03/09/2026
ခုလေးတင် channel မှာ တင်ပေးထားတယ်ရှင်
pdf လေး ဖတ်လို့ရပါပြီ
channel link
https://t.me/MangaForYouTG
Tele Acc
ပါရှင့်
☎️ 09 9 518 49 335
The Greatest Estate Developer ဆိုတာ Isekai ဇာတ်လမ်းတွေထဲမှာမှ ဟာသမြောက်ဆုံးနဲ့ ဖတ်ရအပျော်ဆုံး Manhwa တစ်ခုလို့ ရဲရဲကြီး အာမခံနိုင်ပါတယ်။ ရိုးအီနေတဲ့ ပုံစံခွက်တွေကနေ ခွဲထွက်ပြီး၊ လက်တွေ့ဘဝရဲ့ ဖိအားတွေဖြစ်တဲ့ အကြွေး၊ အလုပ်ပိတာနဲ့ ငွေရှာရတဲ့ အခက်အခဲတွေကို Fantasy World ထဲမှာ အရွှန်းဖောက်ပြီး ရေးထားတာက ဒီ Manhwa ရဲ့ အဓိက ဆွဲဆောင်မှုပါပဲ။
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Kim Suho က လက်တွေ့ကမ္ဘာမှာ အကြွေးနွံနစ်နေတဲ့ Civil Engineering ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ သူဖတ်နေတဲ့ ဝတ္ထုထဲက နာမည်ပျက်နဲ့ အသုံးမကျဆုံး မှူးမတ်သား Lloyd ရဲ့ ကိုယ်ထဲကို ဘဝပြောင်းသွားပါတယ်။ ပြဿနာက Lloyd ရဲ့ မိသားစုကလည်း အကြွေးတွေ သောက်သောက်လဲတင်နေတာပါပဲ။ ဒီနေရာမှာတင် လက်တွေ့က အင်ဂျင်နီယာကျောင်းသားရဲ့ ဒုက္ခတွေနဲ့ ခေတ်သစ်ပညာရပ်တွေကို ပေါင်းစပ်ပြီး မိသားစုရဲ့ အကြွေးတွေကိုဆပ်ဖို့ ကြိုးစားရတဲ့ Lloyd ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြည့်သွားရမှာပါ။
ဒီ Manhwa ရဲ့ လူပြောအများဆုံး အချက်ကတော့ Lloyd ရဲ့ မျက်နှာအမူအရာတွေပါပဲ။ ပိုက်ဆံရမယ့် အပေါက်မြင်ရင်ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို အသုံးချတော့မယ်ဆိုရင်ဖြစ်ဖြစ် ချက်ချင်းပြောင်းသွားတဲ့ သူ့ရဲ့ မျက်နှာပေးတွေက ကြည့်မိတာနဲ့ အလိုလို ရယ်ချင်လာစေပါတယ်။ Lloyd ပြုံးလိုက်တဲ့ အပြုံးက မကောင်းဆိုးဝါးတွေတောင် လန့်ပြေးလောက်တဲ့ အနေအထားမျိုးပါ။ သူက အပြင်ပန်းကြည့်ရင် ငွေမက်တဲ့ အရင်းရှင်ကြီး တစ်ယောက်လို ပြုမူပေမယ့် တကယ်တမ်းကျတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာမဟုတ်ဘဲ လစာနဲ့ အကျိုးခံစားခွင့်တွေ အပြည့်အဝပေးပြီးမှ အသေအလဲ ခိုင်းစားတာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အလုပ်သမားတွေကို ညဘက်တွေမှာပါ အလုပ်ပိုလုပ်ချင်စိတ်ပေါက်လာအောင် Ondol လို့ခေါ်တဲ့ ကိုရီးယား ရိုးရာကြမ်းပြင်အပူပေးစနစ်ကို တီထွင်ပြီး ဇိမ်ကျကျနေပြတဲ့ အကွက်တွေက တကယ့်ကို အူတက်စေပါတယ်။ သူနဲ့ တွဲဖက်အနေနဲ့ ပါလာတဲ့ မူလဝတ္ထုရဲ့ ဇာတ်လိုက်စစ်စစ် Javier ကတော့ ရုပ်ချောပြီး တည်ကြည်ပေမယ့် Lloyd ရဲ့ ပေါက်ကရအကြံအစည်တွေနောက်ကို မတတ်သာဘဲ လိုက်ပါဖြေရှင်းပေးရတဲ့ အခိုက်အတန့်တွေကလည်း ဇာတ်လမ်းရဲ့ ဟာသရသကို ပိုပြီး ပေါ်လွင်စေပါတယ်။
ပြောရရင် ဒီ Manhwa က ရယ်စရာချည်းပဲ သက်သက်မဟုတ်ဘဲ၊ ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်တစ်ခုနဲ့ ဘဝကို ဘယ်လို ပြောင်းလဲပစ်လို့ရလဲ ဆိုတဲ့ လက်တွေ့ကျတဲ့ သင်ခန်းစာတွေကာင်းကောင်းရနိုင်ပါတယ်။
ဘယ်မှာဖတ်ရမလဲဆိုရင် Comment မှာ link ချပေးထားပါတယ်။