The Red Corner

Directions

The Red Corner Manchester United ကို ချစ်တဲ့သူတိုင်းအတွက် ဖန်တီးထားတဲ့ page ဖြစ်ပါတယ်။

စပို့တင်း လစ္စဘွန်း 🆚 မန်ချက်စတာယူနိုက်တက် 🏆 ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ် (၅)🗓 နိုဝင်ဘာလ (၂၆) ရက်၊ ကြာသပတေးနေ့        ...
25/11/2026

စပို့တင်း လစ္စဘွန်း 🆚 မန်ချက်စတာယူနိုက်တက်

🏆 ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ် (၅)

🗓 နိုဝင်ဘာလ (၂၆) ရက်၊ ကြာသပတေးနေ့
နံနက် ၂:၃၀ နာရီ (မြန်မာစံတော်ချိန်)

🏟 ကွင်း: Estádio José Alvalade (ပေါ်တူဂီ)

ပွဲစဉ်မတိုင်မီ စိတ်ဝင်စားဖွယ် အချက်အလက်များ -

🔹 ပိုချက်တီနိုရဲ့ ဥရောပ ပွဲဦးထွက်: လီဗာပူးလ်နဲ့ ပွဲစဉ်အပြီးမှာ မန်နေဂျာသစ် မော်ရီစီယို ပိုချက်တီနို အတွက် ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး အသင်းကို နိုင်ပွဲလမ်းကြောင်းပေါ်ပြန်လည်ဆွဲတင်နိုင်မလား စောင့်ကြည့်ရမှာပါ။

🔹 နှစ်သင်းလက်ရှိ ရပ်တည်မှု: အိမ်ရှင် စပို့တင်းအသင်းက ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက်တိုက် အနိုင်ရထားပြီး ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် (၁၀) နေရာမှာ ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ရမှတ် (၆) မှတ်နဲ့ အဆင့် (၁၉) နေရာမှာ ရပ်တည်နေပါတယ်။

🔹 အိမ်ဟောင်းကို ပြန်လာမယ့် ဘရူနို: အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) အနေနဲ့ သူ့ရဲ့ အသင်းဟောင်း စပို့တင်း လစ္စဘွန်းကွင်းကို ပြန်လည်ခြေချပြီး ရင်ဆိုင်ကစားရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

🚨OFFICIAL - လန်နီ ယိုရို (Leny Yoro) ရဲ့ အနီကတ် ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပါပြီ! 🔴✅ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၂ ရက်...
24/11/2026

🚨OFFICIAL - လန်နီ ယိုရို (Leny Yoro) ရဲ့ အနီကတ် ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပါပြီ! 🔴✅

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၂ ရက်) လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ယိုရို ရရှိခဲ့တဲ့ တိုက်ရိုက်အနီကတ် ပြစ်ဒဏ်အပေါ် မန်ယူအသင်းဘက်က အယူခံဝင်ခဲ့ရာ အောင်မြင်သွားပြီ ဖြစ်ပါတယ်။

သေချာပေါက် ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးကို တားဆီးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပေမဲ့ သီးခြားလွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က 'မှားယွင်းစွာ ထုတ်ပယ်ခံရခြင်း' အဖြစ် ဆုံးဖြတ်ခဲ့တာကြောင့် တစ်ပွဲပယ် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်တာပါ။

ဒါကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယိုရို တစ်ယောက် ပုံမှန်အတိုင်း ပြန်လည် ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ 💪

🚨 စပို့တင်းလစ္စဘွန်း နဲ့ကစားမည့်ပွဲစဉ်အတွက် လေ့ကျင့်ခန်းဆင်းသည့်လူစာရင်း၊ Luke Shaw ပြန်လည်ပါဝင်လာပီး၊ လူငယ်ကစားသမား Thw...
24/11/2026

🚨 စပို့တင်းလစ္စဘွန်း နဲ့ကစားမည့်ပွဲစဉ်အတွက် လေ့ကျင့်ခန်းဆင်းသည့်လူစာရင်း၊ Luke Shaw ပြန်လည်ပါဝင်လာပီး၊ လူငယ်ကစားသမား Thwaites နဲ့ Kamason တို့လည်းပါဝင်လာခဲ့ပါတယ်။

Lammens, Darlow, Heaton, Mee.

Dalot, Martínez, Heaven, De Ligt, Maguire, Shaw, Yoro, Mazraoui, Dorgu, Amass, Kamason.

Santos, Tielemans, Fernandes, Mainoo, Mount, T.Fletcher, Thwaites.

Mbeumo, Zirkzee, Amad, Lacey

[]

Full TimeLiverpool 4-0 Manchester United ပိုချက်တီနိုရဲ့ပထမဆုံးပွဲမှာအရှုံးနဲ့စတင်ခဲ့ရပီ
22/11/2026

Full Time
Liverpool 4-0 Manchester United
ပိုချက်တီနိုရဲ့ပထမဆုံးပွဲမှာအရှုံးနဲ့စတင်ခဲ့ရပီ

Dorgu နဲ့ DeLigt တို့ ပွဲထွက်စာရင်းမှာပြန်ပါလာခဲ့ပီး Anfiled မှာ ဟီးဟီးဟားဟား လုပ်ပြနိုင်မလား ဟားဟားဟီးဟီးပဲ ပြန်ဖြစ်လာမ...
22/11/2026

Dorgu နဲ့ DeLigt တို့ ပွဲထွက်စာရင်းမှာပြန်ပါလာခဲ့ပီး Anfiled မှာ ဟီးဟီးဟားဟား လုပ်ပြနိုင်မလား ဟားဟားဟီးဟီးပဲ ပြန်ဖြစ်လာမလာစောင့်ကြည့်ရပါတော့မယ်။

🚨 𝐌𝐀𝐓𝐂𝐇𝐃𝐀𝐘 🚨𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 🔴 🆚 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 ⚪ ⚫ 🏆 Premier League🏟️ 𝐀𝐧𝐟𝐢𝐞𝐥𝐝⏰ 11:00 P.M ( မြန်မာစံတော်ချိန်)နည်းပြအသစ် ပို...
22/11/2026

🚨 𝐌𝐀𝐓𝐂𝐇𝐃𝐀𝐘 🚨
𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 🔴 🆚 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 ⚪ ⚫
🏆 Premier League
🏟️ 𝐀𝐧𝐟𝐢𝐞𝐥𝐝
⏰ 11:00 P.M ( မြန်မာစံတော်ချိန်)
နည်းပြအသစ် ပိုချက်တီနို နဲ့အတူ အန်ဖီးမှာ
ဟီးဟီးဟာဟားထပ်ဖြစ်သွားမလား?

🚨 🗣️ "အန်ဖီးလ်ကွင်းကို ကြောက်ရွံ့မှု လုံးဝမရှိဘဲ အနိုင်ယူဖို့ သွားမှာပါ" - မော်ရီစီယို ပိုချက်တီနို 🔴🔥မန်ချက်စတာယူနိုက်တ...
19/11/2026

🚨 🗣️ "အန်ဖီးလ်ကွင်းကို ကြောက်ရွံ့မှု လုံးဝမရှိဘဲ အနိုင်ယူဖို့ သွားမှာပါ" - မော်ရီစီယို ပိုချက်တီနို 🔴🔥
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် မော်ရီစီယို ပိုချက်တီနို (Mauricio Pochettino) ကတော့ လာမယ့် တနင်္ဂနွေနေ့ အန်ဖီးလ်ကွင်းမှာ ကစားရမယ့် လီဗာပူးလ်နဲ့ ပွဲကြီးပွဲကောင်းမတိုင်ခင် ကစားသမားတွေကို ရဲရဲရင့်ရင့် တိုက်စစ်ဆင်ကစားဖို့ စိန်ခေါ်ပြောကြားလိုက်ပါတယ်။
ပိုချက်တီနိုရဲ့ အဓိက ပြောကြားချက်များ -
💬 "ကျွန်တော်တို့ အန်ဖီးလ်ကွင်းကို အနိုင်ယူမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ သွားမှာပါ။ ရဲရဲရင့်ရင့် ကစားပြီး မန်ချက်စတာယူနိုက်တက်အသင်း ပီသအောင် ကစားပြသွားမှာပါ။"
💬 "တကယ်လို့ ကျွန်တော်တို့ စွမ်းဆောင်ရည် မပြနိုင်ခဲ့ဘူးဆိုရင် အဲဒီတာဝန်ဟာ ကျွန်တော့်ရဲ့ တာဝန်ပါပဲ။"
လက်ရှိမှာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယား အဆင့် (၁၈) နေရာမှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ချိန် (၃) ရက်သာ ရရှိထားပေမဲ့ ပိုချက်တီနိုကတော့ ကစားသမားတွေ ဖိအားအောက်မှာ ပြိုလဲမသွားဘဲ အရည်အသွေးတွေ လွတ်လပ်စွာ ထုတ်ပြနိုင်ဖို့ သူကိုယ်တိုင် တာဝန်ယူ ကာကွယ်ပေးသွားမယ်လို့ အခိုင်အမာ ဆိုထားပါတယ်။
မန်နေဂျာသစ်ဆီကနေ ရဲရင့်ပြတ်သားတဲ့ သတင်းစကားတော့ ထွက်ပေါ်လာပါပြီ... ကွင်းထဲမှာ ကစားသမားတွေ ဘယ်လို တုံ့ပြန်ပြမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ⚡️
[Source: The Guardian]

🔥 အနားတောင် မယူဘဲ တန်းရောက်လာပြီဟေ့... Pochettino in Manchester! 🔴🇦🇷အမေရိကန်အသင်းနဲ့ ပွဲပြီးတာနဲ့ ညတွင်းချင်း လေယာဉ်စင်း...
18/11/2026

🔥 အနားတောင် မယူဘဲ တန်းရောက်လာပြီဟေ့... Pochettino in Manchester! 🔴🇦🇷
အမေရိကန်အသင်းနဲ့ ပွဲပြီးတာနဲ့ ညတွင်းချင်း လေယာဉ်စင်းလုံးငှားစီးပြီး မန်ချက်စတာကို တန်းရောက်လာတဲ့ ဆရာကြီး ပိုချက်တီနိုရဲ့ စိတ်ဓာတ်ကတော့ တကယ်လေးစားစရာပါပဲ! ✈️💪
အိမ်တောင် မပြန်ဘဲ လေဆိပ်ကနေ ကာရင်တန် လေ့ကျင့်ရေးကွင်းကို တိုက်ရိုက်သွားမှာဖြစ်ပြီး Omar Berrada နဲ့ Jason Wilcox တို့ကလည်း ကွင်းထဲမှာ အသင့်စောင့်ကြိုနေကြပါပြီ။
လာမယ့် တနင်္ဂနွေနေ့ကျရင် လီဗာပူးလ်နဲ့ တန်းတွေ့ရမှာဆိုတော့ ပိုချက်တီနိုအတွက် တကယ့်ကို အချိန်လုပြီး ပြင်ဆင်ရမယ့် ရက်သတ္တပတ်ပါပဲ။ ⏳
🔹 ပရိသတ်ကြီးတို့ရော... ခရီးပန်းလာပေမဲ့ ချက်ချင်း အလုပ်စလုပ်တဲ့ ပိုချက်တီနိုရဲ့ လီဗာပူးလ်နဲ့ ပွဲဦးထွက်မှာ ဘယ်လိုရလဒ်မျိုး မျှော်လင့်ထားကြလဲ ဗျ? 👇💬

🚨 ပိုချက်တီနို မရောက်သေးခင်မှာပဲ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ ကာရင်တန်မှာ အလုပ်စတင်နေပါပြီ! 🔴🔥မော်ရီစီယို ပိုချက်တီနို (Maur...
16/11/2026

🚨 ပိုချက်တီနို မရောက်သေးခင်မှာပဲ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ ကာရင်တန်မှာ အလုပ်စတင်နေပါပြီ! 🔴🔥
မော်ရီစီယို ပိုချက်တီနို (Mauricio Pochettino) တစ်ယောက် အမေရိကန်အသင်းရဲ့ ဟေတီနဲ့ပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်နေဆဲဖြစ်ပေမဲ့ သူ့ရဲ့ အဓိက နည်းပြအဖွဲ့ဝင်တွေကတော့ မန်ယူအသင်းရဲ့ ကာရင်တန် (Carrington) လေ့ကျင့်ရေးကွင်းကို ကြိုတင်ရောက်ရှိပြီး လုပ်ငန်းတွေ စတင်နေကြပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
The Athletic နဲ့ နာမည်ကြီး သတင်းထောက်တွေရဲ့ ဖော်ပြချက်အရ လက်ထောက်နည်းပြ ဂျီးဆပ်စ် ပီရက်ဇ် (Jesús Pérez)၊ ဂိုးနည်းပြ တိုနီ ဂျီမီနက်ဇ် (Toni Jiménez) နဲ့ အားကစားသိပ္ပံပညာရှင် ဆီဘက်စတီယာနို ပိုချက်တီနို (Sebastiano Pochettino) တို့ဟာ စနေနေ့ညကတည်းက အမေရိကန်ကနေ ထွက်ခွာလာခဲ့ကြတာပါ။
လာမယ့် လီဗာပူးလ်နဲ့ ပွဲကြီးပွဲကောင်းမတိုင်ခင် အသင်းရဲ့ ပြင်ဆင်မှုတွေကို အချိန်မဆိုင်းဘဲ အကောင်းဆုံး စတင်နိုင်ဖို့အတွက် နည်းပြအဖွဲ့ဘက်က တကယ့်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ ⚡️

🚨 | ကယ်လ်ဗင် ဘက်ဆေး (Calvin Bassey) သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် မန်ယူနိုက်တက်မန်နေဂျာ မော်ရီစီယို ပိုချက်တီနို (M...
15/11/2026

🚨 | ကယ်လ်ဗင် ဘက်ဆေး (Calvin Bassey) သည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက် မန်ယူနိုက်တက်မန်နေဂျာ မော်ရီစီယို ပိုချက်တီနို (Mauricio Pochettino) ၏ ပစ်မှတ်ကစားသမားစာရင်းတွင် ပါဝင်လာဖွယ်ရှိနေသည်။ []

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Red Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share