Ni Ni Online Mart

Ni Ni Online Mart 100% Authentic BKK

ဘန်ကောက်တိုက်ရိုက် ​ပြည်တွင်းသုံး ပစ္စည်းအစစ်အမှန်များကို ဝယ်ယူရောင်းချပေးပါသည်။

ပစ္စည်းမှန် ပြီးဈေးချိုတာ Ni Ni Online Shopping ပါ !
09 250386400

11/12/2025
MAI လေယာဉ်လက်မှတ်ပေါ်မှာ ပါတဲ့ အချက် (6) ချက်က ဘာတွေလဲ?(1) Flight 8M333 ဆိုတာကတော့ မိမိ စီးရမည့် လေယာဉ်နံပါတ်ဖြစ်ပါတယ်။(...
23/10/2024

MAI လေယာဉ်လက်မှတ်ပေါ်မှာ ပါတဲ့ အချက် (6) ချက်က ဘာတွေလဲ?
(1) Flight
8M333 ဆိုတာကတော့ မိမိ စီးရမည့် လေယာဉ်နံပါတ်ဖြစ်ပါတယ်။
(2) Date
03JUL ဆိုတာကတော့ (၃)ရက်နေ့ (၇)လပိုင်း စီးရမည့် ရက် ဖြစ်ပါတယ်။
(3) Time
12:10 ဟာ မိမိ စီးမည့်လေယာဉ်ရဲ့ ဂိတ်စဖွင့်ပြီး လေယာဉ်ပေါ် စတက်ခွင့် ပြုတဲ့အချိန်ပါ။
(4) Gate 8
ဂိတ် နံပါတ် (၈) ကတော့ မိမိ စီးမည့်လေယာဉ်ကို သွားစောင့်ရမည့် ဂိတ်ပေါက် နံပါတ်ပါ။
(5) Seat
9A ကတော့ မိမိ လေယာဉ်ပေါ်မှာ ထိုင်ရမည့် ထိုင်ခုံနံပါတ်ပါ။
A ဆိုရင်တော့ ပြတင်းပေါက်နား။
B ဆိုရင်တော့ အလယ်ခုံ။
C ဆိုရင်တော့ အလယ်လျှေက်လမ်း ကပ်လျက်။
D ဆိုရင်တော့ အလယ်လျှောက်လမ်း ကပ်လျက်။
E ဆိုရင်တော့ အလယ်ခုံ။
F ဆိုရင်တော့ ပြတင်းပေါက်နား။
"ရန်ကုန် ကနေ ဘန်ကောက်သွားတဲ့ MAI လေယာဉ်ကတော့ ဘယ်ဘက် (3)ခုံ ညာဘက် (3)ခုံပါ"
"စင်္ကာပူ ကနေ ဂျပန် သွားတဲ့ လေယာဉ်ဆို ဘယ်မှာ (3)ခုံ၊အလယ်မှာ (3)ခုံ၊ညာမှာ (3)ခုံပါ"
(6) VGML ကတော့ မိမိ လေယာဉ်လက်မှတ် ဖြတ်စဉ်က ရွေးချယ်ခဲ့တဲ့ အစားအသောက် အတိုကောက်ပါ။အရှည်ကတော့ Vegetarian Meal ပါ။
📌အခုမှ လေယာဉ် စစီးမည့်ခရီးသွားမိတ်ဆွေများအတွက်ဖြစ်ပါသည်။မိမိရဲ့ လေယာဉ်လက်မှတ်ကိုကြည့်တာနဲ့ ဘယ်ဂိတ် ကနေစီးရမလဲ၊ဘယ်အချိန် ဂိတ်စဖွင့်မလဲ၊ထိုင်ခုံ နံပါတ်ဘယ်လောက်မှာ စီးရမလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်ရန် ထပ်မံမျှဝေပေးခြင်းဖြစ်ပါသည်။
"အားလုံးအဆင်ပြေကြပါစေ"

01/10/2024

လေယာဉ်စီးရင် ဖုန်းကို ဘာကြောင့် အဲယားပလိန်းမုဒ် (Airplane Mode) ဖွင့်ရသလဲ။

ကျနော်တို့ လေယာဉ်စီးတိုင်း ကြားနေကြဖြစ်တဲ့ "ကျေးဇူးပြု၍ ထိုင်ခုံနောက်မှီနဲ့ စားပွဲများကို တည့်မတ်စွာထားပေးပြီး ပြတင်းပေါက်လိုက်ကာများ ဖွင့်ထားပေးပါရန်၊ ပန်ကြားအပ်ပါတယ်။

ကွန်ပျူတာ လပ်တော့ပ်များ ပါရှိပါက မိမိတို့ခေါင်းပေါ်ရှိ ကုန်တင်ခန်းပေါ် တင်ပေးထားပါရန်၊ ဖုန်းများကို အဲပလိန်းမုဒ်တွင် ထားပေးပါရန် မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။" ဆိုတာ သတိထားမိကြမှာပါ။

ပထမပြောသွားတာတွေက ကျိုးကြောင်း ဆီလျှော်ပါတယ်။

ပြတင်းပေါက်လိုက်ကာ ဖွင့်ထားရင် အရေးပေါ်အခြေအနေဖြစ်တော့ သိနိုင်တာပေါ့။

စားပွဲအံဆွဲကလည်း ရှေ့ခုံနောက် ကျောမှာ ကပ်ပြီး ထောင်ထားတာပါ။ ဒီတော့ ခုံကနေထွက်ချင်ရင် လွတ်လွတ်လပ်လပ် ထွက်လို့ ရနိုင်ပါလိမ့်မယ်။

လပ်တော့ပ်ကတော့ လွတ်ကျရင် ကွဲသွားတာဖြစ်နိုင်လို့ သိမ်းထားတာအကောင်းဆုံးပါ။ သင့်ရှေ့ထိုင်ခုံနောက်ကျောမှာ အိတ်ရှိပေမဲ့ လပ်တော့ပ် မဆံ့ဖို့ များပါတယ်။

ဒါဖြင့် ဖုန်းကို ဘာလို့ ဖလိုက်မုဒ်မှာ ထားရတာလဲ။ မေးစရာ ရှိပါတယ်။

အခုဒီအကြောင်းကို CNN သတင်းဌာနက ဆောင်းပါးတပုဒ်ကို မှီငြမ်းပြီး အဖြေရှာကြည့်မှာ ဖြစ်ပါတယ်။

အဖြေကတော့ အခြေအနေ (၃)ခုကြောင့် ဖြစ်ပါတယ်တဲ့။ အဲ့ဒါတွေကတော့ ...

(၁) နည်းပညာ တိုးတက်လာမှု။

လေယာဉ်ရဲ့ လမ်းညွှန်မှုနဲ့ ဆက်သွယ်မှုစနစ်တွေဟာ ရေဒီယိုလှိုင်းတွေအပေါ်မှာ မှီနေတာ ဖြစ်ပါတယ်။

ဒါကို လျော့ချဖို့ လုပ်ခဲ့ကြတာလဲ ၁၉၂၀ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။

ခုလက်ရှိသုံးနေတဲ့ ဒစ်ဂျစ်တယ် (Digital) စနစ်တွေဟာ အရင် နှစ်(၆၀) လောက်ကလို အနာလော့(Analog) စနစ်တွေ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ သုတေသနပြု တွေ့ရှိချက်တွေအရ အခုသုံးနေတဲ့ ဖုန်းတွေဟာ လေယာဉ်ရဲ့ ဆက်သွယ်ရေးလှိုင်း ကြိမ်နှုန်းခွင် (Frequency Band) ထဲမှာ တူညီနေပါတယ်။

ဒါကြောင့် လေယာဉ်ရဲ့ ဆက်သွယ်ရေးနဲ့ လမ်းညွှန်စနစ် (Communication & Navigation System) တွေအပေါ်မှာ လျှပ်စစ်သံလိုက်လှိုင်တွေအနေနဲ့ နှောင့်ယှက်နိုင်ပါတယ်။

ဒါပေမဲ့ အမေရိကရဲ့ FAA (Federal Aviation Authority)နဲ့ Boeing တို့ဟာ သီးခြားလွတ်လပ်တဲ့ သုတေသနတွေ ပြုလုပ်ရာမှာတော့ လပ်တော့ပ်တွေ၊ ဖုန်းတွေဟာ လေယာဉ်ရဲ့ ဆက်သွယ်ရေးကိရိယာ (ကွန်ပျူတာ)တွေအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိတာ တွေ့ရပါတယ်တဲ့။

အထူးသဖြင့် အရေးကြီးတဲ့ အတက်အဆင်းလုပ်ချိန်တွေကို စဉ်းစားပြီး စမ်းသပ်ခဲ့ကြတာပါ။

ယူအက်စ်ရဲ့ FCC (Federal Communication Commission) ကလည်း ရေဒီယိုကြိမ်နှုန်းခွင် အတုပြုလုပ်ပြီး စမ်းသပ်ခဲ့ပါသေးတယ်။

သူတို့ကလည်း ဖုန်းတွေဟာ လေယာဉ်ရဲ့ ဆက်သွယ်ရေးကို မထိခိုက်နိုင်တာ တွေ့ရပါတယ်။

နောက်ပိုင်းမှာ တကမ္ဘာလုံးနီးပါးကလည်း စမ်းသပ်ကြည့်လာကြပြီး EU ဥရောပနိုင်ငံတွေဆို ၂၀၁၄ ခုနှစ်ကတည်းက လေယာဉ်ပေါ် ဖုန်းသုံးခွင့် ပြုခဲ့ပါတယ်။

(၂) ခရီးသည် ၂.၂ သန်း။

တကမ္ဘာလုံး စံသတ်မှတ်ချက်တခုအနေနဲ့ကတော့ လေယာဉ်ပေါ် ဖုန်းသုံးတာ တားမြစ်နေဆဲပါပဲ။

ဘာကြောင့်ဆိုရင် Ground Interference ခေါ်တဲ့ မြေပြင်လှိုင်း အနှောင့်အယှက်ကြောင့် ဖြစ်ပါတယ်။

ဒီ ကြိုးမဲ့ဖုန်းကွန်ယက် (Wireless Network) တွေဟာ တာဝါတိုင်တခုကို ဦးတည်ပြီး တန်းဆက် (Series) ချိတ်ဆက်ထားတာပါ။ ဒီကွန်ယက်ဟာ ဝန်မမျှခြင်း (Overload) ဖြစ်လာနိုင်ပါတယ်။

ဘယ်အချိန်မှာလဲဆိုရင် ခရီးသည်အားလုံး တပြိုင်တည်း ဖုန်းသုံးကြမယ်ဆိုတဲ့ အချိန်ပါ။

၂၀၂၁ ခုနှစ်မှာဆိုရင် လေယာဉ်ခရီးသည်ဟာ ၂.၂ သန်းလောက်ရှိပါတယ်။ ဖုန်းကုမ္ပဏီတွေက ဒါကို ထောက်ပြကြပါတယ်။

မှန်ပါတယ်။ အခုဆို မိုဘိုင်းကွန်ယက်ဟာ 5G အဆင့် ရောက်လာပါပြီ။ သူတို့ရဲ့ အချက်အလက်ပို့လွှတ်မှု (Data Transfer) နှုန်းဟာ ကြောက်စရာကောင်းအောင် မြန်ဆန်လာပါတယ်။ လေကြောင်းဆက်သွယ်ရေးစနစ်အတွက် ဒါကို ထည့်စဉ်းစားလာရပါပြီ။

5G ကွန်ယက်ရဲ့ လှိုင်းကျယ် (Band Width) ဟာ လေယာဉ်ဆက်သွယ်ရေးစနစ်ရဲ့ လှိုင်းကျယ်နဲ့ အရမ်းနီးကပ်စွာ တူညီနေပါတယ်။

ဒါကြောင့် လေ‌ဆိပ်တွေနားမှာ ဒီအနှောင့်အယှက် ဖြစ်ခဲ့ရင်လေယာဉ် အတက်၊အဆင်းတွေ ထိခိုက်မှာ ဖြစ်ပါတယ်။

ဩစတေးလျနဲ့ အမေရိကန်က လေကြောင်းအော်ပရေတာတွေဟာ 5G နဲ့ ပါတ်သက်ပြီး အသံထွက်လာကြပါပြီ။ 5G စနစ်ဟာ ထည့်သွင်း တွက်ချက်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။

(၃) အခြေခံစဉ်းစားရမည့် လေကြောင်းဝန်ဆောင်မှုကဏ္ဍ။

လေကြောင်းလိုင်းအများစုဟာ ခရီးသည်တွေအတွက် ဝိုင်ဖိုင်(Wifi) ဝန်ဆောင်မှုကို အခကြေးငွေနဲ့ သုံးစွဲခြင်း (Pay-as-you-go) ဒါမှမဟုတ် အခမဲ့ (Free) ပုံစံနဲ့ ပြုလုပ်ပေးတာတွေ ရှိပါတယ်။

နည်းပညာအသစ်တွေအရ ခရီးသည်တွေဟာ ဖုန်းပြောရုံတင်မက ဗွီဒီယိုကောပါ ပြုလုပ်လာနိုင်ကြပြီ ဖြစ်ပါတယ်။

မကြာသေးခင်က ခရီးစဉ်တခုမှာ လေယာဉ်မယ်ကို ဒီအကြောင်း စကားစပ်မိလို့ မေးကြည့်တဲ့အခါ သူမကတော့ ခရီးသည်တွေ ဖုန်းပြောတာ၊ သုံးတာ မကြိုက်ဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ ဝန်ဆောင်မှုပေးဖို့ ခရီးသည်ကို ဘာသုံးဆောင်မလဲ မေးတဲ့အခါ ဖုန်းပြောနေလို့ စောင့်နေရတာမျိုးအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒါက သူမအလုပ်ကိုလည်း နှောင့်နှေးစေပါတယ်။ ခရီးသည် ၂၀၀ လောက်ပါတဲ့ ခရီးစဉ်မှာ တဝက်လောက်က ဖုန်းပြောနေလို့ စောင့်နေရရင်တော့ ကျန်တဲ့ခရီးသည်တွေ ငတ်ဖို့များပါတယ်။

ကျနော်အဖို့ကတော့ အသက်ကလည်း ၆ ထိပ်စီး၊ လေယာဉ်မယ်လေးတွေလည်း အားနာတာနဲ့ လေယာဉ်စီးတိုင်း ဖုန်းပိတ်၊ ပုတီးစိတ်ချင်ယောင်ဆောင်ပြီး မျက်လုံးမှေးကြည့် ခရီးနှင်ခဲ့တာ များပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေနော်။


25/08/2024

ကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ထိုင်းကိုလာဖို့ဘယ်လိုအမြန်ဆုံးလာလို့ရလဲ
ဘယ်လောက်ကုန်ကျနိုင်လဲနဲ့ ဘယ်လိုလူတွေအတွက်လာဖို့သင့်တော်လဲဆိုတာကို ပြောပြပေးချင်ပါတယ်ဗျ။

📌ဘယ်လိုအမြန်ဆုံးလာလို့ရလဲ?

အရင်ဆုံး passport PV ရှိရပါ့မယ်ဗျ
အမြန်ဆုံးနည်းလမ်းကတော့ ၁၄ရက် freeနေထိုင်ခွင့်ရှိတာမို့လေယာဉ်လက်မှတ် အသွားအပြန်ရယ် hotel booking နဲ့show money 20000Bပါရင် သွားလို့ရပါပြီဗျ။
(ဒါကတော့ အမြန်ဆုံးနည်းလမ်းကိုရေးပေးထားတာပါဗျ။)

📌ဘယ်လောက်ကုန်ကျနိုင်လဲ?

ကုန်ကျစရိတ်ကတော့
လေယာဉ်လက်မှတ်အသွားအပြန် ၇သိန်းဝန်းကျင်
၅ရက်စာငွေချေထားတဲ့hotel booking ၅သိန်းဝန်းကျင်
Total ၁၂သိန်းဝန်းကျင်ကုန်ကျနိုင်ပါတယ်ဗျ။
(အနီးစပ်ဆုံး ခန့်မှန်းစျေးနှုန်းပါဗျ)

📌ဘယ်လိုလူတွေလာဖို့သင့်တော်လဲ?

ဘယ်သူတွေဒီနည်းနဲ့လာသင့်လဲဆိုရင်တော့ကိုယ်က Dubai/Singapore/Oman စတဲ့တတိယနိုင်ငံတွေကိုတစ်လနှစ်လအတွင်းထွက်ဖို့ရည်ရွယ်ထားရင်တော့ လက်ရှိအခြေအနေတွေအရထိုင်းကိုရောက်နေတာက ပိုပြီး အဆင်ပြေပါတယ်ဗျ။
၁၄ရက်နဲ့လာပြီးရင်လဲ ဒီဘက်ရောက်မှ တစ်လချင်းသက်တမ်းပြန်တိုးလို့ရပါတယ်ဗျ။
တတိယနိုင်ငံကိုမသွားဖြစ်ရင်တောင် work permit ဖွင့်တော့မှာမို့ ဒီအချိန်ကလာဖို့အသင့်တော်ဆုံးပါဘဲဗျ။
(ဘယ်အချိန်ဖွင့်ပေးမယ်ဆိုတာကတော့ ဘယ်သူမှအတိအကျမသိရသေးပါဘူး)
ထိုင်းကရန်ကုန်နဲ့လဲအနီးစပ်ဆုံးကုန်စျေးနှုန်းရောအစားအသောက်ရောတူတာမို့ လောလောဆယ်အခြေနေတွေအရ ထိုင်းကရွေးချယ်ဖို့အကောင်းဆုံးပါဘဲ။

💡နောက်ထပ် အကြံပေးချင်တာကတော့ မြန်မာလေယာဉ်ကွင်းအခြေနေတွေကို အမြဲလေ့လာပါဗျ။
လေယာဉ်နဲ့လာလို့မရရင်တောင် တာချီလိတ် မြဝတီစတဲ့နယ်စပ်ဘက်တွေကနေ တရားဝင်ကားနဲ့လာပြီးတော့တရားဝင်နေထိုင်လို့ရပါတယ်ဗျ။
(ထိုင်းနိုင်ငံနဲ့ပါတ်သတ်ပြီးတခုခုသိချင်တာရှိရင်ကွန်မန့်မှာမေးလို့ရပါတယ်ဗျ။)

အားလုံးအစစအရာရာ အဆင်ပြေကြပါစေဗျ။



22/08/2024

22.8.2024 -> ရန်ကုန် လေဆိပ် အထွက် အတွေ့အကြုံ

Passport က travel history ကို စစ်တယ်။
မေး - ဘယ်သွားမှာလဲ။
ဖြေ - ဘန်ကောက်
မေး - ဘာသွားလုပ်မှာလဲ။
ဖြေ - အဖေအမေ ဆေးခန်းပြမှာ။
မေး - အပြန်လက်မှတ်၊ hotel booking နဲ့ show money ပြပါ။
ဖြေ - အပြန် ticket က မဖြတ်ရသေးဘူး။ အဖေက ဆေးရုံတက်ရမှာ အမေက ရိုးရိုးပဲ။ အာ့ကြောင့် မဖြတ်သေးတာ။ show money ပါတယ် ဒီမှာကြည့်။ (ပ်ိုက်ဆံအိပ်အတင်းဖြဲပြ)
မေး - ရပြီ။
ဖြေ - ကျေးဇူးတင်ပါတယ်။

လေဆိပ်က ဝန်ထမ်းတွေ တီးခေါက်ကြည့်တာကတော့ ဒူဗိုင်း သွားမဲ့သူ ၁၀၀ မှာ ၅၀ လောက်ပြန်လွှတ်ပြီးပြီတဲ့။ထိုင်းကတော့ အနည်းအကျင်းပဲတဲ့။

Good luck guys. ❤️

မဆု

MAI လေယာဉ် လက်မှတ်တွေ 9% ($6)ဝန်းကျင် အထိ ဈေးလျော့ထားလို့ ဒီအချိန်မဝယ်ရင် ဘယ်အချိန်ဝယ်မလဲ?MAI လေကြောင်းလိုင်းရဲ့ (31) နှ...
21/08/2024

MAI လေယာဉ် လက်မှတ်တွေ 9% ($6)ဝန်းကျင် အထိ ဈေးလျော့ထားလို့ ဒီအချိန်မဝယ်ရင် ဘယ်အချိန်ဝယ်မလဲ?
MAI လေကြောင်းလိုင်းရဲ့ (31) နှစ်ပြည့် အထိမ်းအမှတ်ဖြင့် August လ ၁ရက် နေ့ မှ August လ ၃၁ရက်နေ့အတွင်း ဝယ်ယူပါက လေယာဉ်လက်မှတ် အသွားအတွက် $6 (9%)ဝန်းကျင်၊အပြန် အတွက် $6 (9%)ဝန်းကျင် ဆိုတော့ အသွား/အပြန် လေယာဉ်လက်မှတ်သာ တစ်ခါထဲ ဖြတ်မယ်ဆို စုစုပေါင်း $12 (18%) ဝန်းကျင်လောက် သက်သာသွားမှာဖြစ်ပါတယ်။
အကယ်၍ မိမိက ဒီ ၂၀၂၄ ဒီဇင်ဘာ ၃၁ မတိုင်ခင် MAI လေကြောင်းနဲ့ ခရီးထွက်ဖို့စဉ်းစားထားရင်တော့ August လ 31 မတိုင်ခင် လေယာဉ်လက်မှတ်ကြိုဖြတ်ထားမယ်ဆို အနည်းဆုံး $12 တောင်သက်သာသွားမှာဖြစ်လို့ မသိသေးသော ခရီးသွားမိတ်ဆွေများအတွက် မျှဝေပေးတာ ဖြစ်ပါတယ်။
Air Ticket အသွား 21.09.2024 ပုံမှန်ဈေး 64.70$ ၊သက်သာသောလက်မှတ်ဈေး 58.70$ လည်းရှိပါတယ်။
Air Ticket အပြန် 24.09.2024 ပုံမှန်ဈေး 64.70$ ၊ သက်သာသော လက်မှတ်ဈေး 58.70$ လည်းရှိပါတယ်။
"တကယ်တော့ လျော့ဈေးနဲ့ကြည့်ရင်တော့ သက်သာပါတယ် အရင် အသွား/အပြန် လေယာဉ်လက်မှတ်ခက $135.40 ဝန်းကျင်ရှိပါတယ်။
ဒါပေမယ့် မနှစ်က April တုန်းကဆို $117/$118 လောက်ဆိုတော့ အရင်ဈေးအတိုင်း ပြန်ချပေးထားတယ်လို့ထင်ပါတယ်။
ဘယ်လိုပဲ ဈေးလျော့ပါစေ ခရီးသွား မိတ်ဆွေတွေ ဈေးသက်သာလို့ ဒီနှစ်မကုန်ခင် ခရီးသွားဖို့ရှိရင် August 31 မကုန်ခင် လက်မှတ်ကြိုဖြတ်ထားသင့်ပါတယ်လို့ Ko Leo Vlog မှ အကြုံပြုပေးချင်ပါတယ်"

  #31%discount
05/08/2024


#31%discount

Messenger အ‌ေခြအနေက အဲလို ဖြစ်နေတာမို့ ph call or Viber ကနေ ဆက်သွယ်ပေးကြပါရှင်။ 🙏
29/07/2024

Messenger အ‌ေခြအနေက အဲလို ဖြစ်နေတာမို့ ph call or Viber ကနေ ဆက်သွယ်ပေးကြပါရှင်။ 🙏

26/07/2024

ပြည်တွင်း ပြည်ပ Air Ticket များ AirWay Line အစုံ ကျွန်မဆီမှာ ရပါတယ်။ ကိုယ်သွားချင်တဲ့ Date,time and Price ကို CB မှာ အသေးစိတ် စုံစမ်း မေးမြန်းလို့ရပါတယ်။

Cost Saving ဖြစ်ချင်လို့ Date ရယ် Time ရယ် Air Way လမ်းကြောင်းများ စစ်ချင်တယ်ဆိုလဲ အားမနာတမ်းCB ကို လာမေးလို့ရပါတယ်။

လိုအပ်ရင် Hotel Booking တို့ Return Ticket တို့ကို free service အနေနဲ့ လုပ်ဆောင်ပေးပါတယ်။

စျေးနှုန်းတွေကို မတင်ပေးဘူးဆိုတာက စျေးနှုန်းတွေက နေ့စဥ်ပြောင်းလဲနေလို့ပါ။

Oversea ကို အလည်သွားဖို့ဘဲ ဖြစ်ဖြစ်၊ ကျောင်းသွားတက်ဖို့ဘဲ ဖြစ်ဖြစ်၊ အလုပ်အတွက်ဘဲ ဖြစ်ဖြစ်၊ အပန်းပြေအနားယူဖို့ သွားတာဘဲ ဖြစ်ဖြစ်၊ လေယာဥ် လက်မှတ်ဝယ်ဖို့ဆို ကျမကို သတိရပေးပါ။

အောက်ကပေးထားတဲ့ နံပါတ်က ကြိုက်တဲ့ social media ကနေ ဆက်သွယ်လို့ရပါတယ်ရှင်။

+959 250386400.

MAI လေယာဉ်နဲ့ အခုမှ ခရီးသွားမယ်ဆိုရင် ဘာတွေသိထားသင့်လဲ?🛫လေယာဉ်လက်မှတ်ကို အနားနီးမှဖြတ်ရင် ရက်နီးလေ ဈေးကြီးလေပါ🙅🛫လေယာဉ်လက...
22/07/2024

MAI လေယာဉ်နဲ့ အခုမှ ခရီးသွားမယ်ဆိုရင် ဘာတွေသိထားသင့်လဲ?
🛫လေယာဉ်လက်မှတ်ကို အနားနီးမှဖြတ်ရင် ရက်နီးလေ ဈေးကြီးလေပါ🙅
🛫လေယာဉ်လက်မှက် ကို အနည်းဆုံး တစ်လလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်😊

🛫MAI လေယာဉ်နဲ့ ခရီးသွားမယ်ဆို Kg 30 Luggage နဲ့သယ်လို့ရပါတယ်။
📌ဒီထက်ပိုသယ်ချင်တဲ့ Kg တွေကို Online က လက်မှတ်ဝယ် ကတည်းက ကြိုဝယ်ထားပါ။လေဆိပ် မှာလည်း Kg အပိုဝယ်လို့ရတဲ့ Service Counter တွေလည်းရှိပါတယ်။

🛫လေယာဉ် ထွက်မည့်အချိန် ထက် 3 နာရီကြိုပြီး လေဆိပ်ကို ရောက်အောင် သွားပါ။

🛫လေဆိပ် ရောက်တာနဲ့ မိမိ လေယာဉ်လက်မှတ်ဖြတ်ထားသော စာရွက် (သို့မဟုတ်) Saveထားဗသာ Soft Copy ကို MAI Ticket Counter မှာပြပြီး လေယာဉ်လက်မှတ် အသွားအတွက် ထုတ်ခဲ့ပါ၊ Luggage တစ်ခါတည်း အပ်ခဲ့ပါ။
📌ခြွင်းချက် - ဘန်ကောက်တို့၊စင်္ကာပူတို့ကနေ Transit နဲ့ ဂျပန်သွားမယ်ဆိုရင်တော့ လေယာဉ်လက်မှတ် နှစ်ဆင့်စာ တစ်ခါတည်းထုတ်ပေးပါတယ်။

🛫လေယာဉ်လက်မှတ် Counter မှာ မထုတ်ခင် မိမိက မိမိထိုင်ချင်သောနေရာကို မပြောဘူးဆိုရင် Counter မှ ဝန်ထမ်းတွေက အဆင်ပြေတဲ့နေရာတွေကို ထိုင်ခိုင်းပါတယ်။
📌မိမိက လေယာဉ်ပြတင်းပေါက်နားထိုင်ချင်တာတို့၊လျှောက်လမ်းနဲ့နီးတဲ့နေရာတို့ ထိုင်ချင်ပါက လက်မှတ်ထုတ်ခါနီးမှာ တစ်ခါတည်းပြောရင် မိမိထိုင်ချင်တဲ့နေရာကို ထိုင်ရပါတယ်။
📌လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် Exit နားမှာ မျက်မှန်သမားတွေမထိုင်သင့်ပါဘူး။

🛫Luggage အပ်မည့် အိတ် ထဲမှာ Laptop , Tablet , Power Bank တို့ထည့်လို့မရပါဘူး။
ထည့်ထားမိရင် လေဆိပ် လက်မှတ်ကောင်တာမှ ဝန်ထမ်းက တစ်ခါတည်း ထုတ်ခိုင်းပါတယ်🙅Hand Carry အနေနဲ့ပဲ သယ်လို့ရပါတယ်။

🛫Luggage အပ်၊ လေယာဉ်လက်မှတ် ထုတ်ပြီးတာနဲ့ Immigration ဖြတ်ဖို့ တန်းစီပါ၊
📌Departure ကဒ်(ပြည်ပထွက်ခွာ) ကို တစ်ခါတည်းဖြည့်ထားပါ (ဖြည့်နည်းလည်းတင်ပေးထားပါတယ်)
📌Passport နဲ့ လေယာဉ်လက်မှတ်ကို အသင့်ထုတ်ထားပါ။

🛫တာဝန်ကျ Immigration Officer ကို Passport,လေယာဉ်လက်မှတ် နဲ့ Departure ကဒ် ပေးပြီး Face Scan လုပ် လက်ဗွေနှိပ် ပြီးတာနဲ့ Pass ဖြစ်သွားပါပြီ

🛫Immigration Pass ဖြစ်သွားပြီဆို အပေါ်က စစ်တဲ့နေရာမှာ Body Check ပါတယ်၊ရေဗူးပါရင် ထားခဲ့ရပါတယ် ၊သယ်လို့မရပါဘူး၊မိမိကသယ်ချင်တယ်ဆို ရေတစ်ခါတည်းသွန်ပါ၊ ဗူးခွံယူလာပြီး Gate ရောက်တဲ့အခါ ရေဖြည့်သောက်လို့ရပါတယ်။

🛫Gate ဖွင့်တဲ့ အခါမှာ Business Class ကို အရင်ဝင်ခိုင်းပါတယ်။
📌 Economy ရဲ့ နောက်ဆုံးခုံနံပတ်မှ စခေါ်ပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Ni Ni Online Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share