမလွဲရအောင် ကြိုပြောပြထားတာပါနော့်။
🥰🥰

ဂျပန်ယပ်တောင် အရိုး Size စုံ မှာနိုင်ပါပြီ။👉 အပြီးအစီး မမှာချင်ဘူး၊ အရိုးပဲယူမယ် ရမလား👉 ဖိတ်စာ ပြန်ကမ်းဆိုင်မို့ ဆိုင်မှ...
17/06/2026

ဂျပန်ယပ်တောင် အရိုး Size စုံ မှာနိုင်ပါပြီ။

👉 အပြီးအစီး မမှာချင်ဘူး၊ အရိုးပဲယူမယ် ရမလား
👉 ဖိတ်စာ ပြန်ကမ်းဆိုင်မို့ ဆိုင်မှာ fan bone ကို in stock ထားချင်တယ်
👉 နယ်ကမို့ ယပ်တောင်အရိုးပဲ မှာထားချင်တယ်၊ လာအပ်မှ print ထုတ်၊ကပ်မယ်။

အားလုံး ရပါတယ်ရှင်။ ယပ်တောင်အရိုးချည်းပဲ မှာပြီး ကိုယ့်စိတ်ကြိုက် ကိုယ့်ဒီဇိုင်းနဲ့ကိုယ် ကပ်ပါနော်။

✅ ယပ်တောင်အရိုးချည်းရမယ်
✅ စက္ကူဖြတ်တဲ့ မိုလ် (mold/mould) လည်း ရမယ်
✅ ဖြတ်နည်း၊ ကပ်နည်း အားလုံးလည်း ပြောပြပေးဦးမယ်။

ယပ်တောင်က ပေါ့ပြီး ကြာရှည်အသုံးခံ၊ စိတ်ကြိုက် အရောင်အသွေးစုံစုံ ဒီဇိုင်းထုတ်လို့ရလို့ အားလုံးကို သုံးစေချင်တာပါ။ ဒါကြောင့် ဘာတခုမှ မချန်ပဲ ပြောပြ၊ ရောင်းပေးနေပါတယ်ရှင်။
ဖိတ်စာ၊ ပြန်ကမ်းဆိုင်တွေ၊ print house တွေအတွက် အသစ်နော်။ နယ်မှာဆို ကိုယ်က ဒီဒီဇိုင်းနဲ့ ပထမဆုံးလည်း ဖြစ်နိုင်ပါတယ်။ လိုအပ်ရင် Hello လိုက်ပါ။

☎️ 09 795 342 536, 09 798 426 962

#ဂျပန်ယပ်တောင် #ပြန်ကမ်း

Uchiwa bone လေးတွေ size သေးလေးလည်း လိုသလောက်ရ ✅ဒီ size လေးကကျတော့ အိတ်ထဲထည့်သွားလို့ရတော့ လုပ်ငန်းကြော်ငြာတွေ၊ လုပ်ငန်းပ...
08/06/2026

Uchiwa bone လေးတွေ size သေးလေးလည်း လိုသလောက်ရ ✅
ဒီ size လေးကကျတော့ အိတ်ထဲထည့်သွားလို့ရတော့ လုပ်ငန်းကြော်ငြာတွေ၊ လုပ်ငန်းပွဲတွေမှာ ကမ်းဖို့အတွက် အရမ်း အရမ်းကို အဆင်ပြေသောနော်။

ခုဆို ကပ်ဖို့ စတစ်ကာစက္ကူဖြတ်တဲ့ Mould ပါ တွဲရောင်းပေးနေတာမို့ ဖိတ်စာနဲ့ ပြန်ကမ်းဆိုင် မိတ်ဆွေများ၊ Printing House များအတွက် လုပ်ငန်း Opportunity အသစ်လေးပါရှင်။ အချောင်း ၁၀၀ ကစ လက်လီ လက်ကား ရောင်းပေးပါတယ်။

နယ်ဝေးတွေကိုလည်း ဂိတ်တင်ပေးပါတယ်နော်။ Messenger ကနေ ပြောလို့ မတွေ့ရင် ဖုန်းဆက်လို့ ရပါတယ်။

☎️ 09 798 426 962
☎️ 09 795 342 536

#ဂျပန်ယပ်တောင်

Japan Foundation နဲ့ Gallery Ohmar တို့ ပူးပေါင်းတင်ဆက်တဲ့ ဂျပန်ခေတ်ပြိုင်ဓာတ်ပုံဆရာကြီး Nobuyishi Araki ရဲ့ TOKYO Befor...
27/05/2026

Japan Foundation နဲ့ Gallery Ohmar တို့ ပူးပေါင်းတင်ဆက်တဲ့ ဂျပန်ခေတ်ပြိုင်ဓာတ်ပုံဆရာကြီး Nobuyishi Araki ရဲ့ TOKYO Before/After ဓာတ်ပုံပြပွဲ အမှတ်တရအဖြစ် Uchiwa ယပ်တောင်လေးတွေ ဖန်တီးပေးခွင့်ရခဲ့တာကြောင့် Moshi Moshi က ဂုဏ်ယူကျေးဇူးတင်ရပါတယ်။ 💜


#ဂျပန်ယပ်တောင်

ယပ်တောင်အတွက် စတစ်ကာဖြတ်တဲ့ ဆီလီကွန်မိုလ် လေးတွေ in-stock ရပါပြီရှင်။အကြီး - ၄၁၀၀၀ ကျပ်အသေး - ၂၂၀၀၀ ကျပ်ပါ။💢 ဆီလီကွန်ဆို...
25/05/2026

ယပ်တောင်အတွက် စတစ်ကာဖြတ်တဲ့ ဆီလီကွန်မိုလ် လေးတွေ in-stock ရပါပြီရှင်။

အကြီး - ၄၁၀၀၀ ကျပ်
အသေး - ၂၂၀၀၀ ကျပ်ပါ။

💢 ဆီလီကွန်ဆိုတော့ ကွဲလည်းမကွဲဘူး၊ အရမ်းလည်းပေါ့တယ်။
💢 လေဆာနဲ့ ဖြတ်ထားတာမို့ အနားသတ်တွေ တိကျတယ်။
💢 တစ်ခါဝယ်ထားရင် အချိန်အကြာကြီး သုံးနေရုံပဲ။

ယပ်တောင် အရိုးဝယ်ထားသူတွေအတွက် အဆင်ပြေပြေ ဖြတ်လို့ရအောင်ကို အမြတ်မတင်ထားဘဲ သီးသန့်မှာပေးထားတာမို့ လိုအပ်ရင် မှာနိုင်ပါတယ်ရှင်။ page မှာ Hello လိုက်ပါ။ 😊

Address

Yangon

Telephone

+959798426962

Website

Alerts

Be the first to know and let us send you an email when Moshi Moshi_Uchiwa Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share