Kyaw Baby Toys Store

Kyaw Baby Toys Store Welcome

14/07/2025
24/12/2023

"ဘေဘီလေးတွေ ခေါင်းပူ/ကျောပူထခြင်း"
ဘေဘီလေးတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ
36.5°C နဲ့ 37.5°C ကြားမှာရှိပါတယ်။တခါတလေ
ကလေးတွေဟာ ကိုယ်ပူနေတာ/ဖျားနာနေတာမျိုးမဟုတ်
ဘဲ ခေါင်းပူ ဒါမှ မဟုတ် ကျောပူ နေတာမျိုး ဖြစ်တတ်ပါ
တယ်။ဒါဟာ ဆရာဝန်ပြဖို့အထိ စိုးရိမ်စရာမရှိပါဘူး။
ခန္ဓကိုယ်အေးလာဖို့ အဆင့်ဆင့်လုပ်ဆောင်သွားရမဲ့
အချက်တွေကိုတော့ မေမေတွေအနေနဲ့ သိထားဖို့လိုအပ်
ပါတယ်။ကလေးတွေရဲ့ လက်နဲ့ခြေထောက်တွေဟာ
ဦးခေါင်းထက်ပိုပြီး အေးနေတာ သဘာဝပါ။ကလေးတွေ
ခေါင်းပူ ကျောပူရတဲ့ အကြောင်းရင်းတွေကတော့
(1)အဝတ်အစားထူလွန်းတာ/နွေးလွန်းတာ
ကလေးတွေရဲ့ အရေပြားကနုနယ်တယ်ဆိုပြီး တချို့
က အဝတ်အစားထူထူဝတ်ပေးထားတတ်ကြပါတယ်။အဲ
လိုဆိုရင် ဖျားတာမျိုးမဟုတ်ဘဲ ခေါင်းပူလာတာ ကျော
ပူလာတာ မျိုးဖြစ်တတ်ပါတယ်။ကလေးတွေကို ပေါ့ပါး
တဲ့ ချည်ထည်တွေကို ဝတ်ပေးထားသင့်ပါတယ်။
(2)စိတ်လှုပ်ရှားတာ
ကလေးတွေဟာ သူတို့ရဲ့ဖွံ့ဖြိုးချိန်တွေမှာ လှုပ်ရှားလွန်းတာ စိတ်လှုပ်ရှားတာတွေကြောင့်လည်း
ခန္ဓာကိုယ်အပူချိန် မြင့်လာတတ်ပါတယ်။အဲလိုဖြစ်လာ
ရင် သက်တောင့်သက်သာအနေအထားဖြစ်လာအောင်
ချီပွေ့/ချော့မြှူပေးရပါမယ်။
(3)သွားပေါက်ခြင်း
ကလေးတွေဟာ သူတို့သွားပေါက်ချင်တာမျိုး/သွား
ပေါက်နေတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ပူတာ/ခေါင်းပူ ကျော
ပူထတာမျိုးဖြစ်တတ်ပါတယ်။ဒါဟာသွားပေါက်တဲ့
အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတစ်မျိုးဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ပါရာစီတမောလ်ဖြစ်ဖြစ်/teething
gel ဖြစ်ဖြစ်တိုက်နိုင်ပါတယ်။
(4)သာမိုမီတာ
ကလေးရဲ့အပူချိန်ကို တိုင်းတဲ့သာမိုမီတာ ဒိတ်လွန်နေတာ မကောင်းတော့တာကြောင့် အပူချိန်
အမြင့်ပြနေတာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့်
သာမိုမီတာ ကောင်း မကောင်း အမြဲစစ်ဆေးပေးသင့်ပါတယ်
မေမေရဲ့လက်ကအေးနေတာကြောင့် ကလေးနဖူး
စမ်းတဲ့အခါ ဖြစ်တတ်ပါတယ်။ဒါကြောင့် ကလေးကိုယ်
ပူတယ်လို့ သံသယဖြစ်ရင် အပူချိန်ကို နေ့တိုင်းတိုင်းပေးပြီး နေ့တိုင်း အပူချိန်တူနေရင် စိုးရိမ်စရာမရှိပါဘူး။ရေအေးနဲ့ ရေပတ်တိုက်တာမျိုး လုပ်ပေးနိုင်ပါတယ်။
အခန်းတွင်း အပူချိန်ဟာ 25°C ထက် မပိုသင့်ပါဘူး။
ကလေးကို ညအခါမှာ ခြေအိတ်မဝတ်ပေးဘဲ
ချည်ထည်ကိုသာ ပေးဝတ်သင့်ပါတယ်။နိုင်လွန်အဝတ်
အထည်တွေဟာလည်း ပူနေပါလိမ့်မယ်။
ကလေးဟာ ခေါင်းပူ ကျောပူရုံသာမက အပူကြီးပြီး
အန်တာ/ဝမ်းလျှောတာမျိုး ဖြစ်လာမယ်ဆိုရင်တော့
ရေဓာတ်ခမ်းခြောက်နိုင်တဲ့အတွက် ဆရာဝန်အမြန်ဆုံး
ပြသသင့်ပါတယ်နော်။

ဒီသီတင်းကျွတ်မှာ လိပ်ပြာတောင်ပံလေးတွေနဲ့ နတ်သမီးလေးတွေ လို လှကြမယ် 😍😍😍6500 ကျပ်တည်းပါနော် ဝယ်ယူလိုပါက အမှတ်၁၆၉.ရေကူးဘူတာ...
28/10/2023

ဒီသီတင်းကျွတ်မှာ လိပ်ပြာတောင်ပံလေးတွေနဲ့ နတ်သမီးလေးတွေ လို လှကြမယ် 😍😍😍
6500 ကျပ်တည်းပါနော်
ဝယ်ယူလိုပါက အမှတ်၁၆၉.ရေကူးဘူတာရုံလမ်း. ၈ရပ်ကွက်. မရမ်းကုန်းမြို့နယ် တွင် လာရောက်ဝယ်ယူနိူင်ပါတယ် 🤗🤗🤗

သားသား မီးမီး တို့အကြိုက် ကစားစရာလေးတွေ ထပ်မံရောက်ရှိလာပါပီနော်😍ကလေးကစားပစ္စည်းများ ကို အမျိုးမယ်စုံလင်စွာဖြင်​့ instock...
23/08/2023

သားသား မီးမီး တို့အကြိုက် ကစားစရာလေးတွေ ထပ်မံရောက်ရှိလာပါပီနော်😍
ကလေးကစားပစ္စည်းများ ကို အမျိုးမယ်စုံလင်စွာဖြင်​့ instock ရှိသည့်အတွက် ဝယ်ယူလိုပါက ကျွန်တော် တို့ရဲ့ဆိုင်တွင် လာရောက်ဝယ်ယူအားပေးဖို့ ဖိတ်ခေါ်ပါတယ် 🤗🤗🤗

သားသားမီးမီးတို့အတွက် ကလေးကစားစရာ ပစ္စည်းများ. သင်ထောက်ကူ ပစ္စည်းများကို ဆိုင်မှာ  လာရောက်ဝယ်ယူအားပေးနိူင်ပါပြီ
29/06/2023

သားသားမီးမီးတို့အတွက် ကလေးကစားစရာ ပစ္စည်းများ. သင်ထောက်ကူ ပစ္စည်းများကို ဆိုင်မှာ လာရောက်ဝယ်ယူအားပေးနိူင်ပါပြီ

Address

No. 169, ရေကူးဘူတာရုံလမ်း
Yangon
11061

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959894994087

Website

Alerts

Be the first to know and let us send you an email when Kyaw Baby Toys Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category