Nang's beauti world

Nang's beauti world Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nang's beauti world, Shopping & retail, Yangon.

24/10/2023





🇲🇲 l Miss Grand Myanmar, Ni Ni Lin Eain

📣Voting for “𝗕𝗲𝘀𝘁 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗖𝗼𝘀𝘁𝘂𝗺𝗲” 𝗙𝗜𝗡𝗔𝗟 𝗥𝗢𝗨𝗡𝗗 has begun!

This round is to find the 𝗹𝗮𝘀𝘁 𝟲 𝗰𝗼𝘀𝘁𝘂𝗺𝗲, 3 from 𝗩𝗢𝗧𝗘 and the other 3 select by the 𝗝𝗨𝗗𝗚𝗘𝗦.

We will count the votes only from 𝗙𝗔𝗖𝗘𝗕𝗢𝗢𝗞: Miss Grand International

❗️Follow the MGI’s FB page before voting, otherwise the votes will not be counted❗️
1 Like = 5 Points
1 Share = 10 Points

You can vote NOW until October 25, 2023 at 7PM (Ho Chi Minh Time)







ကျွန်မအိပ်နေတာကြာသွားလို့ ဆောရီးနော်။😁
28/07/2022

ကျွန်မအိပ်နေတာကြာသွားလို့ ဆောရီးနော်။😁

17/02/2022

Hello.......
long time no seeနော် အချေ့တို့။

KANEBO /kracie ကထုတ်တဲ့ခေါင်းလျှော်ရည်လေး အရမ်းကောင်းလို့ ညွှန်းပေးချင်တယ် ချစ်တို့ရေ။မင်မင့်ဆံပင်က တော်ရုံ Shampoo နဲ့ဆိ...
03/01/2022

KANEBO /kracie ကထုတ်တဲ့ခေါင်းလျှော်ရည်လေး အရမ်းကောင်းလို့ ညွှန်းပေးချင်တယ် ချစ်တို့ရေ။မင်မင့်ဆံပင်က တော်ရုံ Shampoo နဲ့ဆိုမရပါဘူး။ပြောချင်တာ ခေါင်းလျှော်ရည်အရမ်းရွေးတဲ့ဆံသားထဲပါပါတယ်။အရင် လေးငါးနှစ်လောက်စွဲမြဲသုံးနေတဲ့ တံဆိပ်ကလဲ ဒီကာလပစ္စည်းပြတ်တော့ Shampoo ကုန်ခါနီးဆိုဘအတော် စိတ်ညစ်ရပါတယ်။
လွန်ခဲ့တဲ့ ရက်က စင်တာတစ်ခုမှာ KANEBO မသုံးဖြစ်တာကြာလို့ ကြည့်ရင်းက အဲ့ကအစ်မ ညွှန်းလို့ဝယ်လာခဲ့တာ။သူက babyလေးတွေကအစသုံးလို့ရတယ်ဆိုတဲ့အကြောင်းပါသေချာညွှန်းနေတော့ စိတ်ပိုင်းဖြတ်ပြီးဝယ်လာတာ။အစကတော့ လုံးဝမမျှော်လင့်ထားပါဘူး။အတော်အသင့်ပေါ့။စမ်းတဲ့သဘောပေမဲ့ ခေါင်းစလျှော်ချိန်မှာရတဲ့ အနံ့ သင်းသင်းလေးက စွဲဆောင်မှုရှိတဲ့အပြင် ဆံပင်တွေပါပျော့လာတာ။ပေါင်းဆေး ပျော့ဆေးတောင်မသုံးရသေးဘူးနော်။ပြီးတော့ အနံ့ သင်းသင်းလေးက တစ်နေကုန် စွဲကျန်ပြီး ချစ်စရာလေး။မင်မင်တော့အရမ်း သဘောတွေကျလို့ ဒီShampoo လေးကို shareလုပ်ပေးလိုက်ပါတယ်။
ဈေးနှုန်းကတော့ 22000ကျပ်ပါ။
သုံးကြည့်ပါအရမ်းကောင်းတယ်။

  i gave you my heart ❤But the very next day you gave it away.
24/12/2021

i gave you my heart ❤
But the very next day you gave it away.

နေ့လည်စာစားပြီး ဘုရားဖူးခရီးစပါပြီ။ပုဂံမြေကိုစနင်းတာနဲ့ ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်း တွေခံစားရပါတယ်။ပထမဆုံးသွားဖြစ်တာ...
21/11/2021

နေ့လည်စာစားပြီး ဘုရားဖူးခရီးစပါပြီ။
ပုဂံမြေကိုစနင်းတာနဲ့ ပျော်ရွှင်ခြင်း စိတ်ချမ်းသာခြင်း တွေခံစားရပါတယ်။ပထမဆုံးသွားဖြစ်တာ ဓမ္မံရံကြီး ဘုရားပါပဲ။ပုဂံရောက်တိုင်း ဓမ္မံရံကြီးဘုရားကိုဖူးတယ်။အဝေးကနေ ဘုရားကြီးကိုစမြင်ပြီဆိုတာနဲ့ စိတ်မှာကြည်နူးစိတ်တွေဖြစ်တယ်။ဘုရားမုခ်အောက်ရောက်တာနဲ့ စိတ်ခွန်အားတွေရသလိုခံစားမိတာ ဓမ္မံရံကြီးဘုရားပါပဲ။ဘဝအဆက်ဆက်က ရေစက်တွေကြောင့်လား?????

ဘုရားမှာ ပုဂံဒေသခံကလေးငယ်တစ်ချို့ ဘုရားသမိုင်းရှင်းပြရင်း ဘုရားဖူးလာတဲ့ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးတဲ့ဝန်ဆောင်မှုပါ ကျွမ်းကျွမ်းကျင်ကျင် လုပ်လာတာတွေ့ရပါတယ်။သူတို့ရဲ့ဝန်ဆောင်မှုအတွက်ကတော့ စေတနာရှိသလောက်သာပေးပါတဲ့။ဖြူစင်လိုက်ကျတာ။
အမှန်တိုင်းဝန်ခံရရင် ပထမဆုံးတွေ့တော့ ကလေးတွေကအနားမှာစုပြုံပြီး ဝိုင်းပြောဝိုင်းမေးတော့ စိတ်ရှုပ်သလိုခံစားရပေမဲ့ သူတို့ကလဲ ဇွဲမလျော့ပဲ တကောက်ကောက်လိုက်နေတော့ စမ်းကြည့်မယ်ဆိုပြီး ဖုန်းလေးလက်ထဲပေးပြီး ဓာတ်ပုံရိုက်ခိုင်းလိုက်တာ ရလဒ်တွေက Wow...😱 နော်။post​ပေးနည်းပါရတယ်ဗျာ ဆရာတွေက။

ဒါနဲ့ပဲ ဘုရားဖူးလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ဘုရားကြီးရဲ့ အပြင်ပတ်လမ်းရောက်လာပါရော။အပြင်ဘက်မှာလဲ သဲပန်းချီရောင်းတဲ့ ဦးလေးကြီးတစ်ယောက်က သဲပန်းချီလေးတွေ လေ့လာကြည့်ပါဦး။ကိုင်ကြည့်လို့ရပါတယ်။ပွတ်ကြည်ခြစ်ကြည့်ပါ။သဲတွေမကျွတ်သွားပါဘူးဆိုပြီး ဖိတ်ခေါ်နေတာနဲ့ ပုံလေးတွေ ကိုင်ကြည့်မိတယ်။ရောင်းတဲ့ဦးလေးကလဲ အနားရောက်လာပြီး သူရေးထားတဲ့ သဲပန်းချီတွေလိတ်ထားတာတွေကို ဖြေပြရင်း တစ်ပုံချင်းရှင်းပြနေလေရဲ့။မင်မင်လဲ အနုပညာအရမ်းနားမလည်ပေမဲ့ ဒီအချိန်မှာ ဒေသခံတွေရဲ့ စားဝတ်နေရေး ကျပ်တည်းနေမှုကို သူတို့မျက်နှာမှာ ခံစားမိတယ်။အဲ့ဒါနဲ့ ဦးလေး ဒီသဲတွေက ဘယ်ကလဲဆိုတော့ ဧရာဝတီမြစ်ထဲကသဲတွေကိုယူ ယူပြီးပြန်သန့်ပြန်လျှော်ပြန်အခြောက်ခံရသေးတယ်တဲ့။အဲ့လိုတွေလုပ်ပြီးမှ သဲပန်းချီရေးလို့ရပါသတဲ့။သြ ဒီလိုသဲပန်းချီတစ်ချပ်ရဖို့ကလဲ အဆင့်ဆင့်ဖြတ်ပြီး ရေးရတာမလွယ်လိုက်တာလို့ခံစားမိတယ်။ဦး​လေးကြီးရဲ့ ပန်းချီတော့ ငါအားပေးဦးမယ်ဆိုပြီး ပုဂံသူလေးပုံ သဲပန်းချီတစ်ချပ် အားပေးခဲ့တယ်။ဦးလေးကြီးလဲဝမ်းသာလို့ ပန်းချီပုံလေးကို သေချာလိပ်ထည့်ပေးရှာတယ်။ပြီးတာနဲ့ လောကနန္နာဘုရားမှာ နေဝင်ချိန်ကြည့်ဖို့ ပြန်ထွက်ရတော့မှာမလို့ နောက်ကလိုက်ပါလာတဲ့ ဓာတ်ဆရာ ကလေးတစ်အုပ်ကို ဥာဏ်ပူဇော်ခ ဝန်ဆောင်ခများ ဝေဌပြီး လောကနန္နာသို့ဆက်လက်ချီတက်ခဲ့ပါတယ်။လောကနန္နာဘုရား မှာတစ်နေ့တာရဲ့ တာဝန်ကိုထမ်းဆောင်ပြီး Good Bye လုပ်တော့မဲ့နေမင်းကြီးကို ဧရာဝတီမြစ်ကမ်းနဖူးပေါ်ကနေ တစ်နေ့တာအတွက် နှုတ်ဆက်ရင်း ဆည်းဆာနဲ့အတူ လှပတဲ့ပုံလေးတွေရဖို့ ဖုန်းလေးထုတ်ပြီး အကျည်းတန်လှချိန်ကို ဆက်လက် အသက်သွင်းမိပါတော့တယ်။😄
ဆက်ရေးရဦးမလား?😁😁
ခရီးသွား ဘလော့ကာမဟုတ်လေတော့ လူပုံချည်းပဲတင်နေရတာ အားတောင်နာတယ်။😁

မင်မင်တို့ခရီးလမ်းကြောင်းကတော့ နေပြည်တော်ကနေအမြန်လမ်းပေါ်တက်ပြီး မိတ္ထီလာတိုးဂိတ်ဖြတ်ပြီး မိုင်286ကနေ ကျောက်ပန်းတောင်းကြို...
20/11/2021

မင်မင်တို့ခရီးလမ်းကြောင်းကတော့ နေပြည်တော်ကနေအမြန်လမ်းပေါ်တက်ပြီး မိတ္ထီလာတိုးဂိတ်ဖြတ်ပြီး မိုင်286ကနေ ကျောက်ပန်းတောင်းကိုဖြတ်ဆင်းပါတယ်။မိတ္ထီလာ-ကျောက်ပန်းထိကမောင်းချိန်တစ်နာရီဝန်းကျင်ပါ။လမ်းကတော့ ကားကြီးတွေပါမောင်းတော့ ချိုင့်ခွက်တွေအရမ်းပေါပြီး ကားပေါ်မှာ ရိုလာကိုစတာတွေရှယ်စီးရတာအမှတ်တရပါ။😁ကားပေါ်မှာ မြေပဲပြုတ်စားရင်မဝါးရပဲ အတောင့်လိုက်မြိုမိပါလိမ့်မယ်။ကားထဲ ခုန်​ပေါက်နေတာ ပုဂံကမြင်းလှည်းလောက်ကတော့သနားတယ်။😅ကိုယ့်ကားဆရာကလဲ စကေးကပြတော့ ကျွန်မတို့ခင်ဗျာ ခေါင်းစုတ်ဖွား ဖရိုဖရဲနဲ့ နှလုံးသားထဲက ပုဂံ မြို့တော်ကိုရောက်ရှိလို့လာပါတယ်။(အက်လဲ့ စာသာကဗျာဆန်နေတာ အပြင်မှာလူတွေက ဂျလုံးပလုံးတွေဖြစ်နေပြီ😂)

ရေးဖို့ကျန်နေလို့ လမ်းမှာ လက်ပံပြား ကြက်ကြော်ဝယ်တာ ကြက်ခေါင်းတွေဘာတွေကသပ်သပ်ရောင်းတာလေ။အတူသွားတဲ့အစ်မက ကြက်ရိုးတွေဘယ်လိုရောင်းလဲမေးတော့ ဝိုင်းရယ်ကြတယ်။ကြက်ရိုးလို့ခေါ်လို့တဲ့။အဆန်းပြား​နော်။😂

အာ့နဲ့ ကြိုBookingလုပ်ထားတဲ့ Hotel ရောက်တော့ အထုပ်ချ။ခဏနားပြီးတာနဲ့ နတ်သမီးတွေရေချိုးဖို့ပြင်ရတာပေါ့လေ။(အမှန်တော့ ပါလာတဲ့ ကလောင်နှစ်ကေးကရေကူးကန်ဆင်းမယ်တစ်ကဲကဲလုပ်လို့ ဘုရားအရင်မရောက်ပဲ ရေကူးကန်အရင်ရောက်ပါလေရော။)

Bagan Umbra Hotel ရဲ့ကြည်လင်အေးမြနေတဲ့ ရေကန်လေးမှာ ရေစိမ် ကလေးကန်ထဲ ဟိုလျှောက်ဒီခတ်နဲ့ hotelကျယ်ကျယ် ရေကူးကန်ကျယ်ကျယ်နဲ့ ကိုယ်တွေကလေးတွေနဲ့အပြိုင်ချဲ။နေ့လည်၂နာရီလောက်မှ ထမင်းထွက်စားကြတယ်။

နေ့လည်စာအတွက်ကတော့ အခုနာမည်ကြီးနေတဲ့ မြေအိုးထမင်းဆိုင်လေးသွားစားကြတယ်။ဟင်းအမယ်တွေကတော့စုံစိလို့ ပုံကြည့်လိုက်ပါတော့လို့ပဲပြောတော့မယ်နော်။မြေအိုးထမင်းဘူဖေးပဲပြောရတော့မှာပေါ့နော်။တစ်ယောက် ၅၀၀၀ယူပါတယ်။အအေးလေးတွေကတစ်ခွက် ၁၅၀၀။သောက်လို့ကောင်း စားလို့ကောင်းဆိုတော့ လိပ်စာတောင်မမှတ်မိဘူး😁။(အာနန္ဒာ ဘုရားမြောက်ဘက်တဲ့)
ဆက်ရန်.........

လေးနှစ်ကြာမှ ပုဂံခရီးပြန်စ။မင်မင်ကတော့ နေပြည်တော်ကနေပုဂံကို မနက်ခြောက်နာရီစထွက်တာ ပုဂံကို နေ့လည် ၁၁ဝန်းကျင်ရောက်ပါတယ်။နေ...
20/11/2021

လေးနှစ်ကြာမှ ပုဂံခရီးပြန်စ။

မင်မင်ကတော့ နေပြည်တော်ကနေပုဂံကို မနက်ခြောက်နာရီစထွက်တာ ပုဂံကို နေ့လည် ၁၁ဝန်းကျင်ရောက်ပါတယ်။နေပြည်တော်ကမထွက်ခင် Breakfast ဆွဲ။286မိတ္ထီလာမှာ ခဏ ရှောက်ရှောက်ပူး လဖက်ရည်မော့။လက်ပံပြား ကြက်ကြော်ဝယ်။ကြက်ကြော်သယ်ရစ်နဲ့မလို့ နေ့လည်မှ ပုဂံဝင်ပါတယ်။ဆက်ရန်ရှိသည်။.........😍

Hello.....😁😁😁မင်မင်ပြန်လာပါပြီ။နက်ဖြန် ပုဂံသွားခဲ့တဲ့ခရီးအကြောင်းလေး ရေးမယ်နော်။😍😍😍 အားပေးကြပါဦး။😘😘😘 Thanks all.
19/11/2021

Hello.....😁😁😁
မင်မင်ပြန်လာပါပြီ။နက်ဖြန် ပုဂံသွားခဲ့တဲ့ခရီးအကြောင်းလေး ရေးမယ်နော်။😍😍😍 အားပေးကြပါဦး။
😘😘😘 Thanks all.

ဖြစ်ဖူးကြလား ပုံထဲကလို?မိန်းကလေးများရဲ့ ဒုက္ခ(ဤစာကို အဝတ်ဘီဒိုရှင်းရင်း မိမိဝယ်ပြီး မိမိဘာသာပင်မေ့နေသော အဝတ်များအား ရင်ဝယ...
16/09/2021

ဖြစ်ဖူးကြလား ပုံထဲကလို?
မိန်းကလေးများရဲ့ ဒုက္ခ(ဤစာကို အဝတ်ဘီဒိုရှင်းရင်း မိမိဝယ်ပြီး မိမိဘာသာပင်မေ့နေသော အဝတ်များအား ရင်ဝယ်ပိုက်၍ ရေးလိုက်သည်။😄😄😄) ပြီးရင် အော်ပြောလိုက်...... 😱....အား.......ငါ့မှာဘာမှလဲ ဝတ်စရာမရှိဘူးလို့ 😛

Hi guys......✋🤚ကြိုဆိုပါတယ်ရှင်။Page လေးပြန်အသက်သွင်းပါပြီ။အချိန်အတော်ကြာပျောက်နေခဲ့တဲ့ဒီpageလေးကို သေသေချာချာ သုံးချင်တ...
15/09/2021

Hi guys......✋🤚
ကြိုဆိုပါတယ်ရှင်။Page လေးပြန်အသက်သွင်းပါပြီ။အချိန်အတော်ကြာပျောက်နေခဲ့တဲ့ဒီpageလေးကို သေသေချာချာ သုံးချင်တာရယ် ခရီးသွားရတာဝါသနာပါတဲ့ မင်မင့်အတွက် ခရီးသွားမှတ်တမ်းလေးတွေတင်ချင်တာရယ် အလှအပကလဲဝါသနာထုံပြန်တော့ လှတဲ့ အဝတ်အစားတွေ သုံးလို့ကောင်းတဲ့ မိတ်ကပ်စကင်းကဲတွေ တွေ့ရင် ကိုယ်ကမျှဝေတာဖြစ်ဖြစ် ကိုယ့်ချစ်ချစ်တွေကပြန်မျှဝေပေးတာဖြစ်ဖြစ် လုပ်ချင်တာရယ်ကြောင့် ပြန်သုံးရခြင်းဖြစ်ပါတယ်။😍
နောက်ရက်တွေ နေ့တိုင်းတွေ့ကြမယ်နော်။
Love you all 😘

NYX လိုင်နာခဲတံလေးနဲ့  ဒီလိုလှလှလေးတွေခြယ်လို့ရပါပြီ။မှာယူချင်တယ်ဆိုရင်  09791850603ကိုHELLO လုပ်လိုက်နော်။Inbox ကနေလဲဆက...
13/03/2016

NYX လိုင်နာခဲတံလေးနဲ့  ဒီလိုလှလှလေးတွေခြယ်လို့ရပါပြီ။မှာယူချင်တယ်ဆိုရင် 09791850603ကိုHELLO လုပ်လိုက်နော်။Inbox ကနေလဲဆက်သွယ်အားပေးနိုင်ပါတယ်။

Address

Yangon
141089

Telephone

+959791850603

Website

Alerts

Be the first to know and let us send you an email when Nang's beauti world posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share